နေပြည်တော် မတ် – ၂၇ ယနေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် အဖြစ် ယနေ့နံနက်ပိုင်းတွင် သူရဲကောင်းဗိမာန်(နေပြည်တော်)၌ ဂုဏ်ပြုပန်းခြင်းချ အလေးပြုခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုပန်းခြင်းချအလေးပြုသည်။