(၇၄)နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားသို့တက်ရောက်ကြသည့် အငြိမ်းစား တပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ဂါရဝပြုကန်တော့၊ လွတ်လပ်ရေး မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ အောင်ဆန်းသူရိယဘွဲ့တံဆိပ်ရရှိသူများ၏ မိသားစုဝင်များ၊ ဆွေမျိုးများအား တွေ့ဆုံဂုဏ်ပြု

ေနျပည္ေတာ္၊ မတ္ ၂၇

(၇၄)ႏွစ္ေျမာက္တပ္မေတာ္ေန႔အခမ္းအနားသို႔ တက္ေရာက္ခဲ့ၾကေသာ တပ္မေတာ္တြင္ တာ၀န္ ထမ္းေဆာင္ခဲ့သည့္ အၿငိမ္းစားတပ္မေတာ္အရာရွိႀကီးမ်ားအား တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားက ဂါရ၀ျပဳကန္ေတာ့သည့္ အခမ္းအနားကုိ ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္၌ က်င္းပျပဳလုပ္သည္။

အဆုိပါ ဂါရ၀ျပဳကန္ေတာ့သည့္အခမ္းအနားသုိ႔ အၿငိမ္းစားတပ္မေတာ္ အရာရွိႀကီး ၃၁ ဦးႏွင့္ ဇနီး ၁၈ ဦးတုိ႕ကန္ေတာ့ခံတက္ေရာက္ၾကၿပီး ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ေထာင္စု၀န္ႀကီးမ်ား ျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ ႏွင့္ဇနီး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္းႏွင့္ဇနီး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္ႏွင့္ဇနီး၊ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား တက္ေရာက္ၾကသည္။

အခမ္းအနားတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကုိယ္စား ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းက ဂါရ၀ျပဳစကားေျပာၾကားသည္။ ၎ေနာက္ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ေထာင္စု၀န္ႀကီးမ်ားႏွင့္ဇနီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ တက္ေရာက္လာၾကသူမ်ားက တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားကိုယ္စား အၿငိမ္းစားတပ္မေတာ္အရာရွိႀကီးမ်ားအား ျမန္မာ့႐ိုးရာထံုးတမ္းအစဥ္အလာႏွင့္အညီ ႐ိုေသစြာျဖင့္ ဂါရ၀ျပဳကန္ေတာ့ၾကသည္။

ထို႔ေနာက္ ကန္ေတာ့ခံအၿငိမ္းစားတပ္မေတာ္အရာရွိႀကီးမ်ားကုိယ္စား ဒုတိယဗုိလ္ခ်ဳပ္ႀကီး ထြန္းၾကည္(ၿငိမ္း)၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီးေက်ာ္ဘ(ၿငိမ္း)ႏွင့္ ဗုိလ္ခ်ဳပ္ႀကီး သိန္းစိန္(ၿငိမ္း)တုိ႔က ၾသ၀ါဒစကားမ်ားေျပာၾကားၾကသည္။

ယင္းေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသည့္ တပ္မေတာ္အရာရွိႀကီးမ်ားက အၿငိမ္းစားတပ္မေတာ္ အရာရွိႀကီးမ်ားထံ ဂါရ၀ျပဳလက္ေဆာင္ပစၥည္းမ်ားကို ကိုယ္တုိင္ကုိယ္က် ႐ိုေသစြာေပးအပ္ၾကသည္။ ဂါရ၀ျပဳအခမ္းအနားအၿပီးတြင္ အမွတ္တရစုေပါင္း ဓာတ္ပံု႐ိုက္ၾကၿပီး ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ႏွင့္ဇနီး ဦးေဆာင္၍ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ)အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ားက ကန္ေတာ့ခံ တပ္မေတာ္အၿငိမ္းစားအရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ားအား ဂါရ၀ျပဳႏႈတ္ဆက္ခဲ့ၾကသည္။

ထုိ႔အတူ ေန႔လယ္ပုိင္းကလည္း ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီးတုိ႔သည္ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီးျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ႏွင့္ဇနီး တုိ႔ႏွင့္အတူ ဘုရင့္ေနာင္ရိပ္သာတြင္ ေခတၱတည္းခုိေနထုိင္လ်က္ရွိေသာ(၇၄)ႏွစ္ေျမာက္ တပ္မေတာ္ေန႔အခမ္းအနားသုိ႔ တက္ေရာက္လာၾကသည့္ တပ္မေတာ္အၿငိမ္းစားအရာရွိမ်ားထံ သြားေရာက္၍ တစ္ဦးခ်င္းစီ အားလုိက္လံေတြ႕ဆုံၿပီး ခင္မင္ရင္းႏွီးစြာျဖင့္ ဂါရ၀ျပဳႏႈတ္ဆက္ စကားေျပာၾကား၍ လုိအပ္သည္မ်ားကုိ ေမးျမန္းျဖည့္ဆည္းေဆာင္ရြက္ေပးသည္။

