နိုင်ငံတော်နှင့်ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နေကြသည့် တပ်မတော်သားတစ်ဦးချင်းစီ၏ ကိုယ်ကျိုးမဖက်အသက်ခန္ဓာ စွန့်လွှတ်စွန့်စားတာဝန် ထမ်းဆောင်မှုများကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် အမြဲတမ်းအသိအမှတ်ပြု ချီးကျူးဂုဏ်ယူ

ေနျပည္ေတာ္၊ ဇြန္ – ၁၉

ႏုိင္ငံေတာ္ႏွင့္ျပည္သူလူထုအသက္အုိးအိမ္စည္းစိမ္ကုိ ကာကြယ္ေနၾကသည့္ တပ္မေတာ္သားတစ္ဦးခ်င္းစီ၏ ကုိယ္က်ိဳးမဖက္အသက္ခႏၶာ စြန္႔လႊတ္စြန္႔စား တာ၀န္ ထမ္းေဆာင္မႈမ်ားကုိ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္အေနျဖင့္ အၿမဲတမ္းအသိအမွတ္ျပဳ ခ်ီးက်ဴးဂုဏ္ယူပါေၾကာင္း၊ တပ္မေတာ္၏အစဥ္အလာေကာင္း မ်ားကုိ ထိန္းသိမ္းၾကရန္ မွာၾကားလုိေၾကာင္း၊ ႏုိင္ငံေတာ္ကုိကာကြယ္လုိသည့္ စိတ္ဓာတ္အေျခခံေကာင္းျဖင့္ မိမိတုိ႔ သေဘာဆႏၵအေလ်ာက္ တပ္မေတာ္သုိ႔၀င္ေရာက္လာၾကသူမ်ားျဖစ္သျဖင့္ ရွိၿပီးသား စိတ္ဓာတ္အား ပုိ၍ခုိင္မာေအာင္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္ကာကြယ္ေရး တာ၀န္မ်ားအား အသက္ႏွင့္ခႏၶာေပး ဆပ္ၿပီး တာ၀န္ထမ္းေဆာင္ေနၾကသူမ်ားျဖစ္သျဖင့္ တပ္မေတာ္သားဘ၀ကုိ ဂုဏ္ယူေနရန္လိုေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က မေကြးတပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ယေန႔မြန္းလြဲပုိင္းတြင္ ေတြ႕ဆုံအမွာစကားေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွတပ္မေတာ္ အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ေက်ာ္စြာလင္း၊ မေကြး တပ္နယ္မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီခ်ဳပ္ကအမွာစကားေျပာၾကားရာတြင္ အရာရွိ၊ စစ္သည္ အဆင့္မ်ားအလုိက္ စစ္ပညာရပ္ဆုိင္ရာသင္တန္းမ်ားဖြင့္လွစ္ေပးၿပီး စစ္၏အေျခခံ သေဘာတရားမ်ားအား ေလ့က်င့္ေဆာင္ရြက္ ေပးထားသကဲ့သုိ႔ စစ္၀တ္တန္ဆာမ်ား၊ လက္နက္ပစၥည္းမ်ားႏွင့္ အုပ္ခ်ဳပ္ေထာက္ပံ့မႈဆုိင္ရာမ်ားအား ျဖည့္ဆည္းေဆာင္ရြက္ ေပးထားေၾကာင္း၊ မိမိတုိ႔ကုိယ္စီေလ့က်င့္သင္ၾကားေပးထားသည့္ စစ္ပညာရပ္မ်ားကုိ လက္ေတြ႕အသုံးခ်ႏုိင္ျခင္းျဖင့္ စစ္ေျမျပင္တြင္ေအာင္ျမင္မႈမ်ားရရွိမည္ျဖစ္ေၾကာင္း၊ ေလ့က်င့္ေရးေဆာင္ရြက္ရာ တြင္ မိမိတုိ႔ေန႔စဥ္ေဆာင္ရြက္ေနရသည့္ သမားစဥ္ လုပ္ငန္းမ်ားအား မွန္မွန္ကန္ကန္ေဆာင္ရြက္ေနရန္ လိုေၾကာင္း၊ ေန႔စဥ္ကုိယ္လက္ ႀကံ့ခုိင္ေရးကဲ့သုိ႔လုပ္ငန္းမ်ားေဆာင္ရြက္ျခင္းသည္ ေရွ႕တန္းစစ္ေျမျပင္တြင္ တာ၀န္ထမ္းေဆာင္ရန္အတြက္ ႀကိဳတင္ျပင္ဆင္ျခင္းပင္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားမ်ား အေနျဖင့္ က်န္းမာ ႀကံ့ခုိင္မႈ ရွိရမည္၊ သက္ဆုိင္ရာက႑အလိုက္ ကြၽမ္းက်င္မႈရွိရမည္၊ တုိက္ရဲခုိက္ရဲသည့္စိတ္ျဖင့္ ရဲစြမ္းသတၱိရွိ ရမည္ျဖစ္သျဖင့္ ေလ့က်င့္ေရးလုပ္ငန္းမ်ားကုိ စဥ္ဆက္မပ်က္ ေဆာင္ရြက္ေနရန္လုိေၾကာင္း။

