မိမိတို့ဘဝတိုးတက်မှုကိုရှာဖွေရင်းတစ်ဖက်တစ်လမ်းမှလည်း နိုင်ငံတော်အတွက် ကျေးဇူးဆပ်နိုင် အောင်ကြိုးစား၊ ဒီနိုင်ငံမှာမွေးဒီနိုင်ငံမှာ ကြီးပြင်းခဲ့သူများဖြစ်သဖြင့် နိုင်ငံကြီးသားကောင်းတစ်ယောက် ပီသသည်ကို သက်သေပြကြရမည်ဖြစ်

ေနျပည္ေတာ္ ၊  ေမ- ၁၉

မိမိတုိ႔ဘ၀တုိးတက္မႈကုိရွာေဖြရင္းတစ္ဖက္တစ္လမ္းမွလည္း ႏုိင္ငံေတာ္အတြက္ ေက်းဇူးဆပ္ႏုိင္ ေအာင္ ႀကိဳးစားသြားၾကရန္လုိေၾကာင္း၊ ဒီႏုိင္ငံမွာေမြး ဒီႏုိင္ငံမွာႀကီးျပင္းခဲ့သူမ်ားျဖစ္သျဖင့္ ႏုိင္ငံႀကီးသားေကာင္းတစ္ ေယာက္ပီသသည္ကုိ သက္ေသျပၾကရမည္ျဖစ္ေၾကာင္း၊ ထုိသုိ႔သက္ေသျပၾကရာတြင္ အပ်က္သေဘာမပါသည့္ အျပဳသေဘာမ်ားကုိ ရင္၀ယ္ပုိက္ၿပီး ေဆာင္ရြက္သြားၾကရန္လုိအပ္ေၾကာင္း၊ မိမိတုိ႔ႏုိင္ငံပ်က္စီး ၿပိဳကြဲရန္ လႈံ႕ေဆာ္ေသြးထုိးသူမ်ား၏ အယုံသြင္းျခင္းမခံရေစရန္အတြက္ အထူးဂ႐ုျပဳေနထုိင္သြားၾက ရမည္ျဖစ္ေၾကာင္း၊ သပ္လွ်ိဳေသြးခဲြသူမ်ားက အမိျမန္မာႏုိင္ငံေတာ္ႀကီး ၿပိဳကြဲပ်က္စီးေစ ဘုိ႔အတြက္ ေခတ္အဆက္ဆက္ တြင္ႀကိဳးစားေနခဲ့ၾကေၾကာင္း၊ မိမိတုိ႔ႏုိင္ငံအထဲက လူငယ္ လူရြယ္မ်ားကုိ မဟုတ္မွန္စကားလုံးမ်ားႏွင့္ စည္းလုံးညီၫြတ္မႈပ်က္ျပားေစရန္ သတင္းမီဒီယာမ်ားႏွင့္ လူမႈကြန္ရက္မ်ားမွတစ္ဆင့္ ၀ါဒျဖန္႔ေဆာင္ရြက္ ေနသည္ကုိေတြ႕ရလ်က္ရွိေၾကာင္း၊ ထုိ႔အျပင္ မူူးယစ္ေဆး၀ါးကုိလက္နက္တစ္ခုကဲ့သုိ႔ အသုံးခ်ၿပီး လူငယ္လူရြယ္မ်ားကုိ ဖ်က္ဆီးေနျခင္းျဖစ္သျဖင့္ ေမာင္မယ္တုိ႔အေနျဖင့္ သတိတရားကုိႏွလုံးသြင္းၿပီး အသိတရားရွိရွိ တြန္းလွန္ၾကရန္လုိေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္၌ က်င္းပျပဳလုပ္ေသာ ေရေၾကာင္း ႏွင့္ေလေၾကာင္း လူငယ္ေမာင္မယ္မ်ားအား ဂုဏ္ျပဳေတြ႕ဆံုပြဲ အခမ္းအနားတြင္ အမွာစကားေျပာ ၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

အဆုိပါအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္ ဇနီး၊ ျပည္ထဲေရး ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ႏွင့္ဇနီး၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးႏွင့္ဇနီး၊ နယ္စပ္ေရးရာ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးႏွင့္ဇနီး၊ ၫႇိႏိႈင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ေရေၾကာင္းႏွင့္ေလေၾကာင္း လူငယ္သင္တန္းမ်ားမွ သင္တန္းသား ေက်ာင္းသား၊ ေက်ာင္းသူ လူငယ္ေမာင္မယ္မ်ားႏွင့္ အုပ္ခ်ဳပ္သူ၊ နည္းျပမ်ားတက္ ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳအမွာစကားေျပာၾကားရာတြင္  ယခုကဲ့သုိ႔ ေရေၾကာင္းလူငယ္ႏွင့္ ေလေၾကာင္းလူငယ္သင္တန္းမ်ားကုိ ဖြင့္လွစ္ေပးျခင္း သည္ မ်ိဳးဆက္သစ္လူငယ္မ်ားအတြက္ “မ်ိဳးခ်စ္စိတ္ဓာတ္ရွင္သန္ထက္ျမက္ေရး၊ အေတြးအေခၚမွန္ကန္ေစေရးႏွင့္ ဗလငါးတန္ဖြံ႕ၿဖိဳးတုိးတက္ေရး” တုိ႔အတြက္ရည္ရြယ္ ဖြင့္လွစ္ေပးျခင္းျဖစ္ေၾကာင္း၊ စတင္ဖြင့္လွစ္သည့္အခ်ိန္မွစၿပီး ယေန႔အထိတစ္ႏွစ္ထက္ တစ္ႏွစ္ တုိးတက္မ်ားျပားစြာတက္ေရာက္လာျခင္းေၾကာင့္ တပ္မေတာ္အေနျဖင့္ ျမန္မာ ႏုိင္ငံ၏အနာဂတ္ကုိ တာ၀န္ယူၾကရမည့္ လူငယ္လူရြယ္မ်ားအတြက္ ေျမေတာင္ေျမႇာက္ ေပးခြင့္ရရွိခဲ့ျခင္းအေပၚ မ်ားစြာ၀မ္းသာ ပီတိျဖစ္ရေၾကာင္း၊ ေမာင္မယ္တုိ႔အေနျဖင့္ ရွည္လ်ားလွသည့္ လူ႕ေလာကခရီးကုိ ဆက္လက္ ေလွ်ာက္လွမ္းရဦးမည့္ လူငယ္မ်ားလည္း ျဖစ္ၿပီး ထုိသုိ႔ေလွ်ာက္လွမ္းေနခ်ိန္တြင္ မိမိတုိင္းျပည္ႏွင့္လူမ်ိဳးအတြက္ က်ရာတာ၀န္ မ်ားကုိ သက္ဆုိင္ရာအခန္းက႑အသီးသီးမွ ထမ္းေဆာင္ရဦးမည့္လူငယ္မ်ားလည္းျဖစ္ ေၾကာင္း၊ မလြဲမေသြရင္ဆုိင္ႀကဳံေတြ႕လာရမည့္အေျခအေနအရပ္ရပ္အေပၚတြင္ မွန္ကန္ သည့္အသိအျမင္မ်ားႏွင့္ ရင္ဆုိင္ ေျဖရွင္းသြားၾကရန္လည္းလုိအပ္ေၾကာင္း၊ ခုခ်က္ခ်င္း ေရတြင္းတူး ခုခ်က္ခ်င္းေရၾကည္ေသာက္၍မရသကဲ့သုိ႔ ေမာင္မယ္တုိ႔သည္လည္း ငယ္ရြယ္စဥ္ကတည္းကသိသင့္တတ္သင့္သည့္ပညာရပ္မ်ားကုိ အေျခခံက်က်အပတ္ တကုတ္ဆည္းပူးေလ့လာသြားရမည္ျဖစ္ေၾကာင္း၊ ငယ္ရြယ္စဥ္ကာလဆုိသည္မွာ ကာယအား၊ ဉာဏ အား တုိ႔ႀကံ့ခုိင္ေနခ်ိန္ျဖစ္သျဖင့္ အေကာင္းဆုံးအသုံးခ်သြားရန္လုိအပ္ ေၾကာင္း။

