တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ Kanchanaburi ခရိုင်အတွင်းရှိ အထင်ကရနေရာများ သို့ သွားရောက်လေ့လာ

ေနျပည္ေတာ္၊ စက္တင္ဘာ – ၄

သတၱမအႀကိမ္ေျမာက္ ထုိင္း-ျမန္မာ အဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေ၀း 7th Thailand-Myanmar High Level Committee Meeting သုိ႕တက္ေရာက္ခဲ့သည့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္အဖြဲ႕ သည္ ယေန႕နံနက္ပုိင္းတြင္ ထုိင္းဘုရင့္ေလတပ္၊ Wing 6 မွ Kanchanaburi ခ႐ုိင္သုိ႕ ထုိင္းဘုရင့္ တပ္မေတာ္ရဟတ္ယာဥ္မ်ားျဖင့္ ထြက္ခြာၾကရာ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Ponpipaat Benyasri ႏွင့္ ဇနီးတုိ႕က ပုိ႕ေဆာင္ႏႈတ္ဆက္ၾကၿပီး Kanchanaburi ခ႐ုိင္တြင္ အမွတ္(၉) ေျခလ်င္တပ္မမွဴး Maj. Gen. Takad Lordsiri ႏွင့္ တာ၀န္ရွိသူမ်ားက ႀကိဳဆုိခဲ့ၾကသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ Kanchanaburi ခ႐ုိင္၊ သံလမ္း တံတား Bridge on the River Kwai အနီးရွိ ဂ်ိသ္ ဒုတိယကမၻာစစ္ သမုိင္း ျပတုိက္ JEATH War Museum သုိ႕သြားေရာက္ေလ့လာၾကရာ တာ၀န္ရွိသူမ်ားက ရွင္းလင္းျပသခဲ့ၾကၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလုိသည္မ်ား ျပန္လည္ ေမးျမန္းေဆြးေႏြးခဲ့ကာ အမွတ္တရစုေပါင္း ဓာတ္ပုံမ်ား ရုိက္ကူးၾကသည္။

အဆုိပါ ဒုတိယကမၻာစစ္သမုိင္းျပတုိက္အား ၁၉၇၇ ခုႏွစ္တြင္ ထုိင္းဘုန္းေတာ္ႀကီး Phra Theppanyasuthee က Wat Chaichurapol ဘုန္းႀကီးေက်ာင္းေနရာတြင္ တည္ေဆာက္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ JEATH ဟုအမည္ေပးထားျခင္းမွာ ထုိင္း-ျမန္မာ ေသမင္းတမန္ ရထားလမ္း ေဖာက္လုပ္ရာတြင္ အဓိကပါ၀င္ခဲ့ၾကသည့္ Japan၊ English၊ Australian၊ Thai ႏွင့္ Holland လူမ်ဳိးမ်ားကုိ ရည္ၫႊန္း၍ အတုိေကာက္ေခၚေ၀ၚျခင္းျဖစ္ေၾကာင္း၊ ျပတုိက္အတြင္း၌ ဒုတိယ ကမၻာစစ္ႏွင့္ ပတ္သက္သည့္ သမုိင္းအေထာက္အထား အခ်က္အလက္မ်ား၊ စစ္အတြင္း အသုံးျပဳခဲ့သည့္ လက္နက္ကိရိယာတန္ဆာပလာမ်ား၊ ေသမင္းတမန္ရထားလမ္း တည္ေဆာက္ခဲ့ သည့္ သမုိင္းေၾကာင္းဆုိင္ရာ အခ်က္အလက္မ်ား၊ သုံ႕ပန္းမ်ားႏွင့္ ေခြၽးတပ္သားမ်ားအား ရက္စက္စြာခုိင္းေစခဲ့သည့္ ႐ုပ္လုံး႐ုပ္ၾကြမ်ား၊ သုံ႕ပန္းမ်ား ေနထုိင္ခဲ့ၾကသည့္ တဲပုံသ႑ာန္မ်ားကုိ ခင္းက်င္းျပသထားေၾကာင္းႏွင့္ ျပတုိက္အတြင္းရွိ ပစၥည္းမ်ားအား ပုိင္ရွင္ျဖစ္သူ Mr. Arun Jansiri ဆုိသူက အသက္ ၁၅ ႏွစ္္ အရြယ္မွစ၍ စုေဆာင္းခဲ့ျခင္းျဖစ္ၿပီး ယခုအသက္ ၈၃ ႏွစ္ရွိၿပီ ျဖစ္ေၾကာင္းသိရွိရသည္။

