တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံ အမတ်ကြီး H. E. Mr. Chen Hai အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ဇြန္ ၂၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏုိင္ငံဆုိင္ရာ တ႐ုတ္ႏုိင္ငံ သံအမတ္ႀကီးအျဖစ္ ခန္႔အပ္ျခင္းခံရသည့္ H. E. Mr. Chen Hai အား ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံ ေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံဆုိင္ရာ တ႐ုတ္ႏုိင္ငံ သံအမတ္ႀကီးႏွင့္အတူ ျမန္မာႏုိင္ငံ ဆုိင္ရာတ႐ုတ္ႏုိင္ငံ စစ္သံမွဴး Sr. Col. Xiong Shaowai ႏွင့္တာ၀န္ ရွိသူမ်ား တက္ေရာက္ ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ႏွစ္ႏုိင္ငံႏွင့္တပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္ရြက္မႈမ်ား တုိးတက္ေကာင္းမြန္လ်က္ရွိသည့္အေျခအေနမ်ား၊ ျမန္မာႏုိင္ငံတြင္ ျပည္သူမ်ားမွေရြးခ်ယ္သည့္ ပါတီစုံ ဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းေနမႈႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ ရခုိင္ျပည္နယ္အေရးကိစၥမ်ားႏွင့္ပတ္သက္၍ အစိုးရႏွင့္တပ္မေတာ္၏ ေျဖရွင္းေဆာင္ရြက္ မႈမ်ားအေပၚ ႏုိင္ငံတကာမ်က္ႏွာစာတြင္ တ႐ုတ္ႏုိင္ငံမွရပ္တည္ေဆာင္ရြက္ေပးေနမႈ အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ တပ္မေတာ္ႏွစ္ရပ္ အၾကားပူးေပါင္း ေဆာင္ရြက္လ်က္ ရွိသည့္အေျခအေနမ်ား၊ ျမန္မာႏုိင္ငံႏွင့္တ႐ုတ္ႏုိင္ငံတုိ႔ ႏွစ္ႏုိင္ငံအက်ိဳးတူပူးေပါင္း ေဆာင္ရြက္ႏုိင္မည့္ ကိစၥရပ္မ်ားႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္မႈမ်ား တုိးျမႇင့္ေဆာင္ရြက္ေရး ဆုိင္ရာကိစၥရပ္ မ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံ အမတ်ကြီး H. E. Mr. Chen Hai အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇွန် ၂၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့် H. E. Mr. Chen Hai အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာတရုတ်နိုင်ငံ စစ်သံမှူး Sr. Col. Xiong Shaowai နှင့်တာဝန် ရှိသူများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် ပြည်သူများမှရွေးချယ်သည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေမှုနှင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အရေးကိစ္စများနှင့်ပတ်သက်၍ အစိုးရနှင့်တပ်မတော်၏ ဖြေရှင်းဆောင်ရွက် မှုများအပေါ် နိုင်ငံတကာမျက်နှာစာတွင် တရုတ်နိုင်ငံမှရပ်တည်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နှစ်ရပ် အကြားပူးပေါင်း ဆောင်ရွက်လျက် ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့ နှစ်နိုင်ငံအကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ် များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။