ယခုဆုိလွ်င္ ေမာင္မယ္တုိ႔သည္ ေႏြရာသီေက်ာင္းပိတ္ရက္မ်ားကုိ အေကာင္းဆုံး အသုံးခ်ခဲ့ၾကၿပီး ႏုိင္ငံေတာ္ကာကြယ္ေရးႏွင့္ ဖြံ႕ၿဖိဳးတုိးတက္ေရးကုိအေထာက္အကူျဖစ္ ေစမည့္ အဖုိးတန္သည့္ပညာရပ္မ်ားကုိ သင္ယူခဲ့ၾကၿပီးလည္းျဖစ္ေၾကာင္း၊ အခ်ိန္ကုိ အက်ိဳးရွိရွိ အသုံးခ်ခဲ့ၾကၿပီး တစ္လတာသင္တန္း ကာလအတြင္းတြင္ ခႏၶာကုိယ္ပုိင္း ဆုိင္ရာ၊ စိတ္ပုိင္းဆုိင္ရာမ်ား ရင့္က်က္လာခဲ့ၾကသည္ကုိ ေတြ႕ျမင္ရမည့္ ေမာင္မယ္တုိ႔၏ မိဘမ်ားအေနျဖင့္ မ်ားစြာအံ့ၾသ၀မ္းသာျဖစ္ၾကမည္ျဖစ္ေၾကာင္း၊ သင္ၾကားခြင့္ရခဲ့သည့္ ေရေၾကာင္းေလေၾကာင္း ပညာသမုိင္း၊ ေရယာဥ္ေလယာဥ္ကုိယ္ထည္တည္ေဆာက္မႈ၊ အင္ဂ်င္ပုိင္းႏွင့္ ပုံစံငယ္ တည္ေဆာက္မႈ အစရွိသည့္ပညာရပ္မ်ားကုိ အေျခခံအေနျဖင့္ သင္ၾကားခဲ့ၾကၿပီးျဖစ္ေၾကာင္း၊ ေရေၾကာင္း ေလေၾကာင္း ပညာရပ္မ်ားဆုိသည္မွာ ခက္ခဲနက္နဲသကဲ့သုိ႔ က်ယ္က်ယ္ျပန္႔ျပန္႔လည္းရွိလွေၾကာင္း၊ ဇြဲ၊ သတၱိ၊ လုံ႔လမ်ားရွိရန္ လုိအပ္သည့္အျပင္ ဘာသာရပ္မ်ားအေပၚတြင္ ႏွံ႕စပ္ကြၽမ္းက်င္ေနရန္လည္းလုိအပ္ ေၾကာင္း၊ ယေန႔အခ်ိန္အခါတြင္ ေရေၾကာင္းေလေၾကာင္းပညာရပ္မ်ားႏွင့္ ကမၻာကုိ လႊမ္းမုိးလာရန္ႀကိဳးစား ေနခ်ိန္ျဖစ္ သျဖင့္ ယခုကဲ့သုိ႔သင္တန္းမ်ားတက္ေရာက္ခြင့္ရျခင္း သည္လည္း ေမာင္မယ္တုိ႔အတြက္ေကာင္းမြန္သည့္ အခြင့္အေရးမ်ားရရွိခဲ့ျခင္း ျဖစ္ေၾကာင္း၊ တန္းျမင့္သင္တန္းမ်ားတြင္ စက္ကိရိယာအစိတ္အပုိင္းမ်ားေလ့လာျခင္း၊ ေဆးပညာ၊ ေရဒီယုိေရဒါဘာသာရပ္၊ သီးျခားသက္ဆုိင္ရာဘာသာရပ္မ်ားအျပင္ ေရယာဥ္ေလယာဥ္မ်ား လက္ေတြ႕ေမာင္းႏွင္ျခင္း၊ စီးနင္းေလ့လာျခင္းမ်ားကုိ သင္ၾကားေလ့က်င့္ခဲ့ၾကၿပီးျဖစ္ေၾကာင္း၊ တက္ေရာက္ ခဲ့သည့္ သင္တန္းအသီးသီးမွေန၍ စက္မႈလက္မႈဆုိင္ရာ႐ုပ္၀တၳဳမ်ား၊ ပ်ံသန္းေရးဆုိင္ရာပညာရပ္မ်ား၊ ထူးျခားဆန္းက်ယ္ လွသည့္ ေရေၾကာင္းေလေၾကာင္းပညာရပ္မ်ားအျပင္ ေခတ္အဆက္ဆက္မွ တပ္မေတာ္(ေရ)၊ တပ္မေတာ္(ေလ)တုိ႔၏သမုိင္းေၾကာင္းမ်ားကုိလည္း သိရွိခဲ့ၾကလိမ့္မည္ ဟုယုံၾကည္ေၾကာင္း။

မၾကာေသးခင္ကျဖစ္ပြားခဲ့သည့္ ျမန္မာအမ်ိဳးသားေလေၾကာင္း (MNA) ျပည္တြင္း ေလ ေၾကာင္းလုိင္းက ေလယာဥ္ တစ္စင္းသည္ Nose Landing Gear မက်ဘဲ ေျမျပင္သုိ႔ ဆင္းသက္ရန္အခက္အခဲျဖစ္ခဲ့ေသာ္လည္း ေလယာဥ္မွဴးႀကီး ဦးျမတ္မုိးေအာင္ႏွင့္ ေလယာဥ္အမႈထမ္းမ်ား၏စြမ္းေဆာင္ရည္ေၾကာင့္ ခရီးသည္မ်ား ေဘးအႏၲရာယ္ကင္းရွင္းစြာ ဆင္းဆက္ႏုိင္ခဲ့ေၾကာင္း၊ အဆုိပါျဖစ္စဥ္တြင္ လူတစ္ဦးခ်င္းစီႏွင့္ အဖြဲ႕လုိက္၏ မွန္ကန္သည့္ဆုံးျဖတ္ခ်က္၊ စြမ္းရည္သတၱိႏွင့္ေလ့က်င့္မႈကုိအေျခခံသည့္ ကြၽမ္းက်င္မႈမ်ား သည္လည္း အမ်ား အတြက္ေကာင္းက်ိဳးေဆာင္ႏုိင္သည္ဆုိသည့္ သာဓကပင္ျဖစ္ေၾကာင္း၊ အလားတူေရယာဥ္မွဴးမ်ားႏွင့္ ေရယာဥ္ အဖြဲ႕၀င္မ်ား၏ ကုိယ္က်ိဳးစြန္႔အနစ္နာခံသည့္ စိတ္ထားႏွင့္လုပ္ရပ္မ်ားစြာကုိလည္း သာဓကမ်ားစြာေတြ႕ ရွိႏုိင္မည္ျဖစ္ေၾကာင္း။

