တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗန်းမော်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် စစ်သည် မိသားစုများအားသွားရောက်တွေ့ဆုံအားပေး

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ  ၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ယေန႔ နံနက္ပုိင္းတြင္ ေျမာက္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္၊ ဗန္းေမာ္တပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲမ်ားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ေတဇေက်ာ္ ႏွင့္ တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ ေတြ႕ဆုံအမွာစကားေျပာၾကားရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုေဒသသည္ လုံၿခဳံေရး အရ အေရးပါသည့္နယ္ေျမတစ္ခုျဖစ္ေၾကာင္း၊ တပ္မေတာ္၏ တာ၀န္မွာ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္ျဖစ္၍ ကာကြယ္ေရးစြမ္းရည္ရွိရန္ အၿမဲေလ့က်င့္ေနရမည္၊ အၿမဲတမ္းစစ္ေရးသတိရွိရမည္၊ အၿမဲတမ္းတုိက္ပြဲ၀င္ အသင့္ရွိရမည္ျဖစ္ေၾကာင္း၊ တစ္ဦးခ်င္း၏ကြၽမ္းက်င္မႈအတြက္ ေလ့က်င့္မႈမ်ားမွန္မွန္ကန္ကန္ေဆာင္ရြက္ၾကရန္ လုိသကဲ့သုိ႔ က်န္းမာႀကံ့ခုိင္ေရးအတြက္လည္း က်န္းမာေရးႏွင့္ေလ်ာ္ညီေသာေနထိုင္၊ စားေသာက္မႈ၊ ေန႔စဥ္ ႀကံ့ခုိင္ေရးေလ့က်င့္ခန္းမ်ားကုိ မွန္မွန္ကန္ကန္ေဆာင္ရြက္ေနၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သည္ ႏုိင္ငံေတာ္အတြက္ အေရးႀကီးသည့္အစိတ္အပုိင္း တစ္ရပ္ျဖစ္၍ စုစည္းညီၫြတ္သည့္အင္အားရွိရန္၊ စိတ္ဓာတ္၊ စည္းကမ္းေကာင္းမြန္ရန္၊ ညီၫြတ္မွ်တသည့္ အုပ္ခ်ဳပ္မႈရွိရန္၊ ေသေဖာ္ေသဖက္၊ တုိက္ေဖာ္တုိက္ဖက္၊ လုပ္ေဖာ္ ကုိင္ဖက္မ်ားျဖစ္၍ သံေယာဇဥ္တရားႏွင့္ဆင့္ကဲအမိန္႔နာခံမႈရွိရန္ အေရးႀကီးေၾကာင္း၊ အရည္အခ်င္းရွိရန္ အတြက္ ပညာရည္ျမႇင့္တင္မႈမ်ား ေဆာင္ရြက္ၾကရန္ႏွင့္ စုိက္ပ်ိဳး ေမြးျမဴေရး၊ သက္သာေခ်ာင္ခ်ိေရးလုပ္ငန္းမ်ား အား မွန္မွန္ကန္ကန္ေဆာင္ရြက္ၾကရန္ လုိေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ေျပာၾကားရာတြင္ မိမိတုိ႔အေနျဖင့္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိ ေစရန္အတြက္ ေဆာင္ရြက္လ်က္ရွိရာ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၃၀ ရက္ေန႔အထိ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးမႈမ်ားျပဳလုပ္ႏုိင္ရန္ အပစ္အခတ္ရပ္စဲေပးထားေၾကာင္း၊ အျမန္ဆုံးေဆြးေႏြးမႈမ်ားျပဳလုပ္ၾကရန္လုိ ေၾကာင္း၊ ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္အား လက္မွတ္ေရးထုိးရန္လုိၿပီး ကတိက၀တ္မ်ား တည္ရန္လုိေၾကာင္း၊ မိမိတုိ႔ႏုိင္ငံအေနျဖင့္ ၿငိမ္းခ်မ္းေရးရရွိမွသာ ဖြံ႕ၿဖိဳးတိုးတက္ေရးကုိ ေဆာင္ရြက္ႏုိင္မည္ ျဖစ္ေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိေသာ္လည္း လက္နက္ကိုင္အဖြဲ႕အစည္း မ်ားမွအဖ်က္အေမွာက္လုပ္ငန္းမ်ားေဆာင္ရြက္လ်က္ရွိျခင္းေၾကာင့္ဖြံ႕ၿဖိဳးသင့္သေလာက္မဖြံ႕ၿဖိဳးပဲ ႏုိင္ငံေတာ္၏ ဘ႑ာေငြမ်ား မဆုံး႐ႈံးသင့္ဘဲဆုံး႐ႈံးရသည္ကုိေတြ႕ရွိရေၾကာင္း၊ လက္နက္ကုိင္ပဋိပကၡမ်ားမရွိမွသာ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရး ကုိထိေရာက္စြာေဆာင္ရြက္ႏုိင္မည္ျဖစ္ေၾကာင္း၊ မိမိတုိ႔ႏုိင္ငံတြင္တုိင္းရင္းသားလူမ်ိဳးေပါင္း ၁၃၅ မ်ိဳးခန္႔ေနထုိင္ၾကၿပီး ယခုအခါဒီမုိကေရစီႏွင့္ဖက္ဒရယ္စနစ္ကုိအေျခခံသည့္ ျပည္ေထာင္စုႏုိင္ငံအျဖစ္ ေလွ်ာက္လွမ္းလွ်က္ရွိေၾကာင္း၊ တုိင္းေဒသႀကီးႏွင့္ျပည္နယ္ေဒသ အသီးသီးတြင္တိုင္းရင္းသားလူမ်ိဳးစုတစ္ခု တည္းသာ ေနထုိင္ျခင္း မဟုတ္ဘဲ တုိင္းရင္းသားမ်ိဳးစုံစုေပါင္းေနထုိင္ၾကသည့္ႏုိင္ငံျဖစ္ေၾကာင္း၊ ကခ်င္ျပည္နယ္ အတြင္း မဗာႏွင့္ရွမ္းတုိင္းရင္းသားမ်ားသည္ ကခ်င္တုိင္းရင္းသားမ်ားထက္လူ ဦးေရပုိမ်ားေနေၾကာင္း၊ တစ္ဦးႏွင့္တစ္ဦး၊တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕ရန္လုိမႈမ်ားရွိလ်င္ ၿငိမ္းခ်မ္းေရး ကုိရရွိႏုိင္မည္မဟုတ္ေၾကာင္း၊ ႏုိင္ငံတုိင္းတြင္ တစ္ခုတည္းေသာတပ္မေတာ္သာရွိေၾကာင္း၊ မိမိတုိ႔တပ္မေတာ္တြင္တုိင္းရင္းသားေပါင္းစုံ တာ၀န္ထမ္းေဆာင္ ေနၾကေၾကာင္း၊ ၿငိမ္းခ်မ္းေရးအားမျဖစ္ႏုိင္ေသာတစ္ဖက္သတ္ေတာင္းဆုိမႈမ်ားျဖင့္မစဥ္းစားဘဲ ျပည္ေထာင္စု စိတ္ဓာတ္ျဖင့္ တစ္ႏုိင္ငံလုံးအတြက္ မွ်မွ်တတစဥ္းစားၿပီးစည္းလုံး ညီၫြတ္သည့္ျပည္ေထာင္စုႏုိင္ငံျဖစ္ရန္ အတြက္ ရည္မွန္းခ်က္ထားေဆာင္ရြက္သြားရမည္ျဖစ္ေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္လည္း ႏုိင္ငံသားတစ္ဦးခ်င္း၊ တုိင္းရင္းသားအားလုံးအတြက္တူညီသည့္အခြင့္အေရးမ်ားေပးထားၿပီးျဖစ္ေၾကာင္း၊ ႏုိင္ငံ့အေရးအတြက္ တပ္မေတာ္ကထိန္းသိမ္းေဆာင္ရြက္ေနျခင္းျဖစ္ၿပီး တစ္ႏုိင္ငံလုံးကုိလႊမ္းၿခဳံေသာအျမင္ျဖင့္ စည္းကမ္းဥပေဒမ်ားႏွင့္ အညီေဆာင္ရြက္ႏုိင္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ တုိင္းျပည္တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ထာ၀ရ ၿငိမ္းခ်မ္းေရးရရွိရန္အမွန္တကယ္လုိလားေၾကာင္း၊ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္မ်ား ထမ္းေဆာင္ ရာတြင္ စည္းမ်ဥ္းစည္းကမ္းမ်ားအတုိင္းဥပေဒႏွင့္အညီေဆာင္ရြက္ၿပီး ျပည္သူကအားကုိးရေသာ တုိင္းျပည္က အားထားရေသာ တပ္မေတာ္တစ္ရပ္ျဖစ္ေအာင္ အားလုံး၀ုိင္း၀န္းေဆာင္ရြက္ေနၾကရမည္ျဖစ္ေၾကာင္းမွာၾကား သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္နယ္မွအရာရွိ၊စစ္သည္ မိသားစုမ်ားအတြက္ စားေသာက္ ဖြယ္ရာမ်ားကုိလည္းေကာင္း၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီးက တပ္နယ္မိခင္ႏွင့္ကေလးအသင္း အတြက္ ခ်ီးျမႇင့္ေငြမ်ား ကုိလည္းေကာင္း အသီးသီးေပးအပ္ၾကရာ တာ၀န္ရွိသူမ်ားကလက္ခံရယူၾကသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွတပ္မေတာ္အရာရွိႀကီးမ်ားကသုတ၊ရသ၊စာအုပ္စာေစာင္မ်ား၊ အားကစားပစၥည္းမ်ားႏွင့္စားေသာက္ဖြယ္ရာမ်ား ေပးအပ္ရာ တာ၀န္ရွိသူမ်ားကလက္ခံရယူၾကသည္။ေတြ႕ဆုံပြဲ အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားသည္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္ၾကသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ျမစ္ႀကီးနားၿမိဳ႕ႏွင့္ ဗန္းေမာ္ၿမိဳ႕ရွိ နယ္ေျမခံ တပ္မေတာ္ေဆး႐ုံမ်ားတြင္ ေဆး႐ုံတက္ေရာက္ ကုသမႈခံယူလ်က္ရွိသည့္ စစ္သည္မ်ားအား တစ္ဦးခ်င္း ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ဆက္ အားေပးစကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ားေပးအပ္သည္။ ထုိ႔အတူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီးသည္လည္း အမ်ိဳးသမီးကုသေဆာင္တြင္တက္ေရာက္ကုသမႈခံယူ လ်က္ရွိသည့္ တပ္မေတာ္သားမိသားစု၀င္မ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္အားေပးစကားေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ားေပးအပ္ခဲ့သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဗန္းေမာ္ၿမိဳ႕ရွိ ဌာနဆုိင္ရာတာ၀န္ရွိသူမ်ားအားေတြ႕ဆုံၿပီး ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဆုိင္ရာကိစၥရပ္မ်ား၊ ေဒသခံျပည္သူမ်ားစုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားအား ယခုထက္ ပုိမုိတုိးတက္ေအာင္ေဆာင္ရြက္ႏုိင္ေစရန္ႏွင့္ ရရွိေနသည့္ လွ်ပ္စစ္ဓာတ္အားကုိအသုံးျပဳ၍ ကုန္ေခ်ာမ်ားထုတ္လုပ္ႏုိင္သည္ အထိေဆာင္ရြက္ႏုိင္ရန္အတြက္တာ၀န္ရွိသူမ်ားအေနျဖင့္ တုိက္တြန္းေဆာင္ရြက္ ေစလုိသည့္အေျခအေနမ်ား၊အရက္၊ ေဆးလိပ္၊ ကြမ္းစားသုံးမႈမ်ားအား ထိန္းသိမ္း ေဆာင္ရြက္ေစရန္ႏွင့္ မူးယစ္ေဆး၀ါးကင္းစင္ေရး ေဆာင္ရြက္ရန္လုိအပ္မႈမ်ား၊ ေဒသခံတုိင္းရင္းသားပညာတတ္မ်ား ေပါမ်ားေစေရး အတြက္ ေက်ာင္းသား၊ ဆရာ၊ မိဘႏွင့္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား ပူးေပါင္းေဆာင္ရြက္ရန္လုိအပ္မႈအေျခအေနမ်ားႏွင့္ နယ္ေျမေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ တပ္မေတာ္မွ ပါ၀င္ကူညီေဆာင္ရြက္ေနမႈ အေျခအေနမ်ားအား ရွင္းလင္းေဆြးေႏြးအႀကံျပဳေျပာၾကားခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗန်းမော်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် စစ်သည် မိသားစုများအားသွားရောက်တွေ့ဆုံအားပေး

နေပြည်တော်၊ ဖေဖော်ဝါရီ – ၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဗန်းမော်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော် နှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုဒေသသည် လုံခြုံရေး အရ အရေးပါသည့်နယ်မြေတစ်ခုဖြစ်ကြောင်း၊ တပ်မတော်၏ တာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်၍ ကာကွယ်ရေးစွမ်းရည်ရှိရန် အမြဲလေ့ကျင့်နေရမည်၊ အမြဲတမ်းစစ်ရေးသတိရှိရမည်၊ အမြဲတမ်းတိုက်ပွဲဝင် အသင့်ရှိရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း၏ကျွမ်းကျင်မှုအတွက် လေ့ကျင့်မှုများမှန်မှန်ကန်ကန်ဆောင်ရွက်ကြရန် လိုသကဲ့သို့ ကျန်းမာကြံ့ခိုင်ရေးအတွက်လည်း