လုပ်ငန်းတာဝန်ထမ်းဆောင်မှုများသည် ဥပဒေအရသာဖြစ်ရန်လို၊ ဥပဒေနှင့်အညီသာ လုပ်ဆောင်

နေပြည်တော်၊ စက်တင်ဘာ – ၁၅

ဒီမိုကရေစီစနစ်မှာ ဥပဒေနှင့်အညီ လုပ်ဆောင်ရသည့် ကျင့်စဉ်များဖြစ်ကြောင်း၊ ဥပဒေပြင်ပမှ တစ်စုံတစ်ရာမျှ လုပ်ဆောင်၍မရကြောင်း၊ တပ်မတော်အနေဖြင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှု၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု အခြေအနေများအရသာ လက်ရှိလျှောက်လှမ်းနေသည့် ဒီမိုကရေစီစနစ် မယိမ်းယိုင်သွားစေရန်၊ စိတ်ချယုံကြည်ရစေရန် ပါဝင်ထိန်းသိမ်းလုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်ထမ်းဆောင်မှုများသည် ဥပဒေအရသာဖြစ်ရန်လိုကြောင်း၊ ဥပဒေနှင့်အညီသာ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်၊ တပ်မတော်အုပ်ချုပ်မှု ကျောင်းရှိ ရန်ကြီးအောင်ခန်းမ၌ ဥပဒေဒီပလိုမာအရာရှိကြီးသင်တန်းသို့ တက်ရောက်သင်ကြားလျက်ရှိသည့် သင်တန်းသားတပ်မတော်အရာရှိကြီးများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကျောင်းအုပ်ကြီးနှင့် သင်တန်းသားတပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်သူများသည် စစ်ဘက်ဆိုင်ရာဥပဒေသာမက နယ်ဘက်ဆိုင်ရာ ဥပဒေများကိုပါလိုက်နာရကြောင်း၊ တပ်မှူးများတွင် အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ ဘဏ္ဍာရေးအာဏာများရှိကြောင်း၊ ဥပဒေဆိုသည်မှာ ပြဋ္ဌာန်းချက်ဖြစ်၍ တရားစီရင်ပိုင်ခွင့်ရှိသူ ပုဂ္ဂိုလ်များသည် ဥပဒေကို ကျွမ်းကျင်နှံ့စပ်ပိုင်နိုင်စွာ သိရှိနားလည်ပြီး မှန်ကန်စွာစီရင်ဆုံးဖြတ်ရကြောင်း၊ သို့ဖြစ်၍ စစ်ဘက်တရားစီရင်ရေးတွင် မလွဲမသွေ လုပ်ဆောင်ကြရမည့်သူများကို ရွေးချယ်တက်ရောက်စေခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြားပို့ချမှုများကို အလေးထား၍ လေ့လာကြိုးစားအားထုတ်ကြရန် လိုကြောင်း ဦးစွာ ပြောကြားသည်။

 ဆက်လက်ပြီး ဥပဒေတည်ဆောက်ခြင်း၊ ရေးဆွဲပြဋ္ဌာန်းခြင်းနှင့် ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းဟူ၍ရှိကြောင်း၊ ဥပဒေပြဋ္ဌာန်းခြင်းသည် တစ်နိုင်ငံလုံးအတွက်၊ အားလုံးအတွက် ပြဋ္ဌာန်းခြင်းဖြစ်၍ တစ်နိုင်ငံလုံးက၊ အားလုံးက လိုက်နာကြရကြောင်း၊ တချို့သော သီးခြားပြဋ္ဌာန်းရသည့် ဥပဒေများလည်းရှိကြောင်း၊ သို့ဖြစ်၍ ဥပဒေတစ်ရပ်တည်ဆောက်မှု၊ ပြဋ္ဌာန်းမှုသည် ခိုင်မာမှုရှိရန်လိုကြောင်း၊ ဥပဒေတစ်ခုကို မကြာခဏ ပြုပြင်ရန်မသင့်ကြောင်း၊ ပြဋ္ဌာန်းရန်သင့်တော်မှု၊ အကျိုးအကြောင်းခိုင်လုံမှု၊ အနက်အဓိပ္ပာယ်ကောက်ယူမှု စသည်တို့ကိုထည့်သွင်းစဉ်းစားပြီးမှ လုပ်ဆောင်ရကြောင်း ပြောကြားသည်။

