ဓမ္မဒူတဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ် အဓိပတိလမ်းမကြီးနှင့် တက္ကသိုလ်စာသင်တိုက် ပင်မကျောင်းဆောင်ကြီးဖွင့်ပွဲ အခမ်းအနား ကျင်းပ

ေနျပည္ေတာ္၊ ေဖေဖၚ၀ါရီ ၂၄
ရန္ကုန္တုိင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္ရွိ ဓမၼဒူတေဇတ၀န္ေတာရ ေဆကိႏၵရာမ ေက်ာင္းတုိက္ႀကီးရွိ ဓမၼဒူတ ေဆကိႏၵဗုဒၶတကၠသုိလ္ အဓိပတိလမ္းမႀကီးႏွင့္ တကၠသုိလ္စာသင္တုိက္ ပင္မေက်ာင္းေဆာင္ႀကီးဖြင့္ပြဲအခမ္းအနားအား ယေန႔နံနက္ပုိင္းတြင္ က်င္းပျပဳလုပ္ရာ ဓမၼဒူတ ေဒါက္တာ အရွင္ေဆကိႏၵ အမွဴးျပဳေသာသံဃာေတာ္ အရွင္သူျမတ္မ်ား ၾကြေရာက္ ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး၊ အလွဴရွင္မ်ား၊ ဖိတ္ၾကားထားသည့္ဧည့္သည္ေတာ္ မ်ားတက္ေရာက္ၾကသည္။
အခမ္းအနားအားက်င္းပျပဳလုပ္ရာ စစ္ေထာက္ခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီးညိဳေစာ၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ သက္ပုံႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)၊ စစ္အင္ဂ်င္နီယာၫႊန္ၾကားေရးမွဴး႐ုံး ၫႊန္ၾကားေရးမွဴး ဗုိလ္ခ်ဳပ္ ေမာင္ေမာင္ျမင့္တုိ႔က ဓမၼဒူတေဆကိႏၵ ဗုဒၶတကၠသုိလ္ အဓိပတိလမ္းမႀကီးအား ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကသည္။
ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဓမၼဒူတေဆကိႏၵ ဗုဒၶတကၠသုိလ္ စာသင္တုိက္ပင္မ ေက်ာင္းေဆာင္ႀကီး ကဗၺည္းေမာ္ကြန္းေက်ာက္စာတုိင္ႏွင့္ နဖူးစီးစာတမ္းအား စက္ခလုတ္ႏွိပ္ဖြင့္လွစ္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ တပ္မေတာ္ အရာရွိမ်ားက ေက်ာက္စာတုိင္မ်ားအား အေမႊးန႔ံသာရည္မ်ားပက္ဖ်န္းၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ ဓမၼဒူတေဆကိႏၵ ဗုဒၶတကၠသုိလ္အတြင္း လွည့္လည္ ၾကည့္႐ႈေလ့လာၾကသည္။
၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔သည္ ဓမၼဒူတေဆကိႏၵ ဗုဒၶတကၠသုိလ္ဧည့္သည္ေတာ္မွတ္တမ္း စာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထုိးၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဓမၼဒူတေဒါက္တာ အရွင္ေဆကိႏၵႏွင့္ တကၠသုိလ္ ႀကီး တည္ေဆာက္ထားရွိမႈ၊ M.A ႏွင့္ Ph.D သင္တန္းသားမ်ားလက္ခံသင္ၾကားေပးမည့္ အေျခအေနမ်ား၊ ႏိုင္ငံတကာတြင္ ဗုဒၶဘာသာသင္ၾကားေနမႈအေျခအေနမ်ား၊ တကၠသုိလ္ မွေပးအပ္မည့္ဘြဲ႕မ်ားအတြက္ ထုိက္ထုိက္တန္ တန္ျဖစ္ေစေရးအတြက္ သုေတသနျပဳေဆာင္ရြက္ရန္လုိအပ္မႈ၊ စာခ်ပုဂၢိဳလ္၊ စာစစ္ပုဂၢဳိလ္မ်ား၊ ႀကီးၾကပ္ေရးပုဂၢိဳလ္မ်ားစီစဥ္ ထားရွိမႈ၊ အေဆာင္မ်ားစီစဥ္ထားရွိမႈႏွင့္ ဆြမ္းကြမ္းေဆး လုိအပ္ခ်က္မ်ားစီစဥ္ထားရွိမႈ၊ သင္ၾကားမႈမ်ားအား အဂၤလိပ္ဘာသာျဖင့္ သင္ၾကားရန္စီစဥ္ထားရွိမႈ၊ သင္ၾကားေရး ကာလ မ်ားအားလည္းသံဃာေတာ္မ်ား ၀ါတြင္း၀ါပ ၀ိနည္းမ်ားႏွင့္အညီသင္ၾကားရန္ ေဆာင္ရြက္ထားရွိမႈ၊ တကၠသုိလ္၀င္ခြင့္အရည္အခ်င္းသတ္မွတ္ခ်က္မ်ား၊ သင္ၾကားေရး စနစ္အား E education ၊ E learning စနစ္ျဖင့္သင္ၾကားႏုိင္ေရးေဆာင္ရြက္ရန္လုိအပ္ မႈႏွင့္ တကၠသုိလ္၏၀ိနည္းစည္းကမ္းႏွင့္အညီ ေဆာင္ရြက္မႈ အေျခအေနမ်ားအား ေလွ်ာက္ထားေဆြးေႏြးၾကသည္။
