၂၀၁၉ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ၊ အားကစား အောင်မြင်မှုသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့်လူမျိုး၏ ဂုဏ်သိက္ခာအဆင့်အတန်းဖွံ့ဖြိုး တိုးတက်မှုကိုဖော်ညွှန်းနေ 

ေနျပည္ေတာ္၊ ဇန္န၀ါရီ – ၁၆

“အားကစားျမႇင့္တင္ျခင္းႏွင့္ စြမ္းေဆာင္ႏိုင္မႈမ်ားသည္ အမ်ဳိးသားေရး ဂုဏ္သိကၡာကို ျမႇင့္တင္ေပးေနျခင္းျဖစ္သကဲ့သုိ႔ ႏုိင္ငံေတာ္ကိုကာကြယ္ေစာင့္ေရွာက္ ေနျခင္းလည္းျဖစ္ေၾကာင္း၊ အားကစားေအာင္ျမင္မႈသည္ ႏိုင္ငံေတာ္ဖြံ႕ၿဖဳိးတိုးတက္မႈ ႏွင့္ လူမ်ဳိး၏ဂုဏ္သိကၡာအဆင့္အတန္း ဖြံ႕ၿဖဳိးတိုးတက္မႈကိုေဖာ္ၫႊန္းေနေၾကာင္း၊ အလားတူ  တပ္မေတာ္သားအားကစားသမားမ်ား၏ အားကစားေအာင္ျမင္မႈမ်ားသည္လည္း တပ္မေတာ္၏ဂုဏ္သိကၡာႏွင့္စြမ္းရည္ထက္ျမက္မႈကို ေဖာ္ၫႊန္းျပသလ်က္ရွိေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္အတြင္းမွ ထူးခြၽန္ထက္ျမက္သည့္ အားကစား သမားမ်ားကို ႏိုင္ငံ့ဂုဏ္ေဆာင္မ်ဳိးဆက္သစ္အားကစားသမားမ်ားအျဖစ္ ေပၚထြန္း လာေစေရးအတြက္ ရည္ရြယ္ၿပီး တပ္မေတာ္(ၾကည္း၊ေရ၊ေလ)အားကစားၿပဳိင္ပြဲမ်ားကို ႏွစ္စဥ္က်င္းပေပးေနျခင္း ျဖစ္ေၾကာင္း” တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ယေန႔ ညေနပုိင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိတပ္မေတာ္ အားကစားကြင္း၌ က်င္းပျပဳလုပ္သည့္ ၂၀၁၉ ခုႏွစ္၊ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) အားကစားၿပိဳင္ပြဲ ဖြင့္ပြဲအခမ္းအနား၌ အဖြင့္မိန္႔ခြန္း ေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္း၊ ကာကြယ္ေရး၀န္ႀကီးဌာနျပည္ေထာင္စု၀န္ႀကီး ဒုတိယ ဗုိလ္ခ်ဳပ္ႀကီးစိန္၀င္းႏွင့္ဇနီး၊ ၫႇိႏႈိင္း ကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴးႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး (ၾကည္း၊ေရ၊ေလ) ႐ံုး/ဌာနမ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ႏိုင္ငံေတာ္ ကာကြယ္ေရးတကၠသိုလ္မွ သင္တန္းသားအရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ ကြပ္ကဲမႈ ေအာက္ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ တပ္မေတာ္ေဘာလံုး အကယ္ဒမီ ေက်ာင္းမွ သင္တန္းသားမ်ား၊ဖိတ္ၾကားထားသူမ်ားႏွင့္ ၿပိဳင္ပြဲ၀င္အားကစားသမားမ်ား တက္ေရာက္ ၾကသည္။