ဥပဒေနှင့်အညီ လုပ်ဆောင်မှုဆိုရာတွင် တပ်မတော်သားများသည် စစ်သည်တော်ကျင့်ဝတ်နှင့်အညီ၊ သတ်မှတ်ထားသည့် စစ်စည်းကမ်းများနှင့်အညီ နေထိုင်ကြရမည်ဖြစ်ပြီး ဂျနီဗာကွန်ဗင်းရှင်းကိုလည်း လိုက်နာကြရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကို အပြန်အလှန်ထိန်းကြောင်းရမည်ဟု ပါရှိကြောင်း၊ ဝင်ရောက်စွက်ဖက်ရန် မဟုတ် ကြောင်း၊ စီမံခန့်ခွဲမှုကို တာဝန်ယူသူများသည် ဥပဒေအကြောင်းခြင်းရာနှင့် တရားစီရင် ရေးကို သိရှိရန်လိုကြောင်း၊ ဥပဒေကို နားလည်စေရန် သင်တန်းကျောင်းများတွင်လည်း ဥပဒေနှင့်ပတ်သက်သည့် သင်ခန်းစာများကို ထည့်သွင်းပို့ချလျက်ရှိကြောင်း၊ သို့ဖြစ်၍ ဥပဒေပြဋ္ဌာန်းရမှု၊ လိုက်နာမှု၊ ဥပဒေနှင့်အညီ လုပ်ဆောင်မှုများကို သိရှိနားလည်ရမည် ဖြစ်ကြောင်း၊ မိမိသိရှိနားလည် လိုက်နာသကဲ့သို့ လက်အောက်ကိုလည်း မိမိကဲ့သို့ သိရှိနားလည်အောင်၊ လိုက်နာဆောင်ရွက်အောင် ကြပ်မတ်လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

 ထို့နောက် ရခိုင်ဒေသဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းလင်းရာတွင် သြဂုတ် ၂၅ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် အစွန်းရောက် ဘင်္ဂါလီများအကြမ်းဖက်မှုတွင် ထိတွေ့မှုဖြစ်စဉ် ၉၃ ကြိမ်ရှိခဲ့ကြောင်း၊ ယင်းအကြမ်းဖက်မှုဖြစ်စဉ်သည် ကြိုတင်စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ရခိုင်ဒေသရှိ အစွန်းရောက် ဘင်္ဂါလီလူမျိုးများက ဘူးသီးတောင်-မောင်တော ဒေသကို သူတို့၏ ခိုင်မာသည့်နယ်မြေ တစ်ခုဖြစ်အောင် တည်ဆောက်ရန် ကြိုးစားလာ ခြင်းဖြစ်ကြောင်း၊ မြန်မာတိုင်းရင်းသားများထဲတွင် မပါဝင်သည့် ရိုဟင်ဂျာလူမျိုးအဖြစ် ထည့်သွင်းတောင်းဆိုကြိုးစားလာကြောင်း၊ ဘင်္ဂါလီကိစ္စသည် အမျိုးသားရေးဖြစ်၍ မှန်မှန်ကန်ကန်ဖြင့် မိမိတို့အားလုံး တစ်သွေးတည်းဖြစ်ရန်လိုကြောင်း၊ တိုင်းပြည် ချစ်စိတ်ဖြင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးစည်းစည်း လုံးလုံးညီညွတ်မှုရှိရန် လိုကြောင်း၊ မီဒီယာများကလည်း စည်းလုံးညီညွတ်မှုရှိရန်လိုကြောင်း၊ တပ်မတော် ကောင်းအောင် တပ်မတော်ထဲတွင်ရှိသူများက လုပ်ဆောင်ကြရမည်ဖြစ်သလို မိမိတိုင်းပြည်တိုးတက်ကောင်းမွန်အောင် မြန်မာနိုင်ငံသားတိုင်းက ဝိုင်းဝန်း လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံအဖွဲ့အစည်းများကိုပဲ အားကိုးနေ၍မရကြောင်း၊ နောက်ကွယ်မှ အကျိုးအကြောင်းဆက်စပ်မှုများရှိနေနိုင်သည်ကို သတိပြုရမည်ဖြစ် ကြောင်း၊ ကိုယ့်နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရန် ဒေသခံတိုင်းရင်းသားများ လုပ်ဆောင် ကြရမည် ဖြစ်ကြောင်း၊ ရခိုင်ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း ဒေသခံ တိုင်းရင်းသားအားလုံးလည်း အဓိကပါဝင်ရန်လိုကြောင်း၊ ဒေသခံများ၏ လုံခြုံရေး အပါအဝင် မိမိတို့ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းတွင် တပ်မတော်မှ ဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးချုပ်အဆင့်ရှိ သင်တန်းသား ၂၁ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလ ၆ လကြာ တက်ရောက်ပြီးပါက ဥပဒေဒီပလိုမာ ပေးအပ်သွားမည်ဖြစ်သည်။

