တပ်မတော်တွင် မိမိ၏တစ်ဦးချင်းလိုအပ်ချက်၊ အခက်အခဲများအား နေ့စဉ်သတင်းပို့ တင်ပြခွင့်ရှိခြင်း၊ ဆန္ဒဖော်ထုတ်ပွဲများတွင် တင်ပြခွင့်ရှိခြင်း၊ တာဝန်ရှိသူအဆင့်ဆင့်က မှန်မှန်ကန်ကန်ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် တပ်တွင်းဒီမိုကရေစီစနစ်ကို စည်းကမ်း တကျ ကျင့်သုံးဆောင်ရွက်လျက်ရှိ

ေနျပည္ေတာ္၊ ဇူလုိင္ – ၂

တပ္မေတာ္တြင္ မိမိ၏တစ္ဦးခ်င္းလုိအပ္ခ်က္၊ အခက္အခဲမ်ားအား ေန႔စဥ္ သတင္းပုိ႔တင္ျပခြင့္ရွိျခင္း၊ ဆႏၵေဖာ္ထုတ္ပြဲမ်ားတြင္ တင္ျပခြင့္ရွိျခင္း၊ တာ၀န္ရွိသူ အဆင့္ဆင့္က မွန္မွန္ကန္ကန္ေျဖရွင္းေဆာင္ရြက္ေပးျခင္းျဖင့္ တပ္တြင္းဒီမုိကေရစီစနစ္ ကုိ စည္းကမ္းတက်က်င့္သုံးေဆာင္ရြက္လ်က္ရွိေၾကာင္း၊ စည္းကမ္းေကာင္းေသာ တပ္မေတာ္၊ စိတ္ဓာတ္ေကာင္းေသာတပ္မေတာ္၏ အစဥ္အလာေကာင္းမ်ားကုိ ထိန္းသိမ္းလ်က္ရွိေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က သံေတာင္ႀကီးတပ္နယ္ရွိ တပ္မေတာ္(ၾကည္း) တုိက္ခိုက္ေရးေက်ာင္း (ဘုရင့္ေနာင္)ႏွင့္ အရာခံႏွင့္အၾကပ္ႀကီးသင္ေက်ာင္းရွိ နည္းျပအရာရွိမ်ား၊ သင္တန္းသား အရာရွိ၊ စစ္သည္မ်ားအား ယေန႔ေန႔လယ္ပုိင္းတြင္ ေတြ႕ဆုံအမွာစကားေျပာၾကားရာ၌ ထည့္သြင္း ေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ ေတာင္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ မ်ိဳး၀င္း၊ သံေတာင္ႀကီးတပ္နယ္ရွိ သင္တန္းေက်ာင္းမ်ားမွ ေက်ာင္း အုပ္ႀကီးမ်ား၊ နည္းျပအရာရွိမ်ားႏွင့္ သင္တန္းသားအရာရွိ၊ စစ္သည္မ်ားတက္ေရာက္ၾက သည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကအမွာစကားေျပာၾကားရာတြင္ တပ္မေတာ္၏ အဓိကတာ၀န္မွာႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္ထမ္းေဆာင္ရန္ျဖစ္ေၾကာင္း၊ ႏုိင္ငံတကာ ရွိတပ္မေတာ္မ်ားသည္လည္း ၎တုိ႔၏ႏုိင္ငံကုိကာကြယ္ရန္ႏွင့္ အခ်ိဳ႕အင္အားႀကီး ႏုိင္ငံမ်ားမွတပ္မေတာ္မ်ားသည္ ႏုိင္ငံျပင္ပကမၻာ့ၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈလုပ္ငန္းစဥ္မ်ား တြင္ ပါ၀င္ေဆာင္ရြက္လ်က္ရွိၾကေၾကာင္း၊ မိမိတို႔ႏုိင္ငံ၏ကာကြယ္ေရးမူ၀ါဒသည္ ႏုိင္ငံကုိ ကာကြယ္ရန္ျဖစ္ၿပီး အျခားႏုိင္ငံအားက်ဴးေက်ာ္ရန္မဟုတ္ေၾကာင္း၊ မိမိတုိ႔ႏုိင္ငံအေနျဖင့္ ႏုိင္ငံေရး အရတည္ၿငိမ္ေအးခ်မ္းမႈ၊ လုံၿခဳံေရးအရတည္ၿငိမ္ေအးခ်မ္းမႈမ်ား မရရွိေသး ေၾကာင္း၊ တုိင္းရင္းသားလက္နက္ကုိင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းမႈမရွိေသးေၾကာင္း၊ ျပည္သူမ်ားမွေရြးခ်ယ္သည့္ ပါတီစုံဒီမုိကေရစီ လမ္းေၾကာင္း ေပၚေလွ်ာက္လွမ္းခ်ိန္တြင္ လက္နက္ကုိင္ၿပီးေတာင္းဆုိ၍မရေၾကာင္း။

