တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုရီးယားသမ္မတနိုင်ငံ၊ ပူးတွဲ စစ်ဦးစီးအရာရှိချုပ်များ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ အငြိမ်းစားရေတပ် ဗိုလ်ချုပ်ကြီး Choi Yoon-hee အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၃၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကုိရီးယားသမၼတႏုိင္ငံ၊ ပူးတြဲ စစ္ဦးစီးအရာရွိခ်ဳပ္မ်ား၏ ဥကၠ႒ေဟာင္းျဖစ္သူ အၿငိမ္းစားေရတပ္ဗုိလ္ခ်ဳပ္ႀကီး Choi Yoon-hee အား ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး ကုိရီးယားသမၼတႏုိင္ငံ၊ ပူးတြဲစစ္ဦးစီးအရာရွိခ်ဳပ္မ်ား၏ ဥကၠ႒ေဟာင္းျဖစ္သူ ေရတပ္ဗုိလ္ခ်ဳပ္ႀကီး(အၿငိမ္းစား) ႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ ကိုရီးယားသမၼတ ႏုိင္ငံ သံအမတ္ႀကီး H.E. Mr. Lee Sang-hwa ႏွင့္စစ္သံမွဴး Colonel HWANG Sandeok ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈတုိးျမႇင့္ေရးအတြက္ ေဆာင္ရြက္ႏုိင္ခဲ့သည့္အေျခအေနမ်ား၊ ျမန္မာႏုိင္ငံတြင္ နာဂစ္မုန္တုိင္း တုိက္ခတ္မႈေၾကာင့္ ပ်က္စီး ခဲ့သည့္ သန္လ်င္ၿမိဳ႕၊ အမွတ္(၃)အေျခခံပညာအထက္တန္းေက်ာင္း၊ ေက်ာင္းေဆာင္သစ္ တစ္ေဆာင္အား ကုိရီးယားႏုိင္ငံမွ ကူညီေဆာက္လုပ္ေပးခဲ့မႈမ်ားႏွင့္ အျခားေဒသမ်ားတြင္လည္း ထပ္မံေဆာက္လုပ္ေပးသြားမည့္အေျခအေနမ်ား၊ ျမန္မာႏုိင္ငံ၏ ပညာေရး၊ လူမႈေရးႏွင့္ စီးပြားေရး ဖြံ႕ၿဖိဳးတုိးတက္မႈဆုိင္ရာကိစၥရပ္မ်ားတြင္ ကိုရီးယားႏုိင္ငံမွ ကူညီေဆာင္ရြက္ေပးေနသည့္ အေျခအေန မ်ား၊ ကုိရီးယားကြၽန္းဆြယ္ ထာ၀ရတည္ၿငိမ္ ေအးခ်မ္းေရးႏွင့္ ႏ်ဴကလီးယားကင္းမဲ့ဇုန္ျဖစ္ေစေရး အတြက္ ျမန္မာႏုိင္ငံမွရပ္တည္ ေထာက္ခံေပးသည့္အေျခအေနမ်ား၊ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈပုိမုိတုိးတက္ခုိင္မာေစေရးအတြက္ အဆင့္အလုိက္ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္ အလွန္လည္ပတ္ေရးဆုိင္ရာမ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြး ခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ကုိရီးယား သမၼတႏုိင္ငံ၊ ပူးတြဲစစ္ဦးစီးအရာရွိခ်ဳပ္မ်ား၏ ဥကၠ႒ေဟာင္းျဖစ္သူ အၿငိမ္းစားေရတပ္ဗုိလ္ခ်ဳပ္ႀကီး Choi Yoon-hee တုိ႔သည္အမွတ္တရ လက္ေဆာင္ ပစၥည္းမ်ားအျပန္အလွန္ေပးအပ္ၿပီး စုေပါင္း ဓာတ္ပုံ႐ုိက္ခဲ့ၾကပါသည္။

(Unicode Version)

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုရီးယားသမ္မတနိုင်ငံ၊ ပူးတွဲ စစ်ဦးစီးအရာရှိချုပ်များ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ အငြိမ်းစားရေတပ် ဗိုလ်ချုပ်ကြီး Choi Yoon-hee အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ – ၃၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကိုရီးယားသမ္မတနိုင်ငံ၊ ပူးတွဲ စစ်ဦးစီးအရာရှိချုပ်များ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ အငြိမ်းစားရေတပ်ဗိုလ်ချုပ်ကြီး Choi Yoon-hee အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး ကိုရီးယားသမ္မတနိုင်ငံ၊ ပူးတွဲစစ်ဦးစီးအရာရှိချုပ်များ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ရေတပ်ဗိုလ်ချုပ်ကြီး(အငြိမ်းစား) နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတ နိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa နှင့်စစ်သံမှူး Colonel HWANG Sandeok နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့သည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီး ခဲ့သည့် သန်လျင်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဆောင်သစ် တစ်ဆောင်အား ကိုရီးယားနိုင်ငံမှ ကူညီဆောက်လုပ်ပေးခဲ့မှုများနှင့် အခြားဒေသများတွင်လည်း ထပ်မံဆောက်လုပ်ပေးသွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များတွင် ကိုရီးယားနိုင်ငံမှ ကူညီဆောင်ရွက်ပေးနေသည့် အခြေအနေ များ၊ ကိုရီးယားကျွန်းဆွယ် ထာဝရတည်ငြိမ် အေးချမ်းရေးနှင့် နျူကလီးယားကင်းမဲ့ဇုန်ဖြစ်စေရေး အတွက် မြန်မာနိုင်ငံမှရပ်တည် ထောက်ခံပေးသည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက်ခိုင်မာစေရေးအတွက် အဆင့်အလိုက်ချစ်ကြည်ရေးခရီးစဉ်များ အပြန် အလှန်လည်ပတ်ရေးဆိုင်ရာများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကိုရီးယား သမ္မတနိုင်ငံ၊ ပူးတွဲစစ်ဦးစီးအရာရှိချုပ်များ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ အငြိမ်းစားရေတပ်ဗိုလ်ချုပ်ကြီး Choi Yoon-hee တို့သည်အမှတ်တရ လက်ဆောင် ပစ္စည်းများအပြန်အလှန်ပေးအပ်ပြီး စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။