ဂေဟစနစ်ထိန်းသိမ်းရေး၊ ငါးသယံဇာတများတိုးပွားရေးနှင့် ငါးမျိုးများထိန်းသိမ်းရေးအတွက် တပ်မတော် တစ်ရပ်လုံးအနေဖြင့် ၂၀၁၉ခုနှစ်တွင် ပထမအကြိမ် ငါးကောင်ရေ ၇.၈သန်းကျော် ငါးမျိုးများစိုက် ထည့်ပေး

ေနျပည္ေတာ္၊ ဇူလုိင္ – ၂၄

သဘာ၀ပတ္၀န္းက်င္ႏွင့္ ေဂဟစနစ္ထိန္းသိမ္းေရး၊ စားေရးလုိအပ္္ခ်က္ျဖစ္ေသာ သား/ငါး က႑တြင္ ငါးသယံဇာတမ်ား တုိးပြားေစေရးႏွင့္ ငါးမ်ိဳးမ်ားထိန္းသိမ္းႏိုင္ေရးတို႔ အတြက္ရည္႐ြယ္၍ တပ္မေတာ္အေနျဖင့္ ငါးမ်ဳိးမ်ားစုိက္ထည့္ျခင္းမ်ားကုိ ၂၀၁၁ ခုႏွစ္မွစတင္၍ေဆာင္ရြက္လ်က္ရွိသည္။ယေန႔ညေနပိုင္းတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း၊ေရ၊ေလ) မိသားစုမ်ား၏ ၂၀၁၉ခုႏွစ္အတြက္ ပထမအႀကိမ္ ငါးမ်ိဳးမ်ား စုိက္ထည့္ေပးျခင္းအခမ္းအနားကုိ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ေဇယ်ာသီရိၿမိဳ႕နယ္အတြင္းရွိ ေရဆင္း ဆည္၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္၍ ငါးမ်ိဳးမ်ားအား ဦးေဆာင္စုိက္ထည့္ေပးသည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီးစိန္၀င္း၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္ႏွင့္ဇနီး ၊ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီးျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ)ႏွင့္ဇနီး၊ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီး မ်ား၊ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး(ၾကည္း၊ေရ၊ေလ)ရွိ ရံုး ၊ ဌာန အသီးသီး မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကသည္။

ထို႕ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးဦးေဆာင္၍ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) အရာရွိ၊ စစ္သည္၊မိသားစုမ်ားကေရဆင္းဆည္အတြင္းသုိ႔ငါးျမစ္ခ်င္းေကာင္ေရ တစ္သိန္းခြဲ အားစုိက္ထည့္ေပးၾကသည္။ ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အရာရွိ၊စစ္သည္၊ မိသားစုမ်ား၏ စုေပါင္းငါးမ်ိဳး စိုက္ထည့္ေနမႈမ်ား ကိုလွည့္လည္ၾကည့္ရႈၾကသည္။

ေရဆင္းဆည္သည္ ကန္ေရျပည့္ ေရေလွာင္ပမာဏ ၇၃၀၀၀ ဧကေပ ထိန္းသိမ္း ႏုိင္ၿပီး ေရဆင္းေက်းရြာႏွင့္ ပတ္၀န္းက်င္ေက်းရြာမ်ား၏ စုိက္ပ်ိဳးဧက ၃ ေသာင္းခန္႔အား ႏွစ္စဥ္ေရေပးေ၀၍ ေဒသခံျပည္သူမ်ားအား ေသာက္သုံးေရမ်ားျဖန္႔ေ၀ေပးႏုိင္သည့္အျပင္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရးႏွင့္ ေဂဟစနစ္ထိန္းသိမ္းေရး တုိ႔အတြက္ အေထာက္အကူျပဳသည့္ေရေလွာင္တမံျဖစ္သည့္အတြက္ ယင္းေရေလွာင္တမံတြင္ ငါးသယံဇာတ မ်ားတိုးပြားေစရန္ႏွင့္ ငါးမ်ိဳးမ်ားထိန္းသိမ္းႏုိင္ရန္အတြက္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ) မိသားစုမ်ား က ၂၀၁၁ ခုႏွစ္မွစတင္၍ ငါးမ်ိဳးမ်ားစုိက္ထည့္ ျခင္းအားေဆာင္ရြက္ခဲ့ရာယေန႔အထိ ထုိင္းငါးခုံးမ၊ ေငြေရာင္ ငါးၾကင္း၊ငါးျမစ္ခ်င္းႏွင့္ျမက္စားငါးၾကင္းအပါအ၀င္ ငါးမ်ိဳးစုံေကာင္ေရ ၆၃၅၇၀၀ ကုိ စုိက္ထည့္ေပးခဲ့ေၾကာင္း သိရွိရသည္။

