တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့ တပ်မတော်တည်ထောင်မှု နှစ်(၇ဝ)ပြည့် စစ်ရေးပြအခမ်းအနားသို့တက်ရောက်

ေနျပည္ေတာ္၊ ဇန္နဝါရီ ၂ဝ

လာအုိအမ်ိဳးသား ကာကြယ္ေရးဝန္ႀကီး General Chansamone CHANYALATH ၏ဖိတ္ၾကားခ်က္အရ လာအုိျပည္သူ႕တပ္မေတာ္ တည္ေထာင္မႈ ႏွစ္(၇ဝ)ျပည့္ စစ္ေရးျပ အခမ္းအနားသုိ႔ တက္ေရာက္ရန္အတြက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔နံနက္ပုိင္းတြင္ ဗီယင္က်န္းျပည္နယ္ရွိ ကုိမာဒမ္စစ္တကၠသုိလ္၌ က်င္းပျပဳလုပ္သည့္ လာအုိျပည္သူ႕တပ္မေတာ္ တည္ေထာင္မႈ ႏွစ္(၇ဝ)ျပည့္ စစ္ေရးျပ အခမ္းအနားသုိ႔ တက္ေရာက္သည္။

အဆုိပါအခမ္းအနားသုိ႔ လာအုိျပည္သူ႕ ဒီမုိကရက္တစ္ သမၼတႏုိင္ငံ၊ သမၼတ Mr. Bounnhang Vorachith ႏွင့္ အစုိးရအဖြဲ႕ဝင္မ်ား၊ ကာကြယ္ေရးဝန္ႀကီး General Chansamone CHANYALATH၊ လာအုိအမ်ိဳးသား တပ္မေတာ္ အရာရွိႀကီးမ်ား၊ ဖိတ္ၾကားထားသည့္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ ဗဟုိစစ္ေကာ္မရွင္ အဖြဲ႕ဝင္၊ ႏုိင္ငံေရး လုပ္ငန္းဌာန ၫႊန္ၾကားေရးမွဴး၊ ဗီယက္နမ္ႏုိင္ငံ ေပါလစ္ဗ်ဴ႐ုိအဖြဲ႕ဝင္၊ ဗဟုိစစ္ေကာ္မရွင္ ဒုတိယဥကၠ႒ႏွင့္ ကာကြယ္ေရးဝန္ႀကီး၊ ႐ုရွားကာကြယ္ေရး ဝန္ႀကီးဌာန၊ ႏုိင္ငံတကာ စစ္ဘက္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ၫႊန္ၾကားေရးမွဴး႐ုံး အႀကီးအကဲ၊ ကေမၻာဒီးယား ႏုိင္ငံကာကြယ္ေရးဝန္ႀကီး၊ ထုိင္းႏုိင္ငံ ဒုတိယ ကာကြယ္ေရးဝန္ႀကီး၊ လာအုိႏုိင္ငံဆုိင္ရာ ႏုိင္ငံျခားသံ႐ုံးမ်ားမွ သံအမတ္ႀကီးမ်ား၊ စစ္သံမွဴးမ်ား၊ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။


အခမ္းအနားကုိ လာအုိျပည္သူ႕ တပ္မေတာ္ယဥ္ေက်းမႈ အဖြဲ႕မွ လာအုိ႐ုိးရာ သ႐ုပ္ေဖာ္အကမ်ားျဖင့္ စတင္ၿပီး ဂုဏ္ျပဳတပ္ဖြဲ႕က လာအုိႏုိင္ငံအလံအား လႊင့္ထူ၍ လာအုိ ႏုိင္ငံေတာ္သီခ်င္းအား သံၿပိဳင္သီဆုိၾကသည္။ ယင္းေနာက္ လာအုိျပည္သူ႕ တပ္မေတာ္မွ Major General Sonthong Phommalavongက လာအုိျပည္သူ႕တပ္မေတာ္ သမုိင္းေၾကာင္း အား အက်ဥ္းခ်ဳပ္ ရွင္းလင္း ေျပာၾကားသည္။

