ပစ္စည်းချင်းတူလျှင်ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူလျှင် ပစ္စည်းအရည်သွေးပိုမို ကောင်းမွန်ရမည်ဖြစ်၍ ကုန်ကြမ်းများမှအစ ထုတ်ကုန်များအားလုံးအရည်အသွေး ကောင်းမွန်အောင်စီမံဆောင်ရွက်၊ ပြည်ပသွင်းကုန် အစားထိုးနိုင်ရေး ပြည်ပပို့ကုန်မြှင့်တင် နိုင်ရေး စွမ်းအားရှိသမျှကြိုးပမ်းဆောင်ရွက်ကြရန်လို 

နေပြည်တော်၊ မေ – ၂၈


ဦးစွာအစည်းအဝေးခန်းမတွင် စက်ရုံမှူးက စက်ရုံလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် တာယာများ ထုတ်လုပ်၍ ပြည်တွင်းဈေးကွက်သို့ဖြန့်ချိနေမှုနှင့် ပြည်ပ သို့တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက် နေမှုအခြေ အနေများအားရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံမှထုတ် လုပ်သောတာယာများအား သွင်းကုန်အစားထိုးနိုင်ရန်ရည်ရွယ်၍ ထုတ်လုပ်နေခြင်းဖြစ်ပြီး ပစ္စည်းချင်းတူလျှင်ဈေးသက်သာရမည်၊ ဈေးနှုန်းချင်းတူလျှင် ပစ္စည်းအရည်အသွေး ပိုမိုကောင်းမွန်ရမည်ဖြစ်ဖြစ်သောကြောင့် အရည်အသွေး ကောင်းမွန်မှုရှိစေရန်အတွက် အသုံးပြုသည့်ရာဘာကုန်ကြမ်းနှင့် ဆက်စပ်ပစ္စည်းများအား အရည်အသွေး ပြည့်မီစွာ အသုံးပြုနိုင်ရေးစီမံဆောင်ရွက်ရန်၊ ပြည်တွင်း၌အဓိကအသုံးပြုနေသည့် တာယာအရွယ် အစားများ အား ဈေးကွက်သုတေသနပြုလုပ်ပြီး ပြည်တွင်းလိုအပ်ချက်အားဖြည့်ဆည်း ပေးနိုင်ရေးဆောင်ရွက်ရန်၊ ပြည်ပသို့လည်းတာယာပို့ကုန်များတိုးမြှင့်နိုင်ရေးစွမ်းအားရှိသမျှ ကြိုပမ်းဆောင်ရွက်ရန်၊ ဈေးကွက်ခိုင်မာမှုရှိ စေရန်အတွက် စက်ရုံမှထုတ်လုပ်သည့် တာယာများ၏ အရည်အသွေးထိန်းသိမ်းရန်နှင့် ပိုမိုတိုးတက်ကောင်း မွန်အောင် ဆောင်ရွက်ရန်၊ မိမိတို့နိုင်ငံတွင် ယဉ်အစီးရေ ၉ သိန်းခန့်ရှိသည့်အတွက် နှစ်စဉ် တာယာ လိုအပ် ချက်မှာ ၂ ဒသမ ၆ သန်းခန့်ဖြစ်သဖြင့် စက်ရုံ၏ထုတ်လုပ်မှုသည် ပြည်တွင်းလိုအပ်ချက်အား မပြည့်မီ သေးသည့်အတွက် ထုတ်လုပ်မှုစွမ်းအားတိုးမြင့်စေရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်တွင်းလိုအပ်ချက် ဖြစ်သည့်ဆိုင်ကယ်တာယာများအား အရည်အသွေးကောင်းမွန်စွာဖြင့်ထုတ်လုပ်၍ ရောင်းချပေးနိုင်ရေး စီးမံဆောင်ရွက်ရန် မှာကြားပြီး စက်ရုံဝန်ထမ်းများ၏သက်သာချောင်ချိရေးနှင့် နေထိုင်စားသောက်ရေးအတွက် လိုအပ်သည်များအားစီမံ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


(Unicode Version)

ပစ္စည်းချင်းတူလျှင်စျေးနှုန်းသက်သာရမည်၊ စျေးနှုန်းချင်းတူလျှင် ပစ္စည်းအရည်သွေးပိုမို ကောင်းမွန်ရမည်ဖြစ်၍ ကုန်ကြမ်းများမှအစ ထုတ်ကုန်များအားလုံးအရည်အသွေး ကောင်းမွန်အောင်စီမံဆောင်ရွက်၊ ပြည်ပသွင်းကုန် အစားထိုးနိုင်ရေး ပြည်ပပို့ကုန်မြှင့်တင် နိုင်ရေး စွမ်းအားရှိသမျှကြိုးပမ်းဆောင်ရွက်ကြရန်လို

