တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Irkutsk Aviation Plant နှင့် Irkutskမြို့ အတွင်းလှည့်လည်ကြည့်ရှုလေ့လာ 

ေနျပည္ေတာ္၊ ဧၿပီ – ၂၂

႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ Irkutsk ၿမိဳ႕တြင္ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔နံနက္ပုိင္းတြင္ Irkutsk Aviation Plant ၌ေလယာဥ္မ်ား ထုတ္လုပ္ေနမႈအေျခအေနမ်ားအား သြားေရာက္ ၾကည့္႐ႈေလ့လာသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ Irkutsk Aviation Plant သုိ႔ေရာက္ရွိၾကရာ အစည္းအေ၀းခန္းမတြင္ Irkutsk Aviation Plant ၫႊန္ၾကားေရးမွဴးခ်ဳပ္ႏွင့္ တာ၀န္ရွိသူမ်ားက ေလယာဥ္မ်ား ထုတ္လုပ္ေနမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလုိသည္မ်ား ေမးျမန္းေဆြးေႏြးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စက္႐ုံအတြင္း ေလယာဥ္မ်ား တပ္ဆင္ထုတ္ လုပ္ေနမႈအေျခအေနမ်ားအားလွည့္လည္ၾကည့္႐ႈၾကရာ ၫႊန္ၾကားေရးမွဴးခ်ဳပ္ႏွင့္ တာ၀န္ရွိသူမ်ားက လုိက္လံရွင္း လင္းတင္ျပၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ Irkutsk ၿမိဳ႕အတြင္းရွိ အထင္ကရ ေနရာမ်ားအား လွည့္လည္ၾကည့္႐ႈေလ့လာၾကၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ကူးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Irkutsk Aviation Plant နှင့် Irkutskမြို့ အတွင်းလှည့်လည်ကြည့်ရှုလေ့လာ

နေပြည်တော်၊ ဧပြီ – ၂၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Irkutsk မြို့တွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် Irkutsk Aviation Plant ၌လေယာဉ်များ ထုတ်လုပ်နေမှုအခြေအနေများအား သွားရောက် ကြည့်ရှုလေ့လာသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Irkutsk Aviation Plant သို့ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် Irkutsk Aviation Plant ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လေယာဉ်များ ထုတ်လုပ်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း လေယာဉ်များ တပ်ဆင်ထုတ် လုပ်နေမှုအခြေအနေများအားလှည့်လည်ကြည့်ရှုကြရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်း လင်းတင်ပြကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Irkutsk မြို့အတွင်းရှိ အထင်ကရ နေရာများအား လှည့်လည်ကြည့်ရှုလေ့လာကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။