ထုိ႔ေနာက္ လာအုိျပည္သူ႕သမၼတႏုိင္ငံသမၼတ Mr. Bounnhang Vorachith က မိန္႔ခြန္းေျပာၾကားၿပီး ကာကြယ္ေရးဝန္ႀကီးက စစ္ေရးျပတပ္ဖြဲ႕မ်ားအား ေမာ္ေတာ္ယာဥ္ျဖင့္ စစ္ေဆးသည္။ ယင္းေနာက္ အလံကုိင္တပ္ဖြဲ႕၊ စစ္မႈထမ္းေဟာင္းအဖြဲ႕၊ လာအုိတပ္မေတာ္ လြတ္ေျမာက္ေရးတပ္ဖြဲ႕၊ လာအုိျပည္သူ႕တပ္မေတာ္ လြတ္ေျမာက္ေရးတပ္ဖြဲ႕၊ လာအုိ ျပည္သူ႕တပ္မေတာ္ အမ်ိဳးသမီးတပ္ဖြဲ႕၊ ေလတပ္ဖြဲ႕၊ နယ္စပ္ေရးရာတပ္ဖြဲ႕၊ ေျခလ်င္တပ္ဖြဲ႕၊ ဆက္သြယ္ေရးတပ္ဖြဲ႕၊ ေဆးပညာတပ္ဖြဲ႕၊ နယ္ျခားေစာင့္တပ္ဖြဲ႕၊ ျပည္သူ႕စစ္တပ္ဖြဲ႕၊ ကုိယ္ခံပညာတပ္ဖြဲ႕၊ သံခ်ပ္ကာတပ္ဖြဲ႕မွ သံခ်ပ္ကာယာဥ္မ်ား၊ အေျမာက္တပ္ဖြဲ႕မွ အေျမာက္ဆြဲယာဥ္မ်ား၊ ေလေၾကာင္းရန္ ကာကြယ္ေရးတပ္ဖြဲ႕မွ ေလေၾကာင္းရန္ ကာကြယ္ေရးယာဥ္မ်ား၊ ေဆာက္လုပ္ေရး အင္ဂ်င္နီယာတပ္ဖြဲ႕မွ ေဆာက္လုပ္ေရးယာဥ္ မ်ားႏွင့္ စစ္တီးဝုိင္းတပ္ဖြဲ႕တုိ႔က စစ္ေရးျပ အစီအစဥ္အတုိင္း ခ်ီတက္အေလးျပဳၾကသည္။

ထုိသုိ႔ခ်ီတက္အေလးျပဳေနစဥ္ အခ်ိန္အတြင္ ရဟတ္ယာဥ္မ်ားက လာအုိႏုိင္ငံအလံ၊ ပါတီအလံႏွင့္ လာအုိျပည္သူ႕တပ္မေတာ္အလံမ်ားအား ခ်ိတ္ဆြဲပ်ံသန္းၿပီး ဂ်က္တုိက္ ေလယာဥ္မ်ားက စြမ္းရည္သ႐ုပ္ျပ အလွျပေမာင္းႏွင္ၾကသည္။ ထုိ႔အတူ ေလထီးတပ္ဖြဲ႕မွ ေလထီးခုန္စစ္သည္၊ စစ္သမီးမ်ားက လာအုိႏုိင္ငံအလံ၊ ပါတီအလံ၊ လာအုိျပည္သူ႕ တပ္မေတာ္အလံႏွင့္ ေရာင္စုံအလံမ်ားအား ခ်ိတ္ဆြဲ၍ စစ္ေရးျပကြင္း အတြင္းသုိ႔ ဂုဏ္ျပဳ ဆင္းသက္ၾကၿပီး လာအုိျပည္သူ႕တပ္မေတာ္မွ Major General Sonthong Phommalavong က စစ္ေရးျပ အခမ္းအနားမ်ား ၿပီးဆုံးေၾကာင္းေၾကညာ၍ ေက်းဇူးတင္ စကားေျပာၾကားသည္။