ႏုိင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ အေျခခံအက်ဆုံးမွာ ပညာေရးပင္ျဖစ္ေၾကာင္း၊  ပညာအရည္ အေသြးျမင့္မားသည့္ ႏုိင္ငံသားမ်ားရွိမွသာ ႏုိင္ငံတစ္ႏုိင္ငံတုိးတက္မည္ ဆုိသည္ကုိ ေမာင္မယ္တုိ႔ သိေစလိုေၾကာင္း၊ စက္မႈႏုိင္ငံမ်ား၊ နည္းပညာႏွင့္စီးပြားေရး ဖြံ႕ၿဖိဳးၿပီးႏုိင္ငံမ်ားကုိၾကည့္ပါက ပညာတတ္ စာတတ္ပုဂၢိဳလ္မ်ားေပါမ်ားၿပီး ေလ့လာမႈျပည့္ စုံသည့္အတြက္ လုပ္ကုိင္ႏိုင္မႈစြမ္းရည္ျမင့္မားသည္ကုိ ေတြ႕ရ မည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ အေနျဖင့္လည္း ႏုိင္ငံေတာ္အတြက္က်ရာတာ၀န္မ်ားကုိ ထမ္းေဆာင္သည့္ အခါတြင္ ေကာင္းမြန္သည့္လူသားအရင္းအျမစ္မ်ားႏွင့္ မ်ိဳးခ်စ္စိတ္ရွိသည့္ လူငယ္လူရြယ္မ်ားတုိးပြား လာေစရန္တစ္တပ္တစ္အား ပါ၀င္လုပ္ေဆာင္လ်က္ရွိေၾကာင္း၊ “ပညာျမင့္မွ လူမ်ိဳးတင့္မည္”  ဆုိသည့္ ေဆာင္ပုဒ္သည္ေခတ္ကာလအဆက္ဆက္ မွန္ကန္ေနမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္တပ္မေတာ္အေနျဖင့္ ႏုိင္ငံေတာ္အတြက္အေရးႀကီးဆုံးျဖစ္သည့္ ပညာေရးကုိ လည္းႀကိဳးစားအေကာင္အထည္ေဖာ္ ေဆာင္ရြက္ လ်က္ရွိေၾကာင္း၊ အနာဂတ္မ်ိဳးဆက္သစ္ လူငယ္မ်ား အမိျမန္မာႏုိင္ငံေတာ္ကုိခ်စ္ျမတ္ႏုိးစိတ္၊ ကာကြယ္လုိစိတ္၊ ဇာတိေသြး၊ ဇာတိမာန္ထက္သန္သည့္စိတ္ႏွင့္ မွန္ကန္သည့္အမ်ိဳးသားေရးအျမင္မ်ားရွိရန္ ေရေၾကာင္း လူငယ္အေျခခံသင္တန္း၊ ေလေၾကာင္းလူငယ္အေျခခံသင္တန္း၊ တကၠသိုလ္ေလ့က်င့္ ေရးသင္တန္းမ်ားကုိ ႏွစ္စဥ္ဖြင့္လွစ္သင္ၾကားေပးခဲ့ေၾကာင္း၊ စတင္ဖြင့္လွစ္ခဲ့သည့္အခ်ိန္ မွစ၍ယေန႔အခ်ိန္အထိ ေရေၾကာင္း လူငယ္အေျခခံႏွင့္ တန္းျမင့္သင္တန္းသား ၄၂၂၀ ဦး၊ ေလေၾကာင္းလူငယ္အေျခခံႏွင့္တန္းျမင့္သင္တန္းသား ၆၇၇၅ ဦးတုိ႔အား ေလ့က်င့္သင္ၾကားေပးႏုိင္ခဲ့ေၾကာင္း၊ အဆိုပါသင္တန္းမ်ားကုိ လမ္းစဥ္ပါတီအစုိးရ လက္ထက္က  စၿပီး ဖြင့္လွစ္ခဲ့ရာမွာ သင္တန္းတက္ခဲ့ၾကသူမ်ားထဲမွ ယခုစစ္ဦးစီးအရာရွိ ခ်ဳပ္(ေလ)၊ ကာကြယ္ေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီးအပါအ၀င္ အရာရွိႀကီး ၁၀ ဦး၊ အရာရွိငယ္ ၆ ဦးတာ၀န္ ထမ္းေဆာင္ဆဲရွိၿပီး တပ္မေတာ္ေက်ာင္းအသီးသီးတြင္လည္း ေရေၾကာင္း လူငယ္သင္တန္းၿပီးသူ ၁၄ ဦး၊ ေလေၾကာင္းလူငယ္သင္တန္းၿပီးသူ ၂၃ ဦး ပညာသင္ၾကားေနေၾကာင္း၊ ႏုိင္ငံတစ္ႏုိင္ငံဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ သဘာ၀သယံဇာတ ေပါၾကြယ္၀မႈကုိသာ အားကုိး၍မရဘဲ ရွိၿပီးသားသယံဇာတမ်ားကုိအသုံးခ်ႏုိင္သည့္ လူသားအရင္းအျမစ္ႏွင့္ နည္းပညာမ်ားလည္းရွိရန္လုိအပ္ေၾကာင္း၊ လူသားအရင္းအျမစ္ ဆုိသည္မွာ အသိပညာ၊ အတတ္ပညာႏွင့္ က်န္းမာသန္စြမ္းမႈပင္ျဖစ္ေၾကာင္း၊ က်န္းမာသန္စြမ္းမႈမရွိလွ်င္ အသိပညာ အတတ္ပညာမ်ားကုိ ဆည္းပူးေလ့လာႏုိင္ရန္ ခက္ခဲမည္ ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ အနာဂတ္ႏုိင္ငံေတာ္ကုိ ထုဆစ္ပုံေဖာ္ၾကမည့္ ယေန႔ေမာင္မယ္တုိ႔သည္ အသိပညာ၊ အတတ္ပညာမ်ားကုိဆည္းပူး ေလ့လာ ႐ုံမွ်မဟုတ္ဘဲ က်န္းမာေအာင္ ေန၊ သန္စြမ္းေအာင္ေလ့က်င့္၊ အာဟာရရွိေအာင္ စားေသာက္ရန္လုိသကဲ့သုိ႔ ကုိယ္ကာယ ႀကံ႕ခုိင္မႈရွိေအာင္အားကစားေလ့က်င့္မႈမ်ားလည္းျပဳလုပ္ၾကရမည္ျဖစ္ေၾကာင္း။

