တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အန်ရွှမ်းမြို့သို့ရောက်ရှိလေ့လာ၊ အမြန်ရထားစီးနင်းလိုက်ပါပြီး ကွေ့ယန်း မြို့သို့ရောက်ရှိ

ေနျပည္ေတာ္၊ ဧၿပီ ၁၁

တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ဗဟုိစစ္ေကာ္မရွင္အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီးဌာန စစ္ဦးစီးခ်ဳပ္ Gen. Li Zuocheng ၏ဖိတ္ၾကားခ်က္အရ တ႐ုတ္ႏုိင္ငံ၊ ေပက်င္းၿမိဳ႕တြင္ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ ကာကြယ္ ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ႏုိင္ငံဆုိင္ရာျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးသစ္လင္းအုန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး သန္းထြန္းဦးႏွင့္တပ္မေတာ္ အရာရွိႀကီးမ်ား၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ)ဗုိလ္မွဴးခ်ဳပ္ တင့္ဆန္းႏွင့္ တာ၀န္ရွိသူမ်ား လုိက္ပါၿပီး ယေန႔ နံနက္ပုိင္းတြင္ ေပက်င္းၿမိဳ႕ရွိ Nanyuan တပ္မေတာ္ေလဆိပ္ မွထြက္ခြာ ၾကရာ တ႐ုတ္ျပည္သူ႕ လြတ္ေျမာက္ ေရးတပ္မေတာ္ ႏုိင္ငံတကာစစ္ဘက္ပူးေပါင္း ေဆာင္ရြက္ေရး႐ုံး ၫႊန္ၾကားေရးမွဴး Major General Ci Guowei ႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာတပ္မေတာ္ ခ်စ္ၾကည္ေရးကုိယ္စား လွယ္အဖြဲ႕သည္ ေန႔လယ္ပုိင္းတြင္ အန္ရႊမ္းၿမိဳ႕ရွိ Huangshu ေလဆိပ္သုိ႔ေရာက္ရွိၾကရာ ေကြ႕က်ိဳးျပည္နယ္ စစ္ေဒသအႀကီးအကဲႏွင့္ တာ၀န္ရွိသူမ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အန္ရႊမ္းၿမိဳ႕အတြင္း ေမာ္ေတာ္ယာဥ္မ်ားျဖင့္လွည့္လည္ၾကည့္႐ႈေလ့လာၾကၿပီး အန္ရႊမ္းၿမိဳ႕၊ ရထားဘူတာ႐ုံမွ ေကြ႕ယန္းၿမိဳ႕ရွိ ေျမာက္ပုိင္းဘူတာ႐ုံသုိ႔ လွ်ပ္စစ္အျမန္ရထား ျဖင့္လုိ္က္ပါစီးနင္း ေလ့လာၾကသည္။

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေကြ႕ယန္းၿမိဳ႕ ေျမာက္ပုိင္း ဘူတာ႐ုံသုိ႔ ေရာက္ရွိၾကရာ တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္မွ အရာရွိႀကီးမ်ားက ႀကိဳဆုိႏႈတ္ဆက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အန်ရွှမ်းမြို့သို့ရောက်ရှိလေ့လာ၊ အမြန်ရထားစီးနင်းလိုက်ပါပြီး ကွေ့ယန်း မြို့သို့ရောက်ရှိ

နေပြည်တော်၊ ဧပြီ ၁၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့်တပ်မတော် အရာရှိကြီးများ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ် တင့်ဆန်းနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့ နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ Nanyuan တပ်မတော်လေဆိပ် မှထွက်ခွာ ကြရာ တရုတ်ပြည်သူ့ လွတ်မြောက် ရေးတပ်မတော် နိုင်ငံတကာစစ်ဘက်ပူးပေါင်း ဆောင်ရွက်ရေးရုံး ညွှန်ကြားရေးမှူး Major General Ci Guowei နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာတပ်မတော် ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့သည် နေ့လယ်ပိုင်းတွင် အန်ရွှမ်းမြို့ရှိ Huangshu လေဆိပ်သို့ရောက်ရှိကြရာ ကွေ့ကျိုးပြည်နယ် စစ်ဒေသအကြီးအကဲနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အန်ရွှမ်းမြို့အတွင်း မော်တော်ယာဉ်များဖြင့်လှည့်လည်ကြည့်ရှုလေ့လာကြပြီး အန်ရွှမ်းမြို့၊ ရထားဘူတာရုံမှ ကွေ့ယန်းမြို့ရှိ မြောက်ပိုင်းဘူတာရုံသို့ လျှပ်စစ်အမြန်ရထား ဖြင့်လိုက်ပါစီးနင်း လေ့လာကြသည်။

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကွေ့ယန်းမြို့ မြောက်ပိုင်း ဘူတာရုံသို့ ရောက်ရှိကြရာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။