တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရန်ကုန်တပ်နယ်မှ တပ်မှူးများ၊ နည်းပြအရာရှိကြီးများ၊ မဟာသိပ္ပံသင်တန်းသားများ၊ ဗိုလ်လောင်းများ၊ သင်တန်းသားများနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအား တွေ့ဆုံအမှာ စကားပြောကြား

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ရန္ကုန္တပ္နယ္မွ တပ္မွဴးမ်ား၊ တပ္မေတာ္ေဆးတကၠသုိလ္၊ တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသုိလ္တုိ႕မွ နည္းျပ အရာရွိႀကီးမ်ား၊ မဟာသိပၸံသင္တန္းသား၊ သင္တန္းသူမ်ား၊ ေဆးတကၠသုိလ္ဗုိလ္ေလာင္းမ်ား၊ တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသုိလ္မွ သင္တန္းသား၊ သင္တန္းသူမ်ားႏွင့္ ေဆး႐ုံ၊ ေဆးတပ္မ်ားမွ ေဆး၀န္ထမ္းတပ္ဖြဲ႕၀င္မ်ားအား ေတြ႕ဆုံ အမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ၾသဂုတ္ – ၁၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ယေန႕နံနက္ပုိင္းတြင္ ရန္ကုန္တပ္နယ္မွ တပ္မွဴးမ်ား၊ တပ္မေတာ္ေဆးတကၠသုိလ္၊ တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာ တကၠသုိလ္တုိ႕မွ နည္းျပအရာရွိႀကီးမ်ား၊ မဟာသိပၸံသင္တန္းသား၊ သင္တန္းသူမ်ား၊ ေဆးတကၠသုိလ္ ဗုိလ္ေလာင္းမ်ား၊ တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသုိလ္မွ သင္တန္းသား၊ သင္တန္းသူမ်ားႏွင့္ ေဆး႐ုံ၊ ေဆးတပ္မ်ားမွ ေဆး၀န္ထမ္းတပ္ဖြဲ႕၀င္မ်ားအား ေဆးတကၠသုိလ္၊ ဘြဲ႕ႏွင္းသဘင္ခန္းမ၌ေတြ႕ဆုံ အမွာစကားေျပာၾကားသည္။

အဆုိပါ ေတြ႕ဆုံပြဲသုိ႕ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီး မ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္သက္ပုံႏွင့္ ရန္ကုန္တပ္နယ္မွ တပ္မွဴးမ်ား၊ သင္တန္းေက်ာင္းမ်ားမွ တာ၀န္ရွိသူမ်ား၊ နည္းျပအရာရွိမ်ား၊ သင္တန္းသား၊ သင္တန္းသူမ်ား ၊ ေဆး႐ုံ၊ ေဆးတပ္မ်ားမွ ေဆး၀န္ထမ္းတပ္ဖြဲ႕၀င္မ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ မည္သည့္အဖြဲ႕အစည္းတြင္မဆုိ ေခါင္းေဆာင္မႈအခန္းက႑သည္ အေရးႀကီးသည့္အတြက္ မိမိကုိယ္ကုိ ေကာင္းမြန္ေအာင္ အၿမဲတမ္း တည္ေဆာက္ေနရမည္ ျဖစ္ေၾကာင္း၊ မိမိအဖြဲ႕အစည္းက အားကုိးရသည့္ေခါင္းေဆာင္မ်ားျဖစ္ရန္ မိမိတုိ႕ အရည္အေသြး တုိးတက္ေအာင္ႀကိဳးစားေဆာင္ရြက္ၾကရန္လုိေၾကာင္း၊ စစ္ဘက္ေခါင္းေဆာင္ မ်ားအေနျဖင့္ လက္႐ုံးရည္၊ ႏွလုံးရည္ႏွင့္ျပည့္၀၍ မိမိဦးေဆာင္သည့္ အဖြဲ႕အစည္း၏ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရး၊ ပညာေရး၊ လုံၿခဳံေရး စသည့္ သက္သာေခ်ာင္ခ်ိမႈ၊ အုပ္ခ်ဳပ္မႈကိစၥမွန္သမွ်ကုိ မွန္မွန္ကန္ကန္ႏွင့္ ဦးေဆာင္၍ စီမံခန္႕ခြဲႏုိင္ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မည္သည့္တပ္ဖြဲ႕တြင္ တာ၀န္ထမ္းေဆာင္သည္ျဖစ္ေစ ေခါင္းေဆာင္မႈ ပညာရပ္မ်ားကုိ သင္တန္းေက်ာင္းမ်ားတြင္ ေလ့က်င့္သင္ၾကားေပးလ်က္ရွိေၾကာင္း မွာၾကားသည္။