ယေန႔ေခတ္လူငယ္မ်ားသည္ စူးစမ္းလုိစိတ္ ျပင္းထန္လုိသူမ်ားျဖစ္ၾကေၾကာင္း၊ အဆုိပါစိတ္မ်ားကုိ ေကာင္းမြန္သည့္ဘက္တြင္ အသုံးခ်ၿပီး မိမိဘ၀တုိးတက္ရန္၊ မိသားစု ဘ၀တုိးတက္ရန္၊ မိမိႏုိင္ငံေတာ္ တိုးတက္ရန္ဆုိသည့္ေနရာမ်ားတြင္ ထိထိေရာက္ေရာက္ အသုံးခ်သြားရန္လုိအပ္ေၾကာင္း၊ “စာအုပ္စာေပ လူ႕မိတ္ေဆြ”ဟု တင္စားခဲ့သည့္အတုိင္း စဥ္းစားခ်င့္ခ်ိန္ႏုိင္ေသာပညာမ်ားသည္ စာအုပ္စာေပမ်ားထဲမွရရွိသည့္ အဖုိးတန္ရတနာ မ်ားပင္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္မိမိဘ၀ကုိ ေကာင္းမြန္ေအာင္ ထိန္းေက်ာင္းႏုိင္ရန္အတြက္ စာေကာင္းေပမြန္မ်ားကုိ ဖတ္႐ႈေလ့လာ သြားၾကရန္တုိက္တြန္းလုိေၾကာင္း၊ စာေပမွရသည့္ အသိပညာမ်ားႏွင့္ ေက်ာင္းသင္ခန္းစာမ်ားမွရသည့္ အတတ္ပညာမ်ားကုိ အခ်ိဳးက်က် ေပါင္းစပ္အသုံးခ်တတ္လွ်င္ မ်ားစြာေသာ အက်ိဳးခံစားခြင့္မ်ားကုိ ရရွိေစမည္ျဖစ္ေၾကာင္း၊ ယေန႔ကမၻာ့ႏုိင္ငံတစ္ခ်ိဳ႕တြင္ ႏုိင္ငံေတာ္၏အေရးႀကီးေသာ ႏုိင္ငံေရး၊ စီးပြားေရး၊ လူမႈေရး အစရွိသည့္က႑အသီးသီးတြင္ မ်ားစြာေသာလူငယ္၊ လူရြယ္မ်ား ပါ၀င္လာသည္ကုိ ေတြ႕ၾကရမည္ျဖစ္သျဖင့္ လူငယ္မ်ား၏ ႀကိဳးစားမႈကုိအသိအမွတ္ျပဳသည့္ သေဘာလည္း ျဖစ္သကဲ့သုိ႔ ႏုိင္ငံတစ္ႏုိင္ငံဖြံ႕ၿဖိဳးတုိးတက္မႈအရွိန္အဟုန္ျမင့္ေစရန္အတြက္ အေျခအေန ေကာင္းတစ္ရပ္ ပင္ျဖစ္ေၾကာင္း၊ ေမာင္တုိ႔မယ္တုိ႔သည္ မိသားစုအလႊာအသီးသီးကႀကီးျပင္း လာသည္ျဖစ္ပါေစ စည္းကမ္းရွိမႈ၊ ႐ုိးသားမႈ၊ ႀကိဳးစားမႈႏွင့္ ဇြဲ၊ လုံ႕လ၊ ၀ီရိယ ရွိမႈတုိ႕ကုိသာ အေဖာ္အမြန္ေကာင္းအျဖစ္ဖက္တြယ္ထားမည္ဆုိပါက တစ္ေန႔တြင္ႏုိင္ငံေတာ္အတြက္ မလြဲမေသြအားထားရမည့္သူမ်ား ျဖစ္လာၾကမည္ပင္ျဖစ္ေၾကာင္း၊ တစ္ေန႔ေန႔ တြင္ အမိျမန္မာႏုိင္ငံေတာ္၏အေရးႀကီးသည့္ တာ၀န္မ်ားကုိထမ္းေဆာင္ၾကမည့္ ေမာင္တုိ႔ မယ္တုိ႔ကုိ ေျပာၾကားလုိသည္မွာ ႏုိင္ငံေတာ္ႏွင့္လူမ်ိဳးအတြက္ မည္သည့္ကိစၥကုိလုပ္လုပ္ ေစတနာ ထားၿပီးလုပ္ေဆာင္ မည္ဆုိသည့္ စိတ္ကုိေမြးျမဴၾကရန္လုိေၾကာင္း၊ ေႏြရာသီ ေက်ာင္းပိတ္ရက္ကာလအတြင္း မ်ိဳးဆက္သစ္လူငယ္ ေမာင္မယ္မ်ား အသိပညာဖြံ႕ၿဖိဳး တုိးတက္ေစရန္၊ အားလပ္ရက္မ်ားအက်ိဳးရွိေစရန္၊ မိမိ၀ါသနာပါသည့္ ပညာရပ္မ်ားကုိ ေလ့လာဆည္းပူးႏုိင္ရန္ႏွင့္ ႏုိင္ငံေတာ္အတြက္ ေရေၾကာင္းပညာ၊ ေလေၾကာင္းပညာ ကြၽမ္းက်င္သည့္ အနာဂတ္မ်ိဳးဆက္သစ္ လူငယ္မ်ားေပၚထြန္းေစရန္ ရည္ရြယ္ဖြင့္လွစ္ေပး ခဲ့သည့္ သင္တန္းမ်ားမွေန၍ စည္းလုံးညီၫြတ္မႈစိတ္ဓာတ္မ်ားကုိ ဆက္လက္ေမြးျမဴၾကၿပီး ဘ၀လမ္းကုိ ဆက္လက္ေလွ်ာက္လွမ္းၾကရန္၊ ကုိယ္စြမ္းဉာဏ္စြမ္းရွိသေရြ႕ အပတ္တကုတ္ ႀကိဳးစားၿပီး တုိင္းျပည္ တည္ေဆာက္ေရးလုပ္ငန္းမ်ားတြင္ အားတက္သေရာပါ၀င္ ေဆာင္ရြက္ၾကရန္၊ ဘယ္သူတရားပ်က္ပ်က္ ကုိယ္မပ်က္သည့္စိတ္မ်ားျဖင့္ တုိင္းျပည္ႏွင့္ လူမ်ိဳးအတြက္ မွန္ကန္ေသာယုံၾကည္ခ်က္၊ ခံယူခ်က္မ်ားႏွင့္ ျပည္ေထာင္စုစိတ္ဓာတ္ကုိ ႏွလုံးသြင္းၿပီး ဆက္လက္ႀကိဳးစားၾကရန္၊ ေနာင္တစ္ခ်ိန္တြင္ ပုိမုိတုိးတက္ ေကာင္းမြန္သည့္ အနာဂတ္ႏုိင္ငံေတာ္သစ္ကုိ ထူေထာင္ႏုိင္စြမ္းရွိေသာ ေမာင္မယ္မ်ားျဖစ္ေအာင္ ႀကိဳးစားၾကရန္မွာၾကားလုိေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေရေၾကာင္းႏွင့္ေလေၾကာင္း လူငယ္ေမာင္မယ္မ်ားအတြက္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား ေပးအပ္ၿပီး လူငယ္ ေမာင္မယ္မ်ားက တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ အား ဂါ၀ရျပဳလက္ေဆာင္ပစၥည္းမ်ား ျပန္လည္ေပးအပ္သည္။ ၎ေနာက္ ေရေၾကာင္းလူငယ္ သင္တန္းမွ မျမတ္နႏၵာေထြးႏွင့္ ေလေၾကာင္းလူငယ္သင္တန္းမွ မႏွင္းသဇင္တုိ႕က ေက်းဇူးတင္စကားျပန္ လည္ေျပာၾကား သည္။

