ချင်းပြည်နယ်၊ တီးတိန် (ဇိုမီး)အဖွဲ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် အား ချင်းသူရဲကောင်းဘွဲ့(Gal Hang Pah Tawi Na Award) ဂုဏ်ပြုချီးမြှင့်

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္အား ခ်င္းျပည္နယ္တီးတိန္ (ဇိုမီး) အဖြဲ႕မွ ကက္သလစ္ခရစ္ယာန္ဘုန္းေတာ္ႀကီး Rev.Fr. Joseph Thang Nen Zo Mung ဦးေဆာင္ သည့္အဖြဲ႕၀င္မ်ားသည္ ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ၊ ဧည့္ခန္းမေဆာင္ ၌ လာေရာက္ေတြ႔ဆုံ၍ (Gal Hang Pah Tawi Na Award) အား ဂုဏ္ျပဳခ်ီးျမႇင့္ေပးအပ္သည္။

အဆုိပါခ်င္းသူရဲေကာင္းဘြဲ႕ေပးအပ္ပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီးထြန္းထြန္းေနာင္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ခ်င္းျပည္နယ္တီးတိန္(ဇုိမီး)အဖြဲ႕မွ ကက္သလစ္ ခရစ္ယာန္ဘုန္းေတာ္ႀကီး Rev.Fr. Joseph Thang Nen Zo Mung ႏွင့္အတူ ကက္သလစ္ ခရစ္ယာန္ဘုန္းေတာ္ႀကီး Rev. Fr. Thang Muan Lian၊ ႏွစ္ျခင္းသင္းအုပ္ဆရာမ်ားႏွင့္ တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