တပ္မေတာ္အတြင္းသုိ႔ ႏုိင္ငံေတာ္ကာကြယ္ေရးအတြက္ ခံယူခ်က္ေကာင္းစြာျဖင့္ မိမိတုိ႔သေဘာဆႏၵအေလ်ာက္ ၀င္ေရာက္အမႈထမ္းၾကသူမ်ားျဖစ္သျဖင့္ ရွိၿပီးသား အေျခခံစိတ္ဓာတ္ကုိ ပုိမုိခုိင္မာေအာင္တည္ေဆာက္ၾကရမည္ျဖစ္ေၾကာင္း၊ တာ၀န္ ထမ္းေဆာင္ရသည့္ေနရာတြင္ တာ၀န္ေက်ပြန္စြာထမ္းေဆာင္ၾကရန္လုိၿပီး ႏုိင္ငံေတာ္ အေပၚ ေက်းဇူးသစၥာေစာင့္သိရန္လုိေၾကာင္း၊ တပ္မေတာ္သားေကာင္း တစ္ေယာက္ ျဖစ္ေစရန္အတြက္ စစ္အေျခခံသင္တန္းမွစ၍ အဆင့္ဆင့္ေသာသင္တန္းမ်ားအား ေလ့က်င့္သင္ၾကားေပးထားေၾကာင္း၊ သင္တန္းမ်ားမွသင္ၾကားေပးလုိက္သည့္ စစ္အေျခခံ ပညာမ်ား၊ ေခါင္းေဆာင္မႈပညာမ်ားႏွင့္ သက္ဆုိင္ရာနယ္ပယ္အလုိက္ နည္းပညာမ်ား အားတန္ဖုိးထားသင္ယူၿပီး လက္ေတြ႕နယ္ပယ္တြင္ အေလးထားလုိက္နာ၍အသုံးခ်ရန္ လုိေၾကာင္း၊ မိမိတုိ႔ဦးေဆာင္ရသည့္ တပ္ဖြဲ႕အလုိက္စီမံကြပ္ကဲႏုိင္ရန္အတြက္ အဆင့္ဆင့္ေသာ ေခါင္းေဆာင္မႈပညာရပ္မ်ားကုိ သင္ၾကားေလ့က်င့္ေပးထားေၾကာင္း၊ “ေလ့လာ၊ ေလ့က်င့္၊ လုိက္နာ” ဆုိသည့္တပ္မေတာ္၏ ေလ့က်င့္ေရးေဆာင္ပုဒ္အတိုင္း ေျပာင္းလဲေနသည့္ စစ္လက္နက္ပစၥည္းမ်ား၊ စစ္ဘက္နည္းပညာမ်ားႏွင့္ စစ္နည္းဗ်ဴဟာ မ်ားကုိ အၿမဲေလ့လာေနရမည္ျဖစ္ၿပီး အံ၀င္ခြင္က်ျဖစ္ေအာင္ အၿမဲေလ့က်င့္ေနရမည္ ျဖစ္ေၾကာင္း၊ သင္ၾကားထားသည့္စစ္အတတ္ပညာမ်ားကုိ အၿမဲလုိက္နာရမည္ျဖစ္ေၾကာင္း၊ ေလ့က်င့္သားျပည့္၀ရန္အတြက္ က်န္းမာႀက့ံခုိင္ေနရန္လုိၿပီး က်န္းမာႀကံ့ခုိင္မႈရွိမွ လုပ္ငန္း တာ၀န္မ်ားကုိေဆာင္ရြက္ႏုိင္မည္ျဖစ္ေၾကာင္း၊ က်န္းမာေရးကုိအေထာက္အကူျဖစ္ေစ သည့္အာဟာရျပည့္၀စြာစားသုံးရမည္ျဖစ္ၿပီး မိမိတို႔အသက္အရြယ္ႏွင့္ေလ်ာ္ညီသည့္ က်န္းမာႀကံ့ခုိင္မႈရွိရန္လုိေၾကာင္း၊ ႀကံ့ခုိင္မႈရွိရန္အတြက္ သင္တန္းေက်ာင္းမ်ားတြင္ ေလ့က်င့္ေပးလ်က္ရွိ သကဲ့သုိ႔ သက္ဆုိင္ရာတပ္ဌာနခ်ဳပ္မ်ားအလိုက္ ေဆာင္ရြက္ရမည့္ ႀကံ့ခုိင္ေရးႏွင့္သက္ဆုိင္ေသာ သမားစဥ္လုပ္ငန္းမ်ားအား မွန္မွန္ကန္ကန္ျဖင့္ ေန႔စဥ္ ေလ့က်င့္ေဆာင္ရြက္ေနရန္လုိေၾကာင္း။