အလားတူ တုိင္းစစ္ဌာနခ်ဳပ္အသီးသီးတြင္လည္း ငါးမ်ဳိးစုိက္ထည့္ပြဲမ်ားျပဳလုပ္၍ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား က ငါးမ်ဳိးမ်ားအား သတ္မွတ္ေနရာအသီးသီး၌ စုေပါင္းစုိက္ထည့္ေပးၾကသည္။ ထုိသုိ႕ စုိက္ထည့္ေပးၾကရာ၌ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၅၀၀၀၀၀ အားလည္းေကာင္း၊ ေျမာက္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ၅၀၀၀၀၀အားလည္းေကာင္း၊ အေရွ႕ေျမာက္တုိင္းစစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံ ေကာင္ေရ ၅၀၀၀၀၀ အားလည္းေကာင္း၊ အေရွ႕ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၆၁၆၀၀၀ အားလည္းေကာင္း၊ အေရွ႕အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၅၀၀၀၀၀ အားလည္းေကာင္း၊ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၆၀၀၀၀၀ အားလည္းေကာင္း၊ အေရွ႕ေတာင္တုိင္းစစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၅၀၀၅၀၀ အားလည္းေကာင္း၊ ကမ္း႐ုိးတန္းေဒသတုိင္းစစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၇၂၀၀၀၀ အားလည္းေကာင္း၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၅၀၂၀၀၀ အားလည္းေကာင္း၊ အေနာက္ေတာင္တုိင္း စစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၅၀၀၀၀၀ အားလည္းေကာင္း၊ အေနာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၅၀၀၀၀၀အားလည္းေကာင္း၊ အေနာက္ေျမာက္တုိင္းစစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၄၉၅၀၀၀အားလည္းေကာင္း၊အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၅၃၉၀၀၀ အားလည္း ေကာင္း၊ေတာင္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တြင္ငါးမ်ဳိးစုံေကာင္ေရ ၇၃၃၀၀၀ အားလည္းေကာင္း စုေပါင္းစုိက္ထည့္ ခဲ့ၾကၿပီး ယေန႕တြင္တပ္မေတာ္ တစ္ရပ္လုံးအေနျဖင့္ စုစုေပါင္း ငါးမ်ဳိးစုံေကာင္ေရ ၇၈၅၅၅၀၀ အား စုိက္ထည့္ေပးႏုိင္ခဲ့ေၾကာင္းႏွင့္ဆက္လက္၍လည္း ယခုႏွစ္အတြင္း တိုင္းစစ္ဌာနခ်ဳပ္မ်ားတြင္ ငါးေကာင္ေရ တစ္သန္းစီ အထိငါးမ်ိဳးစိုက္ထည့္ျခင္းမ်ားေဆာင္ရြက္သြားမည္ျဖစ္သည္။

(Unicode Version)

ဂေဟစနစ်ထိန်းသိမ်းရေး၊ ငါးသယံဇာတများတိုးပွားရေးနှင့် ငါးမျိုးများထိန်းသိမ်းရေးအတွက် တပ်မတော် တစ်ရပ်လုံးအနေဖြင့် ၂၀၁၉ခုနှစ်တွင် ပထမအကြိမ် ငါးကောင်ရေ ၇.၈သန်းကျော် ငါးမျိုးများစိုက် ထည့်ပေး