ဦးစြာ ကက္သလစ္ခရစ္ယာန္ဘုန္းေတာ္ႀကီး Rev.Fr. Joseph Thang Nen Zo Mung က ခရစ္စမတ္ဆုမြန္ေကာင္းေတာင္းစကားေျပာၾကား၍ ဦးကပ္ခင္းေပါင္က တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အား ခ်င္းသူရဲေကာင္းဘြဲ႔ေပးအပ္မႈဆုိင္ရာ ဂုဏ္ျပဳမွတ္တမ္းလႊာကုိဖတ္ၾကားၿပီး ခ်င္း သူရဲေကာင္းဘြဲဲ႕ (Gal Hang Pah Tawi Na Award) အား တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ထံေပးအပ္သည္။ ယင္းေနာက္ ဦးလ်န္ခန္႔ေတြာင္က ခ်င္းသူရဲေကာင္း အေၾကာင္းအား ဖတ္ၾကားၿပီး ဦးခမ္းဆြင္းမုံက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံ ခ်င္းသူရဲေကာင္းဘြဲ႕ အထိမ္းအမွတ္ဓား အား ေပးအပ္သည္။ ယင္းေနာက္ တက္ေရာက္လာၾကသည့္အဖြဲ႕၀င္မ်ားက တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ထံ ခ်င္း႐ုိးရာဓေလ့ထုံးစံ လက္ေဆာင္ပစၥည္းမ်ားေပးအပ္ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေက်းဇူးတင္စကားျပန္လည္ ေျပာၾကားရာတြင္ ျမန္မာ ႏုိင္ငံကုိလုိနီလက္ေအာက္သုိ႔က်ေရာက္ခဲ့စဥ္က ခ်င္းတုိင္းရင္းသားေခါင္းေဆာင္မ်ားႏွင့္ ခ်င္းတုိင္းရင္း သားမ်ားသည္ အျခားတုိင္းရင္းသားမ်ားႏွင့္အတူ နယ္ခ်ဲ႕မ်ားအား သတၱိရွိရွိရဲ၀ံ့စြာျဖင့္ တြန္းလွန္ တုိက္ခိုက္ခဲ့သျဖင့္ ခ်င္းတုိင္းရင္းသားမ်ား ကုိယ္စားဂုဏ္ယူပါေၾကာင္း၊ ယခုအခါမိမိအား ေခါင္းေဆာင္ တစ္ဦးအေနျဖင့္ အသိအမွတ္ျပဳသည့္အတြက္ ဂုဏ္ယူ၀မ္းေျမာက္ပါေၾကာင္းႏွင့္ တန္ဖုိး ထားပါ ေၾကာင္း၊ မိမိတုိ႔ႏုိင္ငံသည္ တုိင္းရင္းသားလူမ်ိဳးေပါင္းစုံျဖင့္ဖြဲ႕စည္းထားၿပီး တုိင္းရင္းသားမ်ားသည္ ႏုိင္ငံအႏွံ႔ပ်ံ႕ႏွံ႔ေနထုိင္ၾကသျဖင့္ လူမ်ိဳးစြဲ၊ ေဒသစြဲမထားၾကဘဲ တစ္ေျမတည္းေန၊ တစ္ေရ တည္း ေသာက္၊ တစ္ေလတည္း႐ွဴၾကသည့္ ညီအစ္ကုိေမာင္ႏွမရင္းစိတ္ဓာတ္ျဖင့္ ညီညီၫြတ္ၫြတ္ ေနထုိင္ ၾကရမည္ျဖစ္ေၾကာင္း၊ ေဒသတည္ၿငိမ္ေအးခ်မ္းေရးသည္အေရးႀကီးၿပီး တည္ၿငိမ္ေအးခ်မ္းမႈရွိမွသာ ေဒသဖြံ႕ၿဖိဳးတုိးတက္မည္ျဖစ္ေၾကာင္း၊ ခ်င္းျပည္နယ္သည္ ယခင္ကတည္းက လက္နက္ကုိင္ ပဋိပကၡ မ်ားမရွိခဲ့ေသာ ျဖဴစင္ၿပီးသားနယ္ေျမျဖစ္၍ အေရာင္မစြန္းေစလုိေၾကာင္း၊ လမ္းပန္း ဆက္သြယ္ေရး ခက္ခဲေသာေၾကာင့္ ခ်င္းျပည္နယ္အတြင္း ေ၀းလံေခါင္းပါးေသာေဒသမ်ားရွိ ေဒသခံျပည္သူမ်ား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားအတြက္ တပ္မေတာ္မွကူညီေဆာင္ရြက္ေပးလ်က္ရွိသကဲ့သုိ႔ ခ်င္းျပည္နယ္ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္လည္း တတ္ႏုိင္သည့္ဘက္မွ ကူညီေဆာင္ရြက္ေပးလ်က္ရွိ ေၾကာင္း၊ ထုိ႔အတူေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကုိေဆာင္ရြက္ႏုိင္ရန္ အသိပညာ၊ အတတ္ပညာ၊ အတန္းပညာမ်ားမရွိမျဖစ္လုိအပ္ေသာေၾကာင့္ မိမိတုိ႔၏သားသမီးမ်ား ပညာရည္ျမင့္မားေရးကုိ အေလး ထားေဆာင္ရြက္ေပးရမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ဘုန္းေတာ္ႀကီး Rev.Fr. Joseph Thang Nen Zo Mung က ခ်င္းသူရဲေကာင္းဘြဲဲ႕ (Gal Hang Pah Tawi Na Award) အား တပ္္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံေပးအပ္ႏုိင္သည့္ အတြက္မ်ားစြာ၀မ္းေျမာက္ရေၾကာင္း၊ ယေန႔သည္ ခ်င္းတုိင္းရင္းသားမ်ားအတြက္ သမုိင္းစာမ်က္ႏွာ သစ္ဖြင့္လွစ္သည့္ေန႔ျဖစ္ပါေၾကာင္း၊ တပ္မေတာ္သည္ႏုိင္ငံေတာ္ဖြံ႕ၿဖိဳး တုိးတက္မႈအခန္း က႑မ်ား တြင္ ပါ၀င္ထမ္းေဆာင္လ်က္ရွိသကဲ့သုိ႔ အမိႏုိင္ငံေတာ္ကုိကာကြယ္ခဲ့သည့္ တပ္္မေတာ္သည္ ျပည္သူ မ်ား၏လုိလားခ်က္ျဖစ္သည့္ ဒီမုိကေရစီလမ္း ေၾကာင္းေပၚသုိ႔လည္း ေအာင္ျမင္စြာေလွ်ာက္လွမ္း ႏုိင္ေအာင္ေဆာင္ရြက္ေပးခဲ့ျခင္းသည္ သမုိင္း၀င္ေဆာင္ရြက္ခ်က္တစ္ခု ျဖစ္ပါေၾကာင္း၊ မိမိတုိ႔ခ်င္း တုိင္းရင္းသားမ်ားအေနျဖင့္ တပ္မေတာ္ႏွင့္အတူ အၿမဲရပ္တည္ေဆာင္ရြက္ေနမည္ျဖစ္ပါေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ ႏွစ္ျခင္းသင္းအုပ္ဆရာ Rev. Cin Sian Pau က ႏုိင္ငံေတာ္၊ တပ္မေတာ္ ႏွင့္ ျပည္သူမ်ား အားလုံးအတြက္ ဆုမြန္ေကာင္းေတာင္းစကား ေျပာၾကားသည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ဘုန္းေတာ္ႀကီး Rev.Fr. Joseph Thang Nen Zo Mung ႏွင့္ အဖြဲ႕၀င္မ်ားအား အမွတ္ တရလက္ေဆာင္ပစၥည္းမ်ားေပးအပ္ၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ၾကသည္။