တပ္မေတာ္သားအားလုံး စိတ္ဓာတ္၊ စည္းကမ္း အရာတြင္ စံနမူနာျပျဖစ္ရမည္ ျဖစ္ေၾကာင္း၊ စည္းကမ္းေကာင္းသည့္တပ္မေတာ္၊ စိတ္ဓာတ္ေကာင္းသည့္ တပ္မေတာ္၏ အစဥ္အလာေကာင္းမ်ားကုိ ထိန္းသိမ္းေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ သားမ်ားသည္ ေန႔စဥ္သတ္မွတ္၀တ္စားဆင္ယင္မႈကအစ ထုတ္ျပန္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ား၊ စစ္ေျမျပင္စည္းမ်ဥ္းစည္းကမ္းမ်ားကုိ လုိက္နာရေၾကာင္း၊ တပ္မေတာ္သားမ်ားႏွင့္မိသားစု၀င္မ်ားအားလုံး ညီအစ္ကုိေမာင္ႏွမသဖြယ္၊ မိသားစု သဖြယ္စိတ္ဓာတ္ျဖင့္ အျပန္အလွန္ေလးစားၿပီး စည္းလုံးညီၫြတ္စြာျဖင့္ေနထုိင္ၾက ရမည္ျဖစ္ေၾကာင္း။

မိမိတုိ႔၀င္ေငြႏွင့္ထြက္ေငြမွ်တမႈရွိေစရန္အတြက္ အသုံးႏွင့္အျဖဳန္းကုိခြဲျခား၍ ေဆာင္ရြက္ရန္လုိအပ္ၿပီး ၿခိဳးၿခံေခြၽတာမွေငြပုိေငြလွ်ံရွိမည္ျဖစ္ေၾကာင္း၊ ေငြပုိေငြလွ်ံရွိမွသာ မိမိတုိ႔အတြက္ အသုံးစရိတ္ရရွိမည္ျဖစ္ကာ အက်ိဳးရွိသည့္ေနရာတြင္လုိအပ္သလုိ အသုံးခ်ႏုိင္မည္ ျဖစ္ေၾကာင္း၊ တပ္မေတာ္မွ တပ္ပုိင္စုိက္ပ်ိဳးေရးလုပ္ငန္းမ်ားေဆာင္ရြက္ၿပီး အသား၊ ငါး၊ ၾကက္ဥ၊ ဟင္းသီးဟင္းရြက္မ်ားအား တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ားအား သက္သာေသာေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း၊ အေသာက္အစား၊ အစားအေသာက္မ်ားကုိ ဆင္ျခင္ရန္လုိေၾကာင္း၊ ေခတ္မီတပ္မေတာ္ (Standard ARMY) တည္ေဆာက္ရာတြင္ အေထာက္အကူျဖစ္ေစရန္အတြက္ တပ္မေတာ္သားမ်ား၏ ပညာရည္ျမႇင့္တင္ေရးလုပ္ငန္းမ်ားကုိ ေဆာင္ရြက္ေပးထား ေၾကာင္း၊ တစ္ဦးခ်င္း၏ အသိပညာမ်ားျမင့္မားေနေစရန္အတြက္ ဗဟုသုတမ်ားျပည့္၀ ေနေစရန္အတြက္လုိအပ္သည့္ သုတ၊ ရသ၊ စာအုပ္ စာေစာင္မ်ားအား အၿမဲမျပတ္ထုတ္ေ၀ၿပီး သက္ဆုိင္ရာတပ္ဌာနခ်ဳပ္မ်ားရွိ စာၾကည့္တုိက္မ်ားသုိ႔ျဖန္႔ေ၀ ေပးထားေၾကာင္း၊ မိမိတို႔ဘ၀တုိးတက္မႈ အတြက္ အေထာက္အကူျဖစ္ေစသည့္ သုတရသစာအုပ္စာေစာင္မ်ားကုိအၿမဲမျပတ္ ဖတ္႐ႈေလ့လာေနရန္၊ ကုိယ္ပုိင္အခ်ိန္မ်ားကုိ အက်ိဳးရွိစြာအသုံးခ်ေစလုိေၾကာင္း၊ သံေတာင္ႀကီးေဒသသည္ ရာသီဥတုျပင္းထန္သည့္ ေဒသျဖစ္သျဖင့္ က်န္းမာေရးကုိဂ႐ုစုိက္ၿပီး အခန္းတြင္းအားကစားမ်ား ျပဳလုပ္ၾကရန္ လုိေၾကာင္းမွာၾကားသည္။

