တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Ponpipaat Benyasri က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ၊ Thai Rung ကားထုတ်လုပ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာ

ေနျပည္ေတာ္၊ စက္တင္ဘာ – ၄

သတၱမအႀကိမ္ေျမာက္ ထုိင္း-ျမန္မာ အဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေ၀း 7th Thailand Myanmar High Level Committee Meeting သုိ႕တက္ေရာက္ခဲ့သည့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕အား စက္တင္ဘာ ၃ ရက္ညပုိင္းတြင္ ထုိင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Ponpipaat Benyasri က The Peninsula hotel၊ Sakuntala ခန္းမ၌ ဂုဏ္ျပဳညစာျဖင့္ တည္ခင္းဧည့္ခံသည္။

အဆုိပါ ဂုဏ္ျပဳညစာစားပြဲသုိ႕ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဇနီးေဒၚၾကဴၾကဴလွ၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ ေရ၊ ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ျမန္မာစစ္သံ(ၾကည္း၊ ေရ၊ ေလ) ဗုိလ္မွဴးခ်ဳပ္ ခင္ေဇာ္ႏွင့္ဇနီးတုိ႕ တက္ေရာက္ၾကၿပီး ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဇနီး Mrs. Chirapun Benyasri ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Bundit Boonyapan ႏွင့္ဇနီး၊ ထုိင္းဘုရင့္တပ္မေတာ္အရာရွိႀကီးမ်ား ႏွင့္ဇနီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတုိ႕အား ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႕က ႀကိဳဆုိႏႈတ္ဆက္ၾကၿပီး အမွတ္တရစုေပါင္း ဓာတ္ပုံ႐ုိက္ကူးၾကသည္။ ထုိ႕ေနာက္ ဂုဏ္ျပဳညစာကုိ အတူတကြသုံးေဆာင္ၾကသည္။ ညစာသုံးေဆာင္ေနစဥ္အတြင္း ထုိင္းဘုရင့္တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕က ေတးသီခ်င္းမ်ားျဖင့္ သီဆုိကျပေဖ်ာ္ေျဖၾကသည္။ ညစာသုံးေဆာင္အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႕သည္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ ထုိင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ ဇနီးတုိ႕သည္ သီဆုိေဖ်ာ္ေျဖခဲ့ၾကသည့္ ေတးဂီတအဖြဲ႕ႏွင့္အတူ အမွတ္တရစုေပါင္း ဓာတ္ပုံ႐ုိက္ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတို႕က ဂုဏ္ျပဳဆုေငြႏွင့္ ဂုဏ္ျပဳ ပန္းျခင္းမ်ားေပးအပ္ခဲ့သည္။

ထုိ႕ျပင္ မြန္းလြဲပုိင္းတြင္လည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ဗန္ေကာက္ၿမိဳ႕ ရွိ Thai Rung ကားထုတ္လုပ္ေရးကုမၸဏီအလုပ္႐ုံသုိ႕ သြားေရာက္၍ ေမာ္ေတာ္ယာဥ္ႏွင့္ အစိတ္အပုိင္းမ်ား ထုတ္လုပ္ေနမႈအား ေလ့လာ ၾကည့္႐ႈၾကရာ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္(အၿငိမ္းစား) Gen. Tarnchaiyan Srisuwan ႏွင့္ Thai Rung ကားထုတ္လုပ္ေရး ကုမၸဏီအႀကီးအကဲ Dr. Pranee Phaoenchoke ႏွင့္ တာ၀န္ရွိသူမ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကၿပီး ကုမၸဏီအစည္းအေ၀းခန္းမတြင္ ကုမၸဏီမွထုတ္လုပ္လ်က္ရွိသည့္ စက္ပစၥည္းမ်ားႏွင့္ ပတ္သက္၍ ရွင္းလင္းတင္ျပၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလုိသည္မ်ားအား ေမးျမန္းခဲ့ရာ တာ၀န္ရွိသူမ်ားက ျပန္လည္ရွင္းလင္းတင္ျပၾကသည္။ ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ကုမၸဏီအလုပ္႐ုံအတြင္း ၾကည့္ရႈေလ့လာၾကရာ တာ၀န္ရွိသူမ်ားက ရွင္းလင္းျပသခဲ့ၾကၿပီး ကုမၸဏီအစည္းအေ၀းခန္းမတြင္ အျပန္အလွန္လက္ေဆာင္ပစၥည္းမ်ား ေပးအပ္ကာ အမွတ္တရ စုေပါင္းဓာတ္ပုံရုိက္ခဲ့ၾကသည္။