အဆုိပါ ခ်င္းသူရဲေကာင္းဘြဲဲ႕ (Gal Hang Pah Tawi Na Award)သည္ ေျမာက္ပုိင္းခ်င္းတုိင္းရင္း သားမ်ား၏ အျမင့္ဆုံးသူရဲေကာင္းဘြဲ႕ျဖစ္ၿပီး ခ်င္းသူရဲေကာင္းဘြဲ႕ဓားမွာ ခ်င္းတုိင္းရင္းသားသူရဲ ေကာင္းမ်ားကုိင္ေဆာင္ခဲ့သည့္ ဓားႏွင့္ပုံစံတူျပဳလုပ္ထားျခင္းျဖစ္သည္။ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အား ခ်င္းသူရဲေကာင္းဘြဲ႕ ေပးအပ္ရျခင္းမွာ

(က)ႏုိင္ငံေရးျပဳျပင္ေျပာင္းလဲေနသည့္ ကာလတြင္ တပ္မေတာ္မွ မားမားမတ္မတ္ရပ္တည္ေပးျခင္း၊ စနစ္တက်ထိန္းေက်ာင္းေပးျခင္းႏွင့္ တုိင္းျပည္ႏွင့္လူမ်ိဳးအတြက္ကာကြယ္ေပးျခင္း။

(ခ)မိမိတုိင္းျပည္အတြက္ မားမားမတ္မတ္ရပ္တည္ကာကြယ္ေပးျခင္း။

(ဂ)ရဲစြမ္းသတၱိႏွင့္ျပည့္စုံေသာ တုိင္းျပည္ႏွင့္လူမ်ိဳးအတြက္ အသက္ႏွင့္ လဲ၍ကာကြယ္သည့္ အရည္ အခ်င္းျပည့္စုံေသာပုဂၢိဳလ္ျဖစ္ျခင္း။ စသည့္အခ်က္သုံးခ်က္ႏွင့္ ကုိက္ညီေသာေၾကာင့္ ယခုကဲ့သုိ႔ ဂုဏ္ျပဳခ်ီးျမႇင့္ေပးအပ္ခဲ့ျခင္းျဖစ္သည္။

(Unicode Version)

