တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံ၊ ကာကွယ်ရေးအတွင်းဝန် H.E. Mr. Sanjay Mitra အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ေမ – ၁၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ အိႏၵိယႏုိင္ငံ၊ ကာကြယ္ေရး အတြင္း၀န္ H.E. Mr. Sanjay Mitra အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး အိႏၵိယႏုိင္ငံ၊ ကာကြယ္ေရး အတြင္း၀န္ႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ အိႏၵိယႏုိင္ငံသံအမတ္ႀကီး H.E. Mr. Saurabh Kumar ၊ အိႏၵိယ တပ္မေတာ္အရာရွိႀကီးမ်ား၊ အိႏၵိယစစ္သံမွဴးႏွင့္ အိႏၵိယႏုိင္ငံကာကြယ္ေရး၀န္ႀကီးဌာနမွတာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ျမန္မာ-အိႏၵိယႏွစ္ႏုိင္ငံသည္ အိမ္နီးခ်င္းေကာင္းႏုိင္ငံမ်ား ျဖစ္ၿပီး ႏွစ္ႏုိင္ငံႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္ရြက္မႈ မ်ားတုိးတက္ေကာင္းမြန္လ်က္ရွိသည့္ အေျခအေနမ်ား၊ ယခင္ကႏွစ္ႏုိင္ငံေခါင္းေဆာင္မ်ား သေဘာတူညီခ်က္ျဖစ္သည့္ ၿငိမ္းခ်မ္းစြာအတူ ယွဥ္တြဲေနထုိင္ေရးမူႀကီး(၅)ရပ္ႏွင့္အညီ ရပ္တည္ေဆာင္ရြက္လ်က္ရွိသည့္အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံနယ္ စပ္ေဒသလုံၿခဳံေရး၊ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ပူးေပါင္းေဆာင္ရြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား သက္ဆုိင္ရာ(ၾကည္း၊ေရ၊ေလ) က႑မ်ားအလိုက္ ပူးေပါင္း ေဆာင္ရြက္လ်က္ရွိသည့္အေျခအေနမ်ားႏွင့္ ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္လည္ပတ္ေရးဆုိင္ရာ ကိစၥရပ္မ်ားအား အျပန္အလွန္ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံ၊ ကာကွယ်ရေးအတွင်းဝန် H.E. Mr. Sanjay Mitra အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မေ – ၁၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံ၊ ကာကွယ်ရေး အတွင်းဝန် H.E. Mr. Sanjay Mitra အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ၊ ကာကွယ်ရေး အတွင်းဝန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Saurabh Kumar ၊ အိန္ဒိယ တပ်မတော်အရာရှိကြီးများ၊ အိန္ဒိယစစ်သံမှူးနှင့် အိန္ဒိယနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်ပြီး နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များတိုးတက်ကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ ယခင်ကနှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီချက်ဖြစ်သည့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ ရပ်တည်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ နှစ်နိုင်ငံနယ် စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား သက်ဆိုင်ရာ(ကြည်း၊ရေ၊လေ) ကဏ္ဍများအလိုက် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။