(၇၄)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သူရဲကောင်းဗိမာန်(နေပြည်တော်)၌ အောင်ဆန်း သူရိယဘွဲ့ရရှိသူ ၆ ဦး၏ရုပ်တုများ ဖွင့်ပွဲအခမ်းအနားကျင်းပ

ေနျပည္ေတာ္၊ မတ္ – ၂၆

ႏုိင္ငံေတာ္၏ လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာတည္တံ့ခုိင္ၿမဲေရးအတြက္ အသက္ကုိ စြန္႔လႊတ္ခဲ့ ရသည့္ ျမန္မာ့သူရဲေကာင္းမ်ားကုိဂုဏ္ျပဳရန္၊ အခ်ဳပ္အျခာအာဏာ ႏွင့္လြတ္လပ္စြာ အုပ္ခ်ဳပ္ခြင့္ ရရွိၿပီးေနာက္ အသိအမွတ္ျပဳဖြယ္ရာရဲစြမ္းသတၱိရွိစြာ ႀကိဳးစားအားထုတ္မႈမ်ားျပဳလုပ္ရာတြင္ အသက္ကုိစြန္႔လႊတ္ခဲ့သည့္ သူရဲေကာင္းမ်ားကုိ ဂုဏ္ျပဳရန္ႏွင့္ ယင္းသူရဲေကာင္းမ်ားအား ေနာင္လာေနာက္သားမ်ားက အၿမဲအမွတ္ရေနေစရန္၊ မ်ိဳးဆက္သစ္လူငယ္မ်ား၏ စိတ္ထဲတြင္ ႏုိင္ငံေတာ္ကုိခ်စ္သည့္စိတ္ႏွင့္ ႏုိင္ငံေတာ္အတြက္ စြန္႔လႊတ္စြန္႔စားလုိသည့္စိတ္ဓာတ္မ်ား ရွင္သန္ ကိန္းေအာင္းလာေစရန္ ရည္ရြယ္တည္ေဆာက္ထားသည့္ သူရဲေကာင္းဗိမာန္(ေနျပည္ေတာ္)၌ ယေန႔ နံနက္ပုိင္းတြင္ (၇၄)ႏွစ္ေျမာက္တပ္မေတာ္ေန႔အထိမ္းအမွတ္ ေအာင္ဆန္းသူရိယဘြဲ႕ရရွိသူ ၆ ဦး၏ ႐ုပ္တုမ်ားဖြင့္ပြဲအခမ္းအနားအား က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ဖြင့္လွစ္သည္။

အဆုိပါအခမ္းအနားသုိ႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္းႏွင့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ အၿငိမ္းစား တပ္မေတာ္(ၾကည္း၊ေရ၊ေလ) အရာရွိႀကီးမ်ား၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

အခမ္းအနား၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႏႈတ္ခြန္းဆက္အမွာစကား ေျပာၾကားရာတြင္ ႏုိင္ငံေတာ္ႏွင့္တပ္မေတာ္အတြက္ ရဲ၀ံ့စြန္႔စားစြာေဆာင္ရြက္ခဲ့သည့္ စြမ္းရည္သတၱိဆုိင္ရာ အျမင့္မားဆုံးဂုဏ္ထူးေဆာင္ဘြဲ႕တံဆိပ္ရရွိခဲ့ေသာ ေအာင္ဆန္းသူရိယဘြဲ႕ရစစ္သည္မ်ားအတြက္ အမွတ္တရအေနျဖင့္ ဂုဏ္ျပဳ႐ုပ္တုတည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္သမုိင္းတြင္ လြတ္လပ္ေရးႀကိဳးပမ္းမႈကာလႏွင့္လြတ္လပ္ေရးရၿပီး လြတ္လပ္ေရးကုိ ထိန္းသိမ္းသည့္ကာလမ်ားတြင္ တာ၀န္ထမ္းေဆာင္ရင္း မိမိတုိ႔၏ အသက္ကုိပင္ပဓာနမထားဘဲ စြန္႔လႊတ္စြန္႔စားစြာေပးဆပ္ခဲ့ၾကသည့္ ေအာင္ဆန္းသူရိယဘြဲ႕ ရရွိသူ သူရဲေကာင္း ၆ ဦးရွိခဲ့ေၾကာင္း၊ ေအာင္ဆန္းသူရိယဘြဲ႕ရရွိသူမ်ားထဲမွ ပထမဆုံးရရွိခဲ့သူမွာ ဗုိလ္မွဴး ေအာင္ဆန္းသူရိယ ေအးခ်ိဳျဖစ္ၿပီး ၁၉၄၈ ခုႏွစ္၊ ၾသဂုတ္လ ၁၉ ရက္ေန႔တြင္ ဖုိးသာေအာင္ တံတားတုိက္ပြဲတြင္ ေသာင္းက်န္းသူကြန္ျမဴနစ္တပ္မ်ား၊ ရဲေဘာ္ျဖဴ၊ အလံျဖဴကြန္ျမဴနစ္ သူပုန္တပ္ေပါင္းစုမ်ားကုိ ထူးကဲျမင့္မားေသာရဲစြမ္းသတၱိ၊ ႀကံ့ခုိင္ေသာ စိတ္ဓာတ္တုိ႔ျဖင့္ ရြပ္ရြပ္ခြၽံခြၽံ ခုခံတုိက္ခုိက္ႏုိင္ခဲ့သည့္အတြက္ ပထမဆုံး ေအာင္ဆန္းသူရိယဘြဲ႕ ကုိရရွိခဲ့ျခင္းျဖစ္ေၾကာင္း။