 

(Zawgyi Version)

လုပ္ငန္းတာဝန္ထမ္းေဆာင္မႈမ်ားသည္ ဥပေဒအရသာျဖစ္ရန္လို၊ ဥပေဒႏွင့္အညီသာ လုပ္ေဆာင္

ေနျပည္ေတာ္၊ စက္တင္ဘာ – ၁၅

ဒီမိုကေရစီစနစ္မွာ ဥပေဒႏွင့္အညီ လုပ္ေဆာင္ရသည့္ က်င့္စဥ္မ်ားျဖစ္ေၾကာင္း၊ ဥပေဒျပင္ပမွ တစ္စံုတစ္ရာမွ် လုပ္ေဆာင္၍မရေၾကာင္း၊ တပ္မေတာ္အေနျဖင့္ လံုၿခံဳေရးအရ တည္ၿငိမ္ေအးခ်မ္းမႈ၊ ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းမႈ အေျခအေနမ်ားအရသာ လက္ရွိေလွ်ာက္လွမ္းေနသည့္ ဒီမိုကေရစီစနစ္ မယိမ္းယိုင္သြားေစရန္၊ စိတ္ခ်ယံုၾကည္ရေစရန္ ပါ၀င္ထိန္းသိမ္းလုပ္ေဆာင္ေနျခင္းသာျဖစ္ေၾကာင္း၊ မိမိတို႔၏ လုပ္ငန္းတာ၀န္ထမ္းေဆာင္မႈမ်ားသည္ ဥပေဒအရသာျဖစ္ရန္လိုေၾကာင္း၊ ဥပေဒႏွင့္အညီသာ လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႔နံနက္ပိုင္းတြင္ ျပင္ဦးလြင္တပ္နယ္၊ တပ္မေတာ္အုပ္ခ်ဳပ္မႈ ေက်ာင္းရွိ ရန္ႀကီးေအာင္ခန္းမ၌ ဥပေဒဒီပလိုမာအရာရွိႀကီးသင္တန္းသို႔ တက္ေရာက္သင္ၾကားလ်က္ရွိသည့္ သင္တန္းသားတပ္မေတာ္အရာရွိႀကီးမ်ားအား ေတြ႕ဆုံအမွာစကား ေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။

အဆုိပါ ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး၊ ေက်ာင္းအုပ္ႀကီးႏွင့္ သင္တန္းသားတပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ထုိသို႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စစ္ဘက္ဆိုင္ရာ တာ၀န္ထမ္းေဆာင္သူမ်ားသည္ စစ္ဘက္ဆုိင္ရာဥပေဒသာမက နယ္ဘက္ဆိုင္ရာ ဥပေဒမ်ားကိုပါလိုက္နာရေၾကာင္း၊ တပ္မွဴးမ်ားတြင္ အုပ္ခ်ဳပ္ေရးအာဏာ၊ တရားစီရင္ေရးအာဏာ၊ ဘ႑ာေရးအာဏာမ်ားရွိေၾကာင္း၊ ဥပေဒဆုိသည္မွာ ျပ႒ာန္းခ်က္ျဖစ္၍ တရားစီရင္ပုိင္ခြင့္ရွိသူ ပုဂၢဳိလ္မ်ားသည္ ဥပေဒကို ကြၽမ္းက်င္ႏွွံ႕စပ္ပုိင္ႏိုင္စြာ သိရွိနားလည္ၿပီး မွန္ကန္စြာစီရင္ဆံုးျဖတ္ရေၾကာင္း၊ သို႔ျဖစ္၍ စစ္ဘက္တရားစီရင္ေရးတြင္ မလြဲမေသြ လုပ္ေဆာင္ၾကရမည့္သူမ်ားကို ေရြးခ်ယ္တက္ေရာက္ေစျခင္းျဖစ္ေၾကာင္း၊ သင္တန္းတြင္ သင္ၾကားပို႔ခ်မႈမ်ားကို အေလးထား၍ ေလ့လာႀကိဳးစားအားထုတ္ၾကရန္ လိုေၾကာင္း ဦးစြာ ေျပာၾကားသည္။