ယင္းေနာက္ Kwai ျမစ္ကူး သံလမ္းတံတား Bridge on the River Kwai သုိ႕ သြားေရာက္၍ သံလမ္း တံတားေပၚတြင္ေလ့လာၾကည့္႐ႈၾကၿပီး အမွတ္တရစုေပါင္း ဓာတ္ပုံမ်ား ရုိက္ကူးၾကကာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က Kanchanaburi ခ႐ုိင္၊ ဒုခ႐ုိင္ အုပ္ခ်ဳပ္ေရးမွဴးအား အမွတ္တရ လက္ေဆာင္ေပးအပ္သည္။

အဆုိပါ Kwai ျမစ္ကူး သံလမ္းတံတား Bridge on the River Kwai သည္ ကမၻာလွည့္ခရီးသြား အမ်ားစုလာေရာက္လည္ပတ္ေလ့လာလ်က္ရွိသည့္ ေနရာတစ္ခုျဖစ္ၿပီး သမုိင္းေၾကာင္းအရ ဒုတိယ ကမၻာစစ္အတြင္း အထင္ကရ ျမစ္ကူးသံလမ္းတံတားတစ္ခုျဖစ္သည္။ သံလမ္းတံတားေပၚ၌ ေလွ်ာက္လမ္းမ်ားရွိၿပီး လမ္းေလွ်ာက္ျဖတ္ကူးႏုိင္ၿပီး ၁၉၄၄ ခုႏွစ္၊ ႏုိ၀င္ဘာလ ၂၈ ရက္တြင္ မဟာမိတ္တပ္မ်ားက ဗုံးႀကဲတုိက္ခုိက္ခဲ့သည္ကုိ အမွတ္ရေသာအားျဖင့္ ႏွစ္စဥ္ ႏုိ၀င္ဘာလ ၂၈ ရက္၌ ေကြးျမစ္ကူးတံတားအထိမ္းအမွတ္ေန႕အျဖစ္ က်င္းပျပဳလုပ္ေလ့ရွိေၾကာင္း သိရွိရသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ Kwai ျမစ္ကူးသံလမ္းတံတား Bridge on the River Kwai ဘူတာ႐ုံမွ Tham Kra Sae ဘူတာ႐ုံသုိ႕ အမွတ္(၂၅၇)ရထားျဖင့္ ထြက္ခြာခဲ့ၾကၿပီး လမ္းတစ္ေလ်ာက္ၾကည့္႐ႈေလ့လာကာ Tham Kra Sae ဘူတာ႐ုံအနီး လႈိဏ္ဂူငယ္ အတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္မ်ားအား ဖူးေျမာ္ၾကည္ညိဳၾကသည္။ ယင္းလႈိဏ္ဂူငယ္သည္ ေသမင္းတမန္ ရထားလမ္းေဖာက္လုပ္ခဲ့စဥ္ စစ္သုံ႕ပန္းမ်ားႏွင့္ အတင္းအဓမၼေစခုိင္းျခင္းခံခဲ့ရသည့္ သုံ႕ပန္းမ်ား၏ နားခုိရာေနရာတစ္ခု ျဖစ္ေၾကာင္း သိရွိရသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ Kanchanaburi ခ႐ုိင္မွ Prachuap Khiri Khan ခ႐ုိင္၊ Hua Hin ၿမိဳ႕ရွိ 15th Military Circle Command သုိ႕ ထုိင္းဘုရင့္ တပ္မေတာ္ရဟတ္ယာဥ္မ်ားျဖင့္ ထြက္ခြာၾကရာ အမွတ္(၉)ေျခလ်င္တပ္မမွဴး Maj. Gen. Takad Lordsiri ႏွင့္ဇနီးတုိ႕က ပုိ႕ေဆာင္ ႏႈတ္ဆက္ၾကၿပီး Prachuap Khiri Khan ခ႐ုိင္၊ Hua Hin ၿမိဳ႕ေလဆိပ္တြင္ 15th Military Circle Command မွ အႀကီးအကဲ Col. Prayook Aoonaab ႏွင့္ တာ၀န္ရွိသူမ်ားက ႀကိဳဆုိခဲ့ၾကကာ ေခတၲတည္းခုိမည့္ ဟုိတယ္တြင္ထုိင္းဘုရင့္တပ္မေတာ္မွ Director of Department of Border Affairs ျဖစ္သူ Lt Gen. Kumrom Kearwichyajane ႏွင့္ ဇနီးတုိ႕က ႀကိဳဆုိခဲ့ၾကပါသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ Kanchanaburi ခရိုင်အတွင်းရှိ အထင်ကရနေရာများ သို့ သွားရောက်လေ့လာ

