တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Saurabh Kumar  အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဧၿပီ ၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏုိင္ငံဆုိင္ရာ အိႏၵိယႏုိင္ငံ သံအမတ္ႀကီး H.E. Mr. Saurabh Kumar  အား ယေန႔ မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆံုသည္။

အဆုိပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံဆုိင္ရာ အိႏၵိယႏုိင္ငံ သံအမတ္ႀကီးႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ အိႏၵိယႏုိင္ငံစစ္သံမွဴး Colonel  Naveen Mahajan ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆံုရာတြင္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား လုံၿခဳံေရးႏွင့္ကာကြယ္ေရးဆုိင္ရာမ်ားတြင္ ပူးေပါင္းေဆာင္ရြက္ေနမႈ အေျခအေနမ်ားႏွင့္ ဆက္လက္ျမႇင့္တင္ ေဆာင္ရြက္ႏုိင္မည့္အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ပူးေပါင္းေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ တပ္မေတာ္ ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈပုိမုိ တုိးတက္ခုိင္မာေစေရး အားကစားအဖြဲ႕မ်ား၊ ယဥ္ေက်းမႈအဖြဲ႕မ်ားႏွင့္ အဆင့္အလုိက္ ခ်စ္ၾကည္ေရးအဖြဲ႕မ်ား အျပန္အလွန္ေစလႊတ္ေနမႈအေျခအေနမ်ား၊ ပင္လယ္ေရေၾကာင္း တုိင္းတာေရးအပါအ၀င္ ႏွစ္ႏုိင္ငံေရတပ္မ်ားအၾကား ပူးေပါင္းေဆာင္ရြက္ေနမႈ အေျခအေနမ်ားအား  ရင္းႏွီးပြင့္လင္းစြာ အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Saurabh Kumar  အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဧပြီ ၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Saurabh Kumar  အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး Colonel  Naveen Mahajan နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်မြှင့်တင် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမို တိုးတက်ခိုင်မာစေရေး အားကစားအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များနှင့် အဆင့်အလိုက် ချစ်ကြည်ရေးအဖွဲ့များ အပြန်အလှန်စေလွှတ်နေမှုအခြေအနေများ၊ ပင်လယ်ရေကြောင်း တိုင်းတာရေးအပါအဝင် နှစ်နိုင်ငံရေတပ်များအကြား ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများအား  ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။