တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၁၆)နှင့် အမျိုးသမီး သူနာပြုသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲ အခမ်းအနား တက်ရောက်ချီးမြှင့်

ေနျပည္ေတာ္၊ ဇန္န၀ါရီ ၂

တပ္မေတာ္သူနာျပဳႏွင့္ေဆးဘက္ပညာသိပၸံဘြဲ႕သင္တန္းအမွတ္စဥ္(၁၆)ႏွင့္ အမ်ိဳးသမီး သူနာျပဳ သိပၸံဘြဲ႕သင္တန္း အမွတ္စဥ္(၃)သင္တန္းဆင္း ဂုဏ္ျပဳညစာစားပဲြ အခမ္းအနားကုိ ယေန႔ညေနပုိင္း တြင္ ရန္ကုန္ၿမိဳ႕၊ တပ္မေတာ္ေဆးတကၠသုိလ္ဘြဲ႕ႏွင္း သဘင္ခန္းမေဆာင္၌က်င္းပရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ တက္ေရာက္ခ်ီးျမႇင့္သည္။

အဆိုပါသင္တန္းဆင္း ဂုဏ္ျပဳညစာစားပဲြအခမ္းအနားသို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရိွႀကီးမ်ား ႏွင့္ ဇနီးမ်ား၊ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး၊ တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသုိလ္ေက်ာင္းအုပ္ႀကီးႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား၊ သင္တန္းဆင္းသူနာျပဳမ်ားႏွင့္ မိဘ ေဆြမ်ိဳးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ သင္တန္းဆင္း သူနာျပဳမ်ားအား တစ္ဦးခ်င္းရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္သည္။ ထို႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖဲြ႕၀င္မ်ားသည္ သင္တန္းဆင္း သူနာျပဳမ်ား၊ မိဘေဆြမ်ိဳးမ်ားႏွင့္အတူ ညစာသံုးေဆာင္ၾကသည္။

ညစာသုံးေဆာင္ေနစဥ္အတြင္း ျပည္သူ႕ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ုံး ကြပ္ကဲမႈေအာက္ ျမ၀တီေတးဂီတအဖြဲ႕ႏွင့္ တပ္မေတာ္သူနာျပဳႏွင့္ ေဆးဖက္ပညာတကၠသုိလ္ ဂုဏ္ျပဳစစ္တီး၀ုိင္းတပ္ခြဲတုိ႔က ေတးသီခ်င္းမ်ားျဖင့္ သီဆုိ တီးမႈတ္ေဖ်ာ္ေျဖၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္ သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသုိလ္ ဂုဏ္ျပဳ စစ္တီး၀ုိင္းတပ္ခြဲ၏ ဂုဏ္ျပဳတီးမႈတ္မႈအား ၾကည့္႐ႈအားေပးၿပီး ခ်ီးျမႇင့္ေငြမ်ားေပးအပ္သည္။

သင္တန္းဆင္းဂုဏ္ျပဳညစာစားပဲြအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖဲြ႕၀င္မ်ားသည္ ဘြဲ႕ႏွင္းသဘင္ခန္းမေဆာင္၌ ျမ၀တီေတးဂီတအဖဲြ႕ႏွင့္ ျမ၀တီအၿငိမ့္အဖဲြ႕တို႔၏ ေဖ်ာ္ေျဖ တင္ဆက္မႈမ်ားကို ၾကည့္ရႈအားေပးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၁၆)နှင့် အမျိုးသမီး သူနာပြုသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲ အခမ်းအနား တက်ရောက်ချီးမြှင့်

နေပြည်တော်၊ ဇန်နဝါရီ ၂

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၁၆)နှင့် အမျိုးသမီး သူနာပြု သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၃)သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်း တွင် ရန်ကုန်မြို့၊ တပ်မတော်ဆေးတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမဆောင်၌ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါသင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ နှင့် ဇနီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်းသူနာပြုများနှင့် မိဘ ဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သင်တန်းဆင်း သူနာပြုများအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်းဆင်း သူနာပြုများ၊ မိဘဆွေမျိုးများနှင့်အတူ ညစာသုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့နှင့် တပ်မတော်သူနာပြုနှင့် ဆေးဖက်ပညာတက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်းတပ်ခွဲတို့က တေးသီချင်းများဖြင့် သီဆို တီးမှုတ်ဖျော်ဖြေကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဂုဏ်ပြု စစ်တီးဝိုင်းတပ်ခွဲ၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများပေးအပ်သည်။

သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ မြဝတီတေးဂီတအဖွဲ့နှင့် မြဝတီအငြိမ့်အဖွဲ့တို့၏ ဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။