ထုိ႔ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)သည္ တပ္မေတာ္ေန႔စစ္ေရးျပအခမ္းအနားသုိ႔တက္ေရာက္ခဲ့သည့္ လြတ္လပ္ေရး ေမာ္ကြန္း၀င္ ပထမအဆင့္၊ ဒုတိယအဆင့္ႏွင့္ တတိယအဆင့္ရရွိသူ စုစုေပါင္း ၂၁ ဦးႏွင့္ ေအာင္ဆန္း သူရိယဘြဲ႕ရရွိခဲ့သူမ်ား၏ မိသားစု၀င္မ်ား၊ ေဆြမ်ိဳးမ်ားအား ဘုရင့္ေနာင္ ရိပ္သာ၌ ဂါရ၀ျပဳေတြ႕ဆုံ၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကိုယ္စား ႏႈတ္ဆက္ဂါရ၀ျပဳ စကားေျပာၾကားၿပီး အားျဖည့္ငွက္သုိက္ရည္ မ်ားႏွင့္ ဂါရ၀ျပဳေငြမ်ားအား တစ္ဦးခ်င္းဂါရ၀ျပဳေပးအပ္၍ ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့သည္။

(Unicode Version)

(၇၄)နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားသို့တက်ရောက်ကြသည့် အငြိမ်းစား တပ်မတော် အရာရှိကြီးများအား တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ဂါရဝပြု ကန်တော့၊ လွတ်လပ်ရေး မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ အောင်ဆန်းသူရိယဘွဲ့တံဆိပ်ရရှိသူများ၏ မိသားစုဝင်များ၊ ဆွေမျိုးများအား တွေ့ဆုံဂုဏ်ပြု

နေပြည်တော်၊ မတ် ၂၇

(၇၄)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော တပ်မတော်တွင် တာဝန် ထမ်းဆောင်ခဲ့သည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက ဂါရဝပြုကန်တော့သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဂါရဝပြုကန်တော့သည့်အခမ်းအနားသို့ အငြိမ်းစားတပ်မတော် အရာရှိကြီး ၃၁ ဦးနှင့် ဇနီး ၁၈ ဦးတို့ကန်တော့ခံတက်ရောက်ကြပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ နှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိကြီးများနှင့် ဇနီးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဂါရဝပြုစကားပြောကြားသည်။ ၎င်းနောက်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တက်ရောက်လာကြသူများက တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများကိုယ်စား အငြိမ်းစားတပ်မတော်အရာရှိကြီးများအား မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနှင့်အညီ ရိုသေစွာဖြင့် ဂါရဝပြုကန်တော့ကြသည်။

ထို့နောက် ကန်တော့ခံအငြိမ်းစားတပ်မတော်အရာရှိကြီးများကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဘ(ငြိမ်း)နှင့် ဗိုလ်ချုပ်ကြီး သိန်းစိန်(ငြိမ်း)တို့က သြဝါဒစကားများပြောကြားကြသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများက အငြိမ်းစားတပ်မတော် အရာရှိကြီးများထံ ဂါရဝပြုလက်ဆောင်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ရိုသေစွာပေးအပ်ကြသည်။ ဂါရဝပြုအခမ်းအနားအပြီးတွင် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်ဇနီး ဦးဆောင်၍ တပ်မတော် (ကြည်း၊ရေ၊လေ)အရာရှိကြီးများနှင့် ဇနီးများက ကန်တော့ခံ တပ်မတော်အငြိမ်းစားအရာရှိကြီးများနှင့် ဇနီးများအား ဂါရဝပြုနှုတ်ဆက်ခဲ့ကြသည်။

ထို့အတူ နေ့လယ်ပိုင်းကလည်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးတို့သည် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့်ဇနီး တို့နှင့်အတူ ဘုရင့်နောင်ရိပ်သာတွင် ခေတ္တတည်းခိုနေထိုင်လျက်ရှိသော(၇၄)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် တပ်မတော်အငြိမ်းစားအရာရှိများထံ သွားရောက်၍ တစ်ဦးချင်းစီ အားလိုက်လံတွေ့ဆုံပြီး ခင်မင်ရင်းနှီးစွာဖြင့် ဂါရဝပြုနှုတ်ဆက် စကားပြောကြား၍ လိုအပ်သည်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)သည် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့တက်ရောက်ခဲ့သည့် လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်ရရှိသူ စုစုပေါင်း ၂၁ ဦးနှင့် အောင်ဆန်း သူရိယဘွဲ့ရရှိခဲ့သူများ၏ မိသားစုဝင်များ၊ ဆွေမျိုးများအား ဘုရင့်နောင် ရိပ်သာ၌ ဂါရဝပြုတွေ့ဆုံ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား နှုတ်ဆက်ဂါရဝပြု စကားပြောကြားပြီး အားဖြည့်ငှက်သိုက်ရည် များနှင့် ဂါရဝပြုငွေများအား တစ်ဦးချင်းဂါရဝပြုပေးအပ်၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။