အဆိုပါ Thai Rung ကားထုတ္လုပ္ေရးကုမၸဏီကုိ ၁၉၆၇ ခုႏွစ္တြင္ စတင္တည္ ေထာင္ခဲ့ျခင္းျဖစ္ၿပီး ကုန္က်စရိတ္သက္သာစြာျဖင့္ ေမာ္ေတာ္ယာဥ္ႏွင့္အစိတ္အပုိင္းမ်ားအား ထုတ္လုပ္ေရာင္းခ် လ်က္ ရွိေၾကာင္း၊ ယခုအခ်ိန္အထိ ေမာ္ေတာ္ယာဥ္ model ၂၁ မ်ဳိး ေက်ာ္ ထုတ္လုပ္ခဲ့ကာ ျပည္တြင္း၊ ျပည္ပသုိ႕ အစီးေရ ၈ ေသာင္းေက်ာ္ ေရာင္းခ်ခဲ့ၿပီး ျဖစ္ေၾကာင္းႏွင့္ ထုိင္းဘုရင့္တပ္မေတာ္၊ ရဲတပ္ဖြဲ႕၊ လူမႈကယ္ဆယ္ေရးအသင္းအဖြဲ႕တုိ႕အျပင္ ႏုိင္ငံေပါင္း ၁၃ ႏိုင္ငံသုိ႕အတြက္ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ကား၊ ဆုိင္ကယ္၊ ဘက္ဟုိးယာဥ္ႏွင့္ အီလတ္ထေရာနစ္တုိ႕ႏွင့္ သက္ဆုိင္သည့္ အပုိစက္ပစၥည္းမ်ား ကုိပါ ထုတ္လုပ္ေရာင္းခ်လ်က္ရွိပါသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Ponpipaat Benyasri က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ၊ Thai Rung ကားထုတ်လုပ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာ

နေပြည်တော်၊ စက်တင်ဘာ – ၄

သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 7th Thailand Myanmar High Level Committee Meeting သို့တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာ ၃ ရက်ညပိုင်းတွင် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Ponpipaat Benyasri က The Peninsula hotel၊ Sakuntala ခန်းမ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့်ဇနီးတို့ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး Mrs. Chirapun Benyasri ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Bundit Boonyapan နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့အား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။ ညစာသုံးဆောင်နေစဉ်အတွင်း ထိုင်းဘုရင့်တပ်မတော်ယဉ်ကျေးမှုအဖွဲ့က တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည် သီဆိုဖျော်ဖြေခဲ့ကြသည့် တေးဂီတအဖွဲ့နှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြု ပန်းခြင်းများပေးအပ်ခဲ့သည်။

ထို့ပြင် မွန်းလွဲပိုင်းတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗန်ကောက်မြို့ ရှိ Thai Rung ကားထုတ်လုပ်ရေးကုမ္ပဏီအလုပ်ရုံသို့ သွားရောက်၍ မော်တော်ယာဉ်နှင့် အစိတ်အပိုင်းများ ထုတ်လုပ်နေမှုအား လေ့လာ ကြည့်ရှုကြရာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(အငြိမ်းစား) Gen. Tarnchaiyan Srisuwan နှင့် Thai Rung ကားထုတ်လုပ်ရေး ကုမ္ပဏီအကြီးအကဲ Dr. Pranee Phaoenchoke နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ကုမ္ပဏီအစည်းအဝေးခန်းမတွင် ကုမ္ပဏီမှထုတ်လုပ်လျက်ရှိသည့် စက်ပစ္စည်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအား မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းတင်ပြကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီအလုပ်ရုံအတွင်း ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြပြီး ကုမ္ပဏီအစည်းအဝေးခန်းမတွင် အပြန်အလှန်လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

အဆိုပါ Thai Rung ကားထုတ်လုပ်ရေးကုမ္ပဏီကို ၁၉၆၇ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ခြင်းဖြစ်ပြီး ကုန်ကျစရိတ်သက်သာစွာဖြင့် မော်တော်ယာဉ်နှင့်အစိတ်အပိုင်းများအား ထုတ်လုပ်ရောင်းချ လျက် ရှိကြောင်း၊ ယခုအချိန်အထိ မော်တော်ယာဉ် model ၂၁ မျိုး ကျော် ထုတ်လုပ်ခဲ့ကာ ပြည်တွင်း၊ ပြည်ပသို့ အစီးရေ ၈ သောင်းကျော် ရောင်းချခဲ့ပြီး ဖြစ်ကြောင်းနှင့် ထိုင်းဘုရင့်တပ်မတော်၊ ရဲတပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့အပြင် နိုင်ငံပေါင်း ၁၃ နိုင်ငံသို့အတွက် မော်တော်ယာဉ်များနှင့် ကား၊ ဆိုင်ကယ်၊ ဘက်ဟိုးယာဉ်နှင့် အီလတ်ထရောနစ်တို့နှင့် သက်ဆိုင်သည့် အပိုစက်ပစ္စည်းများ ကိုပါ ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။