ဖြင့္ပြဲအခမ္းအနားအစီအစဥ္မ်ားအရ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)ဂုဏ္ျပဳစစ္တီး၀ိုင္းအဖြဲ႕က ကြင္းအတြင္း၀င္ေရာက္ေနရာယူၿပီး စစ္ေရးျပမွဴးႀကီးဦးေဆာင္ေသာ အလံေတာ္ အဖြဲ႕ႏွင့္ အားကစား အသင္း ၁၇ သင္းမွ အားကစားသမားမ်ားေနရာယူၾကသည္။ ထုိ႔ေနာက္ ၂၀၁၉ ခုႏွစ္၊ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ)အားကစားၿပိဳင္ပြဲ ဖြင့္ပြဲအခမ္းအနား ဖြင့္လွစ္ေၾကာင္း ေၾကညာခ်ိန္တြင္ တပ္မေတာ္ အားကစားႏွင့္ကာယပညာအုပ္ခ်ဳပ္မႈေကာ္မတီဥကၠ႒ စစ္ေရးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဆန္းဦးႏွင့္ ေနျပည္ေတာ္တုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး ဗိုလ္ခ်ဳပ္ ျမင့္ေမာ္တို႔က ဖြင့္ပြဲစာတမ္းပါမိုးပ်ံပူေဖာင္းမ်ားအား ဖဲႀကိဳးျဖတ္၍လႊတ္တင္ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အဖြင့္အမွာစကားေျပာၾကားရာတြင္ အားကစား ဆုိသည္မွာ ႏိုင္ငံတစ္ႏုိင္ငံ၊ လူမ်ဳိးတစ္မ်ဳိး၏က်န္းမာႀကံ႕ခိုင္မႈ၊ ဇြဲ႕လုံ႕လ ၀ီရိယႀကီးမားမႈႏွင့္ စည္းလုံးညီၫြတ္မႈတို႔ကို ထင္ဟပ္ေပၚလြင္ေစႏိုင္သည့္ စြမ္းရည္ျပ ယွဥ္ၿပဳိင္မႈတစ္မ်ဳိးပင္ျဖစ္ေၾကာင္း၊ ထို႔ျပင္ႏုိင္ငံသူ၊ ႏိုင္ငံသားမ်ား၏စိတ္ကိုဆြဲေဆာင္ သိမ္းသြင္းႏိုင္ျခင္း၊ ႏိုင္ငံ့ဂုဏ္၊ အမ်ဳိးဂုဏ္ကို ေဆာင္လိုေသာ အမ်ဳိးသားေရးစိတ္ဓာတ္ ပိုမိုထက္သန္လာေစျခင္း၊ ယွဥ္ၿပဳိင္မႈတုိင္းတြင္အႏိုင္မခံ၊ အ႐ႈံးမေပးသည့္ခိုင္မာေသာ စိတ္ဓာတ္ျဖစ္ေပၚေစျခင္း စသည့္အက်ဳိးေက်းဇူးမ်ားကိုလည္း ရရွိေစႏုိင္မည္ျဖစ္ေၾကာင္း “အားကစား ျမႇင့္တင္ျခင္းသည္ ႏုိင္ငံေတာ္ကိုကာကြယ္ ေစာင့္ေရွာက္ေနျခင္းျဖစ္သည္”ဆိုသည့္အတုိင္း လက္ေတြ႕ေျမျပင္တြင္ အားကစားက႑ကို တိုးတက္ေအာင္ျမင္ေအာင္ ၀ုိင္း၀န္းလုပ္ေဆာင္ၿပီး အမိႏုိင္ငံေတာ္ကို တစ္ဖက္တစ္လမ္းမွ ကာကြယ္ေစာင့္ေရွာက္သြားၾကရန္ လိုအပ္ေၾကာင္း၊ ျမန္မာ့႐ုိးရာသိုင္းပညာသည္ ျမန္မာ တုိင္းရင္းသားတို႔၏ ဇာတိေသြး၊ ဇာတိမာန္ ထက္သန္မႈ၊ ရဲရင့္ျဖတ္လတ္မႈ၊ ႀကံ႕ခိုင္မႈမ်ားကို လက္ေတြ႕ျပသသည့္ အားကစားနည္း တစ္ရပ္ပင္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္လည္း ျမန္မာ့သိုင္းပညာမ်ားကို တပ္မေတာ္သင္တန္းေက်ာင္းမ်ားတြင္ အားကစားသင္ခန္းစာ တစ္ရပ္အေနျဖင့္ ထည့္သြင္းေလ့က်င့္ သင္ၾကားၿပီး ကာကြယ္ေရးစြမ္းအားအတြက္ အေထာက္အကူ ျဖစ္ေစရန္ တစ္ဖက္တစ္လမ္းမွ ႀကဳိးပမ္းလ်က္ရွိေၾကာင္း၊ ျမန္မာ့သိုင္းပညာကုိ အားကစားနည္း အျဖစ္လည္းေကာင္း၊ ႏိုင္ငံေတာ္ကာကြယ္ေရး အတတ္ပညာအျဖစ္လည္းေကာင္း၊ ျမန္မာတို႔၏ ကိုယ္ပိုင္ယဥ္ေက်းမႈ အားကစားတစ္ရပ္အျဖစ္လည္းေကာင္း ႏုိင္ငံႏွင့္လူမ်ဳိးဂုဏ္ကို အဖက္ဖက္မွ ျမႇင့္တင္ေပးျခင္း ျဖစ္ေၾကာင္း၊ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)အားကစားၿပဳိင္ပြဲမ်ားမွတစ္ဆင့္ ႏိုင္ငံေတာ္ အတြက္ အားထားရသည့္ အားကစားသမားေကာင္းမ်ားျဖစ္ရန္ အစြမ္းကုန္ႀကဳိးစားၾကရန္ လိုအပ္ေၾကာင္း၊ အားကစားနယ္ပယ္ေအာင္ျမင္မႈဆိုသည္မွာ ႏိုင္ငံေတာ္ဖြံ႕ၿဖဳိးတိုးတက္မႈကိုပါ သြယ္၀ိုက္ေဖာ္ေဆာင္ေနျခင္းျဖစ္သည့္အတြက္ တပ္မေတာ္သားမ်ား၏ ႀကဳိးစားအားထုတ္မႈႏွင့္ တပ္မေတာ္၏ဂုဏ္သိကၡာ၊ ႏိုင္ငံေတာ္၏ဂုဏ္သိကၡာကို ျမႇင့္တင္ေပးရန္လိုအပ္ေၾကာင္း၊ ” ေလွခြက္ ခ်ည္းက်န္ အလံမလွဲသည့္စိတ္ဓာတ္”၊ “တုံးတိုက္တုိက္ က်ားကိုက္ကိုက္စိတ္ဓာတ္”၊ “အႏိုင္မခံ အ႐ႈံးမေပးတဲ့စိတ္ဓာတ္”မ်ားျဖင့္ သန္႔ရွင္းမွ်တစြာယွဥ္ၿပဳိင္ၿပီး စည္းကမ္းကို တန္ဖိုးထားေသာ စစ္သည္ေတာ္ေကာင္းမ်ားျဖစ္ရန္အတြက္ သက္ေသျပၾကရန္လိုအပ္ေၾကာင္း စသည့္အခ်က္မ်ားကို ေျပာၾကားသည္။

