တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒေသခံပြည်သူများ အားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အားပေး၊ ဒေသခံပြည်သူများနှင့်တွေ့ ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ရင်းရင်းနှီးနှီးဆွေးနွေး 

ေနျပည္ေတာ္ ၊ ဇြန္ – ၁၈ 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ေက်ာ္စြာလင္းႏွင့္တာ၀န္ရွိသူမ်ားလုိ္က္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ မႏၲေလးတုိင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕နယ္၊ ေကာင္းပင္စည္ေက်းရြာႏွင့္ ပတ္၀န္းက်င္ေက်းရြာမ်ားမွ ေဒသခံျပည္ သူမ်ားအား တပ္မေတာ္နယ္လွည့္ အထူးကုေဆးအဖြဲ႕က က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ေပးေနမႈအား သြားေရာက္ၾကည့္႐ႈ အားေပးသည္။ 

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး၊ အဖြဲ႕၀င္မ်ားသည္ မ်က္စိခြဲ စိတ္ေ၀ဒနာရွင္ သံဃာေတာ္ တစ္ပါးႏွင့္ ေဒသခံျပည္သူမ်ားအား ေနကာမ်က္မွန္ႏွင့္ စာၾကည့္မ်က္မွန္မ်ားအား တစ္ဦးခ်င္းရင္းရင္းႏွီးႏွီး လုိက္လံတပ္ဆင္ေပးအပ္ၿပီး အားေပးစကားေျပာၾကားသည္။ ထုိ႔ေနာက္ တပ္မေတာ္ေရြ႕လ်ားခြဲစိတ္ ခန္းယာဥ္ အတြင္း ခြဲစိတ္ကုသမႈအတြက္ ျပင္ဆင္ထားရွိမႈမ်ားအားၾကည့္႐ႈ၍ လုိအပ္သည္မ်ားအား မွာၾကားသည္။ ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ တပ္မေတာ္ နယ္လွည့္အထူးကုေဆး အဖြဲ႕က ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ေပးေနမႈအား လုိက္လံၾကည့္႐ႈအားေပးၿပီး ေဒသခံျပည္သူမ်ားအာ းစားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။ 

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေကာင္းပင္စည္ေက်းရြာရွိ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ၂၀၁၄ ခုႏွစ္တြင္ လွဴဒါန္းခဲ့သည့္ စက္ေရတြင္းအားၾကည့္႐ႈၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ သည္ ေညာင္ဦးၿမိဳ႕နယ္၊ ေတာင္ဇင္းေက်းရြာအုပ္စုရွိ ေဒသခံျပည္သူမ်ားႏွင့္ ရင္းရင္းႏွီးႏွီးေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးေရးဆုိင္ရာကိစၥရပ္မ်ားအား ေဆြးေႏြးေျပာၾကားသည္။ 

ဦးစြာ ေညာင္ဦးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ေဒသဆုိင္ရာအခ်က္အလက္မ်ားႏွင့္ ေဒသအတြင္း စီးပြားေရး အေျခအေန၊ စုိက္ပ်ိဳးေရးလုပ္ငန္းေဆာင္ရြက္ေနမႈအေျခအေန မ်ားအား လည္းေကာင္း၊ ေဒသခံျပည္သူမ်ားက ေဒသအတြင္းလုိအပ္ခ်က္မ်ားအား လည္းေကာင္းအသီးသီးတင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဤေဒသသည္ ေရလုံေလာက္မႈမရွိသျဖင့္ ႏွမ္း၊ ေျမပဲစသည့္သီးႏွံမ်ားစုိက္ပ်ိဳးရာတြင္ အခက္အခဲရွိေၾကာင္း၊ စုိက္ပ်ိဳးေရးအတြက္ လုိအပ္သည့္ေရရရွိေရးအတြက္ ဆုိလာပါ၀ါ စနစ္အသုံးျပဳၿပီး ျမစ္ေရတင္စနစ္ျဖင့္ ေဆာင္ရြက္ျခင္းကဲ့သုိ႔ နည္းလမ္းမ်ားရွာေဖြပါက စုိက္ပ်ိဳးေရးအတြက္ အက်ိဳးျဖစ္ထြန္းႏုိင္မည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ကလည္း နည္းလမ္းမ်ားရွာေဖြေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ ေဒသ၀မ္းစာဖူလုံေရးအတြက္ စပါးစုိက္ပ်ိဳးေရးလုုပ္ငန္းကုိေအာင္ျမင္ျဖစ္ထြန္းေအာင္ေဆာင္ရြက္ရန္လုိေၾကာင္း၊ စုိက္ပ်ိဳးေျမမ်ားအတြက္ လုိအပ္သည့္ေျမၾသဇာရရွိေရးအတြက္ ေျမေဆြးမ်ားႏွင့္ ႏြားေခ်းကဲ့သုိ႔ ေသာ သဘာ၀ေျမၾသဇာမ်ားကုိ အသုံးျပဳရန္လုိအပ္ေၾကာင္း၊ ေဒသထြက္ဆန္၊ စပါးမ်ားကုိ စားသုံးျခင္းျဖင့္ ျပင္ပမွ၀ယ္ယူရမႈမ်ား ကုိေလွ်ာ့ ခ်ႏုိင္မည္ျဖစ္သျဖင့္ ေဒသဖြံ႕ၿဖိဳးေရး ကုိတစ္ဖက္တစ္လမ္းမွအေထာက္အကူျပဳႏုိင္မည္ျဖစ္ေၾကာင္း၊ ထုိ႔ျပင္ေဒသတြင္း ေအာင္ျမင္ျဖစ္ထြန္းႏုိင္သည့္ ႏြားေမြးျမဴေရးကဲ့သုိ႔ေသာ ေမြးျမဴေရးလုပ္ငန္းမ်ားေဆာင္ရြက္ၿပီး ႏုိ႕ထြက္ပစၥည္းမ်ားကုိထုတ္လုပ္ႏုိင္ေၾကာင္း၊ အစုအဖြဲ႕စနစ္ျဖင့္ စုိက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားေဆာင္ရြက္ၿပီး ေဒသစားေရးအတြက္လုိအပ္သည့္ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္မ်ား ထုတ္လုပ္ႏုိင္ပါက ကုန္ေစ်းႏႈန္း သက္သာၿပီး ၀င္ေငြမ်ားလည္း ရရွိႏုိင္မည္ျဖစ္ေၾကာင္း၊ “ဥတုရာသီ ေတာကုိမွီ” ဆုိသည့္အတုိင္း ေက်းရြာမ်ား အလုိက္ ေဒသအတြင္းရွင္သန္ျဖစ္ထြန္းႏုိင္သည့္သစ္ပင္မ်ားအား ေက်းရြာအပုိင္အဖြဲ႕လုိက္ စုိက္ပ်ိဳးျခင္းျဖင့္ ရာသီဥတုကုိတစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳႏုိင္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္လည္း ႏွစ္စဥ္မိုးရာသီ သစ္ပင္စုိက္ပြဲမ်ားက်င္းပၿပီး သစ္ပင္အေရ အတြက္မ်ားစြာ စုိက္ပ်ိဳးလ်က္ရွိေၾကာင္း၊ မိမိတုိ႔စုိက္ပ်ိဳးခဲ့သည့္ သစ္ပင္မ်ားသည္ မိမိတုိ႔ေနာင္လာေနာက္သားမ်ားအတြက္ အက်ိဳးမ်ားစြာျဖစ္ထြန္းေစမည္ျဖစ္ေၾကာင္း။ 

ယခုေဒသရွိ ထန္းလုပ္ငန္းမ်ားအား ေခတ္မီနည္းပညာမ်ားႏွင့္ေပါင္းစပ္၍ ထုတ္ကုန္အရည္အေသြး ေကာင္းေကာင္း၊ ထုတ္ပုိးမႈစနစ္ေကာင္းျဖင့္ တန္ဖုိးျမႇင့္ေရာင္းခ်ႏုိင္ပါက ၀င္ေငြပုိရမည္ျဖစ္ေၾကာင္း၊ ေဒသႏွင့္ ကုိက္ညီသည့္ အျခားေသာကုန္ထုတ္လုပ္ငန္းမ်ားကုိလည္း ေဆာင္ရြက္ရန္လိုေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးတုိး တက္ေရးအတြက္ ေဒသကုိျပန္လည္အက်ိဳးျပဳႏုိင္သည့္ ပညာတတ္မ်ားေမြးထုတ္ေပးရန္လုိေၾကာင္း၊ မိတၳီလာ၊ မေကြး၊ ျမင္းၿခံၿမိဳ႕မ်ားတြင္ တကၠသုိလ္၊ ေကာလိပ္မ်ားဖြင့္လွစ္ထားရွိရာ မိမိတုိ႔သားသမီးမ်ား တကၠသုိလ္၀င္ တန္းေအာင္ျမင္ေအာင္ အားေပးေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ပညာေရးအေျခအေနမွာ တစ္ႏုိင္ငံလုံးအတုိင္း အတာျဖင့္ၾကည့္ပါက ၂၀၀၈ ခုႏွစ္တြင္ သူငယ္တန္းတက္ေရာက္ခဲ့သူ ၁ သန္း ၂ သိန္းခန္႔ရွိေၾကာင္း၊ ယင္းအေရအတြက္မွ ပဥၥမတန္းတက္ေရာက္သူ ၇ သိန္း ၁ ေသာင္းခန္႔ျဖစ္၍ စတင္တက္ေရာက္သူ၏ ၅၈ ရာခုိင္ ႏႈန္းခန္႔ရွိေၾကာင္း၊ ယင္းမွအထက္တန္းအဆင့္ န၀မတန္းသုိ႔ တက္ေရာက္သူ ၄ သိန္း ၃ ေသာင္းေက်ာ္ရွိရာ အလယ္တန္းအင္အား၏ ၄၂ ဒသမ ၅ ရာခုိင္ႏႈန္းခန္႔ျဖစ္ေၾကာင္း၊ ၂၀၁၈-၂၀၁၉ ခုႏွစ္ တကၠသုိလ္၀င္တန္းေျဖဆုိေအာင္ျမင္မႈမွာ ၃၁ ဒသမ ၄၄ ရာခုိင္ႏႈန္းရွိရာ စတင္ေက်ာင္းေနသည္မွ တကၠသုိလ္ ၀င္တန္းေအာင္ျမင္သည္အထိ တက္ေရာက္ ႏုိင္သူ အေရအတြက္လြန္စြာနည္းပါးသျဖင့္ ပညာေရးကုိဂ႐ုတစုိက္ အားေပးေဆာင္ရြက္ ၾကရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔သားသမီးမ်ား၏ ပညာရည္ျမင့္မားေရးအတြက္ ေဆာင္ရြက္ ရာတြင္ ေက်ာင္းသား၊ ဆရာမ်ားသာမက မိဘမ်ားႏွင့္ ေဒသဆုိင္ရာအုပ္ခ်ဳပ္ေရး အဖြဲ႕အစည္းမ်ားေလးပြင့္ဆုိင္ ၀ုိင္း၀န္းပူးေပါင္းေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ေက်ာင္းသားမ်ား၏ ႀကိဳးစားအားထုတ္မႈ၊ မိဘမ်ား၏ အားေပးကူညီမႈ၊ ဆရာမ်ား၏ သင္ၾကားေပးမႈ၊ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္မ်ား၏ အေထာက္အကူ ေပးမႈတုိ႔ျဖင့္ ပညာေရးေကာင္းမြန္ေအာင္ေဆာင္ရြက္ရန္လုိေၾကာင္း၊ ဆရာ၊ ဆရာမမ်ားသင္ၾကားေရး ကုိ အေထာက္ အကူျပဳေစရန္အတြက္ စားေရးေသာက္ေရး မေၾကာင့္မၾကေစရန္လည္း အားလုံးက ၀ုိင္း၀န္းကူညီ ေဆာင္ရြက္ေပးၾကရန္လုိေၾကာင္း၊ ေက်ာင္းပညာေရးကုိ ေကာင္းစြာသင္ၾကားႏုိင္ရန္ႏွင့္ လုပ္ငန္းမ်ားအား အဆင္ေျပစြာ ေဆာင္ရြက္ႏုိင္ရန္အတြက္ က်န္းမာေရးေကာင္းမြန္ရန္လည္းအေရးႀကီးေက်ာင္း၊ မိမိတုိ႔ က်န္းမာေရးကုိ ထိခုိက္ ေစႏုိင္သည့္ အေသာက္အစား၊ အစားအေသာက္မ်ားကုိ ဆင္ျခင္ရန္လုိၿပီး ေဆးလိပ္၊ အရက္ႏွင့္ ကြမ္းစားျခင္းမ်ားကုိ မိမိကုိယ္တုိင္ေရွာင္က်ဥ္ရန္လုိသကဲ့သုိ႔ မိမိတုိ႔၏ သားသမီးမ်ားအား ေရွာင္က်ဥ္ေစရန္အတြက္လည္း တုိက္တြန္းေဆာင္ရြက္ရမည္ျဖစ္ ေၾကာင္း၊ ျပည္သူတုိ႔၏လူမႈစီးပြားတုိးတက္ ေကာင္းမြန္မႈမွာ က်န္းမာေရးေကာင္းမြန္ရန္ အေရးႀကီးသျဖင့္ တုိင္းရင္းသားျပည္သူမ်ား၏ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားအတြက္ တပ္မေတာ္နယ္လွည့္အထူးကုေဆးအဖြဲ႕မ်ားျဖင့္ ေနရာေဒသမေရြး ေဆာင္ရြက္ ေပးလ်က္ရွိေၾကာင္း၊ လူမႈစီးပြားဘ၀ဖြံ႕ၿဖိဳးတုိးတက္ေစရန္အတြက္ လွ်ပ္စစ္မီး ရရွိေရးမွာလည္း