ထုိ႔ေနာက္ ျမ၀တီေတးဂီတအဖဲြ႕က ဂုဏ္ျပဳေတးသီခ်င္းမ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္ရာ အခမ္းအနားတက္ ေရာက္လာၾကသူမ်ား၊ ေရေၾကာင္းႏွင့္ေလေၾကာင္း လူငယ္ေမာင္မယ္မ်ားက ၾကည့္႐ႈအားေပးၾက သည္။ ၎ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေရေၾကာင္းလူငယ္ေမာင္မယ္မ်ားႏွင့္ ေလေၾကာင္း လူငယ္ေမာင္မယ္မ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ၾကသည္။

ေရေၾကာင္းႏွင့္ ေလေၾကာင္းလူငယ္ေမာင္မယ္မ်ားသည္ ဂုဏ္ျပဳေတြ႕ဆံုပြဲအခမ္း အနားသို႔ မတက္ေရာက္မီ ေဇယ်ာသီရိဗိမာန္အတြင္း ခင္းက်င္းျပသထားေသာ ျမန္မာ့ တပ္မေတာ္မွထုတ္လုပ္သည့္ လက္နက္မ်ား၊ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)တြင္ ၀တ္ဆင္အသံုးျပဳေနသည့္ ၀တ္စံုအမ်ိဳးမ်ိဳး၊ ျမန္မာ့တပ္မေတာ္မွ ထုတ္လုပ္သည့္ ဆက္သြယ္ေရး စက္ပစၥည္းမ်ား၊ တပ္မေတာ္(ေရ)မွထုတ္လုပ္သည့္ ေရယာဥ္မ်ား၏ပံုစံငယ္မ်ား၊ ေရတပ္ဆိုင္ရာ အသံုးအေဆာင္ပစၥည္းမ်ား၊ တပ္မေတာ္(ေလ)တြင္ အသံုးျပဳေနသည့္ ေလယာဥ္ႏွင့္ ရဟတ္ယာဥ္မ်ား၏ပံုစံငယ္မ်ား၊ ေလသူရဲမ်ား၏ ၀တ္စံုမ်ားႏွင့္အသံုး အေဆာင္ပစၥည္းမ်ား၊ Simulator ျဖင့္ ေလယာဥ္ပ်ံသန္းမႈသ႐ုပ္ျပကြက္မ်ားကို စိတ္ပါ ၀င္စားစြာ လွည့္လည္ၾကည့္႐ႈေလ့လာၾကရာ တာ၀န္ရွိသူမ်ားက သိရွိလိုသည္မ်ားကို ရွင္းလင္းျပသခဲ့ၾကသည္။

 

ယင္းေနာက္ ညေနပုိင္းတြင္ ေရေၾကာင္းႏွင့္ ေလေၾကာင္းလူငယ္ေမာင္မယ္မ်ား သည္ ေနျပည္ေတာ္ရွိ စစ္သမုိင္းျပတုိက္သုိ႔သြားေရာက္၍ ခင္းက်င္းျပသထားသည့္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)ျပကြက္မ်ားအား ၾကည့္႐ႈေလ့လာၾကရာ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းျပသခဲ့ၾကသည္။

(Unicode Version)

မိမိတို့ဘဝတိုးတက်မှုကိုရှာဖွေရင်းတစ်ဖက်တစ်လမ်းမှလည်း နိုင်ငံတော်အတွက် ကျေးဇူးဆပ်နိုင် အောင်ကြိုးစား၊ ဒီနိုင်ငံမှာမွေးဒီနိုင်ငံမှာ ကြီးပြင်းခဲ့သူများဖြစ်သဖြင့် နိုင်ငံကြီးသားကောင်းတစ်ယောက် ပီသသည်ကို သက်သေပြကြရမည်ဖြစ်

