နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့နွယ်ဝင် သီလရှင် စာသင်တိုက်များနှင့် ဘိုးဘွားရိပ်သာများသို့ တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်ဆွမ်းပဒေသာပင်အလှူငွေများ လှူဒါန်းပွဲ ကျင်းပ 

ေနျပည္ေတာ္၊ စက္တင္ဘာ ၈

ေနျပည္ေတာ္၊ လယ္ေ၀းၿမိဳ႕နယ္ရွိ ပရိယတၱိစာသင္တုိက္မ်ား၊ သာသနာ့ႏြယ္၀င္ သီလရွင္ စာသင္တုိက္မ်ားႏွင့္ ဘုိးဘြားရိပ္သာမ်ားသုိ႔ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားႏွင့္ ေစတနာရွင္ ျပည္သူမ်ားက ဆြမ္းဆန္ေတာ္၊ ဆီ၊ ဆား၊ ပဲ၊ ေဆးႏွင့္ဆြမ္းပေဒသာပင္ အလွဴေငြမ်ား လွဴဒါန္းပြဲကုိ ယေန႔မြန္းလြဲပုိင္းတြင္ လယ္ေ၀းၿမိဳ႕ရွိ ေပါက္ၿမိဳင္ေက်ာင္းတုိက္၌က်င္းပ ျပဳလုပ္ရာ ေပါက္ၿမိဳင္ ေက်ာင္းတုိက္ ဦးစီးပဓာနနာယက အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲဇနိႏၵႏွင့္ သံဃာေတာ္မ်ား တက္ေရာက္ ခ်ီးျမႇင့္ေတာ္မူၾကသည္။

အဆုိပါ လွဴဒါန္းပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး စိန္၀င္းႏွင့္ဇနီး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရဲေအာင္ႏွင့္ဇနီး၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ ေရ၊ ေလ)မွ တပ္မေတာ္အရာရွိႀကီး မ်ားႏွင့္ ဇနီးမ်ား၊ ေနျပည္ေတာ္တုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴးႏွင့္ဇနီး၊ ေနျပည္ေတာ္ ေကာင္စီ၀င္မ်ား၊ ခ႐ုိင္ႏွင့္ ၿမိဳ႕နယ္ အဆင့္ဌာနဆုိင္ရာ တာ၀န္ရွိသူမ်ား၊ ျမန္မာႏုိင္ငံ စစ္မႈထမ္းေဟာင္းအဖြဲ႕မွတာ၀န္ရွိသူမ်ား၊ ေစတနာရွင္ အလွဴရွင္မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္ ၀တ္အသင္းအဖြဲ႕မ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ ေပါက္ၿမိဳင္ ေတာရ ေက်ာင္းတုိက္ဦးစီးပဓာနနာယက ဆရာေတာ္ႀကီးထံမွ ငါးပါးသီလခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္မ်ား ႐ြတ္ပြားခ်ီးျမႇင့္ေတာ္မူၾကသည့္ ေမတၱသုတ္ပရိတ္တရားေတာ္မ်ားကုိနာယူၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွတုိ႕က ေပါက္ၿမိဳင္ ဆရာေတာ္ႀကီးထံ လွဴဖြယ္ပစၥည္းမ်ားႏွင့္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားမွ လွဴဒါန္းေသာ ဆြမ္းဆန္ေတာ္ ၄၈၂ အိတ္ႏွင့္ ပဲ ၁၄၄၅ ပိႆာအား ဆက္ကပ္လွဴဒါန္းသည္။

ယင္းေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ ဇနီးတုိ႕က ေတာင္သုံးလုံးေဇတ၀န္ ဆရာေတာ္ ဘဒၵႏၲေ၀ပုလႅထံသုိ႔ လွဴဖြယ္ပစၥည္းမ်ားႏွင့္ ျမန္မာ့စီးပြားေရး ဦးပုိင္ အမ်ားႏွင့္သက္ဆုိင္ေသာကုမၸဏီလီမိတက္မွလွဴဒါန္းသည့္ ဆီ ၁၁၄ ပိႆာ ၅၀ က်ပ္သားႏွင့္ ဆား ၁၄၄၅ ပိႆာအား လည္းေကာင္း၊ ျပည္ေထာင္စု ၀န္ႀကီးမ်ား၊ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အလွဴရွင္မ်ားက သံဃာေတာ္မ်ားအားလည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္၏ဇနီးႏွင့္အဖြဲ႕၀င္မ်ားက သီလရွင္ဆရာႀကီးမ်ားအား လည္းေကာင္း လွဴဖြယ္ပစၥည္းမ်ား အသီးသီးဆက္ကပ္လွဴဒါန္းၾကသည္။