လာအုိျပည္သူ႕တပ္မေတာ္သည္ ျပင္သစ္နယ္ခ်ဲ႕မ်ားအား တြန္းလွန္တုိက္ခိုက္ခဲ့ ေသာ ပသက္လာအုိတပ္ဖြဲ႕မွ စတင္ေပါက္ဖြားခဲ့ျခင္းျဖစ္ၿပီး ၁၉၄၉ ခုႏွစ္ ဇန္နဝါရီ ၂ဝ ရက္ေန႔တြင္ စတင္ထူေထာင္ခဲ့ျခင္းျဖစ္သည္။ ပသက္လာအုိ တပ္ဖြဲ႕မ်ားျဖင့္ ဖြဲ႕စည္းခဲ့သည့္ လာအုိ(Issara)လြတ္ေျမာက္ေရး တပ္ဖြဲ႕အား ၁၉၆၅ ခုႏွစ္၊ ေအာက္တုိဘာလတြင္ လာအုိျပည္သူ႕လြတ္ေျမာက္ေရး တပ္မေတာ္အျဖစ္သုိ႔ လည္းေကာင္း၊ ၁၉၇၆ ခုႏွစ္တြင္ လာအုိျပည္သူ႕တပ္မေတာ္ဟူ၍ လည္းေကာင္း ေျပာင္းလဲေခၚေဝၚခဲ့ျခင္းျဖစ္သည္။ လာအုိျပည္သူ႕တပ္မေတာ္၏ အဓိကတာဝန္ ၂ ရပ္မွာ ႏုိင္ငံေတာ္ ကာကြယ္ေရးႏွင့္ ႏုိင္ငံေတာ္လုံၿခဳံေရးတုိ႔ ျဖစ္ေၾကာင္း သိရွိရသည္။

ဆက္လက္ၿပီး ညပုိင္းတြင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕သည္ လာအုိအမ်ိဳးသား ကာကြယ္ေရးဝန္ႀကီးဌာန၌ က်င္းပျပဳလုပ္သည့္ လာအုိျပည္သူ႕တပ္မေတာ္ တည္ေထာင္မႈ ႏွစ္(၇ဝ)ျပည့္အထိမ္းအမွတ္ ဂုဏ္ျပဳညစာစားပြဲ အခမ္းအနားသုိ႔ တက္ေရာက္ခဲ့သည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာအိုပြည်သူ့ တပ်မတော်တည်ထောင်မှု နှစ်(၇ဝ)ပြည့် စစ်ရေးပြအခမ်းအနားသို့တက်ရောက်

နေပြည်တော်၊ ဇန်နဝါရီ ၂ဝ

လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီး General Chansamone CHANYALATH ၏ဖိတ်ကြားချက်အရ လာအိုပြည်သူ့တပ်မတော် တည်ထောင်မှု နှစ်(၇ဝ)ပြည့် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဗီယင်ကျန်းပြည်နယ်ရှိ ကိုမာဒမ်စစ်တက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် လာအိုပြည်သူ့တပ်မတော် တည်ထောင်မှု နှစ်(၇ဝ)ပြည့် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါအခမ်းအနားသို့ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ သမ္မတ Mr. Bounnhang Vorachith နှင့် အစိုးရအဖွဲ့ဝင်များ၊ ကာကွယ်ရေးဝန်ကြီး General Chansamone CHANYALATH၊ လာအိုအမျိုးသား တပ်မတော် အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်၊ နိုင်ငံရေး လုပ်ငန်းဌာန ညွှန်ကြားရေးမှူး၊ ဗီယက်နမ်နိုင်ငံ ပေါလစ်ဗျူရိုအဖွဲ့ဝင်၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ကာကွယ်ရေးဝန်ကြီး၊ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြားရေးမှူးရုံး အကြီးအကဲ၊ ကမ္ဘောဒီးယား နိုင်ငံကာကွယ်ရေးဝန်ကြီး၊ ထိုင်းနိုင်ငံ ဒုတိယ ကာကွယ်ရေးဝန်ကြီး၊ လာအိုနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ စစ်သံမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားကို လာအိုပြည်သူ့ တပ်မတော်ယဉ်ကျေးမှု အဖွဲ့မှ လာအိုရိုးရာ သရုပ်ဖော်အကများဖြင့် စတင်ပြီး ဂုဏ်ပြုတပ်ဖွဲ့က လာအိုနိုင်ငံအလံအား လွှင့်ထူ၍ လာအို နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုကြသည်။ ယင်းနောက် လာအိုပြည်သူ့ တပ်မတော်မှ Major General Sonthong Phommalavongက လာအိုပြည်သူ့တပ်မတော် သမိုင်းကြောင်း အား အကျဉ်းချုပ် ရှင်းလင်း ပြောကြားသည်။