အေရးႀကီးေၾကာင္း၊ လွ်ပ္စစ္မီးလုိအပ္ခ်က္အတြက္ ေဆာင္ရြက္ရာတြင္ သဘာ၀ပတ္၀န္းက်င္ႏွင့္ အျခား အေၾကာင္းအမ်ိဳးမ်ိဳးျပ၍ ကန္႔ကြက္မႈမ်ားရွိေနသျဖင့္ ေရအားလွ်ပ္စစ္ထုတ္လုပ္ႏုိင္ေရး နည္းလမ္းသစ္မ်ား ရွာေဖြေဆာင္ရြက္ႏုိင္ရန္လုိေၾကာင္း၊ မိမိတုိ႔ေဒသဖြံ႕ၿဖိဳးတိုးတက္ေစရန္အတြက္ လုိအပ္ခ်က္မ်ားရွိပါက သက္ဆုိင္ရာအုပ္ခ်ဳပ္ေရး အဖြဲ႕အစည္းမ်ား၊ လႊတ္ေတာ္ကုိယ္စားလွယ္ႀကီးမ်ားထံ တင္ျပရမည္ျဖစ္သလုိ ေဒသအတြင္းေနထုိင္သူအားလုံးကလည္း ၀ုိင္း၀န္းပူးေပါင္းေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ တစ္ဦးခ်င္းမိမိတို႔ ေနထုိင္ရာ အိမ္၊ ၀န္း၊ ရပ္ရြာေနထုိင္မႈစနစ္ေကာင္းေအာင္ ေဆာင္ရြက္ ျခင္းမွစ၍ ရပ္ရြာ၊ ေဒသ၊တုိင္းျပည္ အတြက္ စုေပါင္းအင္အားျဖင့္ ညီညီၫြတ္ၫြတ္ ေဆာင္ရြက္ၾကေစလိုေၾကာင္း။ 

တုိင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တည္ၿငိမ္ေအးခ်မ္းမႈရွိရန္လည္းလုိအပ္ ၿပီး တရားနည္းလမ္းမက်ေသာ လုပ္ရပ္မ်ားမျပဳလုပ္ၾကရန္လုိေၾကာင္း၊ မိမိတုိ႔ႏုိင္ငံ ၿငိမ္းခ်မ္းေရးရရွိေအာင္ေဆာင္ရြက္လ်က္ရွိရာတြင္ ဒီမုိကေရစီ ႏွင့္ကုိက္ညီျခင္း မရွိသည့္ လက္နက္ကုိင္၍မျဖစ္ႏုိင္ေသာေတာင္းဆုိမႈမ်ား၊ အတင္းအဓမၼဆုံးျဖတ္ေတာင္း ဆုိမႈမ်ား၊ တုိင္းျပည္အက်ိဳး၊ ျပည္သူအမ်ား၏အက်ိဳးစီးပြားကုိ မငဲ့ဘဲေဆာင္ရြက္ျခင္းမ်ား မျပဳလုပ္ၾကရန္ လုိေၾကာင္း ရွင္းလင္းေဆြးေႏြးေျပာၾကားသည္။ 

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသခံျပည္သူမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားေပးအပ္ၿပီး ဇိနရတနာဆုေတာင္းျပည့္ေစတီေတာ္ တည္ေဆာက္ရန္အတြက္ အလွဴေငြမ်ားေပးအပ္လွဴဒါန္းရာ တာ၀န္ရွိသူမ်ားက လက္ခံရယူခဲ့ၾကသည္။ 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒေသခံပြည်သူများ အားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အားပေး၊ ဒေသခံပြည်သူများနှင့်တွေ့ ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ရင်းရင်းနှီးနှီးဆွေးနွေး

နေပြည်တော် ၊ ဇွန် – ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်းနှင့်တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကောင်းပင်စည်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည် သူများအား တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မျက်စိခွဲ စိတ်ဝေဒနာရှင် သံဃာတော် တစ်ပါးနှင့် ဒေသခံပြည်သူများအား နေကာမျက်မှန်နှင့် စာကြည့်မျက်မှန်များအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံတပ်ဆင်ပေးအပ်ပြီး အားပေးစကားပြောကြားသည်။ ထို့နောက် တပ်မတော်ရွေ့လျားခွဲစိတ် ခန်းယာဉ် အတွင်း ခွဲစိတ်ကုသမှုအတွက် ပြင်ဆင်ထားရှိမှုများအားကြည့်ရှု၍ လိုအပ်သည်များအား မှာကြားသည်။ ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော် နယ်လှည့်အထူးကုဆေး အဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုအား လိုက်လံကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများအာ းစားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကောင်းပင်စည်ကျေးရွာရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ၂၀၁၄ ခုနှစ်တွင် လှူဒါန်းခဲ့သည့် စက်ရေတွင်းအားကြည့်ရှုကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားသည်။

ဦးစွာ ညောင်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသအတွင်း စီးပွားရေး အခြေအနေ၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များအား လည်းကောင်း၊ ဒေသခံပြည်သူများက ဒေသအတွင်းလိုအပ်ချက်များအား လည်းကောင်းအသီးသီးတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဤဒေသသည် ရေလုံလောက်မှုမရှိသဖြင့် နှမ်း၊ မြေပဲစသည့်သီးနှံများစိုက်ပျိုးရာတွင် အခက်အခဲရှိကြောင်း၊ စိုက်ပျိုးရေးအတွက် လိုအပ်သည့်ရေရရှိရေးအတွက် ဆိုလာပါဝါ စနစ်အသုံးပြုပြီး မြစ်ရေတင်စနစ်ဖြင့် ဆောင်ရွက်ခြင်းကဲ့သို့ နည်းလမ်းများရှာဖွေပါက စိုက်ပျိုးရေးအတွက် အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်ကလည်း နည်းလမ်းများရှာဖွေဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသဝမ်းစာဖူလုံရေးအတွက် စပါးစိုက်ပျိုးရေးလုပ်ငန်းကိုအောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမြေများအတွက် လိုအပ်သည့်မြေသြဇာရရှိရေးအတွက် မြေဆွေးများနှင့် နွားချေးကဲ့သို့ သော သဘာဝမြေသြဇာများကို အသုံးပြုရန်လိုအပ်ကြောင်း၊ ဒေသထွက်ဆန်၊ စပါးများကို စားသုံးခြင်းဖြင့် ပြင်ပမှဝယ်ယူရမှုများ ကိုလျှော့ ချနိုင်မည်ဖြစ်သဖြင့် ဒေသဖွံ့ဖြိုးရေး ကိုတစ်ဖက်တစ်လမ်းမှအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင်ဒေသတွင်း အောင်မြင်ဖြစ်ထွန်းနိုင်သည့် နွားမွေးမြူရေးကဲ့သို့သော မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ပြီး နို့ထွက်ပစ္စည်းများကိုထုတ်လုပ်နိုင်ကြောင်း၊ အစုအဖွဲ့စနစ်ဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်ပြီး ဒေသစားရေးအတွက်လိုအပ်သည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ ထုတ်လုပ်နိုင်ပါက ကုန်ဈေးနှုန်း သက်သာပြီး ဝင်ငွေများလည်း ရရှိနိုင်မည်ဖြစ်ကြောင်း၊ “ဥတုရာသီ တောကိုမှီ” ဆိုသည့်အတိုင်း