ဗုိလ္ သူရ ေအာင္ဆန္းသူရိယတုိက္ခြၽန္း(ေခၚ) တုိင္ေကာင္းသည္ ၁၉၄၇ ခုႏွစ္၊ ေအာက္တုိဘာလ ၂၈ ရက္ေန႔တြင္ ေျမပုံၿမိဳ႕ေတာင္ဘက္အား ရန္သူအလံနီမ်ားက သာလြန္ေသာအင္အားျဖင့္ ၀င္ေရာက္ တုိက္ခုိက္ခ်ိန္တြင္ ရြပ္ရြပ္ခြၽံခြၽံခုခံတုိက္ခိုက္ေခ်မႈန္းခဲ့ေသာေၾကာင့္ သူရဘြဲ႕ကုိရရွိခဲ့ေၾကာင္း၊ ထို႔အျပင္ ၁၉၄၉ ခုႏွစ္ဧၿပီလအတြင္း ေစာ္ဘြားႀကီးကုန္းတုိက္ပြဲ၊ ဦးစကၠိန္ေက်ာင္းတုိက္ပြဲမ်ားတြင္ ရန္သူ ခံကတုတ္အား ေခ်မႈန္းတုိက္ခုိက္ရာတြင္ အသက္ကုိပဓာနမထားဘဲ ရဲ၀ံ့စြန္႔စားစြာ တာ၀န္ ထမ္းေဆာင္ခဲ့သည့္အတြက္ ေအာင္ဆန္းသူရိယဘြဲ႕ကုိ ရရွိခဲ့ျခင္းျဖစ္ေၾကာင္း၊ တပ္သား ေအာင္ဆန္းသူရိယ လွေသာင္းသည္ ၁၉၄၉ ခုႏွစ္၊ ဧၿပီလ ၂၈ ရက္ေန႔တြင္ ဒုိက္ဦး၊ အမွတ္(၃)ဗမာ့ေသနတ္ကုိင္ တပ္ရင္းကြပ္ကဲမႈဌာနခ်ဳပ္အား ေသာင္းက်န္းသူမ်ားတုိက္ခုိက္ရာတြင္ မိမိအသက္ကုိ ပဓာနမထားဘဲ ရြပ္ရြပ္ခြၽံခြၽံ ခုခံတုိက္ခိုက္ႏုိင္ခဲ့သည့္အတြက္ ေအာင္ဆန္းသူရိယဘြဲ႕ကုိ ရရွိခဲ့ျခင္းျဖစ္ေၾကာင္း။

တပ္သား ေအာင္ဆန္းသူရိယ ဆြတ္(က္)ဗဟာဒူး႐ုိင္း သည္လည္း ၁၉၅၀ ျပည့္ႏွစ္၊ ဇြန္လ ၁၇ ရက္ေန႔ႏွင့္ ၁၈ ရက္ေန႔တုိ႔တြင္ ရွမ္းျပည္နယ္ေတာင္ပုိင္း၊ တာေလ-ပန္ခိဟတ္ သုိ႔ခ်ီတက္စဥ္ တ႐ုတ္ျဖဴေသာင္းက်န္းသူမ်ား ၀ုိင္း၀န္းပစ္ခတ္ေနသည့္ၾကားမွ ရန္သူတစ္ရာေက်ာ္ က်ဆုံးေအာင္ ရြပ္ရြပ္ခြၽံခြၽံ တုိက္ခုိက္ႏုိင္ခဲ့သည့္အတြက္ ေအာင္ဆန္းသူရိယဘြဲ႕ကုိ ရရွိခဲ့ျခင္းျဖစ္ေၾကာင္း၊ တပ္သား ေအာင္ဆန္းသူရိယ ေစာျမင့္သည္ ၁၉၅၁ ခုႏွစ္၊ ဇြန္လ ၂၈ ရက္ေန႔တြင္ ေရသုိးႀကီးေက်းရြာ၌ ေသာင္းက်န္းသူမ်ားဖမ္းဆီးျခင္းခံထားရသည့္ ဗုိလ္မွဴးႀကီး ေမာင္ေမာင္ႏွင့္အဖြဲ႕အား အရပ္သား ၄ ဦး ကုိ ဦးေဆာင္၍ အသက္ကုိပဓာနမထားဘဲ ေအာင္ျမင္စြာ ကယ္ထုတ္ႏုိင္ခဲ့သည့္အတြက္ ေအာင္ဆန္းသူရိယဘြဲ႕ကုိ ရရွိခဲ့ျခင္းျဖစ္ေၾကာင္း၊ ေအာင္ဆန္းသူရိယဘြဲ႕အား အရပ္သားထဲမွ တစ္ဦးတည္းထူးျခားစြာရရွိခဲ့သည့္ ေအာင္ဆန္းသူရိယ ေစာဘရီသည္ ၁၉၅၁ ခုႏွစ္၊ ဇြန္လ ၂၈ ရက္ေန႔တြင္ ေရသုိးႀကီးေက်းရြာ၌ ေသာင္းက်န္းသူမ်ားဖမ္းဆီးျခင္းခံထားရသည့္ ဗုိလ္မွဴးႀကီး ေမာင္ေမာင္ႏွင့္အဖြဲ႕အား အသက္ကုိပဓာနမထားဘဲ ေအာင္ျမင္စြာကယ္ထုတ္ႏုိင္ခဲ့သည့္အတြက္ ေအာင္ဆန္းသူရိယ  ဘြဲ႕ကုိရရွိခဲ့သည့္ တစ္ဦးတည္းေသာအရပ္သားျဖစ္ေၾကာင္း၊ ယခုကဲ့သုိ႔ ႏုိင္ငံေတာ္ႏွင့္ တပ္မေတာ္အတြက္စြန္႔လႊတ္စြန္႔စားေဆာင္ရြက္ခဲ့ၿပီး အသက္ေပးသြားခဲ့သည့္ သူရဲေကာင္း တပ္မေတာ္သားမ်ား၏ ၀ိညာဥ္မ်ားသည္ ယခုေနရာတြင္စုေ၀းကိန္းေအာင္းၿပီး မိမိတုိ႔ တပ္မေတာ္သားမ်ား၊ တပ္မေတာ္ႏွင့္ႏုိင္ငံေတာ္ကုိ အၿမဲတမ္းေစာင့္ေရွာက္ ကာကြယ္ေပး ေနမည္ ျဖစ္ေၾကာင္း။

အာဇာနည္သူရဲေကာင္းမ်ားကုိေနာင္လာေနာက္သားမ်ားက အၿမဲအမွတ္ရေနေစရန္၊ မ်ိဳးဆက္သစ္ လူငယ္မ်ား၏စိတ္ထဲတြင္ ႏုိင္ငံေတာ္ကုိခ်စ္သည့္စိတ္ႏွင့္ ႏုိင္ငံေတာ္အတြက္ စြန္႔လႊတ္စြန္႔စား လုိသည့္စိတ္မ်ား ရွင္သန္ကိန္းေအာင္းလာေစရန္အတြက္ သူရဲေကာင္းဗိမာန္ႏွင့္ ယခုကဲ့သုိ႔ အျမင့္မားဆုံးစြမ္းရည္သတၱိဘြဲ႕ ေအာင္ဆန္းသူရိယဘြဲ႕ ရရွိခဲ့သူမ်ား၏႐ုပ္တုမ်ားကုိ ဂုဏ္ျပဳ ထုလုပ္ထားျခင္းျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ေနာင္လာ ေနာက္သား အနာဂတ္မ်ိဳးဆက္သစ္မ်ားအေနျဖင့္ ေအာင္ဆန္းသူရိယဘြဲ႕ရရွိသူမ်ားကဲ့သုိ႔ မ်ိဳးခ်စ္အာဇာနည္စိတ္ဓာတ္၊ တပ္မေတာ္သားမ်ား၏ သစၥာအဓိ႒ာန္ ၄ ခ်က္ႏွင့္အညီ အျမင့္ျမတ္ဆုံးေသာ စြန္႔လႊတ္စြန္႔စားတာ၀န္ထမ္းေဆာင္ျခင္းအားျဖင့္ အနာဂတ္ႏုိင္ငံေတာ္အတြက္ အမ်ိဳးသားေရးစိတ္ဓာတ္၊ မ်ိဳးခ်စ္စိတ္ဓာတ္ ထက္သန္ျပင္းျပသည့္ လူ႕စြမ္းအားအရင္းအျမစ္မ်ား စဥ္ဆက္မျပတ္ရွင္သန္လာေစရန္အတြက္ ဆႏၵျပဳလုိက္ပါေၾကာင္း ေျပာၾကားသည္။