ထုိ႔ေနာက္ အစည္းအေ၀းခန္းမတြင္ တာ၀န္ရွိသူတစ္ဦးက ေလ့က်င့္ေရးတာ၀န္မ်ား ထမ္းေဆာင္ႏုိင္မႈ၊ သင္တန္းမ်ားေလ့က်င့္သင္ၾကားေပးေနမႈႏွင့္ တပ္ပုိင္စုိက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားေဆာင္ရြက္ၿပီး အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား သက္သာေသာေစ်းႏႈန္း မ်ားျဖင့္ ေရာင္းခ်ေပးေနမႈမ်ားအားရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က ေလ့က်င့္ေရးလုပ္ငန္းမ်ားအား ထိထိေရာက္ေရာက္ျဖင့္ သင္ၾကားပုိ႔ခ်ေဆာင္ရြက္ ေပးရန္၊ သင္တန္းမွသင္ၾကားေပးလုိက္သည့္ စစ္အေျခခံသေဘာတရားမ်ားအား လက္ေတြ႕နယ္ပယ္တြင္ အသုံးခ်ႏုိင္ရန္အတြက္ စနစ္တက်ေလ့က်င့္ေပးရန္ႏွင့္ လိုအပ္ သည္မ်ားအားမွာၾကားျဖည့္ဆည္းေဆာင္ရြက္ေပးသည္။ ယင္းေနာက္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အရာရွိသင္တန္းသားစားရိပ္သာတြင္ သင္တန္းသားမ်ားႏွင့္အတူ ေန႔လယ္စာအားအတူတကြ သုံးေဆာင္ၾကသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တပ္မေတာ္ လက္ဖက္ေျခာက္စက္႐ုံ(သံေတာင္)သုိ႔ ေရာက္ရွိၾကရာ အစည္းအေ၀းခန္းမတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)၊ ေထာက္ပံ့ႏွင့္ပုို႔ေဆာင္ေရးၫႊန္ၾကားေရးမွဴး႐ုံး ၫႊန္ၾကားေရးမွဴး ဗုိလ္ခ်ဳပ္ေဇာ္လြင္ဦးက စက္႐ုံသမုိင္းေၾကာင္း၊ စက္႐ုံအဆင့္ျမႇင့္တင္မႈႏွင့္ လက္ဖက္ေျခာက္(အခ်ိဳေျခာက္)မ်ား ထုတ္လုပ္ေနမႈအေျခအေနမ်ားႏွင့္ လက္ဖက္ပင္မ်ား စုိက္ပ်ိဳးထားရွိမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က လက္ဖက္ပင္မ်ားစုိက္ပ်ိဳးရာတြင္ စုိက္ပ်ိဳးနည္းစနစ္မွန္ကန္စြာျဖင့္ စုိက္ပ်ိဳးရန္၊ စက္႐ုံ၏စက္စြမ္းအားျပည့္လည္ပတ္ႏုိင္ရန္ႏွင့္ စုိက္ဧကမ်ားတုိးခ်ဲ႕ရန္၊ မ်ိဳးေကာင္း မ်ိဳးသန္႔မ်ားရရွိေအာင္ တစ္ဆင့္ၿပီးတစ္ဆင့္ မွန္မွန္ကန္ကန္စနစ္တက်ေဆာင္ရြက္ရန္၊ စက္႐ုံမွထုတ္လုပ္သည့္ လက္ဖက္ေျခာက္မ်ား၏ အရည္အေသြးတုိးတက္ေကာင္းမြန္ေစရန္ အတြက္ နည္းလမ္းရွာေဖြေဆာင္ရြက္ရန္တုိ႔အားမွာၾကားသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ စက္႐ုံအတြင္း လက္ဖက္ေျခာက္မ်ားထုတ္လုပ္ေနမႈႏွင့္ လက္ဖက္ပ်ိဳးပင္မ်ားစုိက္ပ်ိဳးထားရွိမႈမ်ားအား လုိက္လံၾကည့္႐ႈစစ္ေဆးၿပီး တာ၀န္ရွိသူမ်ားအားလုိအပ္သည္မ်ားမွာၾကားျဖည့္ဆည္း ေဆာင္ရြက္ေပးသည္။ ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စက္႐ုံ၀န္ထမ္း မ်ားအတြက္ ခ်ီးျမႇင့္ေငြမ်ားေပးအပ္ခဲ့ေၾကာင္းသတင္းရရွိသည္။

