မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော်အကြား ဒုတိယအကြိမ်မြောက် ယဉ်ကျေးမှုဖလှယ်ခြင်း အစီအစဉ်အဖြစ် ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့ ဖျော်ဖြေပွဲကျင်းပ

ေနျပည္ေတာ္၊ ေဖေဖၚ၀ါရီ – ၁၄

ျမန္မာ-ထုိင္း ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈ ပုိမုိတုိးတက္ခုိင္ၿမဲေစရန္ႏွင့္ ႏွစ္ႏုိင္ငံ ယဥ္ေက်းမႈမ်ားအျပန္အလွန္ဖလွယ္ႏုိင္ရန္အတြက္ ရည္ရြယ္က်င္းပျပဳလုပ္သည့္ ဒုတိယအႀကိမ္ ေျမာက္ ယဥ္ေက်းမႈဖလွယ္ျခင္းအစီအစဥ္အျဖစ္ ထုိင္းဘုရင့္တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕ ေဖ်ာ္ေျဖပြဲ အခမ္းအနားအား ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ၊ ေဇယ်ာသီရိဗိမာန္၊ သဘင္ေဆာင္၌ က်င္းပ ျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ တက္ေရာက္ၾကည့္႐ႈ အားေပးသည္။

အဆုိပါေဖ်ာ္ေျဖပြဲအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီး၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ထုိင္းဘုရင့္တပ္မေတာ္ ယဥ္ေက်းမႈကုိယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္ ထုိင္းဘုရင့္တပ္မေတာ္ Department of Boder Affairs ၏ ဒုတိယၫႊန္ၾကားေရးမွဴး Major General Pairoj Wilailuk ႏွင့္ ထုိင္းဘုရင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ ထုိင္းဘုရင့္တပ္မေတာ္ၾကည္းတပ္စစ္သံမွဴး Senior Colonel Apichart Choopavang၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ေရ၊ေလ)႐ုံး/ဌာနအသီးသီးမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကည့္႐ႈအားေပးၾကသည္။

ေဖ်ာ္ေျဖပြဲအခမ္းအနားတြင္ ထုိင္းဘုရင့္တပ္မေတာ္ယဥ္ေက်းမႈကုိယ္စားလွယ္ အဖြဲ႕ေခါင္းေဆာင္ Major General Pairoj Wilailuk က ႏႈတ္ခြန္းဆက္စကားေျပာၾကား ၿပီးေနာက္ ေဖ်ာ္ေျဖပြဲ အခမ္းအနားအား စတင္က်င္းပျပဳလုပ္ရာ ျမန္မာ့တပ္မေတာ္စစ္ခ်ီေတးသီခ်င္းျဖစ္သည့္”ဒုိ႔တပ္မေတာ္” သီခ်င္းအား ထုိင္းဘုရင့္တပ္မေတာ္ေတးဂီတအဖြဲ႕က လည္းေကာင္း၊ ထုိင္းဘုရင့္တပ္မေတာ္ စစ္ခ်ီသီခ်င္းျဖစ္သည့္ “Royal Thai Army March” သီခ်င္းအား ျမန္မာ့တပ္မေတာ္ ႐ုိးရာဆုိင္း၀ုိင္းျဖင့္ လည္းေကာင္း တီးမႈတ္ ေဖ်ာ္ေျဖၾကသည္။

