တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် H.E. Mr. Hiroto IZUMI အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ မတ္ ၂၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဂ်ပန္ႏုိင္ငံဝန္ႀကီးခ်ဳပ္၏ အထူးအႀကံေပးပုဂၢိဳလ္ H.E. Mr. Hiroto IZUMI အား ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ ခန္းမေဆာင္၌ လက္ခံ ေတြ႕ဆုံသည္။

အဆုိပါ ေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အတူ ၫႇိႏႈိင္း ကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ဂ်ပန္ႏုိင္ငံဝန္ႀကီးခ်ဳပ္၏ အထူးအႀကံေပးပုဂၢိဳလ္ ႏွင့္အတူ ျမန္မာႏုိင္ငံ ဆုိင္ရာ သံအမတ္ႀကီး H.E. Mr. Ichiro ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ ေတြ႕ဆုံရာတြင္ ျပည္သူမ်ားမွ ေရြးခ်ယ္သည့္ ပါတီစုံ ဒီမုိကေရစီလမ္းေၾကာင္း ေပၚတြင္ ေလွ်ာက္လွမ္းႏုိင္ေရးအတြက္ တပ္မေတာ္မွ ေဆာင္ရြက္ခဲ့မႈ အေျခအေနမ်ားႏွင့္ ထာဝရ ၿငိမ္းခ်မ္းေရး ရရွိရန္အတြက္ ေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ ရခုိင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္ေတာေဒသမွ တစ္ဖက္ႏုိင္ငံသုိ႔ ထြက္ခြာသြားသည့္ ဘဂၤါလီမ်ားအား ျပန္လည္ လက္ခံႏုိင္ေရး ေဆာင္ရြက္ေနမႈႏွင့္ ရခုိင္ျပည္နယ္ ဖြံ႕ၿဖိဳးတုိးတက္ေရး အတြက္ ဂ်ပန္ႏုိင္ငံမွ ကူညီေဆာင္ရြက္ေပးေနမႈအေျခအေနမ်ား၊ ျမန္မာႏုိင္ငံ ဖြံ႕ၿဖိဳး တိုးတက္ေရး အတြက္ စုိက္ပ်ိဳးေရးက႑၊ နည္းပညာ က႑မ်ားတြင္ ပူးေပါင္းေဆာင္ရြက္ေရးႏွင့္ ကုန္သြယ္ေရး က႑မ်ားအား ျမႇင့္တင္ ေဆာင္ရြက္ေရး၊ ႏွစ္ႏုိင္ငံ တပ္မေတာ္ ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္မႈမွ တစ္ဆင့္ ႏွစ္ႏုိင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈ ျမႇင့္တင္ေဆာင္ရြက္ေရး ဆုိင္ရာ ကိစၥရပ္မ်ားအား ရင္းႏွီး ပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် H.E. Mr. Hiroto IZUMI အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ မတ် ၂၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် H.E. Mr. Hiroto IZUMI အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့် ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး H.E. Mr. Ichiro နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် လျှောက်လှမ်းနိုင်ရေးအတွက် တပ်မတော်မှ ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန်အတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသည့် ဘင်္ဂါလီများအား ပြန်လည် လက်ခံနိုင်ရေး ဆောင်ရွက်နေမှုနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဂျပန်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် စိုက်ပျိုးရေးကဏ္ဍ၊ နည်းပညာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်ရေး ကဏ္ဍများအား မြှင့်တင် ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။