(Unicode Version)

တပ်မတော်တွင် မိမိ၏တစ်ဦးချင်းလိုအပ်ချက်၊ အခက်အခဲများအား နေ့စဉ်သတင်းပို့ တင်ပြခွင့်ရှိခြင်း၊ ဆန္ဒဖော်ထုတ်ပွဲများတွင် တင်ပြခွင့်ရှိခြင်း၊ တာဝန်ရှိသူအဆင့်ဆင့်က မှန်မှန်ကန်ကန်ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် တပ်တွင်းဒီမိုကရေစီစနစ်ကို စည်းကမ်း တကျ ကျင့်သုံးဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဇူလိုင် – ၂

တပ်မတော်တွင် မိမိ၏တစ်ဦးချင်းလိုအပ်ချက်၊ အခက်အခဲများအား နေ့စဉ် သတင်းပို့တင်ပြခွင့်ရှိခြင်း၊ ဆန္ဒဖော်ထုတ်ပွဲများတွင် တင်ပြခွင့်ရှိခြင်း၊ တာဝန်ရှိသူ အဆင့်ဆင့်က မှန်မှန်ကန်ကန်ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် တပ်တွင်းဒီမိုကရေစီစနစ် ကို စည်းကမ်းတကျကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ စည်းကမ်းကောင်းသော တပ်မတော်၊ စိတ်ဓာတ်ကောင်းသောတပ်မတော်၏ အစဉ်အလာကောင်းများကို ထိန်းသိမ်းလျက်ရှိကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သံတောင်ကြီးတပ်နယ်ရှိ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)နှင့် အရာခံနှင့်အကြပ်ကြီးသင်ကျောင်းရှိ နည်းပြအရာရှိများ၊ သင်တန်းသား အရာရှိ၊ စစ်သည်များအား ယနေ့နေ့လယ်ပိုင်းတွင် တွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်း၊ သံတောင်ကြီးတပ်နယ်ရှိ သင်တန်းကျောင်းများမှ ကျောင်း အုပ်ကြီးများ၊ နည်းပြအရာရှိများနှင့် သင်တန်းသားအရာရှိ၊ စစ်သည်များတက်ရောက်ကြ သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကအမှာစကားပြောကြားရာတွင် တပ်မတော်၏ အဓိကတာဝန်မှာနိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန်ဖြစ်ကြောင်း၊ နိုင်ငံတကာ ရှိတပ်မတော်များသည်လည်း ၎င်းတို့၏နိုင်ငံကိုကာကွယ်ရန်နှင့် အချို့အင်အားကြီး နိုင်ငံများမှတပ်မတော်များသည် နိုင်ငံပြင်ပကမ္ဘာ့ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်များ တွင် ပါဝင်ဆောင်ရွက်လျက်ရှိကြကြောင်း၊ မိမိတို့နိုင်ငံ၏ကာကွယ်ရေးမူဝါဒသည် နိုင်ငံကို ကာကွယ်ရန်ဖြစ်ပြီး