နိုင်ငံ့အကျိုးပြု စာပေရေးသားထုတ်ဝေနိုင်ခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (အငြိမ်းစား) ဦးမော်သာထွေး အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုဆုငွေပေးအပ် 

ေနျပည္ေတာ္၊ ဇန္နဝါရီ ၁၇ 

”စြမ္းအင္ႏွင့္လွ်ပ္စစ္ကို ကမၻာၾကည့္ ၾကည့္မယ္”စာအုပ္အား ”ေမာ္သာေထြး (မႏၲေလး)”အမည္ျဖင့္ ေရးသား ထုတ္ေဝခဲ့ေသာ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး(အၿငိမ္းစား) ဦးေမာ္သာေထြးအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ မွ ေပးပို႔သည့္ ဂုဏ္ျပဳစာလႊာႏွင့္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြ ၂၅ သိန္းကို တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကိုယ္စား ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ျမင့္ေမာ္က ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ေပါင္းေလာင္းရိပ္သာ၌ ေပးအပ္ခ်ီးျမႇင့္သည္။ 

ဦးစြာ တုိင္းမွဴးက ဂုဏ္ျပဳစာလႊာႏွင့္ဂုဏ္ျပဳခ်ီးျမႇင့္ေငြေပးအပ္ရသည့္ ရည္ရြယ္ခ်က္အား ရွင္းလင္းေျပာၾကားၿပီး ဂုဏ္ျပဳ စာလႊာႏွင့္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြ အားေပးအပ္ရာ ဦးေမာ္သာေထြးမွလက္ခံရယူသည္။ ထုိ႔ေနာက္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး(အၿငိမ္းစား) ဦးေမာ္သာေထြးက စာအုပ္အား ခက္ခက္ခဲခဲျဖင့္ အခ်ိန္၊ ေငြေၾကး အရင္း အႏွီးမ်ားစြာျဖင့္ စိတ္ေရာကိုယ္ပါႏွစ္၍ ေရးသားျပဳစုခဲ့ရေၾကာင္းႏွင့္ ထုိအခက္အခဲမ်ားကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စာနာနားလည္ေပးၿပီး လိုအပ္သည့္အကူအညီမ်ားေပးသည့္ အတြက္ အထူးပင္ေက်းဇူးတင္ရွိပါေၾကာင္း ျပန္လည္ေျပာၾကားၿပီး ”စြမ္းအင္ႏွင့္ လွ်ပ္စစ္ကို ကမၻာၾကည့္ ၾကည့္မယ္”စာအုပ္မ်ားအား ေပးအပ္ရာ တုိင္းမွဴးက လက္ခံရယူခ့ဲသည္။ 

အဆုိပါစာအုပ္သည္ ျမန္မာ့စာေပေလာကတြင္ ရွားပါးေသာသုေတသန စာတမ္းစာအုပ္ ပံုစံျဖစ္ၿပီး ျပည္ေထာင္စု သမၼတ ျမန္မာႏုိင္ငံေတာ္အတြက္ အေရးႀကီးေသာစြမ္းအင္ လုိအပ္ခ်က္မ်ားႏွင့္ ပတ္သက္၍ စြမ္းအင္ အရင္းအျမစ္ မ်ား၏ သေဘာသဘာဝႏွင့္ အားသာခ်က္၊ အားနည္းခ်က္မ်ား၊ ကမၻာ့ႏုိင္ငံမ်ား၏ စြမ္းအင္အရင္းအျမစ္ ပုိင္ဆုိင္မႈ၊ ထုတ္လုပ္မႈ၊ သံုးစြဲမႈ၊ ျပည္ပတင္ပုိ႔မႈမ်ားအေပၚ ျမန္မာႏုိင္ငံ၏ အေျခအေနႏွင့္ ႏႈိင္းယွဥ္မႈမ်ား၊ လက္ရွိစီမံခန္႔ခြဲလ်က္ ရွိသည့္ နည္းစနစ္မ်ားကို ျပဳျပင္ရန္ကိစၥရပ္မ်ား၊ ျပည္သူလူထုက တတ္ႏုိင္သည့္ ဓာတ္အားခေစ်းႏႈန္း (Affordable Price) ျဖစ္လာေစေရး ေဆာင္ရြက္ရန္ နည္းလမ္းမ်ားစသည့္ အခ်က္အလက္မ်ားကို သမုိင္းေၾကာင္း အေထာက္ အထားမ်ားႏွင့္တကြ ျပည့္စံုစြာ ေလ့လာဆန္းစစ္ ေဖာ္ထုတ္ထားကာ ႏုိင္ငံေတာ္မွ ေဆာင္ရြက္သင့္ သည္မ်ားကုိ သံုးသပ္ေရးသားေဖာ္ျပထားၿပီး ျမန္မာႏုိင္ငံ ဖြံ႕ၿဖိဳး တုိးတက္ေရးအတြက္ တစ္တပ္တစ္အား အေထာက္အကူျပဳ စာေကာင္း ေပမြန္အျဖစ္ ေရးသားထုတ္ေဝႏုိင္သည့္အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွ ယခုကဲ့သုိ႔ ဂုဏ္ျပဳ စာလႊာႏွင့္ဂုဏ္ျပဳဆုေငြ ေပးအပ္ခဲ့ျခင္းျဖစ္သည္။