ယင္းေနာက္ ဓမၼဒူတေဆကိႏၵ ဗုဒၶတကၠသုိလ္ အဓိပတိလမ္းမႀကီးႏွင့္ တကၠသုိလ္စာသင္တုိက္ ပင္မေက်ာင္းေဆာင္ႀကီးဖြင့္ပြဲ အခမ္းအနားေအာင္ျမင္ျခင္းအထိမ္းအမွတ္ ေရစက္ခ်အလွဴေတာ္မဂၤလာအခမ္းအနားအား ဆက္လက္က်င္းပျပဳလုပ္ရာ ႏုိင္ငံေတာ္မဟာသံဃနာယကအဖြဲ႕ ဒုတိယဥကၠ႒၊ ပဲခူးတုိင္းေဒသႀကီး၊ ေရတာရွည္ၿမိဳ႕နယ္၊ ၿခဳံအင္း ေက်းရြာ၊ သီရိမဂၤလာ ေက်ာင္းတုိက္ဆရာေတာ္ အဘိဓဇအဂၢမဟာ သဒၶမၼမေဇာတိက ဘဒၵႏၲၾသဘာသ၊ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ၊ ေရႊက်င္နိကာ ယာအဓိပတိဥကၠ႒ မဟာနာယက ဓမၼေသနာပတိ ပႏၷရသမ ေရႊက်င္သာသနာပုိင္ အဘိဓဇမဟာရ႒ဂု႐ု အဂၢမဟာပ႑ိတ ၀ိေဇၨာတာ႐ုံ ဆရာေတာ္ ဘဒၵႏၲ၀ိေဇၨာတႏွင့္ တြဲဘက္ေရႊက်င္ သာသနာပုိင္ဆရာေတာ္ ႀကီးမ်ားအမွဴးျပဳေသာ သံဃာေတာ္အပါး ၄၀၀ ၾကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကသည္။
အစီအစဥ္အရ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အခမ္းအနား တက္ေရာက္လာၾကသူမ်ားက မႏၲေလးတုိင္းေဒသႀကီး၊ အမရပူရၿမိဳ႕၊ မဟာဂႏၶာ႐ုံ ေက်ာင္းတုိက္ဆရာေတာ္ ဘႏၵႏၲ ဣေႏၵာဘာသာဘိ၀ံသထံမွ ငါးပါးသီလခံယူ ေဆာက္တည္ၾကၿပီး ဆရာေတာ္ႀကီးမ်ား ရြတ္ပြားသရဇၥ်ာယ္ေတာ္မူေသာ ေမတၱသုတ္ ပရိတ္တရားေတာ္မ်ားအားနာယူၾကသည္။ ယင္းေနာက္ ႏုိင္ငံေတာ္သံဃမဟာနာယက အဖြဲ႕ဥကၠ႒ မႏၲေလးၿမိဳ႕၊ ဗန္းေမာ္ေက်ာင္းတုိက္ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု အဘိဓဇ အဂၢမဟာသဒၶမၼေဇာတိက ေဒါက္တာဘဒၵႏၲ ကုမာရဘိ၀ံသ ၏ ၾသ၀ါဒကထာအား ႏုိင္ငံေတာ္သံဃမဟာနာယကအဖြဲ႕၀င္ ေညာင္သုံးပင္သာမေဏေက်ာ္စာသင္တုိက္ ဆရာေတာ္ အဂၢမဟာသဒၶမၼေဇာတိက ဘဒၵႏၲေတေဇာသာရာဘိ၀ံသက ဖတ္ၾကား သည္။
ယင္းေနာက္ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ၊ ေရႊက်င္နိကာယာအဓိပတိဥကၠ႒ မဟာနာယက ဓမၼေသနာပတိ ပႏၷရသမ ေရႊက်င္သာသနာပုိင္ အဘိဓဇမဟာရ႒ဂု႐ု အဂၢမဟာပ႑ိတ ၀ိေဇၨာတာ႐ုံ ဆရာေတာ္ ဘဒၵႏၲ၀ိေဇၨာတ ၾသ၀ါဒကထာျမြက္ၾကား ရာတြင္ သာသနာေတာ္တုိးတက္ေရးအတြက္လုိအပ္သည့္အခ်က္မ်ားကုိ သိရွိနားလည္ၿပီး ဆရာေတာ္အရွင္ေဆကိႏၵက ျပည္တြင္းမွာသာမက ႏုိင္ငံကာသုိ႔ျပန္႔ႏွံ႕ေစျခင္းငွာ ယခုကဲ့သုိ႔ႀကီးက်ယ္ထင္ရွားသည့္ တကၠသုိလ္ႀကီး တည္ေထာင္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ ယခုကဲ့သုိ႔လွဴဒါန္းျခင္းသည္ သာသနာေတာ္ႀကီး တုိးတက္ႀကီးပြားရန္၊ အမ်ိဳးဘာသာ တုိင္းျပည္အတြက္ ၿငိမ္းခ်မ္း၊ ေအးခ်မ္းျခင္းရရွိရန္အတြက္ လုပ္သင့္လုပ္ထုိက္သည့္ အလုပ္မ်ားကုိ ေဆာင္ရြက္ေနၾကရမည္ျဖစ္ေၾကာင္း၊ ထုိသုိ႔ေဆာင္ရြက္ ေနသည့္ ပုဂၢိဳလ္မ်ားအား လုံး ၿငိမ္းေအးေသာ၊ ေအးခ်မ္းေသာ၊ ေရာက္သင့္ေရာက္ထုိက္ေသာ အျမတ္ဆုံးနိဗၺာန္ကုိ ေရာက္ၾကပါ ေစေၾကာင္းျမြက္ၾကားသည္။