နေပြည်တော်၊ စက်တင်ဘာ – ၄

သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 7th Thailand-Myanmar High Level Committee Meeting သို့တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းဘုရင့်လေတပ်၊ Wing 6 မှ Kanchanaburi ခရိုင်သို့ ထိုင်းဘုရင့် တပ်မတော်ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြရာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Ponpipaat Benyasri နှင့် ဇနီးတို့က ပို့ဆောင်နှုတ်ဆက်ကြပြီး Kanchanaburi ခရိုင်တွင် အမှတ်(၉) ခြေလျင်တပ်မမှူး Maj. Gen. Takad Lordsiri နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Kanchanaburi ခရိုင်၊ သံလမ်း တံတား Bridge on the River Kwai အနီးရှိ ဂျိသ် ဒုတိယကမ္ဘာစစ် သမိုင်း ပြတိုက် JEATH War Museum သို့သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကာ အမှတ်တရစုပေါင်း ဓာတ်ပုံများ ရိုက်ကူးကြသည်။

အဆိုပါ ဒုတိယကမ္ဘာစစ်သမိုင်းပြတိုက်အား ၁၉၇၇ ခုနှစ်တွင် ထိုင်းဘုန်းတော်ကြီး Phra Theppanyasuthee က Wat Chaichurapol ဘုန်းကြီးကျောင်းနေရာတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ JEATH ဟုအမည်ပေးထားခြင်းမှာ ထိုင်း-မြန်မာ သေမင်းတမန် ရထားလမ်း ဖောက်လုပ်ရာတွင် အဓိကပါဝင်ခဲ့ကြသည့် Japan၊ English၊ Australian၊ Thai နှင့် Holland လူမျိုးများကို ရည်ညွှန်း၍ အတိုကောက်ခေါ်ဝေါ်ခြင်းဖြစ်ကြောင်း၊ ပြတိုက်အတွင်း၌ ဒုတိယ ကမ္ဘာစစ်နှင့် ပတ်သက်သည့် သမိုင်းအထောက်အထား အချက်အလက်များ၊ စစ်အတွင်း အသုံးပြုခဲ့သည့် လက်နက်ကိရိယာတန်ဆာပလာများ၊ သေမင်းတမန်ရထားလမ်း တည်ဆောက်ခဲ့ သည့် သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များ၊ သုံ့ပန်းများနှင့် ချွေးတပ်သားများအား ရက်စက်စွာခိုင်းစေခဲ့သည့် ရုပ်လုံးရုပ်ကြွများ၊ သုံ့ပန်းများ နေထိုင်ခဲ့ကြသည့် တဲပုံသဏ္ဍာန်များကို ခင်းကျင်းပြသထားကြောင်းနှင့် ပြတိုက်အတွင်းရှိ ပစ္စည်းများအား ပိုင်ရှင်ဖြစ်သူ Mr. Arun Jansiri ဆိုသူက အသက် ၁၅ နှစ် အရွယ်မှစ၍ စုဆောင်းခဲ့ခြင်းဖြစ်ပြီး ယခုအသက် ၈၃ နှစ်ရှိပြီ ဖြစ်ကြောင်းသိရှိရသည်။

