Myanmar National League 2019 ဒုတိယအကျော့အဖွင့်ပွဲစဉ်ဖြစ်သည့် Shan United အသင်းနှင့် Chinland FC အသင်းတို့အကြိတ်အနယ်ယှဉ်ပြိုင်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြည့်ရှုအားပေး 

ေနျပည္ေတာ္၊ ဇြန္ ၁၅

ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕ရွိ ျပည္နယ္အားကစားကြင္းတြင္ က်င္းပျပဳလုပ္သည့္ Myanmar National League 2019 ဒုတိယအေက်ာ့ အဖြင့္ပြဲစဥ္ျဖစ္သည့္ Shan United အသင္းႏွင့္ Chinland FC အသင္းတုိ႔သည္ ယေန႔ညေနပုိင္းတြင္ ယွဥ္ၿပိဳင္ကစားၾကသည္။

 

အဆုိပါေဘာလုံးၿပိဳင္ပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ရွမ္းျပည္ နယ္ ၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) မွတပ္မေတာ္ အရာရွိႀကီးမ်ား၊ အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ လင္းေအာင္၊ ျပည္နယ္အစုိးရအဖြဲ႕၀င္မ်ား၊ ေဘာလုံးအသင္းမ်ားမွ အသင္းအုပ္ခ်ဳပ္သူမ်ား၊ နည္းျပမ်ားႏွင့္ အားကစား၀ါသနာရွင္မ်ားက ေဘာလုံးပြဲ ယွဥ္ၿပိဳင္ေနမႈအား ၾကည့္႐ႈအားေပးၾကသည္။

ေဘာလုံးပြဲပထမပုိင္း ယွဥ္ၿပိဳင္ကစားခ်ိန္တြင္ Shan United အသင္းႏွင့္ Chinland FC အသင္းတုိ႔သည္ အႀကိတ္အနယ္ယွဥ္ၿပိဳင္ၾကေသာ္လည္း သြင္းဂုိးမ်ားမရရွိခဲ့ပဲ ဒုတိယပုိင္းတြင္ အႀကိတ္အနယ္ယွဥ္ၿပိဳင္၍ တစ္ဖက္ႏွင့္ တစ္ဖက္တစ္ဂိုးစီသြင္းယူၿပီး သေရရလဒ္ျဖင့္ၿပီးဆုံးခဲ့သည္။

ေဘာလုံးပြဲၿပီးဆုံးခ်ိန္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အႏုိင္မခံအ႐ႈံးမေပး အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ၾကေသာ ေဘာလုံးအားကစားအသင္းႏွစ္သင္းစလုံးအား ဂုဏ္ျပဳဆုေငြမ်ားေပးအပ္ခဲ့သည္။

 

(Unicode Version)

 

Myanmar National League 2019 ဒုတိယအကျော့အဖွင့်ပွဲစဉ်ဖြစ်သည့် Shan United အသင်းနှင့် Chinland FC အသင်းတို့အကြိတ်အနယ်ယှဉ်ပြိုင်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြည့်ရှုအားပေး

နေပြည်တော်၊ ဇွန် ၁၅

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် Myanmar National League 2019 ဒုတိယအကျော့ အဖွင့်ပွဲစဉ်ဖြစ်သည့် Shan United အသင်းနှင့် Chinland FC အသင်းတို့သည် ယနေ့ညနေပိုင်းတွင် ယှဉ်ပြိုင်ကစားကြသည်။

အဆိုပါဘောလုံးပြိုင်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရှမ်းပြည် နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှတပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဘောလုံးအသင်းများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားဝါသနာရှင်များက ဘောလုံးပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးကြသည်။

ဘောလုံးပွဲပထမပိုင်း ယှဉ်ပြိုင်ကစားချိန်တွင် Shan United အသင်းနှင့် Chinland FC အသင်းတို့သည် အကြိတ်အနယ်ယှဉ်ပြိုင်ကြသော်လည်း သွင်းဂိုးများမရရှိခဲ့ပဲ ဒုတိယပိုင်းတွင် အကြိတ်အနယ်ယှဉ်ပြိုင်၍ တစ်ဖက်နှင့် တစ်ဖက်တစ်ဂိုးစီသွင်းယူပြီး သရေရလဒ်ဖြင့်ပြီးဆုံးခဲ့သည်။

ဘောလုံးပွဲပြီးဆုံးချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အနိုင်မခံအရှုံးမပေး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသော ဘောလုံးအားကစားအသင်းနှစ်သင်းစလုံးအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့သည်။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။