အခြားနိုင်ငံအားကျူးကျော်ရန်မဟုတ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံရေး အရတည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှုများ မရရှိသေး ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှုမရှိသေးကြောင်း၊ ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ပေါ်လျှောက်လှမ်းချိန်တွင် လက်နက်ကိုင်ပြီးတောင်းဆို၍မရကြောင်း။

တပ်မတော်အတွင်းသို့ နိုင်ငံတော်ကာကွယ်ရေးအတွက် ခံယူချက်ကောင်းစွာဖြင့် မိမိတို့သဘောဆန္ဒအလျောက် ဝင်ရောက်အမှုထမ်းကြသူများဖြစ်သဖြင့် ရှိပြီးသား အခြေခံစိတ်ဓာတ်ကို ပိုမိုခိုင်မာအောင်တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ တာဝန် ထမ်းဆောင်ရသည့်နေရာတွင် တာဝန်ကျေပွန်စွာထမ်းဆောင်ကြရန်လိုပြီး နိုင်ငံတော် အပေါ် ကျေးဇူးသစ္စာစောင့်သိရန်လိုကြောင်း၊ တပ်မတော်သားကောင်း တစ်ယောက် ဖြစ်စေရန်အတွက် စစ်အခြေခံသင်တန်းမှစ၍ အဆင့်ဆင့်သောသင်တန်းများအား လေ့ကျင့်သင်ကြားပေးထားကြောင်း၊ သင်တန်းများမှသင်ကြားပေးလိုက်သည့် စစ်အခြေခံ ပညာများ၊ ခေါင်းဆောင်မှုပညာများနှင့် သက်ဆိုင်ရာနယ်ပယ်အလိုက် နည်းပညာများ အားတန်ဖိုးထားသင်ယူပြီး လက်တွေ့နယ်ပယ်တွင် အလေးထားလိုက်နာ၍အသုံးချရန် လိုကြောင်း၊ မိမိတို့ဦးဆောင်ရသည့် တပ်ဖွဲ့အလိုက်စီမံကွပ်ကဲနိုင်ရန်အတွက် အဆင့်ဆင့်သော ခေါင်းဆောင်မှုပညာရပ်များကို သင်ကြားလေ့ကျင့်ပေးထားကြောင်း၊ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့်တပ်မတော်၏ လေ့ကျင့်ရေးဆောင်ပုဒ်အတိုင်း ပြောင်းလဲနေသည့် စစ်လက်နက်ပစ္စည်းများ၊ စစ်ဘက်နည်းပညာများနှင့် စစ်နည်းဗျူဟာ များကို အမြဲလေ့လာနေရမည်ဖြစ်ပြီး အံဝင်ခွင်ကျဖြစ်အောင် အမြဲလေ့ကျင့်နေရမည် ဖြစ်ကြောင်း၊ သင်ကြားထားသည့်စစ်အတတ်ပညာများကို အမြဲလိုက်နာရမည်ဖြစ်ကြောင်း၊ လေ့ကျင့်သားပြည့်ဝရန်အတွက် ကျန်းမာကြံ့ခိုင်နေရန်လိုပြီး ကျန်းမာကြံ့ခိုင်မှုရှိမှ လုပ်ငန်း တာဝန်များကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးကိုအထောက်အကူဖြစ်စေ သည့်အာဟာရပြည့်ဝစွာစားသုံးရမည်ဖြစ်ပြီး မိမိတို့အသက်အရွယ်နှင့်လျော်ညီသည့် ကျန်းမာကြံ့ခိုင်မှုရှိရန်လိုကြောင်း၊ ကြံ့ခိုင်မှုရှိရန်အတွက် သင်တန်းကျောင်းများတွင် လေ့ကျင့်ပေးလျက်ရှိ သကဲ့သို့ သက်ဆိုင်ရာတပ်ဌာနချုပ်များအလိုက် ဆောင်ရွက်ရမည့် ကြံ့ခိုင်ရေးနှင့်သက်ဆိုင်သော သမားစဉ်လုပ်ငန်းများအား မှန်မှန်ကန်ကန်ဖြင့် နေ့စဉ် လေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း။