ထုိ႔ေနာက္ ဖြင့္ပြဲအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဖလား (က)အဆင့္ ေဘာလံုးၿပိဳင္ပြဲပထမအႀကိဳဗိုလ္လုပြဲအျဖစ္ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ ကိုယ္စားျပဳအသင္းႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)ကိုယ္စားျပဳအသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကရာ အခ်ိန္ပုိသြင္းဂုိးျဖင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)ကုိယ္စားျပဳ       အသင္းက ၂ ဂိုး ၁ ဂုိးျဖင့္ အႏိုင္ရရွိသြားသည္။

တပ္မေတာ္(ၾကည္း၊ေရ၊ေလ) အားကစားၿပိဳင္ပြဲတြင္ ေဘာလုံးၿပိဳင္ပြဲ၊ လက္ေ၀ွ႕ၿပိဳင္ပြဲ၊ ပုိက္ေက်ာ္ျခင္း ၿပိဳင္ပြဲ၊ ေျပးခုန္ပစ္(က်ား/မ)ၿပိဳင္ပြဲ၊ မသန္စြမ္းအားကစားၿပိဳင္ပြဲ၊ ျခင္းလုံးၿပိဳင္ပြဲ၊ ေဘာ္လီေဘာ (က်ား/မ)ၿပိဳင္ပြဲ၊ ဂ်ဴဒုိ(က်ား/မ)ၿပိဳင္ပြဲ၊ ေရကူးၿပိဳင္ပြဲ၊ အေလးမႏွင့္ ကာယဗလၿပိဳင္ပြဲ၊ ၀ူ႐ွဴးၿပိဳင္ပြဲ၊ ကရာေတးဒုိၿပိဳင္ပြဲ၊ ျမန္မာ့သုိင္းၿပိဳင္ပြဲႏွင့္တုိက္ကြမ္ဒုိၿပိဳင္ပြဲ စသည့္ အားကစားၿပိဳင္ပြဲ ၁၄ မ်ိဳးအား ၂၈ ရက္ေန႔အထိ ယွဥ္ၿပိဳင္ကစားသြားမည္ျဖစ္သည္။