ဆက္လက္ၿပီး ထုိင္းဘုရင့္တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕က “Light Cavalry”ဆုိသည့္ ျမင္းတပ္ဖြဲ႕ ေတးသီခ်င္း၊ ျမန္မာ့တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕မ်ားက “Royal Thai March”ေတးသီခ်င္း၊ ထုိင္းဘုရင့္တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕က Titanic ႐ုပ္ရွင္ဇာတ္ကား၏ အဓိကဇာတ္၀င္ေတး သီခ်င္းျဖစ္သည့္”My Heart Will Go On” ေတးသီခ်င္းတုိ႔အားလည္းေကာင္း သီဆုိတီးမႈတ္ ေဖ်ာ္ေျဖၾကသည္။ ယင္းေနာက္ ထုိင္းဘုရင့္တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕က နာမည္ေက်ာ္ ရာမယန ဇာတ္ေတာ္ႀကီးတြင္ ပါ၀င္သည့္ “ဟာႏုမာန္”က “Banyetkai”ကုိ လုိက္လံဖမ္းဆီးသည့္အခန္းအား သံစဥ္စည္း၀ါးတုိ႔ျဖင့္ ဟာသရသေျမာက္စြာကျပေဖ်ာ္ေျဖၾကၿပီး ထုိင္းႏုိင္ငံအလယ္ပုိင္းမွ ဂႏၴ၀င္အက ျဖစ္သည့္ “Lan Wai Fon”အကႏွင့္ ထုိင္းႏုိင္ငံ၏နာမည္ေက်ာ္႐ုိးရာ ေတးဂီတျဖစ္သည့္ “Kangkaw Kin Kluay” ေတးသီခ်င္းအား ေခတ္ေပၚႏွင့္ ႐ုိးရာတူရိယာမ်ားတြဲဖက္ၿပီးတီးခတ္ေဖ်ာ္ေျဖၾကသည္။

ထုိ႔ေနာက္ ျမန္မာ့တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕က ထုိင္းေရွးေဟာင္းေတးသီခ်င္း တစ္ပုဒ္ျဖစ္သည့္ “A Song Kai ” ေတးသီခ်င္းျဖင့္လည္းေကာင္း၊ ထုိင္းဘုရင့္တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕က “Oor Jao” ေတးသီခ်င္းျဖင့္လည္းေကာင္း ေဖ်ာ္ေျဖတင္ဆက္ၾကၿပီး ထုိင္းဘုရင့္တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕က ထုိင္းႏုိင္ငံေဒသ ၄ ခု၏ ေျမမ်က္ႏွာသြင္ျပင္ အေနအထားအသီးသီးကုိ ကုိယ္စားျပဳထားသည့္ အကမ်ားျဖင့္ ေပါင္းစပ္ထားသည့္ “Ram Si Phak” အကျဖင့္လည္းေကာင္း၊ ျမန္မာ့တပ္မေတာ္ ယဥ္ေက်းမႈအဖြဲ႕က ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံအတြင္းေနထုိင္ၾကသည့္ တုိင္းရင္းသားလူမ်ိဳးမ်ား စုေပါင္းေနထုိင္လ်က္ ရွိသည္ကုိေဖာ္ၫႊြန္းသည့္ “တုိင္းရင္းသားယိမ္း” အကျဖင့္လည္းေကာင္း အသီးသီး ကျပ ေဖ်ာ္ေျဖၾကသည္။

ယင္းေနာက္ ႏွစ္ႏုိင္ငံတပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕ႏွစ္ဖြဲ႕ပူးေပါင္း၍ “ဂုဏ္ယူအလြမ္း” ေတးသီခ်င္း၊ “ေကာင္မေလး” ေတးသီခ်င္း၊ “လြဳိင္ကထုံ” ေတးသီခ်င္း၊ “ႏုိင္ငံေတာ္၏ ပါရမီျဖည့္ဖက္မ်ား” ေတးသီခ်င္း၊ “Sabai Sabai” ေတးသီခ်င္း၊ “လတ္တီး” ေတးသီခ်င္း ႏွင့္ “ဒုိ႔တပ္မေတာ္” ေတးသီခ်င္းတုိ႔အား သီဆုိ္ေဖ်ာ္ေျဖၾကသည္။

ေဖ်ာ္ေျဖပြဲအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔က သီဆုိကျပေဖ်ာ္ေျဖ ခဲ့ၾကသည့္ ထုိင္းဘုရင့္တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕အား ဂုဏ္ျပဳပန္းျခင္းႏွင့္ ဂုဏ္ျပဳဆုေငြေပးအပ္ၿပီး စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

