တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)သို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ စကျင် ကျောက်တော်ကြီးအား မြတ်စွာဘုရား၏ရုပ်ပွားတော်မြတ်ကြီးအဖြစ် ထုဆစ်ကိုးကွယ်ရန် ဆောင်ရွက် နေမှုများအား သွားရောက်ကြည့်ရှု

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ဇနီး၊ အဖြဲ႕ဝင္မ်ား လိုက္ပါလ်က္ ယေန႔နံနက္ပိုင္းတြင္ အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၊ အဆင့္ျမင့္ စစ္မႈထမ္း ေဟာင္းအိမ္ရာ(မႏၲေလး)ႏွင့္ အထည္ခ်ဳပ္စက္႐ုံလုပ္ငန္း လည္ပတ္ေနမႈမ်ားအား သြားေရာက္ၾကည့္ရႈစစ္ေဆးသည္

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ အဆင့္ျမင့္စစ္မႈထမ္းေဟာင္းအိမ္ရာ (မႏၲေလး) အထည္ခ်ဳပ္စက္႐ုံအတြင္း စစ္ဝတ္စုံမ်ားခ်ဳပ္လုပ္ေနမႈႏွင့္ လုပ္ငန္းလည္ပတ္ေနမႈမ်ားအား ၾကည့္ရႈၾကၿပီး စက္႐ုံဧည့္ခန္းမေဆာင္၌ စက္႐ုံမႉး ဦးတင္ထြန္းဦးက ထုတ္လုပ္မႈအေျခအေနမ်ားကို ရွင္းလင္းတင္ျပသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စစ္မႈထမ္း ေဟာင္းမိသားစုဝင္မ်ားႏွင့္ စစ္မႈထမ္းဆဲမိသားစုမ်ား၏ အလုပ္အကိုင္ႏွင့္ အသက္ေမြးမႈပညာမ်ား ရရွိေစေရး ရည္႐ြယ္ေဆာင္႐ြက္ေပးထားျခင္းျဖစ္ေၾကာင္းႏွင့္ အရည္အေသြးျမင့္ခ်ဳပ္ထည္မ်ား ရရွိေအာင္ နည္းစနစ္တက်ျဖင့္ လုပ္ကိုင္သြားၾကရန္လိုေၾကာင္းမွာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ အဆင့္ျမင့္ စစ္မႈထမ္းေဟာင္း အိမ္ရာ(မႏၲေလး)အတြင္း လွည့္လည္ၾကည့္ရႈ၍ အိမ္ရာတြင္ေနထိုင္လ်က္ရွိသည့္ စစ္မႈထမ္းေဟာင္း မ်ားႏွင့္မိသားစုဝင္မ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံ ႏႈတ္ဆက္ၿပီး ေနထိုင္စားေသာက္မႈ အေျခအေနမ်ားအားေမးျမန္းကာ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ အေလးခ်ိန္ ၁၀၈၉၀ တန္ခ်ိန္ရွိ စက်င္ေက်ာက္ေတာ္ႀကီးအား ဉာဏ္ေတာ္ ၆၃ ေပရွိ ျမတ္စြာဘုရား၏ထိုင္ေတာ္မူ႐ုပ္ပြားေတာ္ျမတ္ႀကီး ထုဆစ္ရန္ျပင္ဆင္ေဆာင္႐ြက္ေနမႈမ်ားအား သြားေရာက္ၾကည့္ရႈၾကသည္။ ဦးစြာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား စက်င္ေက်ာက္ေတာ္ႀကီး အလႉရွင္ ဦးေအာင္ခိုင္သန္းႏွင့္ တာဝန္ရွိသူမ်ားက ေက်ာက္ေတာ္ႀကီး၏ အၾကမ္းထည္ ထုဆစ္ၿပီးစီးမႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ညႇိႏႈိင္းေဆြးေႏြးခဲ့ၿပီး စက်င္ေက်ာက္ေတာ္ႀကီးထုဆစ္ၿပီးစီးမႈအေျခအေနမ်ားႏွင့္ ေအာက္ခံပလႅင္ေက်ာက္ေတာ္ႀကီး တူးေဖာ္ ေနမႈမ်ားအား လွည့္လည္ ၾကည့္ရႈကာ လိုအပ္သည္မ်ားမွာၾကားခဲ့သည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ အနႏၲဂုဏ္ ပန္းတေမာ့ လုပ္ငန္းသို႔ သြားေရာက္၍ ျမန္မာ့႐ိုးရာပန္းဆယ္မ်ိဳးအတြင္းမွ ပန္းတေမာ့ပညာအသုံးျပဳ၍ စက်င္ေက်ာက္မ်ားကို ဘုရားဆင္းတုေတာ္မ်ား၊ အထင္ကရပုဂၢိဳလ္မ်ား၊ အလွဆင္ပစၥည္းမ်ား၊ အသုံးအေဆာင္ပရိေဘာဂပစၥည္း ပုံသ႑န္အမ်ိဳးမ်ိဳးတို႔အား ပုံေဖာ္ထုဆစ္ထားရွိမႈမ်ားကို ၾကည့္ရႈ ေလ့လာၾကၿပီး သိရွိလိုသည္မ်ားအား ေမးျမန္းေဆြးေႏြးၿပီး အႀကံျပဳေျပာၾကားခဲ့သည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ Angelo Mining Co.Ltd(မိုးနတ္သား) ေက်ာက္ျပားထုတ္လုပ္ေရး အလုပ္႐ုံသို႔ သြားေရာက္ၾကည့္ရႈေလ့လာခဲ့သည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)သို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ စကျင် ကျောက်တော်ကြီးအား မြတ်စွာဘုရား၏ရုပ်ပွားတော်မြတ်ကြီးအဖြစ် ထုဆစ်ကိုးကွယ်ရန် ဆောင်ရွက် နေမှုများအား သွားရောက်ကြည့်ရှု