ကျန်းမာရေးနှင့်လျော်ညီသောနေထိုင်၊ စားသောက်မှု၊ နေ့စဉ် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို မှန်မှန်ကန်ကန်ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်အတွက် အရေးကြီးသည့်အစိတ်အပိုင်း တစ်ရပ်ဖြစ်၍ စုစည်းညီညွတ်သည့်အင်အားရှိရန်၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရန်၊ ညီညွတ်မျှတသည့် အုပ်ချုပ်မှုရှိရန်၊ သေဖော်သေဖက်၊ တိုက်ဖော်တိုက်ဖက်၊ လုပ်ဖော် ကိုင်ဖက်များဖြစ်၍ သံယောဇဉ်တရားနှင့်ဆင့်ကဲအမိန့်နာခံမှုရှိရန် အရေးကြီးကြောင်း၊ အရည်အချင်းရှိရန် အတွက် ပညာရည်မြှင့်တင်မှုများ ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုး မွေးမြူရေး၊ သက်သာချောင်ချိရေးလုပ်ငန်းများ အား မှန်မှန်ကန်ကန်ဆောင်ရွက်ကြရန် လိုကြောင်းမှာကြားသည်။

ထို့နောက် ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ပြောကြားရာတွင် မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိ စေရန်အတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများပြုလုပ်နိုင်ရန် အပစ်အခတ်ရပ်စဲပေးထားကြောင်း၊ အမြန်ဆုံးဆွေးနွေးမှုများပြုလုပ်ကြရန်လို ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်အား လက်မှတ်ရေးထိုးရန်လိုပြီး ကတိကဝတ်များ တည်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးရရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော်လည်း လက်နက်ကိုင်အဖွဲ့အစည်း များမှအဖျက်အမှောက်လုပ်ငန်းများဆောင်ရွက်လျက်ရှိခြင်းကြောင့်ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုးပဲ နိုင်ငံတော်၏ ဘဏ္ဍာငွေများ မဆုံးရှုံးသင့်ဘဲဆုံးရှုံးရသည်ကိုတွေ့ရှိရကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများမရှိမှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိုထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးခန့်နေထိုင်ကြပြီး ယခုအခါဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုနိုင်ငံအဖြစ် လျှောက်လှမ်းလျှက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဒေသ အသီးသီးတွင်တိုင်းရင်းသားလူမျိုးစုတစ်ခု တည်းသာ နေထိုင်ခြင်း မဟုတ်ဘဲ တိုင်းရင်းသားမျိုးစုံစုပေါင်းနေထိုင်ကြသည့်နိုင်ငံဖြစ်ကြောင်း၊ ကချင်ပြည်နယ် အတွင်း မဗာနှင့်ရှမ်းတိုင်းရင်းသားများသည် ကချင်တိုင်းရင်းသားများထက်လူ ဦးရေပိုများနေကြောင်း၊ တစ်ဦးနှင့်တစ်ဦး၊တစ်ဖွဲ့နှင့်တစ်ဖွဲ့ရန်လိုမှုများရှိလျင် ငြိမ်းချမ်းရေး ကိုရရှိနိုင်မည်မဟုတ်ကြောင်း၊ နိုင်ငံတိုင်းတွင် တစ်ခုတည်းသောတပ်မတော်သာရှိကြောင်း၊ မိမိတို့တပ်မတော်တွင်တိုင်းရင်းသားပေါင်းစုံ တာဝန်ထမ်းဆောင် နေကြကြောင်း၊ ငြိမ်းချမ်းရေးအားမဖြစ်နိုင်သောတစ်ဖက်သတ်တောင်းဆိုမှုများဖြင့်မစဉ်းစားဘဲ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တစ်နိုင်ငံလုံးအတွက် မျှမျှတတစဉ်းစားပြီးစည်းလုံး