(Unicode Version)

၂၀၁၉ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ၊ အားကစား အောင်မြင်မှုသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့်လူမျိုး၏ ဂုဏ်သိက္ခာအဆင့်အတန်းဖွံ့ဖြိုး တိုးတက်မှုကိုဖော်ညွှန်းနေ

နေပြည်တော်၊ ဇန်နဝါရီ – ၁၆

“အားကစားမြှင့်တင်ခြင်းနှင့် စွမ်းဆောင်နိုင်မှုများသည် အမျိုးသားရေး ဂုဏ်သိက္ခာကို မြှင့်တင်ပေးနေခြင်းဖြစ်သကဲ့သို့ နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက် နေခြင်းလည်းဖြစ်ကြောင်း၊ အားကစားအောင်မြင်မှုသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု နှင့် လူမျိုး၏ဂုဏ်သိက္ခာအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ညွှန်းနေကြောင်း၊ အလားတူ  တပ်မတော်သားအားကစားသမားများ၏ အားကစားအောင်မြင်မှုများသည်လည်း တပ်မတော်၏ဂုဏ်သိက္ခာနှင့်စွမ်းရည်ထက်မြက်မှုကို ဖော်ညွှန်းပြသလျက်ရှိကြောင်း၊ ထို့ကြောင့် တပ်မတော်အတွင်းမှ ထူးချွန်ထက်မြက်သည့် အားကစား သမားများကို နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ်အားကစားသမားများအဖြစ် ပေါ်ထွန်း လာစေရေးအတွက် ရည်ရွယ်ပြီး တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးနေခြင်း ဖြစ်ကြောင်း” တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော် အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်းပြောကြား သည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်းနှင့်ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော်ဘောလုံး အကယ်ဒမီ ကျောင်းမှ သင်တန်းသားများ၊ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက် ကြသည်။