ထို့နောက် လာအိုပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Bounnhang Vorachith က မိန့်ခွန်းပြောကြားပြီး ကာကွယ်ရေးဝန်ကြီးက စစ်ရေးပြတပ်ဖွဲ့များအား မော်တော်ယာဉ်ဖြင့် စစ်ဆေးသည်။ ယင်းနောက် အလံကိုင်တပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ လာအိုတပ်မတော် လွတ်မြောက်ရေးတပ်ဖွဲ့၊ လာအိုပြည်သူ့တပ်မတော် လွတ်မြောက်ရေးတပ်ဖွဲ့၊ လာအို ပြည်သူ့တပ်မတော် အမျိုးသမီးတပ်ဖွဲ့၊ လေတပ်ဖွဲ့၊ နယ်စပ်ရေးရာတပ်ဖွဲ့၊ ခြေလျင်တပ်ဖွဲ့၊ ဆက်သွယ်ရေးတပ်ဖွဲ့၊ ဆေးပညာတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့၊ ကိုယ်ခံပညာတပ်ဖွဲ့၊ သံချပ်ကာတပ်ဖွဲ့မှ သံချပ်ကာယာဉ်များ၊ အမြောက်တပ်ဖွဲ့မှ အမြောက်ဆွဲယာဉ်များ၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့မှ လေကြောင်းရန် ကာကွယ်ရေးယာဉ်များ၊ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ဖွဲ့မှ ဆောက်လုပ်ရေးယာဉ် များနှင့် စစ်တီးဝိုင်းတပ်ဖွဲ့တို့က စစ်ရေးပြ အစီအစဉ်အတိုင်း ချီတက်အလေးပြုကြသည်။

ထိုသို့ချီတက်အလေးပြုနေစဉ် အချိန်အတွင် ရဟတ်ယာဉ်များက လာအိုနိုင်ငံအလံ၊ ပါတီအလံနှင့် လာအိုပြည်သူ့တပ်မတော်အလံများအား ချိတ်ဆွဲပျံသန်းပြီး ဂျက်တိုက် လေယာဉ်များက စွမ်းရည်သရုပ်ပြ အလှပြမောင်းနှင်ကြသည်။ ထို့အတူ လေထီးတပ်ဖွဲ့မှ လေထီးခုန်စစ်သည်၊ စစ်သမီးများက လာအိုနိုင်ငံအလံ၊ ပါတီအလံ၊ လာအိုပြည်သူ့ တပ်မတော်အလံနှင့် ရောင်စုံအလံများအား ချိတ်ဆွဲ၍ စစ်ရေးပြကွင်း အတွင်းသို့ ဂုဏ်ပြု ဆင်းသက်ကြပြီး လာအိုပြည်သူ့တပ်မတော်မှ Major General Sonthong Phommalavong က စစ်ရေးပြ အခမ်းအနားများ ပြီးဆုံးကြောင်းကြေညာ၍ ကျေးဇူးတင် စကားပြောကြားသည်။

လာအိုပြည်သူ့တပ်မတော်သည် ပြင်သစ်နယ်ချဲ့များအား တွန်းလှန်တိုက်ခိုက်ခဲ့ သော ပသက်လာအိုတပ်ဖွဲ့မှ စတင်ပေါက်ဖွားခဲ့ခြင်းဖြစ်ပြီး ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၂ဝ ရက်နေ့တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။ ပသက်လာအို တပ်ဖွဲ့များဖြင့် ဖွဲ့စည်းခဲ့သည့် လာအို(Issara)လွတ်မြောက်ရေး တပ်ဖွဲ့အား ၁၉၆၅ ခုနှစ်၊ အောက်တိုဘာလတွင် လာအိုပြည်သူ့လွတ်မြောက်ရေး တပ်မတော်အဖြစ်သို့ လည်းကောင်း၊ ၁၉၇၆ ခုနှစ်တွင် လာအိုပြည်သူ့တပ်မတော်ဟူ၍ လည်းကောင်း ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ လာအိုပြည်သူ့တပ်မတော်၏ အဓိကတာဝန် ၂ ရပ်မှာ နိုင်ငံတော် ကာကွယ်ရေးနှင့် နိုင်ငံတော်လုံခြုံရေးတို့ ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ပြီး ညပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သည့် လာအိုပြည်သူ့တပ်မတော် တည်ထောင်မှု နှစ်(၇ဝ)ပြည့်အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။