ျမန္မာ-ထုိင္း တပ္မေတာ္ႏွစ္ရပ္အၾကား ပထမအႀကိမ္ယဥ္ေက်းမႈဖလွယ္ျခင္း အစီအစဥ္အျဖစ္ ျမန္မာ့ တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕သည္ ၂၀၁၈ ခုႏွစ္၊ ေမလအတြင္း ထုိင္းႏုိင္ငံသုိ႔သြားေရာက္ခဲ့ၿပီး ခရီးစဥ္ အတြင္း ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး၊ ဖစၥႏုေလာ့ခ႐ုိင္ႏွင့္ အမွတ္(၃)စစ္တုိင္း ဌာနခ်ဳပ္တုိ႔၌ ျမန္မာ့႐ုိးရာတူရိယာမ်ား လက္စြမ္းျပတီးခတ္ျခင္း၊ ျမန္မာ့႐ိုးရာေတးသီခ်င္းမ်ား၊ အကပေဒသာမ်ားႏွင့္ ထုိင္းႏုိင္ငံေတးသီခ်င္းမ်ား သီဆုိကျပေဖ်ာ္ေျဖျခင္းမ်ား ေဆာင္ရြက္ခဲ့ၾကသည္။

(Unicode Version)

မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော်အကြား ဒုတိယအကြိမ်မြောက် ယဉ်ကျေးမှုဖလှယ်ခြင်း အစီအစဉ်အဖြစ် ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့ ဖျော်ဖြေပွဲကျင်းပ

နေပြည်တော်၊ ဖေဖေါ်ဝါရီ – ၁၄

မြန်မာ-ထိုင်း နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မြဲစေရန်နှင့် နှစ်နိုင်ငံ ယဉ်ကျေးမှုများအပြန်အလှန်ဖလှယ်နိုင်ရန်အတွက် ရည်ရွယ်ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မြောက် ယဉ်ကျေးမှုဖလှယ်ခြင်းအစီအစဉ်အဖြစ် ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့ ဖျော်ဖြေပွဲ အခမ်းအနားအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ၊ ဇေယျာသီရိဗိမာန်၊ သဘင်ဆောင်၌ ကျင်းပ ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှု အားပေးသည်။

အဆိုပါဖျော်ဖြေပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ထိုင်းဘုရင့်တပ်မတော် ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ထိုင်းဘုရင့်တပ်မတော် Department of Boder Affairs ၏ ဒုတိယညွှန်ကြားရေးမှူး Major General Pairoj Wilailuk နှင့် ထိုင်းဘုရင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်တပ်မတော်ကြည်းတပ်စစ်သံမှူး Senior Colonel Apichart Choopavang၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)ရုံး/ဌာနအသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဖျော်ဖြေပွဲအခမ်းအနားတွင် ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Major General Pairoj Wilailuk က နှုတ်ခွန်းဆက်စကားပြောကြား ပြီးနောက် ဖျော်ဖြေပွဲ အခမ်းအနားအား စတင်ကျင်းပပြုလုပ်ရာ မြန်မာ့တပ်မတော်စစ်ချီတေးသီချင်းဖြစ်သည့်”ဒို့တပ်မတော်” သီချင်းအား ထိုင်းဘုရင့်တပ်မတော်တေးဂီတအဖွဲ့က လည်းကောင်း၊ ထိုင်းဘုရင့်တပ်မတော် စစ်ချီသီချင်းဖြစ်သည့် “Royal Thai Army March” သီချင်းအား မြန်မာ့တပ်မတော် ရိုးရာဆိုင်းဝိုင်းဖြင့် လည်းကောင်း တီးမှုတ် ဖျော်ဖြေကြသည်။