နေပြည်တော်၊ မေ – ၂၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ တို့လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၊ တာယာစက်ရုံ(ရွာမ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာအစည်းအဝေးခန်းမတွင် စက်ရုံမှူးက စက်ရုံလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် တာယာများ ထုတ်လုပ်၍ ပြည်တွင်းစျေးကွက်သို့ဖြန့်ချိနေမှုနှင့် ပြည်ပ သို့တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက် နေမှုအခြေ အနေများအားရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံမှထုတ် လုပ်သောတာယာများအား သွင်းကုန်အစားထိုးနိုင်ရန်ရည်ရွယ်၍ ထုတ်လုပ်နေခြင်းဖြစ်ပြီး ပစ္စည်းချင်းတူလျှင်စျေးသက်သာရမည်၊ စျေးနှုန်းချင်းတူလျှင် ပစ္စည်းအရည်အသွေး ပိုမိုကောင်းမွန်ရမည်ဖြစ်ဖြစ်သောကြောင့် အရည်အသွေး ကောင်းမွန်မှုရှိစေရန်အတွက် အသုံးပြုသည့်ရာဘာကုန်ကြမ်းနှင့် ဆက်စပ်ပစ္စည်းများအား အရည်အသွေး ပြည့်မီစွာ အသုံးပြုနိုင်ရေးစီမံဆောင်ရွက်ရန်၊ ပြည်တွင်း၌အဓိကအသုံးပြုနေသည့် တာယာအရွယ် အစားများ အား စျေးကွက်သုတေသနပြုလုပ်ပြီး ပြည်တွင်းလိုအပ်ချက်အားဖြည့်ဆည်း ပေးနိုင်ရေးဆောင်ရွက်ရန်၊ ပြည်ပသို့လည်းတာယာပို့ကုန်များတိုးမြှင့်နိုင်ရေးစွမ်းအားရှိသမျှ ကြိုပမ်းဆောင်ရွက်ရန်၊ စျေးကွက်ခိုင်မာမှုရှိ စေရန်အတွက် စက်ရုံမှထုတ်လုပ်သည့် တာယာများ၏ အရည်အသွေးထိန်းသိမ်းရန်နှင့် ပိုမိုတိုးတက်ကောင်း မွန်အောင် ဆောင်ရွက်ရန်၊ မိမိတို့နိုင်ငံတွင် ယဉ်အစီးရေ ၉ သိန်းခန့်ရှိသည့်အတွက် နှစ်စဉ် တာယာ လိုအပ် ချက်မှာ ၂ ဒသမ ၆ သန်းခန့်ဖြစ်သဖြင့် စက်ရုံ၏ထုတ်လုပ်မှုသည် ပြည်တွင်းလိုအပ်ချက်အား မပြည့်မီ သေးသည့်အတွက် ထုတ်လုပ်မှုစွမ်းအားတိုးမြင့်စေရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်တွင်းလိုအပ်ချက် ဖြစ်သည့်ဆိုင်ကယ်တာယာများအား အရည်အသွေးကောင်းမွန်စွာဖြင့်ထုတ်လုပ်၍ ရောင်းချပေးနိုင်ရေး စီးမံဆောင်ရွက်ရန် မှာကြားပြီး စက်ရုံဝန်ထမ်းများ၏သက်သာချောင်ချိရေးနှင့် နေထိုင်စားသောက်ရေးအတွက် လိုအပ်သည်များအားစီမံ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တာယာစက်ရုံ (ရွာမ)မှ ထုတ်လုပ်သည့် ပြည်တွင်းသို့ဖြန့်ချိလျှက်ရှိသည့် TRI STAR တာယာများနှင့် ပြည်ပမှ နှစ်သက်လိုလားစွာမှာယူလျက်ရှိသည့် ပို့ကုန်တာယာအမျိုးအစားများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ စက်ရုံမှူးနှင့်တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း TRI STAR တာယာများ ထုတ်လုပ်နေမှုအဆင့်ဆင့်အား လှည့်လည်ကြည့်ရှုစစ်ဆေးရာ စက်ရုံမှူးနှင့်တာဝန်ရှိသူ များကလိုက်လံရှင်းလင်းတင်ပြကြသည်။ ၎င်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စက်ရုံဝန်ထမ်းများ အတွက် ချီးမြှင့်ငွေများအားပေးအပ်ခဲ့သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။