တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၆၂) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ် ရွေးချယ်၊ စစ်မှုထမ်းဟောင်း အိမ်ရာ တည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှု စစ်ဆေး

ေနျပည္ေတာ္၊ ဇူလုိင္ ၁၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဇူလုိင္ ၁၁ ရက္ႏွင့္ ယေန႔တုိ႕တြင္ ျပင္ဦးလြင္ၿမိဳ႕၊ စစ္တကၠသုိလ္၌ ျပဳလုပ္သည့္ စစ္တကၠသုိလ္ ဗုိလ္ေလာင္းသင္တန္း အမွတ္စဥ္(၆၂) စစ္လက္႐ုံးေရြးခ်ယ္ပြဲသုိ႔ တက္ေရာက္စိစစ္ ေရြးခ်ယ္သည္။

အဆုိပါစစ္လက္႐ုံးေရြးခ်ယ္ပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ ေက်ာ္စြာလင္းႏွင့္တာ၀န္ရွိသူမ်ား တက္ေရာက္ၾကၿပီး ဗုိလ္ေလာင္း မ်ားအား တစ္ဦးခ်င္းေတြ႕ဆုံကာ သင္တန္းကာလ တစ္ေလွ်ာက္စည္းကမ္းလုိက္နာမႈ၊ ဘာသာရပ္ အလုိက္ထူးခြၽန္မႈထက္ျမတ္မႈ၊ ၀ါသနာႏွင့္ ႀကိဳးစားအားထုတ္မႈမ်ားအေပၚ မူတည္၍ သင့္ေလ်ာ္သည့္ (ၾကည္း၊ ေရ၊ ေလ)စစ္လက္႐ုံး အသီးသီးအတြက္ စိစစ္ေရြးခ်ယ္ေပးၾကသည္။

ထုိ႔ေနာက္ ေန႕လယ္ပုိင္းမ်ားတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေအာင္ေဇယ်တပ္ရင္းႏွင့္ အေနာ္ရထာတပ္ရင္း ဗုိလ္ေလာင္းစားရိပ္သာတုိ႕၌ သင္တန္းသား ဗုိလ္ေလာင္းမ်ားႏွင့္အတူ ေန႔လယ္စာကုိအတူတကြသုံးေဆာင္ၾကၿပီး စစ္လက္႐ုံးေရြးခ်ယ္မႈအား ဆက္လက္ျပဳလုပ္ခဲ့သည္။

ယေန႕ မြန္းလြဲပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ျပင္ဦးလြင္ၿမိဳ႕ရွိ စစ္မႈထမ္းေဟာင္းအိမ္ရာတည္ေဆာက္ေနမႈ အေျခအေနမ်ားအား သြားေရာက္ၾကည့္႐ႈစစ္ေဆးရာ စစ္အင္ဂ်င္နီယာၫႊန္ၾကားေရးမွဴး႐ုံး ၫႊန္ၾကားေရးမွဴး ဗုိလ္မွဴးခ်ဳပ္မ်ဳိးသန္႕က အိမ္ရာ ေဆာက္လုပ္ၿပီးစီးမႈႏွင့္ ထပ္မံေဆာက္လုပ္ေနသည့္ အေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အိမ္ရာမ်ားအား အရည္အေသြး ျပည့္မီစြာေဆာက္လုပ္သြားရန္၊ အိမ္ရာတြင္ေနထုိင္သူမ်ား က်န္းမာေရးအေထာက္အကူျပဳရန္အတြက္ ကုိယ္လက္လႈပ္ရွားအားကစား ျပဳလုပ္ရန္ ေနရာမ်ားထည့္သြင္းတည္ေဆာက္သြားရန္ႏွင့္ အထပ္ျမင့္ အေဆာက္အဦမ်ားကုိ သဘာ၀ေဘးအႏၲရာယ္ကာကြယ္ႏုိင္ေအာင္ စနစ္တက်တြက္ခ်က္ ေဆာက္လုပ္သြားရန္တုိ႕အား မွာၾကားသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ စစ္မႈထမ္းေဟာင္းအိမ္ရာအတြင္း ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လွည့္လည္ၾကည့္႐ႈ စစ္ေဆးခဲ့ၾကသည္။ အဆုိပါ ျပင္ဦးလြင္ၿမိဳ႕၊ စစ္မႈထမ္း ေဟာင္းအိမ္ရာတြင္ အျခားအဆင့္ ေနအိမ္ ၂ ခန္းတြဲ ၄ ထပ္ ၁၀ လုံးေဆာက္လုပ္ၿပီးစီး ၿပီျဖစ္ေၾကာင္းႏွင့္ အရာရွိႀကီးေနအိမ္၊ အရာရွိငယ္ေနအိမ္ႏွင့္ အျခားအဆင့္ေနအိမ္မ်ားအား ထပ္မံ၍ ေဆာက္လုပ္ေပးသြား မည္ျဖစ္သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၆၂) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ် ရွေးချယ်၊ စစ်မှုထမ်းဟောင်း အိမ်ရာ တည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှု စစ်ဆေး