မိမိတုိ႔တာ၀န္ထမ္းေဆာင္မႈမွရရွိေသာ အားနည္းခ်က္၊ အားသာခ်က္မ်ားကုိ သင္ခန္းစာယူ၍ ပုိမုိေကာင္းမြန္စြာ တာ၀န္ထမ္းေဆာင္ ႏုိင္ရန္ႀကိဳးစားရမည္ျဖစ္ေၾကာင္း၊ အတိတ္ကုိအျပစ္ဖုိ႔ေနရန္မဟုတ္ဘဲ အနာဂတ္အတြက္ သင္ခန္းစာေဖာ္ထုတ္ရန္အတြက္သာျဖစ္ေၾကာင္း၊ မိမိတုိ႔က႑အလိုက္ လုပ္ငန္းတာ၀န္မ်ား ထမ္းေဆာင္မႈကုိ အၿမဲတမ္းသုံးသပ္ရန္ျပင္ဆင္ေလ့က်င့္မႈမ်ားေဆာင္ရြက္ၾကရမည္ ျဖစ္ေၾကာင္း၊ တပ္မေတာ္သားတုိင္း Will to Win ၊ Win to Fight ဟူေသာတုိက္ပြဲ၀င္ စိတ္ဓာတ္ျဖင့္ ရန္သူကိုေခ်မႈန္းၿပီး မိမိတပ္အလံ၊ အခ်ဳပ္အျခာ အာဏာ အတြက္ မိမိႏုိင္ငံ အလံလႊင့္ထူႏုိင္မည္ျဖစ္ေၾကာင္း၊ ႏုိင္ငံတကာအားကစားပြဲမ်ားယွဥ္ၿပိဳင္သည့္အခါ မိမိႏုိင္ငံ အတြက္ ကို္ယ္စားျပဳ၍ ေအာင္ႏုိင္မႈရရွိခ်ိန္တြင္ မိမိတုိ႔ႏုိင္ငံေတာ္အလံအား အမ်ားကအေလးျပဳရျခင္းျဖင့္ တုိင္းျပည္ဂုဏ္ကုိ ျမႇင့္တင္ႏုိင္မႈအေပၚ ဂုဏ္ယူၾကရမည္ ျဖစ္ေၾကာင္း၊ ယင္းသုိ႔ဂုဏ္ယူႏုိင္ရန္အတြက္ အၿမဲမျပတ္စနစ္တက်မွန္ကန္ေသာ ေလ့က်င့္မႈမ်ားျပဳလုပ္ႏုိင္မွသာရရွိမည္ျဖစ္ေၾကာင္း။

တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ား၏သက္သာေခ်ာင္ခ်ိေရးအတြက္ တပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္ရြက္ၿပီး ထြက္ရွိလာသည့္ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္၊ ၾကက္ဥမ်ားအား သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ေရာင္းခ်ေပးလ်က္ ရွိေၾကာင္း၊ ထုိသုိ႔အာဟာရျပည့္၀သည့္ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္ႏွင့္ ၾကက္ဥမ်ား စားသုံးျခင္းျဖင့္ လုပ္ငန္းတာ၀န္ထမ္းေဆာင္မႈကုိ အေထာက္အကူျဖစ္ေစႏုိင္ေၾကာင္း၊ မိမိတုိ႔၏ ၀င္ေငြႏွင့္ထြက္ေငြအား အသုံးႏွင့္အျဖဳန္းခြဲျခားၿပီး မွ်တစြာသုံးစြဲရန္လုိေၾကာင္း၊ က်န္းမာေရးကုိထိခုိက္ ေစႏုိင္ သည့္ အေသာက္အစား၊ အစားအေသာက္၊ အေပ်ာ္အပါး လုိက္စားျခင္းမ်ားအားတတ္ႏုိင္သမွ် ေရွာင္ၾကဥ္ရန္ လုိေၾကာင္း၊ အခ်ိန္ကာလ၊ ေဒသ အလုိက္႐ုိးရာယဥ္ေက်းမႈပြဲမ်ားကုိလည္းေဆာင္ ရြက္ရန္လုိေၾကာင္း၊ မိမိဘ၀တုိးတက္ေရး အတြက္ အတတ္ပညာမ်ားသာမက အသိပညာမ်ားႏွင့္ ေတြးေခၚေျမာ္ျမင္မႈမ်ား တုိးတက္ ေစရန္အတြက္ သုတ၊ ရသ စာအုပ္၊ စာေစာင္မ်ားအား ဖတ္႐ႈေလ့လာေနရန္လုိေၾကာင္း၊ မိမိကုိယ္ကုိေကာင္း ေအာင္၊ မိမိတုိ႔ တပ္ေကာင္းေအာင္၊ ထုိမွတစ္ဆင့္ႏုိင္ငံေကာင္းေအာင္ အားလုံး၀ုိင္း၀န္းေဆာင္ ရြက္ၾကရန္ လုိေၾကာင္းမွာၾကားသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က နယ္ေျမခံတပ္မဌာခ်ဳပ္ကြပ္ကဲမႈ ေအာက္ရွိ တပ္ရင္းမ်ားမွ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္ထမ္းေဆာင္စဥ္ အသက္ခႏၶာ ေပးဆပ္ခဲ့ရသူမ်ားႏွင့္ ေျခလက္အဂၤါစြန္႔လႊတ္ခဲ့ရ သူမ်ား၏ မိသားစု၀င္မ်ားအတြက္ ခ်ီးျမႇင့္ေငြမ်ားကုိေပးအပ္ရာ တာ၀န္ရွိသူတစ္ဦးကလက္ခံရယူသည္။ ၎ေနာက္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ စားေသာက္ ဖြယ္ရာမ်ားကုိလည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွ က တပ္နယ္မိခင္ႏွင့္ ကေလးေစာင့္ေရွာက္ေရးအသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားကုိလည္း ေကာင္းေပးအပ္ရာ တပ္နယ္မွဴးႏွင့္ နယ္ေျမခံ တပ္မဌာနခ်ဳပ္မွဴး၏ ဇနီးတုိ႔ကလက္ခံရယူ ၾကသည္။

ထုိ႔ေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္တုိ႔က တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား အတြက္ သုတ၊ ရသ စာအုပ္စာေစာင္မ်ား၊ အားကစားပစၥည္းမ်ားႏွင့္ စားေသာက္ ဖြယ္ရာ မ်ားအား အသီးသီးေပးအပ္ရာ တာ၀န္ရွိသူမ်ားကလက္ခံရယူၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕၀င္မ်ားသည္ မေကြး တုိင္းေဒသႀကီး မင္းဘူးခ႐ုိင္၊ မင္းဘူး/စကုၿမိဳ႕နယ္ရွိ မန္းေရႊစက္ေတာ္ဘုရား၊ ေအာက္စက္ေတာ္ရာ သုိ႔ေရာက္ရွိၿပီး ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ားကပ္လွဴ ပူေဇာ္ၿပီး ဖူးေျမာ္ ၾကည္ညိဳၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားသည္ မန္းေရႊစက္ေတာ္၊ ေအာက္စက္ေတာ္ရာအား ေရႊသကၤန္းမ်ားဆက္ကပ္ ပူေဇာ္ၾကၿပီး၊ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားစုေပါင္းလွဴဒါန္းထားသည့္ အလင္းေပါက္ဖန္အုပ္ေဆာင္း အားၾကည့္႐ႈၾကကာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မုိးရာသီက်ေရာက္ေတာ့မည္ျဖစ္သျဖင့္ ေအာက္စက္ ေတာ္ရာေက်ာင္းေဆာင္ ခုိင္မာမႈရွိမရွိ အင္ဂ်င္နီယာမ်ားျဖင့္ စစ္ေဆးေဆာင္ရြက္ရန္လုိေၾကာင္း၊ ယခုကဲ့သုိ႔ အလင္းေပါက္ ဖန္အုပ္ေဆာင္းျဖင့္ ပူေဇာ္ထားသျဖင့္ ဘုရားဖူးျပည္သူမ်ား အခ်ိန္အခါမေရြးလာေရာက္ ဖူးေျမာ္ႏုိင္သျဖင့္၀မ္းသာပါေၾကာင္း၊ မိမိတုိ႔အေနျဖင့္ရွိၿပီးသားေရွး႐ုိးအစဥ္အလာမ်ားကုိ အရြယ္သုံးပါးမေရြး ထိန္းသိမ္းၾကရန္လုိေၾကာင္း၊ ဖန္အုပ္ေဆာင္းျဖင့္ပူေဇာ္ထားသျဖင့္ ဘုရားဖူးရာသီကုန္ဆုံးသြားေသာ္လည္း ဘုရားဖူးျပည္သူမ်ားလာေရာက္ဖူးေျမာ္ လ်က္ရွိေၾကာင္း၊ ထုိ႔ေၾကာင့္၎င္းတုိ႔၏စားေသာက္ေနထုိင္ေရးအတြက္ စနစ္တက် ေဆာင္ရြက္ရန္လိုေၾကာင္း တာ၀န္ရွိသူမ်ားအားအႀကံျပဳ ေဆြးေႏြးေျပာၾကားသည္။

