တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ်၊ ဗိုလ် လောင်းသင်တန်းအမှတ်စဉ် (၂၀) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ ၁၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က ယေန႔နံနက္ပုိင္းတြင္ ျပင္ဦးလြင္ၿမိဳ႕၊ တပ္မေတာ္နည္းပညာ တကၠသုိလ္စစ္ေရးျပကြင္း၌က်င္းပျပဳလုပ္သည့္ တပ္မေတာ္နည္းပညာ တကၠသုိလ္ ဗုိလ္ေလာင္းသင္တန္းအမွတ္စဥ္(၂၀)သင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပ အခမ္းအနားသုိ႔ တက္ေရာက္ မိန္႔ခြန္းေျပာၾကားသည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္စိန္၀င္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ် ေက်ာ္ထင္ ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ တပ္မေတာ္အရာရိွႀကီးမ်ားႏွင့္ဇနီးမ်ား၊ တိုင္းမွဴးမ်ား၊ တပ္မေတာ္နည္း ပညာတကၠသိုလ္ေက်ာင္းအုပ္ႀကီးႏွင့္ ျပင္ဦးလြင္ တပ္နယ္မွတပ္မေတာ္အရာရိွႀကီးမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား၊ သင္တန္းဆင္းဗိုလ္ေလာင္းမ်ား၏ မိဘေဆြမ်ိဳးမ်ားတက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမဟာသေရစည္သူ မင္းေအာင္လိႈင္သည္ ဗိုလ္ေလာင္း တပ္ရင္းမ်ား၏ အေလးျပဳျခင္းကိုခံယူၿပီး ေက်ာင္းဆင္းဗိုလ္ေလာင္းတပ္ရင္းမ်ားအားစစ္ေဆးသည္။ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္အား ဗိုလ္ေလာင္း တပ္ရင္းမ်ားက အေႏွးေလွ်ာက္၊ အျမန္ေလွ်ာက္တို႔ျဖင့္ ခ်ီတက္အေလးျပဳၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္က တပ္မေတာ္နည္းပညာတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္ (၂၀)မွ ေအာင္စစ္သည္ဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၇၃၇၆ ဗိုလ္ေလာင္း ေသာ္လြင္ဦး၊ ေလ့က်င့္ေရးထူးခြၽန္ဆုရရိွသူ ဗိုလ္ေလာင္းအမွတ္ ၇၃၅၃ ဗိုလ္ေလာင္း ရန္ႏုိင္ၿဖိဳးႏွင့္ စာေပထူးခြၽန္ဆုရရိွသူ ဗိုလ္ေလာင္းအမွတ္ ၇၃၆၄ ဗိုလ္ေလာင္း လႈိင္မ်ိဳးသက္တို႔အား ဆုမ်ားအသီးသီးေပးအပ္ခ်ီးျမႇင့္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္က သင္တန္းဆင္းဗိုလ္ေလာင္းမ်ားအား မိန္႕ခြန္းေျပာၾကားသည္။
ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္သည္ ဗိုလ္ေလာင္းတပ္ရင္းမ်ား၏ အေလးျပဳျခင္းကိုခံယူၿပီးေနာက္ စစ္ေရးျပအခမ္းအနားမွျပန္လည္ထြက္ခြာသည္။

စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္သည္ တပ္မေတာ္နည္းပညာ တကၠသိုလ္ေက်ာင္းဌာနခ်ဳပ္ဧည့္ခန္းမ၌ ထူးခြၽန္ဆုရရွိၾကသည့္ ဗိုလ္ေလာင္း(၃)ဦးႏွင့္ ၎တုိ႔၏ မိဘမ်ားအားေတြ႕ဆံု၍ ဂုဏ္ျပဳအမွာစကားေျပာၾကားခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ်၊ ဗိုလ် လောင်းသင်တန်းအမှတ်စဉ် (၂၀) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ၊ ဒီဇင်ဘာ ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာ တက္ကသိုလ်စစ်ရေးပြကွင်း၌ကျင်းပပြုလုပ်သည့် တပ်မတော်နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၀)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျ ကျော်ထင် မောင်မောင်ကျော်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တိုင်းမှူးများ၊ တပ်မတော်နည်း ပညာတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင် တပ်နယ်မှတပ်မတော်အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများတက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်း တပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ရင်းများအားစစ်ဆေးသည်။ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား ဗိုလ်လောင်း တပ်ရင်းများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက် အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၀)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ရ၃၇၆ ဗိုလ်လောင်း သော်လွင်ဦး၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ရ၃၅၃ ဗိုလ်လောင်း ရန်နိုင်ဖြိုးနှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ရ၃၆၄ ဗိုလ်လောင်း လှိုင်မျိုးသက်တို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းဆင်းဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း(၃)ဦးနှင့် ၎င်းတို့၏ မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။