(Unicode Version)

ဓမ္မဒူတဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ် အဓိပတိလမ်းမကြီးနှင့် တက္ကသိုလ်စာသင်တိုက် ပင်မကျောင်းဆောင်ကြီးဖွင့်ပွဲ အခမ်းအနား ကျင်းပ 

နေပြည်တော်၊ ဖေဖေါ်ဝါရီ ၂၄ 

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒရာမ ကျောင်းတိုက်ကြီးရှိ ဓမ္မဒူတ ဆေကိန္ဒဗုဒ္ဓတက္ကသိုလ် အဓိပတိလမ်းမကြီးနှင့် တက္ကသိုလ်စာသင်တိုက် ပင်မကျောင်းဆောင်ကြီးဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ အမှူးပြုသောသံဃာတော် အရှင်သူမြတ်များ ကြွရောက် ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော် များတက်ရောက်ကြသည်။ 

အခမ်းအနားအားကျင်းပပြုလုပ်ရာ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်မြင့်တို့က ဓမ္မဒူတဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ် အဓိပတိလမ်းမကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဓမ္မဒူတဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ် စာသင်တိုက်ပင်မ ကျောင်းဆောင်ကြီး ကဗ္ဗည်းမော်ကွန်းကျောက်စာတိုင်နှင့် နဖူးစီးစာတမ်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော် အရာရှိများက ကျောက်စာတိုင်များအား အမွှေးနံ့သာရည်များပက်ဖျန်းကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဓမ္မဒူတဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ်အတွင်း လှည့်လည် ကြည့်ရှုလေ့လာကြသည်။ 