ညီညွတ်သည့်ပြည်ထောင်စုနိုင်ငံဖြစ်ရန် အတွက် ရည်မှန်းချက်ထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း နိုင်ငံသားတစ်ဦးချင်း၊ တိုင်းရင်းသားအားလုံးအတွက်တူညီသည့်အခွင့်အရေးများပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံ့အရေးအတွက် တပ်မတော်ကထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးကိုလွှမ်းခြုံသောအမြင်ဖြင့် စည်းကမ်းဥပဒေများနှင့် အညီဆောင်ရွက်နိုင်ကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ထာဝရ ငြိမ်းချမ်းရေးရရှိရန်အမှန်တကယ်လိုလားကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင် ရာတွင် စည်းမျဉ်းစည်းကမ်းများအတိုင်းဥပဒေနှင့်အညီဆောင်ရွက်ပြီး ပြည်သူကအားကိုးရသော တိုင်းပြည်က အားထားရသော တပ်မတော်တစ်ရပ်ဖြစ်အောင် အားလုံးဝိုင်းဝန်းဆောင်ရွက်နေကြရမည်ဖြစ်ကြောင်းမှာကြား သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှအရာရှိ၊စစ်သည် မိသားစုများအတွက် စားသောက် ဖွယ်ရာများကိုလည်းကောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့်ကလေးအသင်း အတွက် ချီးမြှင့်ငွေများ ကိုလည်းကောင်း အသီးသီးပေးအပ်ကြရာ တာဝန်ရှိသူများကလက်ခံရယူကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီးများကသုတ၊ရသ၊စာအုပ်စာစောင်များ၊ အားကစားပစ္စည်းများနှင့်စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြသည်။တွေ့ဆုံပွဲ အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံများတွင် ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် စစ်သည်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။ ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးသည်လည်း အမျိုးသမီးကုသဆောင်တွင်တက်ရောက်ကုသမှုခံယူ လျက်ရှိသည့် တပ်မတော်သားမိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗန်းမော်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသခံပြည်သူများစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ယခုထက် ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်စေရန်နှင့် ရရှိနေသည့် လျှပ်စစ်ဓာတ်အားကိုအသုံးပြု၍ ကုန်ချောများထုတ်လုပ်နိုင်သည် အထိဆောင်ရွက်နိုင်ရန်အတွက်တာဝန်ရှိသူများအနေဖြင့် တိုက်တွန်းဆောင်ရွက် စေလိုသည့်အခြေအနေများ၊အရက်၊ ဆေးလိပ်၊ ကွမ်းစားသုံးမှုများအား ထိန်းသိမ်း ဆောင်ရွက်စေရန်နှင့် မူးယစ်ဆေးဝါးကင်းစင်ရေး ဆောင်ရွက်ရန်လိုအပ်မှုများ၊ ဒေသခံတိုင်းရင်းသားပညာတတ်များ ပေါများစေရေး အတွက် ကျောင်းသား၊ ဆရာ၊ မိဘနှင့်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှုအခြေအနေများနှင့် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်မှ ပါဝင်ကူညီဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးအကြံပြုပြောကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။