ဆက္လက္၍ သင္တန္းေက်ာင္းမ်ား၌ ေလ့က်င့္သင္ၾကားေပးသည့္ အသိပညာ၊ အတတ္ပညာမ်ား အား လက္ေတြ႕နယ္ပယ္တြင္ အက်ဳိးရွိေအာင္ အသုံးခ်ႏုိင္ရန္လုိေၾကာင္း၊ ယင္းသုိ႕ ျပန္လည္အသုံးခ် ႏုိင္ရန္အတြက္ သင္တန္းေက်ာင္းမ်ားတြင္ စာေတြ႕၊ လက္ေတြ႕ သင္ၾကားေလ့က်င့္ေပးမႈမ်ားအား မွတ္မွတ္သားသားျဖင့္ ဆည္းပူးေလ့လာရမည္ျဖစ္ေၾကာင္း၊ သင္ၾကားေပးသည့္ အတတ္ပညာမ်ားအား လက္ေတြ႕နယ္ပယ္တြင္ အသုံးမခ်ႏုိင္ပါက ဆုံး႐ႈံးမႈမ်ားႏွင့္ ႀကံဳေတြ႕ရမည္ျဖစ္သျဖင့္ ေလ့က်င့္သား ျပည့္၀ေအာင္ မိမိကုိယ္ကုိ တည္ေဆာက္ေနရမည္ျဖစ္ေၾကာင္း၊ မိသားစုတစ္စုတြင္ အိမ္ေထာင္ဦးစီး သည္ မိသားစုကုိ ဦးေဆာင္ထိန္းသိမ္းႏုိင္စြမ္းရွိရမည္ျဖစ္ေၾကာင္း၊ မိသားစုအတြက္ ဂုဏ္ယူရသည့္ အိမ္ေထာင္ဦးစီးျဖစ္သကဲ့သုိ႕ မိမိဦးေဆာင္သည့္ အဖြဲ႕အစည္းကုိ ေကာင္းမြန္စြာ ေခါင္းေဆာင္ႏိုင္ သည့္ ေခါင္းေဆာင္ေကာင္းျဖစ္ရန္လုိေၾကာင္း၊ ေခါင္းေဆာင္မႈသည္ အေရးႀကီးသကဲ့သုိ႕ လက္ေအာက္မွလည္း တစ္ပါတည္းလုိက္ပါေပါင္းစည္း ေဆာင္ရြက္ႏုိင္သည့္ အဖြဲ႕အစည္းစိတ္ဓာတ္ ရွိရမည္ျဖစ္ေၾကာင္း မွာၾကားသည္။

ထုိ႕အျပင္ တပ္မေတာ္သားမ်ားျဖစ္သည့္အတြက္ စစ္စည္းကမ္း၊ စစ္ဘက္ဥပေဒ၊ အရပ္ဘက္ စည္းကမ္း၊ ဥပေဒမ်ားကုိ အေလးထားလုိက္နာရမည္ျဖစ္ေၾကာင္း၊ ကာကြယ္ေရးတာ၀န္ထမ္းေဆာင္ ေနရသူမ်ားျဖစ္သည့္အတြက္ ေနထုိင္သြားလာ စားေသာက္မႈ အားလုံး စည္းကမ္းစနစ္တက်ရွိ ေနရမည္ျဖစ္ေၾကာင္း၊ ေကာင္းမြန္သည့္ အက်င့္ကုိေမြးျမဴ၍ မိမိကုိယ္ကုိႏွင့္ မိမိအဖြဲ႕အစည္း ေကာင္းေအာင္ ေဆာင္ရြက္ေနရမည္ျဖစ္ေၾကာင္း၊ မိမိဦးေဆာင္ရသည့္ တပ္ရင္း၊ တပ္ဖြဲ႕မ်ားမွ အရာရွိ၊ စစ္သည္ မိသားစုမ်ား၏ သက္သာေခ်ာင္ခ်ိေရးႏွင့္ လူမႈေရးအခက္အခဲမ်ားကုိ ေစာင့္ၾကည့္ ေျဖရွင္းေပးရမည္ျဖစ္ေၾကာင္း၊ မိမိကုိယ္ကုိႏွင့္ လက္ေအာက္ကုိ အလုိမလုိက္ရန္လုိသလုိ သြားသင့္ သည့္ေနရာကုိသာသြားရန္၊ ေပါင္းသင့္သည့္သူကုိသာ ေပါင္းရန္၊ လုပ္သင့္သည့္ အလုပ္ကုိသာလုပ္ရန္ ႏွင့္ ေျပာသင့္သည္ကုိသာေျပာရန္ဟူေသာ သင့္ ၄ သင့္ကုိ လုိက္နာရန္လုိေၾကာင္းျဖင့္ ဆက္လက္မွာၾကားသည္။