တပ်မတော်သားအားလုံး စိတ်ဓာတ်၊ စည်းကမ်း အရာတွင် စံနမူနာပြဖြစ်ရမည် ဖြစ်ကြောင်း၊ စည်းကမ်းကောင်းသည့်တပ်မတော်၊ စိတ်ဓာတ်ကောင်းသည့် တပ်မတော်၏ အစဉ်အလာကောင်းများကို ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်မတော် သားများသည် နေ့စဉ်သတ်မှတ်ဝတ်စားဆင်ယင်မှုကအစ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ စစ်မြေပြင်စည်းမျဉ်းစည်းကမ်းများကို လိုက်နာရကြောင်း၊ တပ်မတော်သားများနှင့်မိသားစုဝင်များအားလုံး ညီအစ်ကိုမောင်နှမသဖွယ်၊ မိသားစု သဖွယ်စိတ်ဓာတ်ဖြင့် အပြန်အလှန်လေးစားပြီး စည်းလုံးညီညွတ်စွာဖြင့်နေထိုင်ကြ ရမည်ဖြစ်ကြောင်း။

မိမိတို့ဝင်ငွေနှင့်ထွက်ငွေမျှတမှုရှိစေရန်အတွက် အသုံးနှင့်အဖြုန်းကိုခွဲခြား၍ ဆောင်ရွက်ရန်လိုအပ်ပြီး ခြိုးခြံချွေတာမှငွေပိုငွေလျှံရှိမည်ဖြစ်ကြောင်း၊ ငွေပိုငွေလျှံရှိမှသာ မိမိတို့အတွက် အသုံးစရိတ်ရရှိမည်ဖြစ်ကာ အကျိုးရှိသည့်နေရာတွင်လိုအပ်သလို အသုံးချနိုင်မည် ဖြစ်ကြောင်း၊ တပ်မတော်မှ တပ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ပြီး အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား တပ်မတော်သားများနှင့် မိသားစုဝင်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ အသောက်အစား၊ အစားအသောက်များကို ဆင်ခြင်ရန်လိုကြောင်း၊ ခေတ်မီတပ်မတော် (Standard ARMY) တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် တပ်မတော်သားများ၏ ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးထား ကြောင်း၊ တစ်ဦးချင်း၏ အသိပညာများမြင့်မားနေစေရန်အတွက် ဗဟုသုတများပြည့်၀ နေစေရန်အတွက်လိုအပ်သည့် သုတ၊ ရသ၊ စာအုပ် စာစောင်များအား အမြဲမပြတ်ထုတ်ဝေပြီး သက်ဆိုင်ရာတပ်ဌာနချုပ်များရှိ စာကြည့်တိုက်များသို့ဖြန့်ေ၀ ပေးထားကြောင်း၊ မိမိတို့ဘဝတိုးတက်မှု အတွက် အထောက်အကူဖြစ်စေသည့် သုတရသစာအုပ်စာစောင်များကိုအမြဲမပြတ် ဖတ်ရှုလေ့လာနေရန်၊ ကိုယ်ပိုင်အချိန်များကို အကျိုးရှိစွာအသုံးချစေလိုကြောင်း၊ သံတောင်ကြီးဒေသသည် ရာသီဥတုပြင်းထန်သည့် ဒေသဖြစ်သဖြင့် ကျန်းမာရေးကိုဂရုစိုက်ပြီး အခန်းတွင်းအားကစားများ ပြုလုပ်ကြရန် လိုကြောင်းမှာကြားသည်။