နေပြည်တော် ၊  မေ- ၁၉

မိမိတို့ဘဝတိုးတက်မှုကိုရှာဖွေရင်းတစ်ဖက်တစ်လမ်းမှလည်း နိုင်ငံတော်အတွက် ကျေးဇူးဆပ်နိုင် အောင် ကြိုးစားသွားကြရန်လိုကြောင်း၊ ဒီနိုင်ငံမှာမွေး ဒီနိုင်ငံမှာကြီးပြင်းခဲ့သူများဖြစ်သဖြင့် နိုင်ငံကြီးသားကောင်းတစ် ယောက်ပီသသည်ကို သက်သေပြကြရမည်ဖြစ်ကြောင်း၊ ထိုသို့သက်သေပြကြရာတွင် အပျက်သဘောမပါသည့် အပြုသဘောများကို ရင်ဝယ်ပိုက်ပြီး ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံပျက်စီး ပြိုကွဲရန် လှုံ့ဆော်သွေးထိုးသူများ၏ အယုံသွင်းခြင်းမခံရစေရန်အတွက် အထူးဂရုပြုနေထိုင်သွားကြ ရမည်ဖြစ်ကြောင်း၊ သပ်လျှိုသွေးခွဲသူများက အမိမြန်မာနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးစေ ဘို့အတွက် ခေတ်အဆက်ဆက် တွင်ကြိုးစားနေခဲ့ကြကြောင်း၊ မိမိတို့နိုင်ငံအထဲက လူငယ် လူရွယ်များကို မဟုတ်မှန်စကားလုံးများနှင့် စည်းလုံးညီညွတ်မှုပျက်ပြားစေရန် သတင်းမီဒီယာများနှင့် လူမှုကွန်ရက်များမှတစ်ဆင့် ဝါဒဖြန့်ဆောင်ရွက် နေသည်ကိုတွေ့ရလျက်ရှိကြောင်း၊ ထို့အပြင် မူူးယစ်ဆေးဝါးကိုလက်နက်တစ်ခုကဲ့သို့ အသုံးချပြီး လူငယ်လူရွယ်များကို ဖျက်ဆီးနေခြင်းဖြစ်သဖြင့် မောင်မယ်တို့အနေဖြင့် သတိတရားကိုနှလုံးသွင်းပြီး အသိတရားရှိရှိ တွန်းလှန်ကြရန်လိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သော ရေကြောင်း နှင့်လေကြောင်း လူငယ်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားတွင် အမှာစကားပြော ကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိကြီးများနှင့်ဇနီးများ၊ ရေကြောင်းနှင့်လေကြောင်း လူငယ်သင်တန်းများမှ သင်တန်းသား ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များနှင့် အုပ်ချုပ်သူ၊ နည်းပြများတက် ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင်  ယခုကဲ့သို့ ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ်သင်တန်းများကို ဖွင့်လှစ်ပေးခြင်း သည် မျိုးဆက်သစ်လူငယ်များအတွက် “မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး” တို့အတွက်ရည်ရွယ် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ စတင်ဖွင့်လှစ်သည့်အချိန်မှစပြီး ယနေ့အထိတစ်နှစ်ထက် တစ်နှစ် တိုးတက်များပြားစွာတက်ရောက်လာခြင်းကြောင့် တပ်မတော်အနေဖြင့် မြန်မာ နိုင်ငံ၏အနာဂတ်ကို တာဝန်ယူကြရမည့် လူငယ်လူရွယ်များအတွက် မြေတောင်မြှောက် ပေးခွင့်ရရှိခဲ့ခြင်းအပေါ် များစွာဝမ်းသာ ပီတိဖြစ်ရကြောင်း၊ မောင်မယ်တို့အနေဖြင့် ရှည်လျားလှသည့် လူ့လောကခရီးကို ဆက်လက် လျှောက်လှမ်းရဦးမည့် လူငယ်များလည်း ဖြစ်ပြီး ထိုသို့လျှောက်လှမ်းနေချိန်တွင် မိမိတိုင်းပြည်နှင့်လူမျိုးအတွက် ကျရာတာဝန် များကို သက်ဆိုင်ရာအခန်းကဏ္ဍအသီးသီးမှ ထမ်းဆောင်ရဦးမည့်လူငယ်များလည်းဖြစ် ကြောင်း၊ မလွဲမသွေရင်ဆိုင်ကြုံတွေ့လာရမည့်အခြေအနေအရပ်ရပ်အပေါ်တွင် မှန်ကန် သည့်အသိအမြင်များနှင့် ရင်ဆိုင် ဖြေရှင်းသွားကြရန်လည်းလိုအပ်ကြောင်း၊ ခုချက်ချင်း ရေတွင်းတူး ခုချက်ချင်းရေကြည်သောက်၍မရသကဲ့သို့ မောင်မယ်တို့သည်လည်း ငယ်ရွယ်စဉ်ကတည်းကသိသင့်တတ်သင့်သည့်ပညာရပ်များကို အခြေခံကျကျအပတ် တကုတ်ဆည်းပူးလေ့လာသွားရမည်ဖြစ်ကြောင်း၊ ငယ်ရွယ်စဉ်ကာလဆိုသည်မှာ ကာယအား၊ ဉာဏ အား တို့ကြံ့ခိုင်နေချိန်ဖြစ်သဖြင့် အကောင်းဆုံးအသုံးချသွားရန်လိုအပ် ကြောင်း။

ယခုဆိုလျှင် မောင်မယ်တို့သည် နွေရာသီကျောင်းပိတ်ရက်များကို အကောင်းဆုံး အသုံးချခဲ့ကြပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူဖြစ် စေမည့် အဖိုးတန်သည့်ပညာရပ်များကို သင်ယူခဲ့ကြပြီးလည်းဖြစ်ကြောင်း၊ အချိန်ကို အကျိုးရှိရှိ အသုံးချခဲ့ကြပြီး တစ်လတာသင်တန်း ကာလအတွင်းတွင် ခန္ဓာကိုယ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ ရင့်ကျက်လာခဲ့ကြသည်ကို တွေ့မြင်ရမည့် မောင်မယ်တို့၏ မိဘများအနေဖြင့် များစွာအံ့သြဝမ်းသာဖြစ်ကြမည်ဖြစ်ကြောင်း၊ သင်ကြားခွင့်ရခဲ့သည့် ရေကြောင်းလေကြောင်း ပညာသမိုင်း၊ ရေယာဉ်လေယာဉ်ကိုယ်ထည်တည်ဆောက်မှု၊ အင်ဂျင်ပိုင်းနှင့် ပုံစံငယ် တည်ဆောက်မှု အစရှိသည့်ပညာရပ်များကို အခြေခံအနေဖြင့် သင်ကြားခဲ့ကြပြီးဖြစ်ကြောင်း၊ ရေကြောင်း လေကြောင်း ပညာရပ်များဆိုသည်မှာ ခက်ခဲနက်နဲသကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့်လည်းရှိလှကြောင်း၊ ဇွဲ၊ သတ္တိ၊ လုံ့လများရှိရန် လိုအပ်သည့်အပြင် ဘာသာရပ်များအပေါ်တွင် နှံ့စပ်ကျွမ်းကျင်နေရန်လည်းလိုအပ် ကြောင်း၊ ယနေ့အချိန်အခါတွင် ရေကြောင်းလေကြောင်းပညာရပ်များနှင့် ကမ္ဘာကို လွှမ်းမိုးလာရန်ကြိုးစား နေချိန်ဖြစ် သဖြင့် ယခုကဲ့သို့သင်တန်းများတက်ရောက်ခွင့်ရခြင်း သည်လည်း မောင်မယ်တို့အတွက်ကောင်းမွန်သည့် အခွင့်အရေးများရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ တန်းမြင့်သင်တန်းများတွင် စက်ကိရိယာအစိတ်အပိုင်းများလေ့လာခြင်း၊ ဆေးပညာ၊ ရေဒီယိုရေဒါဘာသာရပ်၊ သီးခြားသက်ဆိုင်ရာဘာသာရပ်များအပြင် ရေယာဉ်လေယာဉ်များ လက်တွေ့မောင်းနှင်ခြင်း၊ စီးနင်းလေ့လာခြင်းများကို သင်ကြားလေ့ကျင့်ခဲ့ကြပြီးဖြစ်ကြောင်း၊ တက်ရောက် ခဲ့သည့် သင်တန်းအသီးသီးမှနေ၍ စက်မှုလက်မှုဆိုင်ရာရုပ်ဝတ္ထုများ၊ ပျံသန်းရေးဆိုင်ရာပညာရပ်များ၊ ထူးခြားဆန်းကျယ် လှသည့် ရေကြောင်းလေကြောင်းပညာရပ်များအပြင် ခေတ်အဆက်ဆက်မှ တပ်မတော်(ရေ)၊ တပ်မတော်(လေ)တို့၏သမိုင်းကြောင်းများကိုလည်း သိရှိခဲ့ကြလိမ့်မည် ဟုယုံကြည်ကြောင်း။