ဖွင့်ပွဲအခမ်းအနားအစီအစဉ်များအရ တပ်မတော်(ကြည်း၊ရေ၊လေ)ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့က ကွင်းအတွင်းဝင်ရောက်နေရာယူပြီး စစ်ရေးပြမှူးကြီးဦးဆောင်သော အလံတော် အဖွဲ့နှင့် အားကစား အသင်း ၁၇ သင်းမှ အားကစားသမားများနေရာယူကြသည်။ ထို့နောက် ၂၀၁၉ ခုနှစ်၊ တပ်မတော် (ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာချိန်တွင် တပ်မတော် အားကစားနှင့်ကာယပညာအုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်တို့က ဖွင့်ပွဲစာတမ်းပါမိုးပျံပူဖောင်းများအား ဖဲကြိုးဖြတ်၍လွှတ်တင်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် အားကစား ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ့လုံ့လ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ထင်ဟပ်ပေါ်လွင်စေနိုင်သည့် စွမ်းရည်ပြ ယှဉ်ပြိုင်မှုတစ်မျိုးပင်ဖြစ်ကြောင်း၊ ထို့ပြင်နိုင်ငံသူ၊ နိုင်ငံသားများ၏စိတ်ကိုဆွဲဆောင် သိမ်းသွင်းနိုင်ခြင်း၊ နိုင်ငံ့ဂုဏ်၊ အမျိုးဂုဏ်ကို ဆောင်လိုသော အမျိုးသားရေးစိတ်ဓာတ် ပိုမိုထက်သန်လာစေခြင်း၊ ယှဉ်ပြိုင်မှုတိုင်းတွင်အနိုင်မခံ၊ အရှုံးမပေးသည့်ခိုင်မာသော စိတ်ဓာတ်ဖြစ်ပေါ်စေခြင်း စသည့်အကျိုးကျေးဇူးများကိုလည်း ရရှိစေနိုင်မည်ဖြစ်ကြောင်း “အားကစား မြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်နေခြင်းဖြစ်သည်”ဆိုသည့်အတိုင်း လက်တွေ့မြေပြင်တွင် အားကစားကဏ္ဍကို တိုးတက်အောင်မြင်အောင် ဝိုင်းဝန်းလုပ်ဆောင်ပြီး အမိနိုင်ငံတော်ကို တစ်ဖက်တစ်လမ်းမှ ကာကွယ်စောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း၊ မြန်မာ့ရိုးရာသိုင်းပညာသည် မြန်မာ တိုင်းရင်းသားတို့၏ ဇာတိသွေး၊ ဇာတိမာန် ထက်သန်မှု၊ ရဲရင့်ဖြတ်လတ်မှု၊ ကြံ့ခိုင်မှုများကို လက်တွေ့ပြသသည့် အားကစားနည်း တစ်ရပ်ပင်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း မြန်မာ့သိုင်းပညာများကို တပ်မတော်သင်တန်းကျောင်းများတွင် အားကစားသင်ခန်းစာ တစ်ရပ်အနေဖြင့် ထည့်သွင်းလေ့ကျင့် သင်ကြားပြီး ကာကွယ်ရေးစွမ်းအားအတွက် အထောက်အကူ ဖြစ်စေရန် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းလျက်ရှိကြောင်း၊ မြန်မာ့သိုင်းပညာကို အားကစားနည်း အဖြစ်လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေး အတတ်ပညာအဖြစ်လည်းကောင်း၊ မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု အားကစားတစ်ရပ်အဖြစ်လည်းကောင်း နိုင်ငံနှင့်လူမျိုးဂုဏ်ကို အဖက်ဖက်မှ မြှင့်တင်ပေးခြင်း ဖြစ်ကြောင်း၊ တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံတော် အတွက် အားထားရသည့် အားကစားသမားကောင်းများဖြစ်ရန် အစွမ်းကုန်ကြိုးစားကြရန် လိုအပ်ကြောင်း၊ အားကစားနယ်ပယ်အောင်မြင်မှုဆိုသည်မှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကိုပါ သွယ်ဝိုက်ဖော်ဆောင်နေခြင်းဖြစ်သည့်အတွက် တပ်မတော်သားများ၏ ကြိုးစားအားထုတ်မှုနှင့် တပ်မတော်၏ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန်လိုအပ်ကြောင်း၊ ” လှေခွက် ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်”၊ “တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်”၊ “အနိုင်မခံ အရှုံးမပေးတဲ့စိတ်ဓာတ်”များဖြင့် သန့်ရှင်းမျှတစွာယှဉ်ပြိုင်ပြီး စည်းကမ်းကို တန်ဖိုးထားသော စစ်သည်တော်ကောင်းများဖြစ်ရန်အတွက် သက်သေပြကြရန်လိုအပ်ကြောင်း စသည့်အချက်များကို ပြောကြားသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (က)အဆင့် ဘောလုံးပြိုင်ပွဲပထမအကြိုဗိုလ်လုပွဲအဖြစ် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အချိန်ပိုသွင်းဂိုးဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ကိုယ်စားပြု       အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသွားသည်။

တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲတွင် ဘောလုံးပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ ပြေးခုန်ပစ်(ကျား/မ)ပြိုင်ပွဲ၊ မသန်စွမ်းအားကစားပြိုင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲ၊ ဘော်လီဘော (ကျား/မ)ပြိုင်ပွဲ၊ ဂျူဒို(ကျား/မ)ပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲ၊ အလေးမနှင့် ကာယဗလပြိုင်ပွဲ၊ ဝူရှူးပြိုင်ပွဲ၊ ကရာတေးဒိုပြိုင်ပွဲ၊ မြန်မာ့သိုင်းပြိုင်ပွဲနှင့်တိုက်ကွမ်ဒိုပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲ ၁၄ မျိုးအား ၂၈ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။