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် ဓမ္မဒူတဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ်ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဓမ္မဒူတဒေါက်တာ အရှင်ဆေကိန္ဒနှင့် တက္ကသိုလ် ကြီး တည်ဆောက်ထားရှိမှု၊ M.A နှင့် Ph.D သင်တန်းသားများလက်ခံသင်ကြားပေးမည့် အခြေအနေများ၊ နိုင်ငံတကာတွင် ဗုဒ္ဓဘာသာသင်ကြားနေမှုအခြေအနေများ၊ တက္ကသိုလ် မှပေးအပ်မည့်ဘွဲ့များအတွက် ထိုက်ထိုက်တန် တန်ဖြစ်စေရေးအတွက် သုတေသနပြုဆောင်ရွက်ရန်လိုအပ်မှု၊ စာချပုဂ္ဂိုလ်၊ စာစစ်ပုဂ္ဂိုလ်များ၊ ကြီးကြပ်ရေးပုဂ္ဂိုလ်များစီစဉ် ထားရှိမှု၊ အဆောင်များစီစဉ်ထားရှိမှုနှင့် ဆွမ်းကွမ်းဆေး လိုအပ်ချက်များစီစဉ်ထားရှိမှု၊ သင်ကြားမှုများအား အင်္ဂလိပ်ဘာသာဖြင့် သင်ကြားရန်စီစဉ်ထားရှိမှု၊ သင်ကြားရေး ကာလ များအားလည်းသံဃာတော်များ ဝါတွင်းဝါပ ဝိနည်းများနှင့်အညီသင်ကြားရန် ဆောင်ရွက်ထားရှိမှု၊ တက္ကသိုလ်ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်များ၊ သင်ကြားရေး စနစ်အား E education ၊ E learning စနစ်ဖြင့်သင်ကြားနိုင်ရေးဆောင်ရွက်ရန်လိုအပ် မှုနှင့် တက္ကသိုလ်၏ဝိနည်းစည်းကမ်းနှင့်အညီ ဆောင်ရွက်မှု အခြေအနေများအား လျှောက်ထားဆွေးနွေးကြသည်။ 

ယင်းနောက် ဓမ္မဒူတဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ် အဓိပတိလမ်းမကြီးနှင့် တက္ကသိုလ်စာသင်တိုက် ပင်မကျောင်းဆောင်ကြီးဖွင့်ပွဲ အခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်မဟာသံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ခြုံအင်း ကျေးရွာ၊ သီရိမင်္ဂလာ ကျောင်းတိုက်ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မမဇောတိက ဘဒ္ဒန္တသြဘာသ၊ နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာ ယာအဓိပတိဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ ပန္နရသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဝိဇ္ဇောတာရုံ ဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတနှင့် တွဲဘက်ရွှေကျင် သာသနာပိုင်ဆရာတော် ကြီးများအမှူးပြုသော သံဃာတော်အပါး ၄၀၀ ကြွရောက်ချီးမြှင့်တော်မူကြသည်။ 

အစီအစဉ်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများက မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ မဟာဂန္ဓာရုံ ကျောင်းတိုက်ဆရာတော် ဘန္ဒန္တ ဣန္ဒောဘာသာဘိဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များအားနာယူကြသည်။ ယင်းနောက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရဘိဝံသ ၏ သြဝါဒကထာအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ညောင်သုံးပင်သာမဏေကျော်စာသင်တိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တတေဇောသာရာဘိဝံသက ဖတ်ကြား သည်။ 

ယင်းနောက် နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယာအဓိပတိဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ ပန္နရသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဝိဇ္ဇောတာရုံ ဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတ သြဝါဒကထာမြွက်ကြား ရာတွင် သာသနာတော်တိုးတက်ရေးအတွက်လိုအပ်သည့်အချက်များကို သိရှိနားလည်ပြီး ဆရာတော်အရှင်ဆေကိန္ဒက ပြည်တွင်းမှာသာမက နိုင်ငံကာသို့ပြန့်နှံ့စေခြင်းငှာ ယခုကဲ့သို့ကြီးကျယ်ထင်ရှားသည့် တက္ကသိုလ်ကြီး တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့လှူဒါန်းခြင်းသည် သာသနာတော်ကြီး တိုးတက်ကြီးပွားရန်၊ အမျိုးဘာသာ တိုင်းပြည်အတွက် ငြိမ်းချမ်း၊ အေးချမ်းခြင်းရရှိရန်အတွက် လုပ်သင့်လုပ်ထိုက်သည့် အလုပ်များကို ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် နေသည့် ပုဂ္ဂိုလ်များအား လုံး ငြိမ်းအေးသော၊ အေးချမ်းသော၊ ရောက်သင့်ရောက်ထိုက်သော အမြတ်ဆုံးနိဗ္ဗာန်ကို ရောက်ကြပါ စေကြောင်းမြွက်ကြားသည်။ 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။