ယင်းနောက် Kwai မြစ်ကူး သံလမ်းတံတား Bridge on the River Kwai သို့ သွားရောက်၍ သံလမ်း တံတားပေါ်တွင်လေ့လာကြည့်ရှုကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံများ ရိုက်ကူးကြကာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က Kanchanaburi ခရိုင်၊ ဒုခရိုင် အုပ်ချုပ်ရေးမှူးအား အမှတ်တရ လက်ဆောင်ပေးအပ်သည်။

အဆိုပါ Kwai မြစ်ကူး သံလမ်းတံတား Bridge on the River Kwai သည် ကမ္ဘာလှည့်ခရီးသွား အများစုလာရောက်လည်ပတ်လေ့လာလျက်ရှိသည့် နေရာတစ်ခုဖြစ်ပြီး သမိုင်းကြောင်းအရ ဒုတိယ ကမ္ဘာစစ်အတွင်း အထင်ကရ မြစ်ကူးသံလမ်းတံတားတစ်ခုဖြစ်သည်။ သံလမ်းတံတားပေါ်၌ လျှောက်လမ်းများရှိပြီး လမ်းလျှောက်ဖြတ်ကူးနိုင်ပြီး ၁၉၄၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်တွင် မဟာမိတ်တပ်များက ဗုံးကြဲတိုက်ခိုက်ခဲ့သည်ကို အမှတ်ရသောအားဖြင့် နှစ်စဉ် နိုဝင်ဘာလ ၂၈ ရက်၌ ကွေးမြစ်ကူးတံတားအထိမ်းအမှတ်နေ့အဖြစ် ကျင်းပပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Kwai မြစ်ကူးသံလမ်းတံတား Bridge on the River Kwai ဘူတာရုံမှ Tham Kra Sae ဘူတာရုံသို့ အမှတ်(၂၅၇)ရထားဖြင့် ထွက်ခွာခဲ့ကြပြီး လမ်းတစ်လျောက်ကြည့်ရှုလေ့လာကာ Tham Kra Sae ဘူတာရုံအနီး လှိုဏ်ဂူငယ် အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညိုကြသည်။ ယင်းလှိုဏ်ဂူငယ်သည် သေမင်းတမန် ရထားလမ်းဖောက်လုပ်ခဲ့စဉ် စစ်သုံ့ပန်းများနှင့် အတင်းအဓမ္မစေခိုင်းခြင်းခံခဲ့ရသည့် သုံ့ပန်းများ၏ နားခိုရာနေရာတစ်ခု ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Kanchanaburi ခရိုင်မှ Prachuap Khiri Khan ခရိုင်၊ Hua Hin မြို့ရှိ 15th Military Circle Command သို့ ထိုင်းဘုရင့် တပ်မတော်ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြရာ အမှတ်(၉)ခြေလျင်တပ်မမှူး Maj. Gen. Takad Lordsiri နှင့်ဇနီးတို့က ပို့ဆောင် နှုတ်ဆက်ကြပြီး Prachuap Khiri Khan ခရိုင်၊ Hua Hin မြို့လေဆိပ်တွင် 15th Military Circle Command မှ အကြီးအကဲ Col. Prayook Aoonaab နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကာ ခေတ္တတည်းခိုမည့် ဟိုတယ်တွင်ထိုင်းဘုရင့်တပ်မတော်မှ Director of Department of Border Affairs ဖြစ်သူ Lt Gen. Kumrom Kearwichyajane နှင့် ဇနီးတို့က ကြိုဆိုခဲ့ကြပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။