ဆက္လက္ၿပီး ဥပေဒတည္ေဆာက္ျခင္း၊ ေရးဆြဲျပ႒ာန္းျခင္းႏွင့္ ဥပေဒႏွင့္အညီ လုပ္ေဆာင္ျခင္းဟူ၍ရွိေၾကာင္း၊ ဥပေဒျပ႒ာန္းျခင္းသည္ တစ္ႏိုင္ငံလံုးအတြက္၊ အားလံုးအတြက္ ျပ႒ာန္းျခင္းျဖစ္၍ တစ္ႏိုင္ငံလံုးက၊ အားလံုးက လိုက္နာၾကရေၾကာင္း၊ တခ်ိဳ႕ေသာ သီးျခားျပ႒ာန္းရသည့္ ဥပေဒမ်ားလည္းရွိေၾကာင္း၊ သို႔ျဖစ္၍ ဥပေဒတစ္ရပ္တည္ေဆာက္မႈ၊ ျပ႒ာန္းမႈသည္ ခိုင္မာမႈရွိရန္လိုေၾကာင္း၊ ဥပေဒတစ္ခုကို မၾကာခဏ ျပဳျပင္ရန္မသင့္ေၾကာင္း၊ ျပ႒ာန္းရန္သင့္ေတာ္မႈ၊ အက်ိဳးအေၾကာင္းခိုင္လံုမႈ၊ အနက္အဓိပၸာယ္ေကာက္ယူမႈ စသည္တုိ႔ကိုထည့္သြင္းစဥ္းစားၿပီးမွ လုပ္ေဆာင္ရေၾကာင္း ေျပာၾကားသည္။

ဥပေဒႏွင့္အညီ လုပ္ေဆာင္မႈဆုိရာတြင္ တပ္မေတာ္သားမ်ားသည္ စစ္သည္ေတာ္က်င့္၀တ္ႏွင့္အညီ၊ သတ္မွတ္ထားသည့္ စစ္စည္းကမ္းမ်ားႏွင့္အညီ ေနထုိင္ၾကရမည္ျဖစ္ၿပီး ဂ်နီဗာကြန္ဗင္းရွင္းကိုလည္း လိုက္နာၾကရမည္ျဖစ္ေၾကာင္း၊ ဖြဲ႕စည္းပံုအေျခခံဥပေဒတြင္လည္း အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး၊ တရားစီရင္ေရးကို အျပန္အလွန္ထိန္းေၾကာင္းရမည္ဟု ပါရွိေၾကာင္း၊ ၀င္ေရာက္စြက္ဖက္ရန္ မဟုတ္ ေၾကာင္း၊ စီမံခန္႔ခြဲမႈကို တာ၀န္ယူသူမ်ားသည္ ဥပေဒအေၾကာင္းျခင္းရာႏွင့္ တရားစီရင္ ေရးကို သိရွိရန္လိုေၾကာင္း၊ ဥပေဒကို နားလည္ေစရန္ သင္တန္းေက်ာင္းမ်ားတြင္လည္း ဥပေဒႏွင့္ပတ္သက္သည့္ သင္ခန္းစာမ်ားကို ထည့္သြင္းပို႔ခ်လ်က္ရွိေၾကာင္း၊ သို႔ျဖစ္၍ ဥပေဒျပ႒ာန္းရမႈ၊ လိုက္နာမႈ၊ ဥပေဒႏွင့္အညီ လုပ္ေဆာင္မႈမ်ားကို သိရွိနားလည္ရမည္ ျဖစ္ေၾကာင္း၊ မိမိသိရွိနားလည္ လိုက္နာသကဲ့သို႔ လက္ေအာက္ကိုလည္း မိမိကဲ့သို႔ သိရွိနားလည္ေအာင္၊ လိုက္နာေဆာင္ရြက္ေအာင္ ၾကပ္မတ္လုပ္ေဆာင္ေပးရမည္ျဖစ္ေၾကာင္း တုိက္တြန္းေျပာၾကားသည္။