ချင်းပြည်နယ်၊ တီးတိန် (ဇိုမီး)အဖွဲ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် အား ချင်းသူရဲကောင်းဘွဲ့(Gal Hang Pah Tawi Na Award) ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ ဒီဇင်ဘာ – ၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ချင်းပြည်နယ်တီးတိန် (ဇိုမီး) အဖွဲ့မှ ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီး Rev.Fr. Joseph Thang Nen Zo Mung ဦးဆောင် သည့်အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင် ၌ လာရောက်တွေ့ဆုံ၍ (Gal Hang Pah Tawi Na Award) အား ဂုဏ်ပြုချီးမြှင့်ပေးအပ်သည်။

အဆိုပါချင်းသူရဲကောင်းဘွဲ့ပေးအပ်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ချင်းပြည်နယ်တီးတိန်(ဇိုမီး)အဖွဲ့မှ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး Rev.Fr. Joseph Thang Nen Zo Mung နှင့်အတူ ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီး Rev. Fr. Thang Muan Lian၊ နှစ်ခြင်းသင်းအုပ်ဆရာများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီး Rev.Fr. Joseph Thang Nen Zo Mung က ခရစ်စမတ်ဆုမွန်ကောင်းတောင်းစကားပြောကြား၍ ဦးကပ်ခင်းပေါင်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ချင်းသူရဲကောင်းဘွဲ့ပေးအပ်မှုဆိုင်ရာ ဂုဏ်ပြုမှတ်တမ်းလွှာကိုဖတ်ကြားပြီး ချင်း သူရဲကောင်းဘွဲ့ (Gal Hang Pah Tawi Na Award) အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ထံပေးအပ်သည်။ ယင်းနောက် ဦးလျန်ခန့်တွောင်က ချင်းသူရဲကောင်း အကြောင်းအား ဖတ်ကြားပြီး ဦးခမ်းဆွင်းမုံက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ချင်းသူရဲကောင်းဘွဲ့ အထိမ်းအမှတ်ဓား အား ပေးအပ်သည်။ ယင်းနောက် တက်ရောက်လာကြသည့်အဖွဲ့ဝင်များက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ ချင်းရိုးရာဓလေ့ထုံးစံ လက်ဆောင်ပစ္စည်းများပေးအပ်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျေးဇူးတင်စကားပြန်လည် ပြောကြားရာတွင် မြန်မာ နိုင်ငံကိုလိုနီလက်အောက်သို့ကျရောက်ခဲ့စဉ်က ချင်းတိုင်းရင်းသားခေါင်းဆောင်များနှင့် ချင်းတိုင်းရင်း သားများသည် အခြားတိုင်းရင်းသားများနှင့်အတူ နယ်ချဲ့များအား သတ္တိရှိရှိရဲဝံ့စွာဖြင့် တွန်းလှန် တိုက်ခိုက်ခဲ့သဖြင့် ချင်းတိုင်းရင်းသားများ ကိုယ်စားဂုဏ်ယူပါကြောင်း၊ ယခုအခါမိမိအား ခေါင်းဆောင် တစ်ဦးအနေဖြင့် အသိအမှတ်ပြုသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် တန်ဖိုး ထားပါ ကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့်ဖွဲ့စည်းထားပြီး တိုင်းရင်းသားများသည် နိုင်ငံအနှံ့ပျံ့နှံ့နေထိုင်ကြသဖြင့် လူမျိုးစွဲ၊ ဒေသစွဲမထားကြဘဲ တစ်မြေတည်းနေ၊ တစ်ရေ တည်း သောက်၊ တစ်လေတည်းရှူကြသည့် ညီအစ်ကိုမောင်နှမရင်းစိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ် နေထိုင် ကြရမည်ဖြစ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးသည်အရေးကြီးပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်သည် ယခင်ကတည်းက လက်နက်ကိုင် ပဋိပက္ခ များမရှိခဲ့သော ဖြူစင်ပြီးသားနယ်မြေဖြစ်၍ အရောင်မစွန်းစေလိုကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသောကြောင့် ချင်းပြည်နယ်အတွင်း ဝေးလံခေါင်းပါးသောဒေသများရှိ ဒေသခံပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် တပ်မတော်မှကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ထို့အတူဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန် အသိပညာ၊ အတတ်ပညာ၊ အတန်းပညာများမရှိမဖြစ်လိုအပ်သောကြောင့် မိမိတို့၏သားသမီးများ ပညာရည်မြင့်မားရေးကို အလေး ထားဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက်ဘုန်းတော်ကြီး Rev.Fr. Joseph Thang Nen Zo Mung က ချင်းသူရဲကောင်းဘွဲ့ (Gal Hang Pah Tawi Na Award) အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံပေးအပ်နိုင်သည့် အတွက်များစွာဝမ်းမြောက်ရကြောင်း၊ ယနေ့သည် ချင်းတိုင်းရင်းသားများအတွက် သမိုင်းစာမျက်နှာ သစ်ဖွင့်လှစ်သည့်နေ့ဖြစ်ပါကြောင်း၊ တပ်မတော်သည်နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုအခန်း ကဏ္ဍများ တွင် ပါဝင်ထမ်းဆောင်လျက်ရှိသကဲ့သို့ အမိနိုင်ငံတော်ကိုကာကွယ်ခဲ့သည့် တပ်မတော်သည် ပြည်သူ များ၏လိုလားချက်ဖြစ်သည့် ဒီမိုကရေစီလမ်း ကြောင်းပေါ်သို့လည်း အောင်မြင်စွာလျှောက်လှမ်း နိုင်အောင်ဆောင်ရွက်ပေးခဲ့ခြင်းသည် သမိုင်းဝင်ဆောင်ရွက်ချက်တစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့ချင်း တိုင်းရင်းသားများအနေဖြင့် တပ်မတော်နှင့်အတူ အမြဲရပ်တည်ဆောင်ရွက်နေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နှစ်ခြင်းသင်းအုပ်ဆရာ Rev. Cin Sian Pau က နိုင်ငံတော်၊ တပ်မတော် နှင့် ပြည်သူများ အားလုံးအတွက် ဆုမွန်ကောင်းတောင်းစကား ပြောကြားသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဘုန်းတော်ကြီး Rev.Fr. Joseph Thang Nen Zo Mung နှင့် အဖွဲ့ဝင်များအား အမှတ် တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ကြသည်။