ထုိ႔ေနာက္ အၿငိမ္းစားတပ္မေတာ္(ၾကည္း၊ေရ၊ေလ)အရာရွိႀကီးမ်ားက ေအာင္ဆန္းသူရိယ ဘြဲ႕ရရွိသူ ၆ ဦး၏႐ုပ္တုုမ်ားအား စက္ခလုတ္ႏွိပ္ဖြင့္လွစ္ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနား တက္ေရာက္လာၾကသူမ်ားသည္ ေအာင္ဆန္းသူရိယဘြဲ႕ ရရွိသူမ်ား၏႐ုပ္တုမ်ားအား လွည့္လည္ ၾကည့္႐ႈၾကသည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အၿငိမ္းစားတပ္မေတာ္အရာရွိႀကီး မ်ားက သူရဲေကာင္းဗိမာန္ အတြင္းရွိ အထိမ္းအမွတ္ေက်ာက္တုိင္ေရွ႕၌ ဂုဏ္ျပဳပန္းျခင္းမ်ားခ်၍ ႏုိင္ငံေတာ္ႏွင့္ တပ္မေတာ္အတြက္ အသက္စြန္႔လႊတ္ခဲ့ရသူမ်ားအား အေလးျပဳၾကၿပီး ဧည့္သည္ေတာ္ မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထုိးၾကသည္။ အဆုိပါ ေအာင္ဆန္းသူရိယဘြဲ႕ ရရွိသူမ်ား၏႐ုပ္တုမ်ားအား စက်င္ေက်ာက္မ်ားျဖင့္ထုဆစ္ထားၿပီး ေအာက္ခံခုံအျမင့္ ၄ ေပ၊ ႐ုပ္တုအျမင့္ ၂ ေပရွိေၾကာင္းသိရသည္။

 

(Unicode Version)

(၇၄)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သူရဲကောင်းဗိမာန်(နေပြည်တော်)၌ အောင်ဆန်း သူရိယဘွဲ့ရရှိသူ ၆ ဦး၏ရုပ်တုများ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် – ၂၆

နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အသက်ကို စွန့်လွှတ်ခဲ့ ရသည့် မြန်မာ့သူရဲကောင်းများကိုဂုဏ်ပြုရန်၊ အချုပ်အခြာအာဏာ နှင့်လွတ်လပ်စွာ အုပ်ချုပ်ခွင့် ရရှိပြီးနောက် အသိအမှတ်ပြုဖွယ်ရာရဲစွမ်းသတ္တိရှိစွာ ကြိုးစားအားထုတ်မှုများပြုလုပ်ရာတွင် အသက်ကိုစွန့်လွှတ်ခဲ့သည့် သူရဲကောင်းများကို ဂုဏ်ပြုရန်နှင့် ယင်းသူရဲကောင်းများအား နောင်လာနောက်သားများက အမြဲအမှတ်ရနေစေရန်၊ မျိုးဆက်သစ်လူငယ်များ၏ စိတ်ထဲတွင် နိုင်ငံတော်ကိုချစ်သည့်စိတ်နှင့် နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စားလိုသည့်စိတ်ဓာတ်များ ရှင်သန် ကိန်းအောင်းလာစေရန် ရည်ရွယ်တည်ဆောက်ထားသည့် သူရဲကောင်းဗိမာန်(နေပြည်တော်)၌ ယနေ့ နံနက်ပိုင်းတွင် (၇၄)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အောင်ဆန်းသူရိယဘွဲ့ရရှိသူ ၆ ဦး၏ ရုပ်တုများဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်သည်။

အဆိုပါအခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ အငြိမ်းစား တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်နှင့်တပ်မတော်အတွက် ရဲဝံ့စွန့်စားစွာဆောင်ရွက်ခဲ့သည့် စွမ်းရည်သတ္တိဆိုင်ရာ အမြင့်မားဆုံးဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရရှိခဲ့သော အောင်ဆန်းသူရိယဘွဲ့ရစစ်သည်များအတွက် အမှတ်တရအနေဖြင့် ဂုဏ်ပြုရုပ်တုတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်သမိုင်းတွင် လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့်လွတ်လပ်ရေးရပြီး လွတ်လပ်ရေးကို ထိန်းသိမ်းသည့်ကာလများတွင် တာဝန်ထမ်းဆောင်ရင်း မိမိတို့၏ အသက်ကိုပင်ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားစွာပေးဆပ်ခဲ့ကြသည့် အောင်ဆန်းသူရိယဘွဲ့ ရရှိသူ သူရဲကောင်း ၆ ဦးရှိခဲ့ကြောင်း၊ အောင်ဆန်းသူရိယဘွဲ့ရရှိသူများထဲမှ ပထမဆုံးရရှိခဲ့သူမှာ ဗိုလ်မှူး အောင်ဆန်းသူရိယ အေးချိုဖြစ်ပြီး ၁၉၄၈ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် ဖိုးသာအောင် တံတားတိုက်ပွဲတွင် သောင်းကျန်းသူကွန်မြူနစ်တပ်များ၊ ရဲဘော်ဖြူ၊ အလံဖြူကွန်မြူနစ် သူပုန်တပ်ပေါင်းစုများကို ထူးကဲမြင့်မားသောရဲစွမ်းသတ္တိ၊ ကြံ့ခိုင်သော စိတ်ဓာတ်တို့ဖြင့် ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်နိုင်ခဲ့သည့်အတွက် ပထမဆုံး အောင်ဆန်းသူရိယဘွဲ့ ကိုရရှိခဲ့ခြင်းဖြစ်ကြောင်း။

ဗိုလ် သူရ အောင်ဆန်းသူရိယတိုက်ချွန်း(ခေါ်) တိုင်ကောင်းသည် ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် မြေပုံမြို့တောင်ဘက်အား ရန်သူအလံနီများက သာလွန်သောအင်အားဖြင့် ၀င်ရောက် တိုက်ခိုက်ချိန်တွင် ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်ချေမှုန်းခဲ့သောကြောင့် သူရဘွဲ့ကိုရရှိခဲ့ကြောင်း၊ ထို့အပြင် ၁၉၄၉ ခုနှစ်ဧပြီလအတွင်း စော်ဘွားကြီးကုန်းတိုက်ပွဲ၊ ဦးစက္ကိန်ကျောင်းတိုက်ပွဲများတွင် ရန်သူ ခံကတုတ်အား ချေမှုန်းတိုက်ခိုက်ရာတွင် အသက်ကိုပဓာနမထားဘဲ ရဲဝံ့စွန့်စားစွာ တာဝန် ထမ်းဆောင်ခဲ့သည့်အတွက် အောင်ဆန်းသူရိယဘွဲ့ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ တပ်သား အောင်ဆန်းသူရိယ လှသောင်းသည် ၁၉၄၉ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် ဒိုက်ဦး၊ အမှတ်(၃)ဗမာ့သေနတ်ကိုင် တပ်ရင်းကွပ်ကဲမှုဌာနချုပ်အား သောင်းကျန်းသူများတိုက်ခိုက်ရာတွင် မိမိအသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်နိုင်ခဲ့သည့်အတွက် အောင်ဆန်းသူရိယဘွဲ့ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း။

