တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဂါနာနိုင်ငံသံအမတ်ကြီး H. E. Ms. Akua Sekyiwa Ahenkora အားလက်ခံတွေ့ဆုံ 

ေနျပည္ေတာ္၊ ဇြန္  ၂၀ 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏုိင္ငံ ဆုိင္ရာ ဂါနာႏုိင္ငံသံအမတ္ႀကီးအျဖစ္ ခန္႔အပ္ျခင္းခံရသည့္ H. E. Ms. Akua Sekyiwa Ahenkora အား ယေန႔ညေနပုိင္း တြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။ 

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏုိင္ငံဆုိင္ရာ ဂါနာႏုိင္ငံ သံအမတ္ႀကီးႏွင့္အတူ သံမွဴးႀကီး Ms. Angela Aryee တုိ႔တက္ေရာက္ၾကသည္။ 

ထုိသုိ႔ေတြ႕ဆုံရာတြင္ ႏွစ္ႏုိင္ငံသံတမန္ဆက္ဆံေရးထူေထာင္ခဲ့သည့္ အေျခအေန မ်ား၊ ဂါနာႏုိင္ငံ၏ တပ္မေတာ္သမုိင္းေၾကာင္းဆုိင္ရာမ်ား၊ ႏွစ္ႏုိင္ငံအျပန္အလွန္ကုန္သြယ္မႈ ဆုိင္ရာမ်ားတြင္ ပူးေပါင္းေဆာင္ ရြက္ႏုိင္မည့္အေျခအေနမ်ား၊ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ေရးႏွင့္ ပူးေပါင္းေဆာင္ရြက္မႈမ်ား တုိးျမႇင့္ေဆာင္ရြက္ႏုိင္သည့္အေျခအေနမ်ား၊ ျမန္မာႏုိင္ငံတြင္ ျပည္သူမ်ားမွေရြးခ်ယ္သည့္ ပါတီစုံဒီမုိကေရ စီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းေနမႈႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္ရြက္ေနမႈ အေျခအေနမ်ား ႏွင့္ရခုိင္ျပည္နယ္အတြင္းျဖစ္ပြားခဲ့သည့္ ဘဂၤါလီအေရးကိစၥမ်ားႏွင့္ပတ္သက္၍ ဥပေဒႏွင့္ အညီေဆာင္ရြက္ေနမႈအေျခအေနမ်ားအား ရင္းရင္းႏွီးႏွီးအျပန္အလွန္ေဆြးေႏြး ခဲ့ၾကသည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဂါနာနိုင်ငံသံအမတ်ကြီး H. E. Ms. Akua Sekyiwa Ahenkora အားလက်ခံတွေ့ဆုံ 

နေပြည်တော်၊ ဇွန်  ၂၀ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဂါနာနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့် H. E. Ms. Akua Sekyiwa Ahenkora အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဂါနာနိုင်ငံ သံအမတ်ကြီးနှင့်အတူ သံမှူးကြီး Ms. Angela Aryee တို့တက်ရောက်ကြသည်။ 

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် အခြေအနေ များ၊ ဂါနာနိုင်ငံ၏ တပ်မတော်သမိုင်းကြောင်းဆိုင်ရာများ၊ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှု ဆိုင်ရာများတွင် ပူးပေါင်းဆောင် ရွက်နိုင်မည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်သည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေ စီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေမှု အခြေအနေများ နှင့်ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ဘင်္ဂါလီအရေးကိစ္စများနှင့်ပတ်သက်၍ ဥပဒေနှင့် အညီဆောင်ရွက်နေမှုအခြေအနေများအား ရင်းရင်းနှီးနှီးအပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။ 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။