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က အလွဴေငြမ်ားေပးအပ္ လွဴဒါန္းရာ ေဂါပကအဖြဲ႕မွ တာ၀န္ရွိသူမ်ားက လက္ခံရယူၿပီး ေအာက္စက္ေတာ္ရာ ဓာတ္ပုံကားခ်ပ္အား ဓမၼလက္ေဆာင္အျဖစ္ ျပန္လည္ ေပးအပ္ခဲ့သည္။

(Unicode Version)

နိုင်ငံတော်နှင့်ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နေကြသည့် တပ်မတော်သားတစ်ဦးချင်းစီ၏ ကိုယ်ကျိုးမဖက်အသက်ခန္ဓာ စွန့်လွှတ်စွန့်စားတာဝန် ထမ်းဆောင်မှုများကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် အမြဲတမ်းအသိအမှတ်ပြု ချီးကျူးဂုဏ်ယူ

နေပြည်တော်၊ ဇွန် – ၁၉

နိုင်ငံတော်နှင့်ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နေကြသည့် တပ်မတော်သားတစ်ဦးချင်းစီ၏ ကိုယ်ကျိုးမဖက်အသက်ခန္ဓာ စွန့်လွှတ်စွန့်စား တာဝန် ထမ်းဆောင်မှုများကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် အမြဲတမ်းအသိအမှတ်ပြု ချီးကျူးဂုဏ်ယူပါကြောင်း၊ တပ်မတော်၏အစဉ်အလာကောင်း များကို ထိန်းသိမ်းကြရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်ကိုကာကွယ်လိုသည့် စိတ်ဓာတ်အခြေခံကောင်းဖြင့် မိမိတို့ သဘောဆန္ဒအလျောက် တပ်မတော်သို့ဝင်ရောက်လာကြသူများဖြစ်သဖြင့် ရှိပြီးသား စိတ်ဓာတ်အား ပို၍ခိုင်မာအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်များအား အသက်နှင့်ခန္ဓာပေး ဆပ်ပြီး တာဝန်ထမ်းဆောင်နေကြသူများဖြစ်သဖြင့် တပ်မတော်သားဘဝကို ဂုဏ်ယူနေရန်လိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကွေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့မွန်းလွဲပိုင်းတွင် တွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်း၊ မကွေး တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီချုပ်ကအမှာစကားပြောကြားရာတွင် အရာရှိ၊ စစ်သည် အဆင့်များအလိုက် စစ်ပညာရပ်ဆိုင်ရာသင်တန်းများဖွင့်လှစ်ပေးပြီး စစ်၏အခြေခံ သဘောတရားများအား လေ့ကျင့်ဆောင်ရွက် ပေးထားသကဲ့သို့ စစ်ဝတ်တန်ဆာများ၊ လက်နက်ပစ္စည်းများနှင့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာများအား ဖြည့်ဆည်းဆောင်ရွက် ပေးထားကြောင်း၊ မိမိတို့ကိုယ်စီလေ့ကျင့်သင်ကြားပေးထားသည့် စစ်ပညာရပ်များကို လက်တွေ့အသုံးချနိုင်ခြင်းဖြင့် စစ်မြေပြင်တွင်အောင်မြင်မှုများရရှိမည်ဖြစ်ကြောင်း၊ လေ့ကျင့်ရေးဆောင်ရွက်ရာ တွင် မိမိတို့နေ့စဉ်ဆောင်ရွက်နေရသည့် သမားစဉ် လုပ်ငန်းများအား မှန်မှန်ကန်ကန်ဆောင်ရွက်နေရန် လိုကြောင်း၊ နေ့စဉ်ကိုယ်လက် ကြံ့ခိုင်ရေးကဲ့သို့လုပ်ငန်းများဆောင်ရွက်ခြင်းသည် ရှေ့တန်းစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်သားများ အနေဖြင့် ကျန်းမာ ကြံ့ခိုင်မှု ရှိရမည်၊ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်မှုရှိရမည်၊ တိုက်ရဲခိုက်ရဲသည့်စိတ်ဖြင့် ရဲစွမ်းသတ္တိရှိ ရမည်ဖြစ်သဖြင့် လေ့ကျင့်ရေးလုပ်ငန်းများကို စဉ်ဆက်မပျက် ဆောင်ရွက်နေရန်လိုကြောင်း။