ကျေးရွာများ အလိုက် ဒေသအတွင်းရှင်သန်ဖြစ်ထွန်းနိုင်သည့်သစ်ပင်များအား ကျေးရွာအပိုင်အဖွဲ့လိုက် စိုက်ပျိုးခြင်းဖြင့် ရာသီဥတုကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း နှစ်စဉ်မိုးရာသီ သစ်ပင်စိုက်ပွဲများကျင်းပပြီး သစ်ပင်အရေ အတွက်များစွာ စိုက်ပျိုးလျက်ရှိကြောင်း၊ မိမိတို့စိုက်ပျိုးခဲ့သည့် သစ်ပင်များသည် မိမိတို့နောင်လာနောက်သားများအတွက် အကျိုးများစွာဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

ယခုဒေသရှိ ထန်းလုပ်ငန်းများအား ခေတ်မီနည်းပညာများနှင့်ပေါင်းစပ်၍ ထုတ်ကုန်အရည်အသွေး ကောင်းကောင်း၊ ထုတ်ပိုးမှုစနစ်ကောင်းဖြင့် တန်ဖိုးမြှင့်ရောင်းချနိုင်ပါက ဝင်ငွေပိုရမည်ဖြစ်ကြောင်း၊ ဒေသနှင့် ကိုက်ညီသည့် အခြားသောကုန်ထုတ်လုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် ဒေသကိုပြန်လည်အကျိုးပြုနိုင်သည့် ပညာတတ်များမွေးထုတ်ပေးရန်လိုကြောင်း၊ မိတ္ထီလာ၊ မကွေး၊ မြင်းခြံမြို့များတွင် တက္ကသိုလ်၊ ကောလိပ်များဖွင့်လှစ်ထားရှိရာ မိမိတို့သားသမီးများ တက္ကသိုလ်ဝင် တန်းအောင်မြင်အောင် အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရေးအခြေအနေမှာ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်ကြည့်ပါက ၂၀၀၈ ခုနှစ်တွင် သူငယ်တန်းတက်ရောက်ခဲ့သူ ၁ သန်း ၂ သိန်းခန့်ရှိကြောင်း၊ ယင်းအရေအတွက်မှ ပဉ္စမတန်းတက်ရောက်သူ ၇ သိန်း ၁ သောင်းခန့်ဖြစ်၍ စတင်တက်ရောက်သူ၏ ၅၈ ရာခိုင် နှုန်းခန့်ရှိကြောင်း၊ ယင်းမှအထက်တန်းအဆင့် နဝမတန်းသို့ တက်ရောက်သူ ၄ သိန်း ၃ သောင်းကျော်ရှိရာ အလယ်တန်းအင်အား၏ ၄၂ ဒသမ ၅ ရာခိုင်နှုန်းခန့်ဖြစ်ကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်မှုမှာ ၃၁ ဒသမ ၄၄ ရာခိုင်နှုန်းရှိရာ စတင်ကျောင်းနေသည်မှ တက္ကသိုလ် ဝင်တန်းအောင်မြင်သည်အထိ တက်ရောက် နိုင်သူ အရေအတွက်လွန်စွာနည်းပါးသဖြင့် ပညာရေးကိုဂရုတစိုက် အားပေးဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ မိမိတို့သားသမီးများ၏ ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက် ရာတွင် ကျောင်းသား၊ ဆရာများသာမက မိဘများနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများလေးပွင့်ဆိုင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောင်းသားများ၏ ကြိုးစားအားထုတ်မှု၊ မိဘများ၏ အားပေးကူညီမှု၊ ဆရာများ၏ သင်ကြားပေးမှု၊ အုပ်ချုပ်ရေးအဖွဲ့အစည်များ၏ အထောက်အကူ ပေးမှုတို့ဖြင့် ပညာရေးကောင်းမွန်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ ဆရာ၊ ဆရာမများသင်ကြားရေး ကို အထောက် အကူပြုစေရန်အတွက် စားရေးသောက်ရေး