၎ေနာက္ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးက တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) မိသားစုမ်ားမွလွဴဒါန္းသည့္ ဆြမ္းပေဒသာပင္အလွဴေငြမ်ားအားလည္းေကာင္း၊ အလွဴရွင္မ်ားကလွဴဒါန္းသည့္ ဆြမ္းပေဒသာပင္အလွဴေငြမ်ားအားလည္းေကာင္းအသီးသီး လွဴဒါန္း ၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က လက္ခံရယူၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ျပန္လည္ေပးအပ္သည္။ ယင္းေနာက္အလွဴရွင္မ်ားက ဆက္လက္၍ အလွဴေငြမ်ား အသီးသီးေပးအပ္လွဴဒါန္းၾကရာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ)ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးတို႕က လက္ခံရယူၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ျပန္လည္ ေပးအပ္သည္။

ထုိ႔ေနာက္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားႏွင့္အလွဴရွင္မ်ားက ဆြမ္းဆန္ေတာ္၊ ဆီ၊ ဆား၊ ပဲ၊ ေဆးႏွင့္ ဆြမ္းပေဒသာပင္အလွဴေငြမ်ားေပးအပ္လွဴဒါန္းရျခင္း၏ ရည္ရြယ္ခ်က္ႏွင့္ပတ္သက္ၿပီး စစ္ေရးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မ်ဳိးေဇာ္သိန္းက ေလွ်ာက္ထားတင္ျပသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ တက္ေရာက္လာၾကသူမ်ားက ေပါက္ၿမိဳင္ဆရာေတာ္ႀကီးထံမွ အႏုေမာဒနာတရားနာယူ ၍လွဴဒါန္းမႈအစုစု အတြက္ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။

တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားႏွင့္ေစတနာရွင္ျပည္သူမ်ားစုေပါင္း၍ ဆြမ္းဆန္ေတာ္၊ ဆီ၊ ဆား၊ ပဲ၊ ေဆးႏွင့္ဆြမ္းပေဒသာပင္အလွဴေငြမ်ားေပးအပ္လွဴဒါန္းျခင္းမ်ားကုိ ၁၉၉၆ ခုႏွစ္ကပင္ စတင္ျပဳလုပ္ခဲ့ၿပီး ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕နယ္၊ တပ္ကုန္းၿမိဳ႕နယ္ႏွင့္ လယ္ေ၀းၿမိဳ႕နယ္မ်ားအပါအ၀င္ ၿမိဳ႕နယ္(၈) ၿမိဳ႕နယ္အတြင္းရွိ ပရိယတၱိစာသင္တုိက္မ်ား၊ သာသနာ့ႏြယ္၀င္သီလရွင္ စာသင္တုိက္မ်ားႏွင့္ ဘုိးဘြားရိပ္သာမ်ားသုိ႕ ၂၀၀၆ ခုႏွစ္မွစတင္၍ လွဴဒါန္းလ်က္ရွိကာ ယေန႔ က်င္းပျပဳလုပ္သည့္ လွဴဒါန္းမႈ အစုစုမွာ ဆြမ္းပေဒသာပင္အလွဴေငြ ၁၁၈၅၂၀၀၀ က်ပ္၊ ဆန္ ၅၂၅ အိတ္၊ ဆီ ၁၁၄ ပိႆာ ၅၀ က်ပ္သား၊ ပဲ ၁၄၄၅ ပိႆာ၊ ဆား ၁၄၄၅ ပိႆာ၊ င႐ုပ္သီးမႈန္႔မ်ဳိးစုံ ၃၀၀၀ ထုပ္၊နႏြင္းမႈန္႔ ၁၀၀၀ ထုပ္၊ မဆလာ ၁၀၀၀ ထုပ္၊ ငါးပိေထာင္း ၅၀၀ ဘူး၊ ေဆးမ်ိဳးစုံ ၅၀၀၀ ဘူး၊ ၃၆၀ ထုပ္ႏွင့္ လွဴဖြယ္ပစၥည္းမ်ားအား လွဴဒါန္းခဲ့သည္။

 

(Unicode Version)

နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့နွယ်ဝင် သီလရှင် စာသင်တိုက်များနှင့် ဘိုးဘွားရိပ်သာများသို့ တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်ဆွမ်းပဒေသာပင်အလှူငွေများ လှူဒါန်းပွဲ ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၈

နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့နွယ်ဝင် သီလရှင် စာသင်တိုက်များနှင့် ဘိုးဘွားရိပ်သာများသို့ တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့ရှိ ပေါက်မြိုင်ကျောင်းတိုက်၌ကျင်းပ ပြုလုပ်ရာ ပေါက်မြိုင် ကျောင်းတိုက် ဦးစီးပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒနှင့် သံဃာတော်များ တက်ရောက် ချီးမြှင့်တော်မူကြသည်။

အဆိုပါ လှူဒါန်းပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ နေပြည်တော် ကောင်စီဝင်များ၊ ခရိုင်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့မှတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဝတ်အသင်းအဖွဲ့များတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ပေါက်မြိုင် တောရ ကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တသုတ်ပရိတ်တရားတော်များကိုနာယူကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ပေါက်မြိုင် ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများနှင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများမှ လှူဒါန်းသော ဆွမ်းဆန်တော် ၄၈၂ အိတ်နှင့် ပဲ ၁၄၄၅ ပိဿာအား ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီးတို့က တောင်သုံးလုံးဇေတဝန် ဆရာတော် ဘဒ္ဒန္တဝေပုလ္လထံသို့ လှူဖွယ်ပစ္စည်းများနှင့် မြန်မာ့စီးပွားရေး ဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှလှူဒါန်းသည့် ဆီ ၁၁၄ ပိဿာ ၅၀ ကျပ်သားနှင့် ဆား ၁၄၄၅ ပိဿာအား လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် အလှူရှင်များက သံဃာတော်များအားလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးနှင့်အဖွဲ့ဝင်များက သီလရှင်ဆရာကြီးများအား လည်းကောင်း လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများမှလှူဒါန်းသည့် ဆွမ်းပဒေသာပင်အလှူငွေများအားလည်းကောင်း၊ အလှူရှင်များကလှူဒါန်းသည့် ဆွမ်းပဒေသာပင်အလှူငွေများအားလည်းကောင်းအသီးသီး လှူဒါန်း ကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ယင်းနောက်အလှူရှင်များက ဆက်လက်၍ အလှူငွေများ အသီးသီးပေးအပ်လှူဒါန်းကြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။

ထို့နောက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့်အလှူရှင်များက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက လျှောက်ထားတင်ပြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တက်ရောက်လာကြသူများက ပေါက်မြိုင်ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ ၍လှူဒါန်းမှုအစုစု အတွက်ရေစက်သွန်းချအမျှပေးဝေကြသည်။

တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့်စေတနာရှင်ပြည်သူများစုပေါင်း၍ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းခြင်းများကို ၁၉၉၆ ခုနှစ်ကပင် စတင်ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် လယ်ဝေးမြို့နယ်များအပါအဝင် မြို့နယ်(၈) မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့နွယ်ဝင်သီလရှင် စာသင်တိုက်များနှင့် ဘိုးဘွားရိပ်သာများသို့ ၂၀၀၆ ခုနှစ်မှစတင်၍ လှူဒါန်းလျက်ရှိကာ ယနေ့ ကျင်းပပြုလုပ်သည့် လှူဒါန်းမှု အစုစုမှာ ဆွမ်းပဒေသာပင်အလှူငွေ ၁၁၈၅၂၀၀၀ ကျပ်၊ ဆန် ၅၂၅ အိတ်၊ ဆီ ၁၁၄ ပိဿာ ၅၀ ကျပ်သား၊ ပဲ ၁၄၄၅ ပိဿာ၊ ဆား ၁၄၄၅ ပိဿာ၊ ငရုပ်သီးမှုန့်မျိုးစုံ ၃၀၀၀ ထုပ်၊နနွင်းမှုန့် ၁၀၀၀ ထုပ်၊ မဆလာ ၁၀၀၀ ထုပ်၊ ငါးပိထောင်း ၅၀၀ ဘူး၊ ဆေးမျိုးစုံ ၅၀၀၀ ဘူး၊ ၃၆၀ ထုပ်နှင့် လှူဖွယ်ပစ္စည်းများအား လှူဒါန်းခဲ့သည်။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။