အဆိုပါ ချင်းသူရဲကောင်းဘွဲ့ (Gal Hang Pah Tawi Na Award)သည် မြောက်ပိုင်းချင်းတိုင်းရင်း သားများ၏ အမြင့်ဆုံးသူရဲကောင်းဘွဲ့ဖြစ်ပြီး ချင်းသူရဲကောင်းဘွဲ့ဓားမှာ ချင်းတိုင်းရင်းသားသူရဲ ကောင်းများကိုင်ဆောင်ခဲ့သည့် ဓားနှင့်ပုံစံတူပြုလုပ်ထားခြင်းဖြစ်သည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ချင်းသူရဲကောင်းဘွဲ့ ပေးအပ်ရခြင်းမှာ

(က)နိုင်ငံရေးပြုပြင်ပြောင်းလဲနေသည့် ကာလတွင် တပ်မတော်မှ မားမားမတ်မတ်ရပ်တည်ပေးခြင်း၊ စနစ်တကျထိန်းကျောင်းပေးခြင်းနှင့် တိုင်းပြည်နှင့်လူမျိုးအတွက်ကာကွယ်ပေးခြင်း။

(ခ)မိမိတိုင်းပြည်အတွက် မားမားမတ်မတ်ရပ်တည်ကာကွယ်ပေးခြင်း။

(ဂ)ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော တိုင်းပြည်နှင့်လူမျိုးအတွက် အသက်နှင့် လဲ၍ကာကွယ်သည့် အရည် အချင်းပြည့်စုံသောပုဂ္ဂိုလ်ဖြစ်ခြင်း။ စသည့်အချက်သုံးချက်နှင့် ကိုက်ညီသောကြောင့် ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။