ယင္းေနာက္ အခ်ိန္ကုိအက်ဳိးရွိစြာ အသုံးခ်ႏုိင္ရန္လုိအပ္ၿပီး ေခတ္ႏွင့္ေလ်ာ္ညီေသာ နည္းပညာရပ္ မ်ားအား အၿမဲမျပတ္ေလ့လာဆည္းပူး သင္ယူေနရမည္ျဖစ္ေၾကာင္း၊ သင္တန္းသားတုိင္းတြင္ ပထမရရန္ အခြင့္အေရးကုိယ္စီရွိၾကေသာ္လည္း သင္တန္းသားတုိင္း ပထမ မရႏုိင္ေၾကာင္းႏွင့္ ႀကိဳးစားအားထုတ္မႈ ရွိသူမွသာလွ်င္ ရလဒ္ေကာင္းပုိင္ဆုိင္ႏုိင္မည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္အေနျဖင့္ မိမိဦးေဆာင္ရေသာအဖြဲ႕အစည္းမွ တာ၀န္ထမ္းေဆာင္သူမ်ား၏ လုပ္ငန္းပုိင္းႀကိဳးစားအားထုတ္မႈ၊ သစၥာရွိရွိျဖင့္ အနစ္နာခံေဆာင္ရြက္တတ္မႈ၊ အဖြဲ႕အစည္း တုိးတက္ရာတုိးတက္ေၾကာင္းအတြက္ အၿမဲႀကိဳးပမ္း အားထုတ္ေနမႈတုိ႕အေပၚ အသိအမွတ္ျပဳရန္လုိေၾကာင္း၊ လုပ္ငန္းမ်ား ေဆာင္ရြက္ရာ တြင္ တစ္ဦးႏွင့္တစ္ဦး ေဖးမကူညီတတ္သည့္ မိသားစုစိတ္ဓာတ္ျဖင့္ တာ၀န္ထမ္းေဆာင္ရမည္ ျဖစ္ေၾကာင္း မွာၾကားသည္။

ထုိ႕အျပင္ တုိင္းျပည္မွအားထားရသည့္၊ ျပည္သူမွ အားကုိးရသည့္ တပ္မေတာ္တစ္ရပ္ျဖစ္ေအာင္ စည္းကမ္းစနစ္တက် ရွိရမည္ျဖစ္ၿပီး တပ္မေတာ္အတြက္ အားကုိးအားထားရသည့္ ေခါင္းေဆာင္ မ်ားျဖစ္ေအာင္ အၿမဲႀကိဳးစားေနရမည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္သည္ စည္းကမ္းစနစ္တက် ရွိရမည္ျဖစ္ၿပီး မိမိဦးစီးဦးေဆာင္ရသည့္ အဖြဲ႕အစည္းကုိလည္း စည္းကမ္းစနစ္တက်ရွိေစရန္ ထိန္းသိမ္းအုပ္ခ်ဳပ္ေနရမည္ ျဖစ္ေၾကာင္း၊ ထုိ႕ေၾကာင့္ ေခါင္းေဆာင္မ်ားအေနျဖင့္ လုပ္ငန္း ေဆာင္ရြက္မႈမ်ားတြင္ ဆင္ျခင္တုံတရားႏွင့္ အသိ၊ သတိ အၿမဲထား၍ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္ေကာင္းျဖစ္ရန္လုိအပ္သကဲ့သုိ႕ ေနာက္လုိက္ေကာင္းမ်ားျဖစ္ရန္လည္း လုိအပ္ေၾကာင္း၊ မိမိအဖြဲ႕အစည္းႏွင့္ တုိင္းျပည္အေပၚ သစၥာေစာင့္သိရန္လုိေၾကာင္း၊ မိမိကုိယ္တုိင္ႏွင့္ မိမိအဖြဲ႕အစည္း ေကာင္းေအာင္ ႀကိဳးစားတည္ေဆာက္ၿပီး မိမိတပ္ဖြဲ႕၊ မိမိတပ္မေတာ္၊ မိမိႏုိင္ငံေတာ္အတြက္ အားကုိးအားထားရေသာသူမ်ားျဖစ္ေအာင္ တည္ေဆာက္ၾကရမည္ ျဖစ္ေၾကာင္းျဖင့္ မွာၾကားခဲ့ပါသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တပ်နယ်မှ တပ်မှူးများ၊ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်တို့မှ နည်းပြ အရာရှိကြီးများ၊ မဟာသိပ္ပံသင်တန်းသား၊ သင်တန်းသူများ၊ ဆေးတက္ကသိုလ်ဗိုလ်လောင်းများ၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ သင်တန်းသား၊ သင်တန်းသူများနှင့် ဆေးရုံ၊ ဆေးတပ်များမှ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအား တွေ့ဆုံ အမှာစကားပြောကြား

