တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် မိသားစုရေသဘင်မဏ္ဍပ်နှင့် ရွှေညောင်တပ်နယ်ရှိ မိသားစု ရေသဘင်မဏ္ဍပ်များသို့ သွားရောက် ကြည့်ရှုအားပေး 

နေပြည်တော်၊ ဧပြီ – ၁၅ 

မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် အကြတ်နေ့ဖြစ်သော ယနေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ရေသဘင်မဏ္ဍပ်နှင့် ရွှေညောင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွှဲနေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် နံနက်ပိုင်းတွင် ရွှေညောင်တပ်နယ်ရှိ မိသားစုရေ ကစားမဏ္ဍပ်သို့ရောက်ရှိကြပြီး ရေသဘင်မဏ္ဍပ်၌ မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှု များနှင့် အရာရှိ၊ စစ်သည် မိသားစုဝင်များ ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွဲနေမှုများအား ကြည့်ရှုအားပေး ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် တပ်နယ်ရှိ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များအား အတာရေများပက်ဖျန်းပေးသည်။ 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် တောင်ကြီးမြို့ရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် မိသားစု ရေသဘင်မဏ္ဍပ်သို့ရောက်ရှိကြပြီး မိသားစု သင်္ကြန်ယိမ်း အကအဖွဲ့များနှင့် ပအိုဝ်းယဉ်ကျေးမှု အဖွဲ့တို့၏သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့သည် တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မိသားစုသင်္ကြန်ယိမ်း အကအဖွဲ့များအား အတာရေများပက်ဖျန်းပေးသည်။ 


(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် မိသားစုရေသဘင်မဏ္ဍပ်နှင့် ရွှေညောင်တပ်နယ်ရှိ မိသားစု ရေသဘင်မဏ္ဍပ်များသို့ သွားရောက် ကြည့်ရှုအားပေး

နေပြည်တော်၊ ဧပြီ – ၁၅

မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် မြန်မာ့ရိုးရာမဟာသြင်္ကန် အကြတ်နေ့ဖြစ်သော ယနေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ရေသဘင်မဏ္ဍပ်နှင့် ရွှေညောင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွှဲနေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် နံနက်ပိုင်းတွင် ရွှေညောင်တပ်နယ်ရှိ မိသားစုရေ ကစားမဏ္ဍပ်သို့ရောက်ရှိကြပြီး ရေသဘင်မဏ္ဍပ်၌ မိသားစုသြင်္ကန်ယိမ်းအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှု များနှင့် အရာရှိ၊ စစ်သည် မိသားစုဝင်များ ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွဲနေမှုများအား ကြည့်ရှုအားပေး ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် တပ်နယ်ရှိ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ မိသားစုသြင်္ကန်ယိမ်းအကအဖွဲ့များအား အတာရေများပက်ဖျန်းပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် တောင်ကြီးမြို့ရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် မိသားစု ရေသဘင်မဏ္ဍပ်သို့ရောက်ရှိကြပြီး မိသားစု သြင်္ကန်ယိမ်း အကအဖွဲ့များနှင့် ပအိုဝ်းယဉ်ကျေးမှု အဖွဲ့တို့၏သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့သည် တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မိသားစုသြင်္ကန်ယိမ်း အကအဖွဲ့များအား အတာရေများပက်ဖျန်းပေးသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် ရေသဘင်မဏ္ဍပ်များ၌ သီဆိုကပြဖျော်ဖြေခဲ့ကြသော ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။