တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗထူးတပ်နယ်ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ ၁၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ လင္းေအာင္ႏွင့္ တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္၊ ဗထူးတပ္နယ္ ရွိ တိရစၦာန္ေမြးျမဴေရးႏွင့္ေလ့က်င့္ေရးတပ္ရင္းသုိ႔သြားေရာက္ၾကည့္႐ႈစစ္ေဆးသည္။

ဦးစြာ တပ္ရင္းအစည္းအေ၀းခန္းမ၌ ေထာက္ပံ့ႏွင့္ပုိ႔ေဆာင္ေရးၫႊန္ၾကားေရးမွဴး႐ုံး၊ ၫႊန္ၾကားေရးမွဴး ဗုိလ္ခ်ဳပ္ ေဇာ္လြင္ဦးက စံျပစုိက္ပ်ိဳးေမြးျမဴေရးဇုန္တည္ေဆာက္ရန္ ေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ ဥစားၾကက္၊ အသားစားၾကက္၊ ၀က္၊ ဆိတ္၊ ႏုိ႔စားႏြားႏွင့္အသားစားႏြားမ်ားေမြးျမဴမည့္အေျခအေနမ်ားႏွင့္ ထြက္ရွိသည့္ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္မ်ားအား သက္သာေသာေစ်းႏႈန္းျဖင့္ တပ္မေတာ္သားမိသားစုမ်ားႏွင့္ ဌာနဆုိင္ရာအဖြဲ႕အစည္းမ်ားအား ေရာင္းခ်ေပးမည့္အေျခအေနမ်ား၊ ၀န္တင္လားျမင္းမ်ား ေမြးျမဴထားရွိမႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စံျပစုိက္ပ်ိဳး ေမြးျမဴေရးဇုန္သည္ သင္တန္းသားမ်ားအတြက္ စံနမူနာျပ သ႐ုပ္ျပသႏုိင္ရန္လုိေၾကာင္း၊ မိမိတုိ႔ႏုိင္ငံ၌ ၾကက္၊ ၀က္၊ ဆိတ္၊ ႏြားႏွင့္ ငါးကုိအဓိက စားသုံးလ်က္ရွိေၾကာင္း၊ ေမြးျမဴ သည့္ တိရစၦာန္အမ်ိဳးအစားတစ္ခုခ်င္းအလုိက္မ်ိဳးစပ္ျခင္း၊ ေပါက္ဖြားႀကီးထြားမႈမွစ၍ ေမြးျမဴေရးစက္၀န္းအတုိင္း ဥစား၊ အသားတုိး၊ ႏုိ႕စား၊ အထီးအမခြဲျခားမႈ၊ သားေပါက္ ထိန္းသိမ္းျခင္း စသည္ျဖင့္ စနစ္တက်ေမြးျမဴသ႐ုပ္ျပသႏုိင္ေအာင္ ေဆာင္ရြက္ရန္လုိေၾကာင္း၊ ထုိ႔ျပင္ေမြးျမဴေရးလုပ္ငန္းမ်ားေဆာင္ရြက္ရာ၌ သန္႔ရွင္းမႈစနစ္မ်ားေကာင္းမြန္ေအာင္ ေဆာင္ရြက္ရန္၊ မ်ိဳးေကာင္းမ်ိဳးသန္႔မ်ားရရွိေစရန္အတြက္ ကြၽမ္းက်င္ပညာရွင္မ်ားႏွင့္ ပူးေပါင္း၍ေဆာင္ရြက္ရန္၊ တိရိစၦာန္ အစာမ်ားတြင္ လူမ်ားအတြက္ေဘးထြက္ဆုိးက်ိဳး ျဖစ္ေပၚေစႏုိင္သည့္ ေဟာ္မုန္းဓာတ္မ်ားႏွင့္ ဓာတုေဗဒပစၥည္းမ်ားမပါရွိေအာင္ ေဆာင္ရြက္ရန္လုိေၾကာင္း၊ ၾကက္မ်ားေမြးျမဴရာတြင္လည္း အေအး ေပးစနစ္ျဖင့္ ေမြးျမဴျခင္း ႏွင့္ သမား႐ုိးက်ၿခံျဖင့္ ေမြးျမဴျခင္းကုိႏႈိင္းယွဥ္ၿပီး အက်ိဳးရွိသည့္နည္းလမ္းကုိေဖာ္ထုတ္ ေဆာင္ရြက္ရန္လုိေၾကာင္း၊ ေမြးျမဴသည့္တိရစၦာန္မ်ား၏သေဘာသဘာ၀အရ ေလွာင္ေမြး၊ လႊတ္ေက်ာင္းေမြး တုိ႔ ေဆာင္ရြက္ႏုိင္ရန္အတြက္ ေမြးျမဴေရးဇုန္မ်ားခြဲျခားေဆာင္ရြက္ရန္ လုိေၾကာင္းမွာၾကားသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စံျပစုိက္ပ်ိဳး ေမြးျမဴေရး ဇုန္တည္ေဆာက္ မည့္ေျမေနရာအား ၾကည့္႐ႈစစ္ေဆးၿပီး တာ၀န္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚ လုိအပ္သည္မ်ား မွာၾကားျဖည့္ဆည္းေဆာင္ရြက္ေပးသည္။ ထုိ႔ေနာက္ ေမထုန္မဲ့နည္းျဖင့္ ျမင္း၊ လား၊ ျမည္းမ်ား ေမြးျမဴထား ရွိမႈအား ၾကည့္႐ႈစစ္ေဆးၿပီး တာ၀န္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚ တပ္မေတာ္၏ေထာက္ပံ့ ပုိ႔ေဆာင္ ေရးအတြက္ လုိအပ္သည့္ လားျမင္းေမြးျမဴေရးလုပ္ငန္းမ်ားကုိ ယခုထက္ပုိမုိတုိးတက္ေအာင္ ေဆာင္ရြက္ရန္ မွာၾကားခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗထူးတပ်နယ်ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ၊ ဒီဇင်ဘာ ၁၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗထူးတပ်နယ် ရှိ တိရစ္ဆာန်မွေးမြူရေးနှင့်လေ့ကျင့်ရေးတပ်ရင်းသို့သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တပ်ရင်းအစည်းအဝေးခန်းမ၌ ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်လွင်ဦးက စံပြစိုက်ပျိုးမွေးမြူရေးဇုန်တည်ဆောက်ရန် ဆောင်ရွက်နေမှုအခြေအနေများ၊ ဥစားကြက်၊ အသားစားကြက်၊ ၀က်၊ ဆိတ်၊ နို့စားနွားနှင့်အသားစားနွားများမွေးမြူမည့်အခြေအနေများနှင့် ထွက်ရှိသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် တပ်မတော်သားမိသားစုများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများအား ရောင်းချပေးမည့်အခြေအနေများ၊ ၀န်တင်လားမြင်းများ မွေးမြူထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စံပြစိုက်ပျိုး မွေးမြူရေးဇုန်သည် သင်တန်းသားများအတွက် စံနမူနာပြ သရုပ်ပြသနိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၌ ကြက်၊ ၀က်၊ ဆိတ်၊ နွားနှင့် ငါးကိုအဓိက စားသုံးလျက်ရှိကြောင်း၊ မွေးမြူ သည့် တိရစ္ဆာန်အမျိုးအစားတစ်ခုချင်းအလိုက်မျိုးစပ်ခြင်း၊ ပေါက်ဖွားကြီးထွားမှုမှစ၍ မွေးမြူရေးစက်ဝန်းအတိုင်း ဥစား၊ အသားတိုး၊ နို့စား၊ အထီးအမခွဲခြားမှု၊ သားပေါက် ထိန်းသိမ်းခြင်း စသည်ဖြင့် စနစ်တကျမွေးမြူသရုပ်ပြသနိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ပြင်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာ၌ သန့်ရှင်းမှုစနစ်များကောင်းမွန်အောင် ဆောင်ရွက်ရန်၊ မျိုးကောင်းမျိုးသန့်များရရှိစေရန်အတွက် ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း၍ဆောင်ရွက်ရန်၊ တိရိစ္ဆာန် အစာများတွင် လူများအတွက်ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်စေနိုင်သည့် ဟော်မုန်းဓာတ်များနှင့် ဓာတုဗေဒပစ္စည်းများမပါရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ကြက်များမွေးမြူရာတွင်လည်း အအေး ပေးစနစ်ဖြင့် မွေးမြူခြင်း နှင့် သမားရိုးကျခြံဖြင့် မွေးမြူခြင်းကိုနှိုင်းယှဉ်ပြီး အကျိုးရှိသည့်နည်းလမ်းကိုဖော်ထုတ် ဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူသည့်တိရစ္ဆာန်များ၏သဘောသဘာဝအရ လှောင်မွေး၊ လွှတ်ကျောင်းမွေး တို့ ဆောင်ရွက်နိုင်ရန်အတွက် မွေးမြူရေးဇုန်များခွဲခြားဆောင်ရွက်ရန် လိုကြောင်းမှာကြားသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စံပြစိုက်ပျိုး မွေးမြူရေး ဇုန်တည်ဆောက် မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် မေထုန်မဲ့နည်းဖြင့် မြင်း၊ လား၊ မြည်းများ မွေးမြူထား ရှိမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တပ်မတော်၏ထောက်ပံ့ ပို့ဆောင် ရေးအတွက် လိုအပ်သည့် လားမြင်းမွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။