(Unicode Version)

နိုင်ငံ့အကျိုးပြု စာပေရေးသားထုတ်ဝေနိုင်ခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး (အငြိမ်းစား) ဦးမော်သာထွေးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုဆုငွေပေးအပ်

နေပြည်တော်၊ ဇန်နဝါရီ ၁၇

”စွမ်းအင်နှင့်လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်”စာအုပ်အား ”မော်သာထွေး (မန္တလေး)”အမည်ဖြင့် ရေးသား ထုတ်ဝေခဲ့သော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး(အငြိမ်းစား) ဦးမော်သာထွေးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ပေးပို့သည့် ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ၂၅ သိန်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပေါင်းလောင်းရိပ်သာ၌ ပေးအပ်ချီးမြှင့်သည်။

ဦးစွာ တိုင်းမှူးက ဂုဏ်ပြုစာလွှာနှင့်ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဂုဏ်ပြု စာလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ အားပေးအပ်ရာ ဦးမော်သာထွေးမှလက်ခံရယူသည်။ ထို့နောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(အငြိမ်းစား) ဦးမော်သာထွေးက စာအုပ်အား ခက်ခက်ခဲခဲဖြင့် အချိန်၊ ငွေကြေး အရင်း အနှီးများစွာဖြင့် စိတ်ရောကိုယ်ပါနှစ်၍ ရေးသားပြုစုခဲ့ရကြောင်းနှင့် ထိုအခက်အခဲများကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စာနာနားလည်ပေးပြီး လိုအပ်သည့်အကူအညီများပေးသည့် အတွက် အထူးပင်ကျေးဇူး တင်ရှိ ပါကြောင်း ပြန်လည်ပြောကြားပြီး ”စွမ်းအင်နှင့် လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်”စာအုပ်များ အား ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူခဲ့သည်။

အဆိုပါစာအုပ်သည် မြန်မာ့စာပေလောကတွင် ရှားပါးသောသုတေသန စာတမ်းစာအုပ် ပုံစံဖြစ်ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွက် အရေးကြီးသောစွမ်းအင် လိုအပ်ချက်များနှင့် ပတ်သက်၍ စွမ်းအင် အရင်းအမြစ် များ၏ သဘောသဘာဝနှင့် အားသာချက်၊ အားနည်းချက်များ၊ ကမ္ဘာ့နိုင်ငံများ၏ စွမ်းအင်အရင်းအမြစ် ပိုင်ဆိုင်မှု၊ ထုတ်လုပ်မှု၊ သုံးစွဲမှု၊ ပြည်ပတင်ပို့မှုများအပေါ် မြန်မာနိုင်ငံ၏ အခြေအနေနှင့် နှိုင်းယှဉ်မှုများ၊ လက်ရှိစီမံခန့်ခွဲလျက် ရှိသည့် နည်းစနစ်များကို ပြုပြင်ရန်ကိစ္စရပ်များ၊ ပြည်သူလူထုက တတ်နိုင်သည့် ဓာတ်အားခဈေးနှုန်း (Affordable Price) ဖြစ်လာစေရေး ဆောင်ရွက်ရန် နည်းလမ်းများစသည့် အချက်အလက်များကို သမိုင်းကြောင်း အထောက် အထားများနှင့်တကွ ပြည့်စုံစွာ လေ့လာဆန်းစစ် ဖော်ထုတ်ထားကာ နိုင်ငံတော်မှ ဆောင်ရွက်သင့် သည်များကို သုံးသပ်ရေးသားဖော်ပြထားပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်တပ်တစ်အား အထောက်အကူပြု စာကောင်း ပေမွန်အဖြစ် ရေးသားထုတ်ဝေနိုင်သည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ယခုကဲ့သို့ ဂုဏ်ပြု စာလွှာနှင့်ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။