နေပြည်တော်၊ စက်တင်ဘာ ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အဆင့်မြင့် စစ်မှုထမ်း ဟောင်းအိမ်ရာ(မန္တလေး)နှင့် အထည်ချုပ်စက်ရုံလုပ်ငန်း လည်ပတ်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (မန္တလေး) အထည်ချုပ်စက်ရုံအတွင်း စစ်ဝတ်စုံများချုပ်လုပ်နေမှုနှင့် လုပ်ငန်းလည်ပတ်နေမှုများအား ကြည့်ရှုကြပြီး စက်ရုံဧည့်ခန်းမဆောင်၌ စက်ရုံမှူး ဦးတင်ထွန်းဦးက ထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်မှုထမ်း ဟောင်းမိသားစုဝင်များနှင့် စစ်မှုထမ်းဆဲမိသားစုများ၏ အလုပ်အကိုင်နှင့် အသက်မွေးမှုပညာများ ရရှိစေရေး ရည်ရွယ်ဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်းနှင့် အရည်အသွေးမြင့်ချုပ်ထည်များ ရရှိအောင် နည်းစနစ်တကျဖြင့် လုပ်ကိုင်သွားကြရန်လိုကြောင်းမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ(မန္တလေး)အတွင်း လှည့်လည်ကြည့်ရှု၍ အိမ်ရာတွင်နေထိုင်လျက်ရှိသည့် စစ်မှုထမ်းဟောင်း များနှင့်မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ပြီး နေထိုင်စားသောက်မှု အခြေအနေများအားမေးမြန်းကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အလေးချိန် ၁၀၈၉၀ တန်ချိန်ရှိ စကျင်ကျောက်တော်ကြီးအား ဉာဏ်တော် ၆၃ ပေရှိ မြတ်စွာဘုရား၏ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီး ထုဆစ်ရန်ပြင်ဆင်ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုကြသည်။ ဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား စကျင်ကျောက်တော်ကြီး အလှူရှင် ဦးအောင်ခိုင်သန်းနှင့် တာဝန်ရှိသူများက ကျောက်တော်ကြီး၏ အကြမ်းထည် ထုဆစ်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့ပြီး စကျင်ကျောက်တော်ကြီးထုဆစ်ပြီးစီးမှုအခြေအနေများနှင့် အောက်ခံပလ္လင်ကျောက်တော်ကြီး တူးဖော် နေမှုများအား လှည့်လည် ကြည့်ရှုကာ လိုအပ်သည်များမှာကြားခဲ့သည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အနန္တဂုဏ် ပန်းတမော့ လုပ်ငန်းသို့ သွားရောက်၍ မြန်မာ့ရိုးရာပန်းဆယ်မျိုးအတွင်းမှ ပန်းတမော့ပညာအသုံးပြု၍ စကျင်ကျောက်များကို ဘုရားဆင်းတုတော်များ၊ အထင်ကရပုဂ္ဂိုလ်များ၊ အလှဆင်ပစ္စည်းများ၊ အသုံးအဆောင်ပရိဘောဂပစ္စည်း ပုံသဏ္ဍန်အမျိုးမျိုးတို့အား ပုံဖော်ထုဆစ်ထားရှိမှုများကို ကြည့်ရှု လေ့လာကြပြီး သိရှိလိုသည်များအား မေးမြန်းဆွေးနွေးပြီး အကြံပြုပြောကြားခဲ့သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Angelo Mining Co.Ltd(မိုးနတ်သား) ကျောက်ပြားထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။