ထို့နောက် အစည်းအဝေးခန်းမတွင် တာဝန်ရှိသူတစ်ဦးက လေ့ကျင့်ရေးတာဝန်များ ထမ်းဆောင်နိုင်မှု၊ သင်တန်းများလေ့ကျင့်သင်ကြားပေးနေမှုနှင့် တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်ပြီး အရာရှိ၊ စစ်သည်၊ မိသားစုများအား သက်သာသောဈေးနှုန်း များဖြင့် ရောင်းချပေးနေမှုများအားရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က လေ့ကျင့်ရေးလုပ်ငန်းများအား ထိထိရောက်ရောက်ဖြင့် သင်ကြားပို့ချဆောင်ရွက် ပေးရန်၊ သင်တန်းမှသင်ကြားပေးလိုက်သည့် စစ်အခြေခံသဘောတရားများအား လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ရန်အတွက် စနစ်တကျလေ့ကျင့်ပေးရန်နှင့် လိုအပ် သည်များအားမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အရာရှိသင်တန်းသားစားရိပ်သာတွင် သင်တန်းသားများနှင့်အတူ နေ့လယ်စာအားအတူတကွ သုံးဆောင်ကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်မတော် လက်ဖက်ခြောက်စက်ရုံ(သံတောင်)သို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်လွင်ဦးက စက်ရုံသမိုင်းကြောင်း၊ စက်ရုံအဆင့်မြှင့်တင်မှုနှင့် လက်ဖက်ခြောက်(အချိုခြောက်)များ ထုတ်လုပ်နေမှုအခြေအနေများနှင့် လက်ဖက်ပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လက်ဖက်ပင်များစိုက်ပျိုးရာတွင် စိုက်ပျိုးနည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးရန်၊ စက်ရုံ၏စက်စွမ်းအားပြည့်လည်ပတ်နိုင်ရန်နှင့် စိုက်ဧကများတိုးချဲ့ရန်၊ မျိုးကောင်း မျိုးသန့်များရရှိအောင် တစ်ဆင့်ပြီးတစ်ဆင့် မှန်မှန်ကန်ကန်စနစ်တကျဆောင်ရွက်ရန်၊ စက်ရုံမှထုတ်လုပ်သည့် လက်ဖက်ခြောက်များ၏ အရည်အသွေးတိုးတက်ကောင်းမွန်စေရန် အတွက် နည်းလမ်းရှာဖွေဆောင်ရွက်ရန်တို့အားမှာကြားသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း လက်ဖက်ခြောက်များထုတ်လုပ်နေမှုနှင့် လက်ဖက်ပျိုးပင်များစိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအားလိုအပ်သည်များမှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံဝန်ထမ်း များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။