မကြာသေးခင်ကဖြစ်ပွားခဲ့သည့် မြန်မာအမျိုးသားလေကြောင်း (MNA) ပြည်တွင်းလေကြောင်းလိုင်းက လေယာဉ် တစ်စင်းသည် Nose Landing Gear မကျဘဲ မြေပြင်သို့ ဆင်းသက်ရန်အခက်အခဲဖြစ်ခဲ့သော်လည်း လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နှင့် လေယာဉ်အမှုထမ်းများ၏စွမ်းဆောင်ရည်ကြောင့် ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆင်းဆက်နိုင်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်တွင် လူတစ်ဦးချင်းစီနှင့် အဖွဲ့လိုက်၏ မှန်ကန်သည့်ဆုံးဖြတ်ချက်၊ စွမ်းရည်သတ္တိနှင့်လေ့ကျင့်မှုကိုအခြေခံသည့် ကျွမ်းကျင်မှုများ သည်လည်း အများ အတွက်ကောင်းကျိုးဆောင်နိုင်သည်ဆိုသည့် သာဓကပင်ဖြစ်ကြောင်း၊ အလားတူရေယာဉ်မှူးများနှင့် ရေယာဉ် အဖွဲ့ဝင်များ၏ ကိုယ်ကျိုးစွန့်အနစ်နာခံသည့် စိတ်ထားနှင့်လုပ်ရပ်များစွာကိုလည်း သာဓကများစွာတွေ့ ရှိနိုင်မည်ဖြစ်ကြောင်း။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအကျဆုံးမှာ ပညာရေးပင်ဖြစ်ကြောင်း၊  ပညာအရည် အသွေးမြင့်မားသည့် နိုင်ငံသားများရှိမှသာ နိုင်ငံတစ်နိုင်ငံတိုးတက်မည် ဆိုသည်ကို မောင်မယ်တို့ သိစေလိုကြောင်း၊ စက်မှုနိုင်ငံများ၊ နည်းပညာနှင့်စီးပွားရေး ဖွံ့ဖြိုးပြီးနိုင်ငံများကိုကြည့်ပါက ပညာတတ် စာတတ်ပုဂ္ဂိုလ်များပေါများပြီး လေ့လာမှုပြည့် စုံသည့်အတွက် လုပ်ကိုင်နိုင်မှုစွမ်းရည်မြင့်မားသည်ကို တွေ့ရ မည်ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့်လည်း နိုင်ငံတော်အတွက်ကျရာတာဝန်များကို ထမ်းဆောင်သည့် အခါတွင် ကောင်းမွန်သည့်လူသားအရင်းအမြစ်များနှင့် မျိုးချစ်စိတ်ရှိသည့် လူငယ်လူရွယ်များတိုးပွား လာစေရန်တစ်တပ်တစ်အား ပါဝင်လုပ်ဆောင်လျက်ရှိကြောင်း၊ “ပညာမြင့်မှ လူမျိုးတင့်မည်”  ဆိုသည့် ဆောင်ပုဒ်သည်ခေတ်ကာလအဆက်ဆက် မှန်ကန်နေမည်ဖြစ်ကြောင်း၊ ထို့ကြောင့်တပ်မတော်အနေဖြင့် နိုင်ငံတော်အတွက်အရေးကြီးဆုံးဖြစ်သည့် ပညာရေးကို လည်းကြိုးစားအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ အနာဂတ်မျိုးဆက်သစ် လူငယ်များ အမိမြန်မာနိုင်ငံတော်ကိုချစ်မြတ်နိုးစိတ်၊ ကာကွယ်လိုစိတ်၊ ဇာတိသွေး၊ ဇာတိမာန်ထက်သန်သည့်စိတ်နှင့် မှန်ကန်သည့်အမျိုးသားရေးအမြင်များရှိရန် ရေကြောင်း လူငယ်အခြေခံသင်တန်း၊ လေကြောင်းလူငယ်အခြေခံသင်တန်း၊ တက္ကသိုလ်လေ့ကျင့် ရေးသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ စတင်ဖွင့်လှစ်ခဲ့သည့်အချိန် မှစ၍ယနေ့အချိန်အထိ ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းသား ၄၂၂၀ ဦး၊ လေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းသား ၆၇၇၅ ဦးတို့အား လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ကြောင်း၊ အဆိုပါသင်တန်းများကို လမ်းစဉ်ပါတီအစိုးရ လက်ထက်က  စပြီး ဖွင့်လှစ်ခဲ့ရာမှာ သင်တန်းတက်ခဲ့ကြသူများထဲမှ ယခုစစ်ဦးစီးအရာရှိ ချုပ်(လေ)၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအပါအဝင် အရာရှိကြီး ၁၀ ဦး၊ အရာရှိငယ် ၆ ဦးတာဝန် ထမ်းဆောင်ဆဲရှိပြီး တပ်မတော်ကျောင်းအသီးသီးတွင်လည်း ရေကြောင်း လူငယ်သင်တန်းပြီးသူ ၁၄ ဦး၊ လေကြောင်းလူငယ်သင်တန်းပြီးသူ ၂၃ ဦး ပညာသင်ကြားနေကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် သဘာဝသယံဇာတ ပေါကြွယ်ဝမှုကိုသာ အားကိုး၍မရဘဲ ရှိပြီးသားသယံဇာတများကိုအသုံးချနိုင်သည့် လူသားအရင်းအမြစ်နှင့် နည်းပညာများလည်းရှိရန်လိုအပ်ကြောင်း၊ လူသားအရင်းအမြစ် ဆိုသည်မှာ အသိပညာ၊ အတတ်ပညာနှင့် ကျန်းမာသန်စွမ်းမှုပင်ဖြစ်ကြောင်း၊ ကျန်းမာသန်စွမ်းမှုမရှိလျှင် အသိပညာ အတတ်ပညာများကို ဆည်းပူးလေ့လာနိုင်ရန် ခက်ခဲမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အနာဂတ်နိုင်ငံတော်ကို ထုဆစ်ပုံဖော်ကြမည့် ယနေ့မောင်မယ်တို့သည် အသိပညာ၊ အတတ်ပညာများကိုဆည်းပူး လေ့လာ ရုံမျှမဟုတ်ဘဲ ကျန်းမာအောင် နေ၊ သန်စွမ်းအောင်လေ့ကျင့်၊ အာဟာရရှိအောင် စားသောက်ရန်လိုသကဲ့သို့ ကိုယ်ကာယ ကြံ့ခိုင်မှုရှိအောင်အားကစားလေ့ကျင့်မှုများလည်းပြုလုပ်ကြရမည်ဖြစ်ကြောင်း။