နေပြည်တော်၊ ဇူလိုင် ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင် ၁၁ ရက်နှင့် ယနေ့တို့တွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်၌ ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၂) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ် ရွေးချယ်သည်။

အဆိုပါစစ်လက်ရုံးရွေးချယ်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်းနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗိုလ်လောင်း များအား တစ်ဦးချင်းတွေ့ဆုံကာ သင်တန်းကာလ တစ်လျှောက်စည်းကမ်းလိုက်နာမှု၊ ဘာသာရပ် အလိုက်ထူးချွန်မှုထက်မြတ်မှု၊ ဝါသနာနှင့် ကြိုးစားအားထုတ်မှုများအပေါ် မူတည်၍ သင့်လျော်သည့် (ကြည်း၊ ရေ၊ လေ)စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးကြသည်။

ထို့နောက် နေ့လယ်ပိုင်းများတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အောင်ဇေယျတပ်ရင်းနှင့် အနော်ရထာတပ်ရင်း ဗိုလ်လောင်းစားရိပ်သာတို့၌ သင်တန်းသား ဗိုလ်လောင်းများနှင့်အတူ နေ့လယ်စာကိုအတူတကွသုံးဆောင်ကြပြီး စစ်လက်ရုံးရွေးချယ်မှုအား ဆက်လက်ပြုလုပ်ခဲ့သည်။

ယနေ့ မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာတည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်မျိုးသန့်က အိမ်ရာ ဆောက်လုပ်ပြီးစီးမှုနှင့် ထပ်မံဆောက်လုပ်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အိမ်ရာများအား အရည်အသွေး ပြည့်မီစွာဆောက်လုပ်သွားရန်၊ အိမ်ရာတွင်နေထိုင်သူများ ကျန်းမာရေးအထောက်အကူပြုရန်အတွက် ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ရန် နေရာများထည့်သွင်းတည်ဆောက်သွားရန်နှင့် အထပ်မြင့် အဆောက်အဦများကို သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်အောင် စနစ်တကျတွက်ချက် ဆောက်လုပ်သွားရန်တို့အား မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအိမ်ရာအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ အဆိုပါ ပြင်ဦးလွင်မြို့၊ စစ်မှုထမ်း ဟောင်းအိမ်ရာတွင် အခြားအဆင့် နေအိမ် ၂ ခန်းတွဲ ၄ ထပ် ၁၀ လုံးဆောက်လုပ်ပြီးစီး ပြီဖြစ်ကြောင်းနှင့် အရာရှိကြီးနေအိမ်၊ အရာရှိငယ်နေအိမ်နှင့် အခြားအဆင့်နေအိမ်များအား ထပ်မံ၍ ဆောက်လုပ်ပေးသွား မည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။