တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လွတ်လပ်သောစုံစမ်း စစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ေမ – ၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ လြတ္လပ္ေသာ စံုစမ္းစစ္ေဆးေရး ေကာ္မရွင္(ICOE) ဥကၠ႒ ဖိလစ္ပုိင္သံအမတ္ႀကီးေဟာင္း Ms. Rosario Manalo ဦးေဆာင္ေသာ ကုိယ္စား လွယ္အဖြဲ႕အား ယေန႔ညေနပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မ ေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး လြတ္လပ္ေသာစံုစမ္း စစ္ေဆးေရးေကာ္မရွင္ (ICOE) ဥကၠ႒ Ms. Rosario Manalo ႏွင့္အတူ အဖြဲ႕၀င္မ်ားႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထုိသို႕ေတြ႕ဆံုရာတြင္ ICOE အဖြဲ႕ ဖြဲ႕စည္းေဆာင္ရြက္လ်က္ရွိသည့္အေျခအေနမ်ား ႏွင့္တပ္မေတာ္က အျပဳ သေဘာေဆာင္ပူးေပါင္းကူညီေဆာင္ရြက္လ်က္ရွိသည့္အေျခအေနမ်ား၊ ၂၀၁၇ ခုႏွစ္၊ၾသဂုတ္လ၊ စက္တင္ဘာ လမ်ားတြင္ ျဖစ္ပြားခဲ့သည့္ ARSA ဘဂၤါလီ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ အၾကမ္းဖက္စီးနင္းတုိက္ခိုက္မႈ မ်ားသည္ ႐ုတ္ခ်ည္းျဖစ္ေပၚျခင္းမဟုတ္ဘဲ လတ္တေလာအားျဖင့္ ၂၀၁၂ ခုႏွစ္၊ ၂၀၁၆ ခုႏွစ္တုိ႔တြင္ ျဖစ္ေပၚ ခဲ့သည့္ ေနာက္ခံအေၾကာင္းအရာမ်ားႏွင့္ဆက္စပ္ေနသည့္အေျခအေနမ်ား၊ ႏိုင္ငံတကာမွ စြပ္စဲြခ်က္မ်ား၊ တစ္ဖက္သတ္ေဖာ္ျပခ်က္မ်ားကိုသာ မၾကည့္ဘဲ သက္ေသအေထာက္အထား ခိုင္ခိုင္လုံလုံျဖင့္ အျဖစ္မွန္ေပၚ ေပါက္သည္အထိ စုံစမ္းစစ္ေဆးရန္လိုအပ္သည့္ အေျခအေနမ်ား၊ ယင္းျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ တပ္မေတာ္ က ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအး၀င္း ဦးေဆာင္သည့္ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္း၍ စုံစမ္းစစ္ေဆးခဲ့ၿပီး အျပစ္ရွိ သူမ်ားကို အေရးယူခဲ့သည့္အေျခအေနမ်ား၊ ယင္းစုံစမ္းစစ္ေဆးမႈအျပင္ ေနာက္ထပ္ ျပစ္မႈက်ဴးလြန္သူမ်ား ရွိ၊ မရွိ ထပ္မံ၍စစ္ေဆးေဖာ္ထုတ္အေရးယူႏိုင္ရန္အတြက္ တပ္မေတာ္အက္ဥပေဒႏွင့္အညီ စုံစမ္းစစ္ေဆးေရးခုံ႐ုံး ႏွင့္ ယင္းစုံစမ္းစစ္ေဆးေရးခုံ႐ုံးကို အေထာက္အကူျပဳရန္ ဥပေဒအႀကံေပးအဖြဲ႕ ဖြဲ႕စည္းေဆာင္ရြက္လ်က္ ရွိသည့္အေျခအေနမ်ား၊ စုံစမ္းစစ္ေဆးေရးခုံ႐ုံးက စစ္ေဆးေတြ႕ရွိခ်က္မ်ားအရ ျပစ္မႈက်ဴးလြန္သူမ်ား ရွိပါက လည္း ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူေဆာင္ရြက္မည့္အေျခအေနမ်ား၊ ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္သို႔ ထြက္ေျပးသြားၾကသည္ဆုိေသာ ဘဂၤါလီမ်ားမွာ လူ႔အခြင့္အေရးခ်ဳိးေဖာက္ခံရျခင္းေၾကာင့္မဟုတ္ဘဲ ျမန္မာႏုိင္ငံ တြင္ေနထိုင္ရသည္မွာ အခက္အခဲမရွိေၾကာင္း၊ သို႔ေသာ္ တစ္ဖက္ႏိုင္ငံတြင္ေနထိုင္လွ်င္ ပိုေကာင္း မည္ဟု ယူဆသျဖင့္ ထြက္ခြာသြားၾကျခင္းျဖစ္ေၾကာင္းကို ၎တို႔အား မထြက္ခြာရန္ ျပည္နယ္၀န္ႀကီးခ်ဳပ္၊ ျပည္ေထာင္စု အစုိးရအဖြဲ႕၀န္ႀကီးမ်ား၊ ဌာနဆုိင္ရာႏွင့္လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားက ေျပာဆုိစဥ္ ျပန္လည္ေျပာၾကားၿပီး လူ အင္အားမ်ားစြာသည္ ေအးေအးေဆးေဆးပင္ ထြက္ခြာသြားခဲ့ၾကျခင္း ျဖစ္ေသာ္လည္း တစ္ဖက္ႏိုင္ငံတြင္ ဒုကၡသည္အျဖစ္ ခိုလႈံခြင့္ရရန္ ျမန္မာႏုိင္ငံ၌ ဒုကၡေရာက္သျဖင့္ ထြက္ေျပးၾကရျခင္းျဖစ္သည္ဟု ေျပာဆိုခ်က္ မ်ားအရ ျဖစ္စဥ္အမွန္ကို စဥ္းစားသုံးသပ္ႏုိင္သည့္အေျခအေနမ်ား၊ ျမန္မာႏိုင္ငံအႏွံ႕တြင္ ဗုဒၶဘာသာ ၊ ခရစ္ ယာန္ဘာသာ၊ အစၥလာမ္ဘာသာ ကိုးကြယ္သူမ်ားအားလုံး ယခုအခ်ိန္ထိ ေအးခ်မ္းစြာေနထုိင္ေနၾက သည္ျဖစ္ရာ ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ ျဖစ္ပြားခဲ့ေသာ ျပႆနာသည္ ဘာသာေရးျပႆနာမဟုတ္ဘဲ ေဒသတြင္းေနထုိင္ၾကသူအခ်င္းခ်င္း၏ ပဋိပကၡႏွင့္ တရားမ၀င္လူ၀င္၊ ထြက္မႈေၾကာင့္ျဖစ္ေပၚခဲ့ေသာ ျပႆနာ သာျဖစ္ေၾကာင္း သိရွိႏိုင္သည့္ အေျခအေနမ်ား၊ ICOE မွ သိရွိလုိေသာအခ်က္မ်ား ရရွိႏုိင္ေရး တပ္မေတာ္က ပူးေပါင္း ကူညီေဆာင္ရြက္ေပးသြားမည့္အေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးၾက သည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ လြတ္လပ္ေသာစံုစမ္း စစ္ေဆးေရးေကာ္မရွင္ဥကၠ႒ တို႔သည္ အဖြဲ႕၀င္မ်ားႏွင့္အတူ အမွတ္တရစုေပါင္းဓာတ္ပံု ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လွတ်လပ်သောစုံစမ်း စစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မေ – ၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်(ICOE) ဥက္ကဋ္ဌ ဖိလစ်ပိုင်သံအမတ်ကြီးဟောင်း Ms. Rosario Manalo ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မ တော်အရာရှိကြီးများ တက်ရောက်ကြပြီး လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင် (ICOE) ဥက္ကဋ္ဌ Ms. Rosario Manalo နှင့်အတူ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ICOE အဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများ နှင့်တပ်မတော်က အပြု သဘောဆောင်ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ၂၀၁၇ ခုနှစ်၊သြဂုတ်လ၊ စက်တင်ဘာ လများတွင် ဖြစ်ပွားခဲ့သည့် ARSA ဘင်္ဂါလီ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်စီးနင်းတိုက်ခိုက်မှု များသည် ရုတ်ချည်းဖြစ်ပေါ်ခြင်းမဟုတ်ဘဲ လတ်တလောအားဖြင့် ၂၀၁၂ ခုနှစ်၊ ၂၀၁၆ ခုနှစ်တို့တွင် ဖြစ်ပေါ် ခဲ့သည့် နောက်ခံအကြောင်းအရာများနှင့်ဆက်စပ်နေသည့်အခြေအနေများ၊ နိုင်ငံတကာမှ စွပ်စွဲချက်များ၊ တစ်ဖက်သတ်ဖော်ပြချက်များကိုသာ မကြည့်ဘဲ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံဖြင့် အဖြစ်မှန်ပေါ် ပေါက်သည်အထိ စုံစမ်းစစ်ဆေးရန်လိုအပ်သည့် အခြေအနေများ၊ ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော် က ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးခဲ့ပြီး အပြစ်ရှိ သူများကို အရေးယူခဲ့သည့်အခြေအနေများ၊ ယင်းစုံစမ်းစစ်ဆေးမှုအပြင် နောက်ထပ် ပြစ်မှုကျူးလွန်သူများ ရှိ၊ မရှိ ထပ်မံ၍စစ်ဆေးဖော်ထုတ်အရေးယူနိုင်ရန်အတွက် တပ်မတော်အက်ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရေးခုံရုံး နှင့် ယင်းစုံစမ်းစစ်ဆေးရေးခုံရုံးကို အထောက်အကူပြုရန် ဥပဒေအကြံပေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက် ရှိသည့်အခြေအနေများ၊ စုံစမ်းစစ်ဆေးရေးခုံရုံးက စစ်ဆေးတွေ့ရှိချက်များအရ ပြစ်မှုကျူးလွန်သူများ ရှိပါက လည်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်မည့်အခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားကြသည်ဆိုသော ဘင်္ဂါလီများမှာ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းကြောင့်မဟုတ်ဘဲ မြန်မာနိုင်ငံ တွင်နေထိုင်ရသည်မှာ အခက်အခဲမရှိကြောင်း၊ သို့သော် တစ်ဖက်နိုင်ငံတွင်နေထိုင်လျှင် ပိုကောင်း မည်ဟု ယူဆသဖြင့် ထွက်ခွာသွားကြခြင်းဖြစ်ကြောင်းကို ၎င်းတို့အား မထွက်ခွာရန် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြောဆိုစဉ် ပြန်လည်ပြောကြားပြီး လူ အင်အားများစွာသည် အေးအေးဆေးဆေးပင် ထွက်ခွာသွားခဲ့ကြခြင်း ဖြစ်သော်လည်း တစ်ဖက်နိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရရန် မြန်မာနိုင်ငံ၌ ဒုက္ခရောက်သဖြင့် ထွက်ပြေးကြရခြင်းဖြစ်သည်ဟု ပြောဆိုချက် များအရ ဖြစ်စဉ်အမှန်ကို စဉ်းစားသုံးသပ်နိုင်သည့်အခြေအနေများ၊ မြန်မာနိုင်ငံအနှံ့တွင် ဗုဒ္ဓဘာသာ ၊ ခရစ် ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ ကိုးကွယ်သူများအားလုံး ယခုအချိန်ထိ အေးချမ်းစွာနေထိုင်နေကြ သည်ဖြစ်ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပြဿနာသည် ဘာသာရေးပြဿနာမဟုတ်ဘဲ ဒေသတွင်းနေထိုင်ကြသူအချင်းချင်း၏ ပဋိပက္ခနှင့် တရားမဝင်လူဝင်၊ ထွက်မှုကြောင့်ဖြစ်ပေါ်ခဲ့သော ပြဿနာ သာဖြစ်ကြောင်း သိရှိနိုင်သည့် အခြေအနေများ၊ ICOE မှ သိရှိလိုသောအချက်များ ရရှိနိုင်ရေး တပ်မတော်က ပူးပေါင်း ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ တို့သည် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။