ဆက်လက်ပြီး ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့က “Light Cavalry”ဆိုသည့် မြင်းတပ်ဖွဲ့ တေးသီချင်း၊ မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့များက “Royal Thai March”တေးသီချင်း၊ ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့က Titanic ရုပ်ရှင်ဇာတ်ကား၏ အဓိကဇာတ်ဝင်တေး သီချင်းဖြစ်သည့်”My Heart Will Go On” တေးသီချင်းတို့အားလည်းကောင်း သီဆိုတီးမှုတ် ဖျော်ဖြေကြသည်။ ယင်းနောက် ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့က နာမည်ကျော် ရာမယန ဇာတ်တော်ကြီးတွင် ပါဝင်သည့် “ဟာနုမာန်”က “Banyetkai”ကို လိုက်လံဖမ်းဆီးသည့်အခန်းအား သံစဉ်စည်းဝါးတို့ဖြင့် ဟာသရသမြောက်စွာကပြဖျော်ဖြေကြပြီး ထိုင်းနိုင်ငံအလယ်ပိုင်းမှ ဂန္ထဝင်အက ဖြစ်သည့် “Lan Wai Fon”အကနှင့် ထိုင်းနိုင်ငံ၏နာမည်ကျော်ရိုးရာ တေးဂီတဖြစ်သည့် “Kangkaw Kin Kluay” တေးသီချင်းအား ခေတ်ပေါ်နှင့် ရိုးရာတူရိယာများတွဲဖက်ပြီးတီးခတ်ဖျော်ဖြေကြသည်။

ထို့နောက် မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့က ထိုင်းရှေးဟောင်းတေးသီချင်း တစ်ပုဒ်ဖြစ်သည့် “A Song Kai ” တေးသီချင်းဖြင့်လည်းကောင်း၊ ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့က “Oor Jao” တေးသီချင်းဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့က ထိုင်းနိုင်ငံဒေသ ၄ ခု၏ မြေမျက်နှာသွင်ပြင် အနေအထားအသီးသီးကို ကိုယ်စားပြုထားသည့် အကများဖြင့် ပေါင်းစပ်ထားသည့် “Ram Si Phak” အကဖြင့်လည်းကောင်း၊ မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်လျက် ရှိသည်ကိုဖော်ညွှွန်းသည့် “တိုင်းရင်းသားယိမ်း” အကဖြင့်လည်းကောင်း အသီးသီး ကပြ ဖျော်ဖြေကြသည်။

ယင်းနောက် နှစ်နိုင်ငံတပ်မတော်ယဉ်ကျေးမှုအဖွဲ့နှစ်ဖွဲ့ပူးပေါင်း၍ “ဂုဏ်ယူအလွမ်း” တေးသီချင်း၊ “ကောင်မလေး” တေးသီချင်း၊ “လွိုင်ကထုံ” တေးသီချင်း၊ “နိုင်ငံတော်၏ ပါရမီဖြည့်ဖက်များ” တေးသီချင်း၊ “Sabai Sabai” တေးသီချင်း၊ “လတ်တီး” တေးသီချင်း နှင့် “ဒို့တပ်မတော်” တေးသီချင်းတို့အား သီဆိုဖျော်ဖြေကြသည်။

ဖျော်ဖြေပွဲအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က သီဆိုကပြဖျော်ဖြေ ခဲ့ကြသည့် ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့အား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ပထမအကြိမ်ယဉ်ကျေးမှုဖလှယ်ခြင်း အစီအစဉ်အဖြစ် မြန်မာ့ တပ်မတော်ယဉ်ကျေးမှုအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ မေလအတွင်း ထိုင်းနိုင်ငံသို့သွားရောက်ခဲ့ပြီး ခရီးစဉ် အတွင်း ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဖစ္စနုလော့ခရိုင်နှင့် အမှတ်(၃)စစ်တိုင်း ဌာနချုပ်တို့၌ မြန်မာ့ရိုးရာတူရိယာများ လက်စွမ်းပြတီးခတ်ခြင်း၊ မြန်မာ့ရိုးရာတေးသီချင်းများ၊ အကပဒေသာများနှင့် ထိုင်းနိုင်ငံတေးသီချင်းများ သီဆိုကပြဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။