နေပြည်တော်၊ သြဂုတ် – ၁၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တပ်နယ်မှ တပ်မှူးများ၊ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်တို့မှ နည်းပြအရာရှိကြီးများ၊ မဟာသိပ္ပံသင်တန်းသား၊ သင်တန်းသူများ၊ ဆေးတက္ကသိုလ် ဗိုလ်လောင်းများ၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ သင်တန်းသား၊ သင်တန်းသူများနှင့် ဆေးရုံ၊ ဆေးတပ်များမှ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအား ဆေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌တွေ့ဆုံ အမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် ရန်ကုန်တပ်နယ်မှ တပ်မှူးများ၊ သင်တန်းကျောင်းများမှ တာဝန်ရှိသူများ၊ နည်းပြအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူများ ၊ ဆေးရုံ၊ ဆေးတပ်များမှ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မည်သည့်အဖွဲ့အစည်းတွင်မဆို ခေါင်းဆောင်မှုအခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် မိမိကိုယ်ကို ကောင်းမွန်အောင် အမြဲတမ်း တည်ဆောက်နေရမည် ဖြစ်ကြောင်း၊ မိမိအဖွဲ့အစည်းက အားကိုးရသည့်ခေါင်းဆောင်များဖြစ်ရန် မိမိတို့ အရည်အသွေး တိုးတက်အောင်ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ စစ်ဘက်ခေါင်းဆောင် များအနေဖြင့် လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်ဝ၍ မိမိဦးဆောင်သည့် အဖွဲ့အစည်း၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေး စသည့် သက်သာချောင်ချိမှု၊ အုပ်ချုပ်မှုကိစ္စမှန်သမျှကို မှန်မှန်ကန်ကန်နှင့် ဦးဆောင်၍ စီမံခန့်ခွဲနိုင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) မည်သည့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ ခေါင်းဆောင်မှု ပညာရပ်များကို သင်တန်းကျောင်းများတွင် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း မှာကြားသည်။

ဆက်လက်၍ သင်တန်းကျောင်းများ၌ လေ့ကျင့်သင်ကြားပေးသည့် အသိပညာ၊ အတတ်ပညာများ အား လက်တွေ့နယ်ပယ်တွင် အကျိုးရှိအောင် အသုံးချနိုင်ရန်လိုကြောင်း၊ ယင်းသို့ ပြန်လည်အသုံးချ နိုင်ရန်အတွက် သင်တန်းကျောင်းများတွင် စာတွေ့၊ လက်တွေ့ သင်ကြားလေ့ကျင့်ပေးမှုများအား မှတ်မှတ်သားသားဖြင့် ဆည်းပူးလေ့လာရမည်ဖြစ်ကြောင်း၊ သင်ကြားပေးသည့် အတတ်ပညာများအား လက်တွေ့နယ်ပယ်တွင် အသုံးမချနိုင်ပါက ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရမည်ဖြစ်သဖြင့် လေ့ကျင့်သား ပြည့်ဝအောင် မိမိကိုယ်ကို တည်ဆောက်နေရမည်ဖြစ်ကြောင်း၊ မိသားစုတစ်စုတွင် အိမ်ထောင်ဦးစီး သည် မိသားစုကို ဦးဆောင်ထိန်းသိမ်းနိုင်စွမ်းရှိရမည်ဖြစ်ကြောင်း၊ မိသားစုအတွက် ဂုဏ်ယူရသည့် အိမ်ထောင်ဦးစီးဖြစ်သကဲ့သို့ မိမိဦးဆောင်သည့် အဖွဲ့အစည်းကို ကောင်းမွန်စွာ ခေါင်းဆောင်နိုင် သည့် ခေါင်းဆောင်ကောင်းဖြစ်ရန်လိုကြောင်း၊ ခေါင်းဆောင်မှုသည် အရေးကြီးသကဲ့သို့ လက်အောက်မှလည်း တစ်ပါတည်းလိုက်ပါပေါင်းစည်း ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းစိတ်ဓာတ် ရှိရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့အပြင် တပ်မတော်သားများဖြစ်သည့်အတွက် စစ်စည်းကမ်း၊ စစ်ဘက်ဥပဒေ၊ အရပ်ဘက် စည်းကမ်း၊ ဥပဒေများကို အလေးထားလိုက်နာရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးတာဝန်ထမ်းဆောင် နေရသူများဖြစ်သည့်အတွက် နေထိုင်သွားလာ စားသောက်မှု အားလုံး စည်းကမ်းစနစ်တကျရှိ နေရမည်ဖြစ်ကြောင်း၊ ကောင်းမွန်သည့် အကျင့်ကိုမွေးမြူ၍ မိမိကိုယ်ကိုနှင့် မိမိအဖွဲ့အစည်း ကောင်းအောင် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မိမိဦးဆောင်ရသည့် တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည် မိသားစုများ၏ သက်သာချောင်ချိရေးနှင့် လူမှုရေးအခက်အခဲများကို စောင့်ကြည့် ဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကိုနှင့် လက်အောက်ကို အလိုမလိုက်ရန်လိုသလို သွားသင့် သည့်နေရာကိုသာသွားရန်၊ ပေါင်းသင့်သည့်သူကိုသာ ပေါင်းရန်၊ လုပ်သင့်သည့် အလုပ်ကိုသာလုပ်ရန် နှင့် ပြောသင့်သည်ကိုသာပြောရန်ဟူသော သင့် ၄ သင့်ကို လိုက်နာရန်လိုကြောင်းဖြင့် ဆက်လက်မှာကြားသည်။