တပ်သား အောင်ဆန်းသူရိယ ဆွတ်(က်)ဗဟာဒူးရိုင်း သည်လည်း ၁၉၅၀ ပြည့်နှစ်၊ ဇွန်လ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တာလေ-ပန်ခိဟတ် သို့ချီတက်စဉ် တရုတ်ဖြူသောင်းကျန်းသူများ ၀ုိင်းဝန်းပစ်ခတ်နေသည့်ကြားမှ ရန်သူတစ်ရာကျော် ကျဆုံးအောင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နိုင်ခဲ့သည့်အတွက် အောင်ဆန်းသူရိယဘွဲ့ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ တပ်သား အောင်ဆန်းသူရိယ စောမြင့်သည် ၁၉၅၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ရေသိုးကြီးကျေးရွာ၌ သောင်းကျန်းသူများဖမ်းဆီးခြင်းခံထားရသည့် ဗိုလ်မှူးကြီး မောင်မောင်နှင့်အဖွဲ့အား အရပ်သား ၄ ဦး ကို ဦးဆောင်၍ အသက်ကိုပဓာနမထားဘဲ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့သည့်အတွက် အောင်ဆန်းသူရိယဘွဲ့ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ အောင်ဆန်းသူရိယဘွဲ့အား အရပ်သားထဲမှ တစ်ဦးတည်းထူးခြားစွာရရှိခဲ့သည့် အောင်ဆန်းသူရိယ စောဘရီသည် ၁၉၅၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ရေသိုးကြီးကျေးရွာ၌ သောင်းကျန်းသူများဖမ်းဆီးခြင်းခံထားရသည့် ဗိုလ်မှူးကြီး မောင်မောင်နှင့်အဖွဲ့အား အသက်ကိုပဓာနမထားဘဲ အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့သည့်အတွက် အောင်ဆန်းသူရိယ  ဘွဲ့ကိုရရှိခဲ့သည့် တစ်ဦးတည်းသောအရပ်သားဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်နှင့် တပ်မတော်အတွက်စွန့်လွှတ်စွန့်စားဆောင်ရွက်ခဲ့ပြီး အသက်ပေးသွားခဲ့သည့် သူရဲကောင်း တပ်မတော်သားများ၏ ၀ိညာဉ်များသည် ယခုနေရာတွင်စုဝေးကိန်းအောင်းပြီး မိမိတို့ တပ်မတော်သားများ၊ တပ်မတော်နှင့်နိုင်ငံတော်ကို အမြဲတမ်းစောင့်ရှောက် ကာကွယ်ပေး နေမည် ဖြစ်ကြောင်း။

အာဇာနည်သူရဲကောင်းများကိုနောင်လာနောက်သားများက အမြဲအမှတ်ရနေစေရန်၊ မျိုးဆက်သစ် လူငယ်များ၏စိတ်ထဲတွင် နိုင်ငံတော်ကိုချစ်သည့်စိတ်နှင့် နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စား လိုသည့်စိတ်များ ရှင်သန်ကိန်းအောင်းလာစေရန်အတွက် သူရဲကောင်းဗိမာန်နှင့် ယခုကဲ့သို့ အမြင့်မားဆုံးစွမ်းရည်သတ္တိဘွဲ့ အောင်ဆန်းသူရိယဘွဲ့ ရရှိခဲ့သူများ၏ရုပ်တုများကို ဂုဏ်ပြု ထုလုပ်ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်နောင်လာ နောက်သား အနာဂတ်မျိုးဆက်သစ်များအနေဖြင့် အောင်ဆန်းသူရိယဘွဲ့ရရှိသူများကဲ့သို့ မျိုးချစ်အာဇာနည်စိတ်ဓာတ်၊ တပ်မတော်သားများ၏ သစ္စာအဓိဋ္ဌာန် ၄ ချက်နှင့်အညီ အမြင့်မြတ်ဆုံးသော စွန့်လွှတ်စွန့်စားတာဝန်ထမ်းဆောင်ခြင်းအားဖြင့် အနာဂတ်နိုင်ငံတော်အတွက် အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် ထက်သန်ပြင်းပြသည့် လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ်ရှင်သန်လာစေရန်အတွက် ဆန္ဒပြုလိုက်ပါကြောင်း ပြောကြားသည်။

ထို့နောက် အငြိမ်းစားတပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိကြီးများက အောင်ဆန်းသူရိယ ဘွဲ့ရရှိသူ ၆ ဦး၏ရုပ်တုုများအား စက်ခလုတ်နှိပ်ဖွင့်လှစ်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် အောင်ဆန်းသူရိယဘွဲ့ ရရှိသူများ၏ရုပ်တုများအား လှည့်လည် ကြည့်ရှုကြသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အငြိမ်းစားတပ်မတော်အရာရှိကြီး များက သူရဲကောင်းဗိမာန် အတွင်းရှိ အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းများချ၍ နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်စွန့်လွှတ်ခဲ့ရသူများအား အလေးပြုကြပြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးကြသည်။ အဆိုပါ အောင်ဆန်းသူရိယဘွဲ့ ရရှိသူများ၏ရုပ်တုများအား စကျင်ကျောက်များဖြင့်ထုဆစ်ထားပြီး အောက်ခံခုံအမြင့် ၄ ပေ၊ ရုပ်တုအမြင့် ၂ ပေရှိကြောင်းသိရသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။