တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိ

ေနျပည္ေတာ္၊ မတ္ ၁၁

ထုိင္းဘုရင့္တပ္မတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Ponpipaat Benyasri၏ ဖိတ္ၾကားခ်က္အရ ထုိင္းႏုိင္ငံတြင္ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔ နံနက္ပုိင္းတြင္ ဘန္ေကာက္ၿမိဳ႕ရွိ ထုိင္းဘုရင့္ေလတပ္ ဒြန္ေမာင္းေလဆိပ္ (Wing – 6)မွ ျပန္လည္ ထြက္ခြာၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕အား ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Ponpipaat Benyasri၊ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္း၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ခင္ေဇာ္ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္အရာရွိႀကီးမ်ားက ေလဆိပ္တြင္ ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေန႔လယ္ပုိင္းတြင္ ေနျပည္ေတာ္ အျပည္ျပည္ ဆုိင္ရာေလဆိပ္သုိ႔ျပန္လည္ေရာက္ရွိရာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးတုိ႔က ေလဆိပ္တြင္ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

ခရီးစဥ္အတြင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ (၁၆)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားအစည္းအေ၀း (16th ACDFM)သုိ႔ တက္ေရာက္ျခင္း၊ အာဆီယံႏုိင္ငံမ်ားမွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္းႏွင့္ ထုိင္းႏုိင္ငံရွိ ျပည္နယ္မ်ား၏ ဖြံ႕ၿဖိဳးတုိးတက္ေရးစီမံေဆာင္ရြက္ ေနမႈမ်ားႏွင့္ ကုန္ထုတ္အလုပ္႐ုံမ်ားအား လွည့္လည္ၾကည့္႐ႈ ေလ့လာခဲ့သည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိ

နေပြည်တော်၊ မတ် ၁၁

ထိုင်းဘုရင့်တပ်မတာ်ကာကွယ်ရေးဦးစီးချုပ် General Ponpipaat Benyasri၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံတွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ ထိုင်းဘုရင့်လေတပ် ဒွန်မောင်းလေဆိပ် (Wing – 6)မှ ပြန်လည် ထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ponpipaat Benyasri၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နေ့လယ်ပိုင်းတွင် နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ကြသည်။

ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် (၁၆)ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (16th ACDFM)သို့ တက်ရောက်ခြင်း၊ အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် ထိုင်းနိုင်ငံရှိ ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးစီမံဆောင်ရွက် နေမှုများနှင့် ကုန်ထုတ်အလုပ်ရုံများအား လှည့်လည်ကြည့်ရှု လေ့လာခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။