တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ၾသဂုတ္ – ၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏိုင္ငံတြင္ တာ၀န္ ထမ္းေဆာင္မႈၿပီးဆံုး၍ ျပန္လည္ထြက္ခြာေတာ့မည့္ ျမန္မာႏုိင္ငံဆုိင္ရာ ပါကစၥတန္ႏိုင္ငံ သံအမတ္ႀကီး H.E. Dr.Khalid Hussain Memon အား ယေန႔ ညေနပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆံုရာတြင္ ျမန္မာႏိုင္ငံႏွင့္ ပါကစၥတန္ႏိုင္ငံတုိ႔သည္ မိတ္ေဆြႏိုင္ငံမ်ား ျဖစ္ၾကၿပီး ဆက္ဆံေရးေကာင္းမြန္လ်က္ရွိသည့္ အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံတပ္မေတာ္ခ်င္း ဆက္ဆံေရးႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈမ်ား တုိးျမႇင့္ေဆာင္ရြက္ႏိုင္မည့္ အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံကုန္သြယ္ေရးႏွင့္ စီးပြားေရးဆုိင္ရာမ်ား အျခားနယ္ပယ္မ်ားတြင္ ပူးေပါင္းေဆာင္ရြက္မႈမ်ား ပိုမိုတုိးျမႇင့္ေဆာင္ရြက္ႏိုင္ မည့္ အေျခအေနမ်ား၊ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ ေဒသအလိုက္ တည္ၿငိမ္ေအးခ်မ္းေရးဆိုင္ရာ ကိစၥရပ္မ်ား၊ ျမန္မာႏိုင္ငံအေပၚ ႏိုင္ငံတကာက အထင္အျမင္လြဲမွားစြာ ႐ႈျမင္ေနၾကသည့္အေပၚ အေျခအေနမွန္မ်ားအား ႏိုင္ငံတကာက သိရွိေအာင္ က်ယ္ျပန္႔စြာေဆာင္ရြက္ရန္လိုအပ္သည့္ အေျခ အေနမ်ား၊ ႏိုင္ငံတကာဆက္ဆံေရးအေျခအေနမ်ားကို ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ ေဆြးေႏြး ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ျမန္မာႏုိင္ငံဆုိင္ရာ ပါကစၥတန္ႏိုင္ငံ သံအမတ္ႀကီးတုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ၾကၿပီး မွတ္တမ္းတင္ ဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် – ၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် တာဝန် ထမ်းဆောင်မှုပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Dr.Khalid Hussain Memon အား ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် မိတ်ဆွေနိုင်ငံများ ဖြစ်ကြပြီး ဆက်ဆံရေးကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်ချင်း ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာများ အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင် မည့် အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက အထင်အမြင်လွဲမှားစွာ ရှုမြင်နေကြသည့်အပေါ် အခြေအနေမှန်များအား နိုင်ငံတကာက သိရှိအောင် ကျယ်ပြန့်စွာဆောင်ရွက်ရန်လိုအပ်သည့် အခြေ အနေများ၊ နိုင်ငံတကာဆက်ဆံရေးအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။