မိမိတို့တာဝန်ထမ်းဆောင်မှုမှရရှိသော အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာယူ၍ ပိုမိုကောင်းမွန်စွာ တာဝန်ထမ်းဆောင် နိုင်ရန်ကြိုးစားရမည်ဖြစ်ကြောင်း၊ အတိတ်ကိုအပြစ်ဖို့နေရန်မဟုတ်ဘဲ အနာဂတ်အတွက် သင်ခန်းစာဖော်ထုတ်ရန်အတွက်သာဖြစ်ကြောင်း၊ မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ ထမ်းဆောင်မှုကို အမြဲတမ်းသုံးသပ်ရန်ပြင်ဆင်လေ့ကျင့်မှုများဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တပ်မတော်သားတိုင်း Will to Win ၊ Win to Fight ဟူသောတိုက်ပွဲဝင် စိတ်ဓာတ်ဖြင့် ရန်သူကိုချေမှုန်းပြီး မိမိတပ်အလံ၊ အချုပ်အခြာ အာဏာ အတွက် မိမိနိုင်ငံ အလံလွှင့်ထူနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာအားကစားပွဲများယှဉ်ပြိုင်သည့်အခါ မိမိနိုင်ငံ အတွက် ကိုယ်စားပြု၍ အောင်နိုင်မှုရရှိချိန်တွင် မိမိတို့နိုင်ငံတော်အလံအား အများကအလေးပြုရခြင်းဖြင့် တိုင်းပြည်ဂုဏ်ကို မြှင့်တင်နိုင်မှုအပေါ် ဂုဏ်ယူကြရမည် ဖြစ်ကြောင်း၊ ယင်းသို့ဂုဏ်ယူနိုင်ရန်အတွက် အမြဲမပြတ်စနစ်တကျမှန်ကန်သော လေ့ကျင့်မှုများပြုလုပ်နိုင်မှသာရရှိမည်ဖြစ်ကြောင်း။

