တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕ အိႏၵိယသမၼတႏိုင္ငံမွ ျပန္လည္ေရာက္ရွိ

ေနျပည္ေတာ္၊ ဩဂုတ္ ၂

အိႏၵိယတပ္မေတာ္ (ၾကည္း၊ေရ၊ေလ) ဦးစီးခ်ဳပ္မ်ား ေကာ္မတီဥကၠ႒ ေလတပ္ ဦးစီးခ်ဳပ္ Air Chief Marshal Birender Singh Dhanoa ၏ ဖိတ္ၾကားခ်က္အရ အိႏၵိယသမၼတႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီး သြားေရာက္ခဲ့သည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ဦးေဆာင္သည့္ ျမန္မာ့ တပ္မေတာ္ခ်စ္ၾကည္ေရး ကိုယ္စားလွယ္အဖြဲ႕သည္ ယေန႔ နံနက္ပိုင္းတြင္ ဂါယာၿမိဳ႕မွ ေလေၾကာင္းခရီးျဖင့္ ျပန္လည္ ထြက္ခြာၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရးကိုယ္စားလွယ္ အဖြဲ႕အား ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ)ဗိုလ္မွဴးခ်ဳပ္သိန္းေဇာ္ ႏွင့္ဇနီး၊ Officers Training Academy (Gaya) မွ Brig. Gen. Niranjan Kumar ႏွင့္ဇနီး၊ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယႏိုင္ငံၾကည္းတပ္စစ္သံမွဴး Col. Naveen Mahajan ႏွင့္ တာဝန္ရွိသူမ်ားက ေလဆိပ္တြင္ ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။

ထို႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကိုယ္စားလွယ္ အဖြဲ႕သည္ မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ျပန္လည္ေရာက္ရွိရာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီးစိုးဝင္းႏွင့္ဇနီး၊ ၫႇိႏိႈင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ ေရးဦးစီးခ်ဳပ္႐ံုးမွတပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴးႏွင့္ဇနီး၊ ျမန္မာႏိုင္ငံဆိုင္ရာအိႏၵိယႏိုင္ငံသံရံုးမွ သံရံုးဒုတိယအႀကီးအကဲ Dr. Sumit Seth၊ ျမန္မာႏိုင္ငံဆိုင္ရာအိႏၵိယႏိုင္ငံ ေရတပ္စစ္သံမွဴး Captain Manmeet Singh Khurana ႏွင့္ တာဝန္ရွိသူမ်ားက ေလဆိပ္တြင္ ႀကိဳဆိုႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ အဖြဲ႕ဝင္အျဖစ္လိုက္ပါသြားသည့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၏ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး သန္းထြန္းဦး၊ စစ္ဦးစီး အရာရွိခ်ဳပ္(ေရ) ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ စစ္ဦးစီးအရာရွိခ်ဳပ္(ေလ) ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းေအာင္၊ ကာကြယ္ေရးဦးစီး ခ်ဳပ္႐ံုးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ား ျပန္လည္လိုက္ပါလာခဲ့ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕သည္ အိႏၵိယသမၼတႏိုင္ငံသို႕ ခ်စ္ၾကည္ေရးခရီး ေရာက္ရွိ ေနစဥ္ ကာလအတြင္း အိႏၵိယသမၼတႏိုင္ငံ ဝန္ႀကီးခ်ဳပ္ႏွင့္ အမ်ိဳးသားလံုၿခံဳေရးေကာင္စီ ဥကၠ႒ H.E.Mr. Narendra Damodardas Modi အပါအဝင္ အျခား စစ္ဘက္၊ အရပ္ဘက္ အႀကီးအကဲမ်ားႏွင့္ ေတြ႕ဆံု၍ ႏွစ္ႏိုင္ငံဆက္ဆံမႈ တိုးျမႇင့္ေဆာင္ရြက္ေရး၊ ႏွစ္ႏိုင္ငံပူးေပါင္း ေဆာင္ရြက္မႈတိုးျမႇင့္ေရးဆိုင္ရာကိစၥရပ္မ်ားအားေဆြးေႏြးျခင္း၊ အိႏၵိယႏိုင္ငံ၏ စက္မႈနည္းပညာ ဖြံ႕ၿဖိဳးတိုးတက္ ေနမႈမ်ားႏွင့္ ကာကြယ္ေရးပစၥည္း ထုတ္လုပ္မႈမ်ားတြင္ တိုးတက္ျမင့္မားလ်က္ရွိသည့္ အေျခအေနမ်ားအား ၾကည့္႐ႈေလ့လာျခင္း၊ ကာကြယ္ေရးက႑တြင္ ေလ့က်င့္ေဆာင္ရြက္ေပးေနလ်က္ရွိသည့္ သင္တန္းေက်ာင္း မ်ားအား ေလ့လာျခင္း၊ အိႏၵိယႏိုင္ငံ၏ အထင္ကရေနရာမ်ားအား သြားေရာက္ေလ့လာ ျခင္းႏွင့္ ဗာရာဏသီႏွင့္ ဂါယာၿမိဳ႕မ်ားရွိ ဗုဒၶဝင္ေနရာမ်ားသို႕ သြားေရာက္ေလ့လာဖူးေျမာ္ ၾကည္ညိဳျခင္းမ်ား ေဆာင္ရြက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ ဩဂုတ် ၂

အိန္ဒိယတပ်မတော် (ကြည်း၊ရေ၊လေ) ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ လေတပ် ဦးစီးချုပ် Air Chief Marshal Birender Singh Dhanoa ၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဂါယာမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ်သိန်းဇော် နှင့်ဇနီး၊ Officers Training Academy (Gaya) မှ Brig. Gen. Niranjan Kumar နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံကြည်းတပ်စစ်သံမှူး Col. Naveen Mahajan နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် မွန်းလွဲပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲ Dr. Sumit Seth၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ ရေတပ်စစ်သံမှူး Captain Manmeet Singh Khurana နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါသွားသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ စစ်ဦးစီး အရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိ နေစဉ် ကာလအတွင်း အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့် အမျိုးသားလုံခြုံရေးကောင်စီ ဥက္ကဋ္ဌ H.E.Mr. Narendra Damodardas Modi အပါအဝင် အခြား စစ်ဘက်၊ အရပ်ဘက် အကြီးအကဲများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များအားဆွေးနွေးခြင်း၊ အိန္ဒိယနိုင်ငံ၏ စက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက် နေမှုများနှင့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုများတွင် တိုးတက်မြင့်မားလျက်ရှိသည့် အခြေအနေများအား ကြည့်ရှုလေ့လာခြင်း၊ ကာကွယ်ရေးကဏ္ဍတွင် လေ့ကျင့်ဆောင်ရွက်ပေးနေလျက်ရှိသည့် သင်တန်းကျောင်း များအား လေ့လာခြင်း၊ အိန္ဒိယနိုင်ငံ၏ အထင်ကရနေရာများအား သွားရောက်လေ့လာ ခြင်းနှင့် ဗာရာဏသီနှင့် ဂါယာမြို့များရှိ ဗုဒ္ဓဝင်နေရာများသို့ သွားရောက်လေ့လာဖူးမြော် ကြည်ညိုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။