နေပြည်တော်၊ ဇူလိုင် – ၂၄

သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေး၊ စားရေးလိုအပ်ချက်ဖြစ်သော သား/ငါး ကဏ္ဍတွင် ငါးသယံဇာတများ တိုးပွားစေရေးနှင့် ငါးမျိုးများထိန်းသိမ်းနိုင်ရေးတို့ အတွက်ရည်ရွယ်၍ တပ်မတော်အနေဖြင့် ငါးမျိုးများစိုက်ထည့်ခြင်းများကို ၂၀၁၁ ခုနှစ်မှစတင်၍ဆောင်ရွက်လျက်ရှိသည်။ယနေ့ညနေပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစုများ၏ ၂၀၁၉ခုနှစ်အတွက် ပထမအကြိမ် ငါးမျိုးများ စိုက်ထည့်ပေးခြင်းအခမ်းအနားကို နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရေဆင်း ဆည်၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ငါးမျိုးများအား ဦးဆောင်စိုက်ထည့်ပေးသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး ၊ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့်ဇနီး၊ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီး များ၊နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)ရှိ ရုံး ၊ ဌာန အသီးသီး မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးဦးဆောင်၍ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊မိသားစုများကရေဆင်းဆည်အတွင်းသို့ငါးမြစ်ချင်းကောင်ရေ တစ်သိန်းခွဲ အားစိုက်ထည့်ပေးကြသည်။ ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အရာရှိ၊စစ်သည်၊ မိသားစုများ၏ စုပေါင်းငါးမျိုး စိုက်ထည့်နေမှုများ ကိုလှည့်လည်ကြည့်ရှုကြသည်။

ရေဆင်းဆည်သည် ကန်ရေပြည့် ရေလှောင်ပမာဏ ၇၃၀၀၀ ဧကပေ ထိန်းသိမ်း နိုင်ပြီး ရေဆင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများ၏ စိုက်ပျိုးဧက ၃ သောင်းခန့်အား နှစ်စဉ်ရေပေးဝေ၍ ဒေသခံပြည်သူများအား သောက်သုံးရေများဖြန့်ဝေပေးနိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရေး တို့အတွက် အထောက်အကူပြုသည့်ရေလှောင်တမံဖြစ်သည့်အတွက် ယင်းရေလှောင်တမံတွင် ငါးသယံဇာတ များတိုးပွားစေရန်နှင့် ငါးမျိုးများထိန်းသိမ်းနိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစုများ က ၂၀၁၁ ခုနှစ်မှစတင်၍ ငါးမျိုးများစိုက်ထည့် ခြင်းအားဆောင်ရွက်ခဲ့ရာယနေ့အထိ ထိုင်းငါးခုံးမ၊ ငွေရောင် ငါးကြင်း၊ငါးမြစ်ချင်းနှင့်မြက်စားငါးကြင်းအပါအဝင် ငါးမျိုးစုံကောင်ရေ ၆၃၅၇၀၀ ကို စိုက်ထည့်ပေးခဲ့ကြောင်း သိရှိရသည်။

အလားတူ တိုင်းစစ်ဌာနချုပ်အသီးသီးတွင်လည်း ငါးမျိုးစိုက်ထည့်ပွဲများပြုလုပ်၍ အရာရှိ၊ စစ်သည်၊ မိသားစုများ က ငါးမျိုးများအား သတ်မှတ်နေရာအသီးသီး၌ စုပေါင်းစိုက်ထည့်ပေးကြသည်။ ထိုသို့ စိုက်ထည့်ပေးကြရာ၌ နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၅၀၀၀၀၀ အားလည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ၅၀၀၀၀၀အားလည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ငါးမျိုးစုံ ကောင်ရေ ၅၀၀၀၀၀ အားလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၆၁၆၀၀၀ အားလည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၅၀၀၀၀၀ အားလည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၆၀၀၀၀၀ အားလည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၅၀၀၅၀၀ အားလည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၇၂၀၀၀၀ အားလည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၅၀၂၀၀၀ အားလည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၅၀၀၀၀၀ အားလည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၅၀၀၀၀၀အားလည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၄၉၅၀၀၀အားလည်းကောင်း၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၅၃၉၀၀၀ အားလည်း ကောင်း၊တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်ငါးမျိုးစုံကောင်ရေ ၇၃၃၀၀၀ အားလည်းကောင်း စုပေါင်းစိုက်ထည့် ခဲ့ကြပြီး ယနေ့တွင်တပ်မတော် တစ်ရပ်လုံးအနေဖြင့် စုစုပေါင်း ငါးမျိုးစုံကောင်ရေ ၇၈၅၅၅၀၀ အား စိုက်ထည့်ပေးနိုင်ခဲ့ကြောင်းနှင့်ဆက်လက်၍လည်း ယခုနှစ်အတွင်း တိုင်းစစ်ဌာနချုပ်များတွင် ငါးကောင်ရေ တစ်သန်းစီ အထိငါးမျိုးစိုက်ထည့်ခြင်းများဆောင်ရွက်သွားမည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။