တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ စက္တင္ဘာ  ၁၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အာရွေရးရာအထူးကိုယ္စားလွယ္ H.E.Mr. Sun Guoxiang အား ယေန႔ ညေနပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမ၌ လက္ခံေတြ႕ဆံုသည္။

အဆိုပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အာရွေရးရာအထူး ကိုယ္စားလွယ္ႏွင့္အတူ ေကာင္စစ္ဝန္  Mrs. Yang Shou Zheng ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ ၾကသည္။

ထိုသို႔ေတြ႕ဆံုရာတြင္ ျမန္မာႏိုင္ငံႏွင့္တ႐ုတ္ႏိုင္ငံတို႔အၾကား ေဆြမ်ိဳးေပါက္ေဖာ္ ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ မဟာဗ်ဴဟာမိတ္ဖက္ဆက္ဆံေရးကို နက္႐ိႈင္းစြာ အေလးအနက္ထား၍ ခ်စ္ၾကည္ေရးႏွင့္ ဆက္ဆံေရး မ်ား ပိုမိုတိုးျမႇင့္ေဆာင္ရြက္ေရးအေျခအေနမ်ား၊ ႏွစ္ႏိုင္ငံနယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရး၊ မူးယစ္ ေဆးဝါးမ်ားႏွင့္ တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရးတို႔ကို ပိုမိုပူးေပါင္းေဆာင္ရြက္ႏိုင္မည့္ အေျခအေနမ်ား၊ ဩဂုတ္လ ၁၅ ရက္တြင္ျဖစ္ပြားခဲ့သည့္ AA၊ TNLA၊ MNDAA အဖြဲ႕မ်ား၏ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားကို တ႐ုတ္ႏိုင္ငံက လက္မခံဘဲ ျပတ္ျပတ္သားသားကန္႔ကြက္႐ႈတ္ခ်သည့္ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံအတြင္း လက္နက္ကိုင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းေရးႏွင့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားအေပၚ ျမန္မာႏိုင္ငံအစိုးရႏွင့္ တပ္မေတာ္၏ရပ္တည္ေဆာင္ရြက္ခ်က္မ်ားအား တ႐ုတ္ႏိုင္ငံက ေထာက္ခံအားေပးကူညီ ေဆာင္ရြက္ေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား တိုးတက္မႈရရွိေရး ဆက္လက္ေဆာင္ရြက္ႏိုင္မည့္ အေျခအေနမ်ားအား ရင္းႏွီး ပြင့္လင္းစြာအျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ ၁၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E.Mr. Sun Guoxiang အား ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူး ကိုယ်စားလှယ်နှင့်အတူ ကောင်စစ်ဝန်  Mrs. Yang Shou Zheng နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစွာ အလေးအနက်ထား၍ ချစ်ကြည်ရေးနှင့် ဆက်ဆံရေး များ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မူးယစ် ဆေးဝါးများနှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးတို့ကို ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဩဂုတ်လ ၁၅ ရက်တွင်ဖြစ်ပွားခဲ့သည့် AA၊ TNLA၊ MNDAA အဖွဲ့များ၏ အကြမ်းဖက်တိုက်ခိုက်မှုများကို တရုတ်နိုင်ငံက လက်မခံဘဲ ပြတ်ပြတ်သားသားကန့်ကွက်ရှုတ်ချသည့် အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်၏ရပ်တည်ဆောင်ရွက်ချက်များအား တရုတ်နိုင်ငံက ထောက်ခံအားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်မှုရရှိရေး ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေများအား ရင်းနှီး ပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။