ယင်းနောက် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်လိုအပ်ပြီး ခေတ်နှင့်လျော်ညီသော နည်းပညာရပ် များအား အမြဲမပြတ်လေ့လာဆည်းပူး သင်ယူနေရမည်ဖြစ်ကြောင်း၊ သင်တန်းသားတိုင်းတွင် ပထမရရန် အခွင့်အရေးကိုယ်စီရှိကြသော်လည်း သင်တန်းသားတိုင်း ပထမ မရနိုင်ကြောင်းနှင့် ကြိုးစားအားထုတ်မှု ရှိသူမှသာလျှင် ရလဒ်ကောင်းပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်အနေဖြင့် မိမိဦးဆောင်ရသောအဖွဲ့အစည်းမှ တာဝန်ထမ်းဆောင်သူများ၏ လုပ်ငန်းပိုင်းကြိုးစားအားထုတ်မှု၊ သစ္စာရှိရှိဖြင့် အနစ်နာခံဆောင်ရွက်တတ်မှု၊ အဖွဲ့အစည်း တိုးတက်ရာတိုးတက်ကြောင်းအတွက် အမြဲကြိုးပမ်း အားထုတ်နေမှုတို့အပေါ် အသိအမှတ်ပြုရန်လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာ တွင် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီတတ်သည့် မိသားစုစိတ်ဓာတ်ဖြင့် တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း မှာကြားသည်။

ထို့အပြင် တိုင်းပြည်မှအားထားရသည့်၊ ပြည်သူမှ အားကိုးရသည့် တပ်မတော်တစ်ရပ်ဖြစ်အောင် စည်းကမ်းစနစ်တကျ ရှိရမည်ဖြစ်ပြီး တပ်မတော်အတွက် အားကိုးအားထားရသည့် ခေါင်းဆောင် များဖြစ်အောင် အမြဲကြိုးစားနေရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်သည် စည်းကမ်းစနစ်တကျ ရှိရမည်ဖြစ်ပြီး မိမိဦးစီးဦးဆောင်ရသည့် အဖွဲ့အစည်းကိုလည်း စည်းကမ်းစနစ်တကျရှိစေရန် ထိန်းသိမ်းအုပ်ချုပ်နေရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်များအနေဖြင့် လုပ်ငန်း ဆောင်ရွက်မှုများတွင် ဆင်ခြင်တုံတရားနှင့် အသိ၊ သတိ အမြဲထား၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်ကောင်းဖြစ်ရန်လိုအပ်သကဲ့သို့ နောက်လိုက်ကောင်းများဖြစ်ရန်လည်း လိုအပ်ကြောင်း၊ မိမိအဖွဲ့အစည်းနှင့် တိုင်းပြည်အပေါ် သစ္စာစောင့်သိရန်လိုကြောင်း၊ မိမိကိုယ်တိုင်နှင့် မိမိအဖွဲ့အစည်း ကောင်းအောင် ကြိုးစားတည်ဆောက်ပြီး မိမိတပ်ဖွဲ့၊ မိမိတပ်မတော်၊ မိမိနိုင်ငံတော်အတွက် အားကိုးအားထားရသောသူများဖြစ်အောင် တည်ဆောက်ကြရမည် ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။