ယနေ့ခေတ်လူငယ်များသည် စူးစမ်းလိုစိတ် ပြင်းထန်လိုသူများဖြစ်ကြကြောင်း၊ အဆိုပါစိတ်များကို ကောင်းမွန်သည့်ဘက်တွင် အသုံးချပြီး မိမိဘဝတိုးတက်ရန်၊ မိသားစု ဘဝတိုးတက်ရန်၊ မိမိနိုင်ငံတော် တိုးတက်ရန်ဆိုသည့်နေရာများတွင် ထိထိရောက်ရောက် အသုံးချသွားရန်လိုအပ်ကြောင်း၊ “စာအုပ်စာပေ လူ့မိတ်ဆွေ”ဟု တင်စားခဲ့သည့်အတိုင်း စဉ်းစားချင့်ချိန်နိုင်သောပညာများသည် စာအုပ်စာပေများထဲမှရရှိသည့် အဖိုးတန်ရတနာ များပင်ဖြစ်ကြောင်း၊ ထို့ကြောင့်မိမိဘဝကို ကောင်းမွန်အောင် ထိန်းကျောင်းနိုင်ရန်အတွက် စာကောင်းပေမွန်များကို ဖတ်ရှုလေ့လာ သွားကြရန်တိုက်တွန်းလိုကြောင်း၊ စာပေမှရသည့် အသိပညာများနှင့် ကျောင်းသင်ခန်းစာများမှရသည့် အတတ်ပညာများကို အချိုးကျကျ ပေါင်းစပ်အသုံးချတတ်လျှင် များစွာသော အကျိုးခံစားခွင့်များကို ရရှိစေမည်ဖြစ်ကြောင်း၊ ယနေ့ကမ္ဘာ့နိုင်ငံတစ်ချို့တွင် နိုင်ငံတော်၏အရေးကြီးသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့်ကဏ္ဍအသီးသီးတွင် များစွာသောလူငယ်၊ လူရွယ်များ ပါဝင်လာသည်ကို တွေ့ကြရမည်ဖြစ်သဖြင့် လူငယ်များ၏ ကြိုးစားမှုကိုအသိအမှတ်ပြုသည့် သဘောလည်း ဖြစ်သကဲ့သို့ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်မြင့်စေရန်အတွက် အခြေအနေ ကောင်းတစ်ရပ် ပင်ဖြစ်ကြောင်း၊ မောင်တို့မယ်တို့သည် မိသားစုအလွှာအသီးသီးကကြီးပြင်း လာသည်ဖြစ်ပါစေ စည်းကမ်းရှိမှု၊ ရိုးသားမှု၊ ကြိုးစားမှုနှင့် ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိမှုတို့ကိုသာ အဖော်အမွန်ကောင်းအဖြစ်ဖက်တွယ်ထားမည်ဆိုပါက တစ်နေ့တွင်နိုင်ငံတော်အတွက် မလွဲမသွေအားထားရမည့်သူများ ဖြစ်လာကြမည်ပင်ဖြစ်ကြောင်း၊ တစ်နေ့နေ့ တွင် အမိမြန်မာနိုင်ငံတော်၏အရေးကြီးသည့် တာဝန်များကိုထမ်းဆောင်ကြမည့် မောင်တို့ မယ်တို့ကို ပြောကြားလိုသည်မှာ နိုင်ငံတော်နှင့်လူမျိုးအတွက် မည်သည့်ကိစ္စကိုလုပ်လုပ် စေတနာ ထားပြီးလုပ်ဆောင် မည်ဆိုသည့် စိတ်ကိုမွေးမြူကြရန်လိုကြောင်း၊ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း မျိုးဆက်သစ်လူငယ် မောင်မယ်များ အသိပညာဖွံ့ဖြိုး တိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်ရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သည့် အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းစေရန် ရည်ရွယ်ဖွင့်လှစ်ပေး ခဲ့သည့် သင်တန်းများမှနေ၍ စည်းလုံးညီညွတ်မှုစိတ်ဓာတ်များကို ဆက်လက်မွေးမြူကြပြီး ဘဝလမ်းကို ဆက်လက်လျှောက်လှမ်းကြရန်၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အပတ်တကုတ် ကြိုးစားပြီး တိုင်းပြည် တည်ဆောက်ရေးလုပ်ငန်းများတွင် အားတက်သရောပါဝင် ဆောင်ရွက်ကြရန်၊ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်သည့်စိတ်များဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်များနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို နှလုံးသွင်းပြီး ဆက်လက်ကြိုးစားကြရန်၊ နောင်တစ်ချိန်တွင် ပိုမိုတိုးတက် ကောင်းမွန်သည့် အနာဂတ်နိုင်ငံတော်သစ်ကို ထူထောင်နိုင်စွမ်းရှိသော မောင်မယ်များဖြစ်အောင် ကြိုးစားကြရန်မှာကြားလိုကြောင်းပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး လူငယ် မောင်မယ်များက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အား ဂါဝရပြုလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။ ၎င်းနောက် ရေကြောင်းလူငယ် သင်တန်းမှ မမြတ်နန္ဒာထွေးနှင့် လေကြောင်းလူငယ်သင်တန်းမှ မနှင်းသဇင်တို့က ကျေးဇူးတင်စကားပြန် လည်ပြောကြား သည်။

ထို့နောက် မြဝတီတေးဂီတအဖွဲ့က ဂုဏ်ပြုတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ရာ အခမ်းအနားတက် ရောက်လာကြသူများ၊ ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များက ကြည့်ရှုအားပေးကြ သည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရေကြောင်းလူငယ်မောင်မယ်များနှင့် လေကြောင်း လူငယ်မောင်မယ်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များသည် ဂုဏ်ပြုတွေ့ဆုံပွဲအခမ်း အနားသို့ မတက်ရောက်မီ ဇေယျာသီရိဗိမာန်အတွင်း ခင်းကျင်းပြသထားသော မြန်မာ့ တပ်မတော်မှထုတ်လုပ်သည့် လက်နက်များ၊ တပ်မတော်(ကြည်း၊ရေ၊လေ)တွင် ဝတ်ဆင်အသုံးပြုနေသည့် ဝတ်စုံအမျိုးမျိုး၊ မြန်မာ့တပ်မတော်မှ ထုတ်လုပ်သည့် ဆက်သွယ်ရေး စက်ပစ္စည်းများ၊ တပ်မတော်(ရေ)မှထုတ်လုပ်သည့် ရေယာဉ်များ၏ပုံစံငယ်များ၊ ရေတပ်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ တပ်မတော်(လေ)တွင် အသုံးပြုနေသည့် လေယာဉ်နှင့် ရဟတ်ယာဉ်များ၏ပုံစံငယ်များ၊ လေသူရဲများ၏ ဝတ်စုံများနှင့်အသုံး အဆောင်ပစ္စည်းများ၊ Simulator ဖြင့် လေယာဉ်ပျံသန်းမှုသရုပ်ပြကွက်များကို စိတ်ပါ ဝင်စားစွာ လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက သိရှိလိုသည်များကို ရှင်းလင်းပြသခဲ့ကြသည်။

ယင်းနောက် ညနေပိုင်းတွင် ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များ သည် နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်သို့သွားရောက်၍ ခင်းကျင်းပြသထားသည့် တပ်မတော်(ကြည်း၊ရေ၊လေ)ပြကွက်များအား ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။