တပ်မတော်သားများနှင့် မိသားစုဝင်များ၏သက်သာချောင်ချိရေးအတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥများအား သက်သာသော ဈေးနှုန်းများဖြင့်ရောင်းချပေးလျက် ရှိကြောင်း၊ ထိုသို့အာဟာရပြည့်ဝသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ကြက်ဥများ စားသုံးခြင်းဖြင့် လုပ်ငန်းတာဝန်ထမ်းဆောင်မှုကို အထောက်အကူဖြစ်စေနိုင်ကြောင်း၊ မိမိတို့၏ ဝင်ငွေနှင့်ထွက်ငွေအား အသုံးနှင့်အဖြုန်းခွဲခြားပြီး မျှတစွာသုံးစွဲရန်လိုကြောင်း၊ ကျန်းမာရေးကိုထိခိုက် စေနိုင် သည့် အသောက်အစား၊ အစားအသောက်၊ အပျော်အပါး လိုက်စားခြင်းများအားတတ်နိုင်သမျှ ရှောင်ကြဉ်ရန် လိုကြောင်း၊ အချိန်ကာလ၊ ဒေသ အလိုက်ရိုးရာယဉ်ကျေးမှုပွဲများကိုလည်းဆောင် ရွက်ရန်လိုကြောင်း၊ မိမိဘဝတိုးတက်ရေး အတွက် အတတ်ပညာများသာမက အသိပညာများနှင့် တွေးခေါ်မြော်မြင်မှုများ တိုးတက် စေရန်အတွက် သုတ၊ ရသ စာအုပ်၊ စာစောင်များအား ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ မိမိကိုယ်ကိုကောင်း အောင်၊ မိမိတို့ တပ်ကောင်းအောင်၊ ထိုမှတစ်ဆင့်နိုင်ငံကောင်းအောင် အားလုံးဝိုင်းဝန်းဆောင် ရွက်ကြရန် လိုကြောင်းမှာကြားသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နယ်မြေခံတပ်မဌာချုပ်ကွပ်ကဲမှု အောက်ရှိ တပ်ရင်းများမှ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် အသက်ခန္ဓာ ပေးဆပ်ခဲ့ရသူများနှင့် ခြေလက်အင်္ဂါစွန့်လွှတ်ခဲ့ရ သူများ၏ မိသားစုဝင်များအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တာဝန်ရှိသူတစ်ဦးကလက်ခံရယူသည်။ ၎င်းနောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာများကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ က တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုလည်း ကောင်းပေးအပ်ရာ တပ်နယ်မှူးနှင့် နယ်မြေခံ တပ်မဌာနချုပ်မှူး၏ ဇနီးတို့ကလက်ခံရယူ ကြသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် သုတ၊ ရသ စာအုပ်စာစောင်များ၊ အားကစားပစ္စည်းများနှင့် စားသောက် ဖွယ်ရာ များအား အသီးသီးပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် မကွေး တိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူး/စကုမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၊ အောက်စက်တော်ရာ သို့ရောက်ရှိပြီး ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူ ပူဇော်ပြီး ဖူးမြော် ကြည်ညိုကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများသည် မန်းရွှေစက်တော်၊ အောက်စက်တော်ရာအား ရွှေသင်္ကန်းများဆက်ကပ် ပူဇော်ကြပြီး၊ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများစုပေါင်းလှူဒါန်းထားသည့် အလင်းပေါက်ဖန်အုပ်ဆောင်း အားကြည့်ရှုကြကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိုးရာသီကျရောက်တော့မည်ဖြစ်သဖြင့် အောက်စက် တော်ရာကျောင်းဆောင် ခိုင်မာမှုရှိမရှိ အင်ဂျင်နီယာများဖြင့် စစ်ဆေးဆောင်ရွက်ရန်လိုကြောင်း၊ ယခုကဲ့သို့ အလင်းပေါက် ဖန်အုပ်ဆောင်းဖြင့် ပူဇော်ထားသဖြင့် ဘုရားဖူးပြည်သူများ အချိန်အခါမရွေးလာရောက် ဖူးမြော်နိုင်သဖြင့်ဝမ်းသာပါကြောင်း၊ မိမိတို့အနေဖြင့်ရှိပြီးသားရှေးရိုးအစဉ်အလာများကို အရွယ်သုံးပါးမရွေး ထိန်းသိမ်းကြရန်လိုကြောင်း၊ ဖန်အုပ်ဆောင်းဖြင့်ပူဇော်ထားသဖြင့် ဘုရားဖူးရာသီကုန်ဆုံးသွားသော်လည်း ဘုရားဖူးပြည်သူများလာရောက်ဖူးမြော် လျက်ရှိကြောင်း၊ ထို့ကြောင့်၎င်းင်းတို့၏စားသောက်နေထိုင်ရေးအတွက် စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း တာဝန်ရှိသူများအားအကြံပြု ဆွေးနွေးပြောကြားသည်။

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က အလှူငွေများပေးအပ် လှူဒါန်းရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူပြီး အောက်စက်တော်ရာ ဓာတ်ပုံကားချပ်အား ဓမ္မလက်ဆောင်အဖြစ် ပြန်လည် ပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။