တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ H.E. Mr. Yohei SASAKAWA အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ ၁၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဂ်ပန္အစုိးရ၏ ျမန္မာႏုိင္ငံဆုိင္ရာ အထူးကုိယ္စားလွယ္ႏွင့္ နီပြန္ေဖာင္ေဒးရွင္းဥကၠ႒ H.E. Mr. Yohei SASAKAWA အား ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမ ေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး ဆန္းဦး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးတုိ႔ တက္ေရာက္ ၾကၿပီး ဂ်ပန္အစိုးရ၏ ျမန္မာႏုိင္ငံဆုိင္ရာ အထူးကုိယ္စားလွယ္ႏွင့္ နီပြန္ေဖာင္ေဒးရွင္းဥကၠ႒ျဖစ္သူႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ ဂ်ပန္ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Ichiro Maruyama ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ျမန္မာႏုိင္ငံ၏ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ဂ်ပန္ႏုိင္ငံ မွ ပါ၀င္ကူညီေဆာင္ရြက္ ေပးေနမႈအေျခအေနမ်ား၊ ကခ်င္ျပည္နယ္အတြင္း IDP Camp မ်ားရွိစစ္ေဘးေရွာင္ျပည္သူမ်ားေနရပ္သုိ႔ ျပန္ႏုိင္ေရးအတြက္ တပ္မေတာ္မွကခ်င္ျပည္နယ္အတြင္းရွိ ဘာသာေရးဆုိင္ရာအဖြဲ႕အစည္းမ်ား၊ သက္ဆုိင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ ၫႇိႏႈိင္း ေဆာင္ရြက္ေနမႈႏွင့္ဂ်ပန္ႏုိင္ငံမွ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ကူညီေဆာင္ရြက္ ေပးမည့္ကိစၥရပ္မ်ား၊ ရခုိင္ျပည္နယ္အတြင္းေဒသဖြံ႕ၿဖိဳးတုိးတက္ေရးႏွင့္ လူသားခ်င္း စာနာေထာက္ထားမႈ ဆုိင္ရာမ်ား အကူအညီေပးေရးအတြက္ ဂ်ပန္ႏုိင္ငံမွေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ ရခုိင္ျပည္နယ္ ေျမာက္ပုိင္း ဘူးသီးေတာင္၊ ေမာင္ေတာေဒသတြင္ ျဖစ္ပြားခဲ့သည့္ ဘဂၤါလီအေရးကိစၥမ်ားအား အစုိးရႏွင့္တပ္မေတာ္မွေျဖရွင္း ေဆာင္ရြက္ ေနမႈအေျခအေနမ်ားႏွင့္ ႏုိင္ငံတကာမွအမွန္အတုိင္းသိရွိႏုိင္ေရး ဂ်ပန္ႏုိင္ငံမွကူညီ ေဆာင္ရြက္ေပး ေနသည့္အေျခအေနမ်ား၊ ျမန္မာႏုိင္ငံတြင္ ႏုိင္ငံေရးအရတည္ၿငိမ္ ေအးခ်မ္းေရးႏွင့္ လုံၿခဳံေရးအရ တည္ၿငိမ္ ေအးခ်မ္းေရးတုိ႔အတြက္ တပ္မေတာ္မွေဆာင္ရြက္ ေနမႈအေျခအေနမ်ား၊ ျမန္မာႏုိင္ငံတြင္ အလုပ္အကိုင္ အခြင့္အလမ္းမ်ားရရွိေစရန္အတြက္ ဂ်ပန္ႏုိင္ငံမွစက္႐ုံ၊ အလုပ္႐ုံမ်ား လာေရာက္ရင္းႏွီးျမႇဳပ္ႏွံရန္ လုိအပ္မႈ အေျခအေနမ်ားအား ရင္းရင္းႏွီးႏွီး အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဂ်ပန္အစုိးရ၏ ျမန္မာႏုိင္ငံဆုိင္ရာ အထူးကုိယ္စား လွယ္ႏွင့္ နီပြန္ေဖာင္ေဒးရွင္းဥကၠ႒ျဖစ္သူတုိ႔သည္ တက္ေရာက္လာၾကသူမ်ားႏွင့္အတူ အမွတ္တရစုေပါင္း ဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ H.E. Mr. Yohei SASAKAWA အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ H.E. Mr. Yohei SASAKAWA အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိဘုရင့်နောင်ရိပ်သာဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့ တက်ရောက် ကြပြီး ဂျပန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်သူနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro Maruyama နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ဂျပန်နိုင်ငံ မှ ပါဝင်ကူညီဆောင်ရွက် ပေးနေမှုအခြေအနေများ၊ ကချင်ပြည်နယ်အတွင်း IDP Camp များရှိစစ်ဘေးရှောင်ပြည်သူများနေရပ်သို့ ပြန်နိုင်ရေးအတွက် တပ်မတော်မှကချင်ပြည်နယ်အတွင်းရှိ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်နေမှုနှင့်ဂျပန်နိုင်ငံမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက် ပေးမည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်းဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာများ အကူအညီပေးရေးအတွက် ဂျပန်နိုင်ငံမှဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီအရေးကိစ္စများအား အစိုးရနှင့်တပ်မတော်မှဖြေရှင်း ဆောင်ရွက် နေမှုအခြေအနေများနှင့် နိုင်ငံတကာမှအမှန်အတိုင်းသိရှိနိုင်ရေး ဂျပန်နိုင်ငံမှကူညီ ဆောင်ရွက်ပေး နေသည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရတည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးအရ တည်ငြိမ် အေးချမ်းရေးတို့အတွက် တပ်မတော်မှဆောင်ရွက် နေမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်အတွက် ဂျပန်နိုင်ငံမှစက်ရုံ၊ အလုပ်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံရန် လိုအပ်မှု အခြေအနေများအား ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်သူတို့သည် တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။