ထုိ႔ေနာက္ ရခိုင္ေဒသျဖစ္စဥ္ႏွင့္ပတ္သက္၍ ရွင္းလင္းရာတြင္ ၾသဂုတ္ ၂၅ ရက္မွ စတင္ျဖစ္ပြားခဲ့သည့္ အစြန္းေရာက္ ဘဂၤါလီမ်ားအၾကမ္းဖက္မႈတြင္ ထိေတြ႕မႈျဖစ္စဥ္ ၉၃ ႀကိမ္ရွိခဲ့ေၾကာင္း၊ ယင္းအၾကမ္းဖက္မႈျဖစ္စဥ္သည္ ႀကိဳတင္စီစဥ္ေဆာင္ရြက္ခဲ့ျခင္း ျဖစ္ၿပီး ရခိုင္ေဒသရွိ အစြန္းေရာက္ ဘဂၤါလီလူမ်ိဳးမ်ားက ဘူးသီးေတာင္-ေမာင္ေတာ ေဒသကို သူတို႔၏ ခိုင္မာသည့္နယ္ေျမ တစ္ခုျဖစ္ေအာင္ တည္ေဆာက္ရန္ ႀကိဳးစားလာ ျခင္းျဖစ္ေၾကာင္း၊ ျမန္မာတိုင္းရင္းသားမ်ားထဲတြင္ မပါ၀င္သည့္ ႐ိုဟင္ဂ်ာလူမ်ိဳးအျဖစ္ ထည့္သြင္းေတာင္းဆိုႀကိဳးစားလာေၾကာင္း၊ ဘဂၤါလီကိစၥသည္ အမ်ိဳးသားေရးျဖစ္၍ မွန္မွန္ကန္ကန္ျဖင့္ မိမိတို႔အားလံုး တစ္ေသြးတည္းျဖစ္ရန္လိုေၾကာင္း၊ တိုင္းျပည္ ခ်စ္စိတ္ျဖင့္ ျမန္မာႏိုင္ငံသူ၊ ႏိုင္ငံသားအားလံုးစည္းစည္း လံုးလံုးညီၫြတ္မႈရွိရန္ လိုေၾကာင္း၊ မီဒီယာမ်ားကလည္း စည္းလံုးညီၫြတ္မႈရွိရန္လိုေၾကာင္း၊ တပ္မေတာ္ ေကာင္းေအာင္ တပ္မေတာ္ထဲတြင္ရွိသူမ်ားက လုပ္ေဆာင္ၾကရမည္ျဖစ္သလို မိမိတိုင္းျပည္တိုးတက္ေကာင္းမြန္ေအာင္ ျမန္မာႏိုင္ငံသားတိုင္းက ၀ိုင္း၀န္း လုပ္ေဆာင္ ရမည္ျဖစ္ေၾကာင္း၊ ျပည္ပႏိုင္ငံအဖြဲ႕အစည္းမ်ားကိုပဲ အားကုိးေန၍မရေၾကာင္း၊ ေနာက္ကြယ္မွ အက်ိဳးအေၾကာင္းဆက္စပ္မႈမ်ားရွိေနႏိုင္သည္ကို သတိျပဳရမည္ျဖစ္ ေၾကာင္း၊ ကုိယ့္နယ္ေျမေဒသဖြံ႕ၿဖိဳးတိုးတက္ရန္ ေဒသခံတုိင္းရင္းသားမ်ား လုပ္ေဆာင္ ၾကရမည္ ျဖစ္ေၾကာင္း၊ ရခိုင္ေဒသျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားတြင္လည္း ေဒသခံ တုိင္းရင္းသားအားလံုးလည္း အဓိကပါ၀င္ရန္လုိေၾကာင္း၊ ေဒသခံမ်ား၏ လံုၿခံဳေရး အပါအ၀င္ မိမိတို႔၀ိုင္း၀န္းကူညီလုပ္ေဆာင္ေပးရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

အဆိုပါသင္တန္းတြင္ တပ္မေတာ္မွ ဗိုလ္မွဴးႀကီးႏွင့္ ဗိုလ္မွဴးခ်ဳပ္အဆင့္ရွိ သင္တန္းသား ၂၁ ဦး တက္ေရာက္သင္ၾကားလ်က္ရွိၿပီး သင္တန္းကာလ ၆ လၾကာ တက္ေရာက္ၿပီးပါက ဥပေဒဒီပလိုမာ ေပးအပ္သြားမည္ျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။