မကြောင့်မကြစေရန်လည်း အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ကျောင်းပညာရေးကို ကောင်းစွာသင်ကြားနိုင်ရန်နှင့် လုပ်ငန်းများအား အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးကောင်းမွန်ရန်လည်းအရေးကြီးကျောင်း၊ မိမိတို့ ကျန်းမာရေးကို ထိခိုက် စေနိုင်သည့် အသောက်အစား၊ အစားအသောက်များကို ဆင်ခြင်ရန်လိုပြီး ဆေးလိပ်၊ အရက်နှင့် ကွမ်းစားခြင်းများကို မိမိကိုယ်တိုင်ရှောင်ကျဉ်ရန်လိုသကဲ့သို့ မိမိတို့၏ သားသမီးများအား ရှောင်ကျဉ်စေရန်အတွက်လည်း တိုက်တွန်းဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပြည်သူတို့၏လူမှုစီးပွားတိုးတက် ကောင်းမွန်မှုမှာ ကျန်းမာရေးကောင်းမွန်ရန် အရေးကြီးသဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအတွက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များဖြင့် နေရာဒေသမရွေး ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် လျှပ်စစ်မီး ရရှိရေးမှာလည်း အရေးကြီးကြောင်း၊ လျှပ်စစ်မီးလိုအပ်ချက်အတွက် ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် အခြား အကြောင်းအမျိုးမျိုးပြ၍ ကန့်ကွက်မှုများရှိနေသဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး နည်းလမ်းသစ်များ ရှာဖွေဆောင်ရွက်နိုင်ရန်လိုကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်ချက်များရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများထံ တင်ပြရမည်ဖြစ်သလို ဒေသအတွင်းနေထိုင်သူအားလုံးကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းမိမိတို့ နေထိုင်ရာ အိမ်၊ ဝန်း၊ ရပ်ရွာနေထိုင်မှုစနစ်ကောင်းအောင် ဆောင်ရွက် ခြင်းမှစ၍ ရပ်ရွာ၊ ဒေသ၊တိုင်းပြည် အတွက် စုပေါင်းအင်အားဖြင့် ညီညီညွတ်ညွတ် ဆောင်ရွက်ကြစေလိုကြောင်း။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိရန်လည်းလိုအပ် ပြီး တရားနည်းလမ်းမကျသော လုပ်ရပ်များမပြုလုပ်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ ငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်လျက်ရှိရာတွင် ဒီမိုကရေစီ နှင့်ကိုက်ညီခြင်း မရှိသည့် လက်နက်ကိုင်၍မဖြစ်နိုင်သောတောင်းဆိုမှုများ၊ အတင်းအဓမ္မဆုံးဖြတ်တောင်း ဆိုမှုများ၊ တိုင်းပြည်အကျိုး၊ ပြည်သူအများ၏အကျိုးစီးပွားကို မငဲ့ဘဲဆောင်ရွက်ခြင်းများ မပြုလုပ်ကြရန် လိုကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာများပေးအပ်ပြီး ဇိနရတနာဆုတောင်းပြည့်စေတီတော် တည်ဆောက်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။