တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းချုပ်(YMBA)က မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့နှင့် ရာသက်ပန် ဂုဏ်ထူးဆောင်နာယကကြီး အဖြစ် ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ အောက်တိုဘာ – ၇

မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ လွတ်လပ်ရေးနှင့် အမျိုးသားနိုင်ငံရေးကို ဦးဆောင်ခဲ့သည့် အစောဆုံးအမျိုးသားရေးအသင်းအဖွဲ့ကြီးဖြစ်သော ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းချုပ်(YMBA)က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ချီးမြှင့်ခြင်းနှင့် အသင်းချုပ်၏ ရာသက်ပန် ဂုဏ်ထူးဆောင် နာယကကြီးအဖြစ် ခန့်အပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ ပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊လေ) မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်းရှိ တပ်နယ်အသီးသီးမှ တပ်ရင်းတပ်ဖွဲ့မှူးများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ် (YMBA)ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အဖွဲ့ဝင်များ၊ ရွှေတိဂုံစေတီတော်၊ လောကချမ်းသာအဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး၊  ဗိုလ်တစ် ထောင်စေတီတော်၊ ကမ္ဘာအေးစေတီတော်တို့မှ ဂေါပကအဖွဲ့များ၊  မင်းကွန်းတိပိဋက စာပေမော်ကွန်းအဖွဲ့၊ ဝေနေယျသုခရေချမ်းစင်အသင်း၊ ထေရဝါဒဗုဒ္ဓဘာသာ အသင်း၊ မင်္ဂလာဗျူဟာအသင်းချုပ် ပိဋကတ်ဗျူဟာအဖွဲ့၊ သာသနာရေးဝန်ကြီးဌာနတို့မှ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းချုပ်(YMBA)မှ ဒုတိယဥက္ကဋ္ဌနှင့် အကြံပေးပုဂ္ဂိုလ် ဒေါက်တာ အောင်မင်းကျော်သူက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းခြင်းနှင့်ပတ်သက်၍ ပန်ကြားလွှာ အား ရှင်းလင်းဖတ်ကြားတင်ပြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တော်ဖြစ်သည့် စလွယ်တော်၊ လည်ဆွဲ တံဆိပ်တော်၊ ရင်ထိုးတံဆိပ်တော်နှင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တော် တို့အား ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းချုပ်(YMBA)ဥက္ကဋ္ဌ ဦးရဲထွန်းက ချီးမြှင့်အပ်နှင်းပေးပြီး အသင်းချုပ်ကြီး၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယကကြီးအဖြစ် ဂုဏ်ပြုခန့်အပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံရယူသည်။

ယင်းနောက် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းချုပ်(YMBA)၏ ရာသက်ပန် ဂုဏ်ထူးဆောင်နာယက မဟာမင်္ဂလဓမ္မဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းချုပ်(YMBA)ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များက ဂါရဝပြုကြသည်။

ဆက်လက်ပြီး ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းချုပ်(YMBA)၏ ရာသက်ပန် ဂုဏ်ထူးဆောင်နာယက မဟာမင်္ဂလဓမ္မဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့သည် မိမိနှင့်တပ်မတော်အတွက် ထူးခြား၍ မင်္ဂလာရှိသည့် နေ့တစ်နေ့ဖြစ်ပြီး တာဝန်ထမ်းဆောင်ဆဲ တပ်မတော်ခေါင်းဆောင်တစ်ဦးကို ယခုလိုဘွဲ့တံဆိပ်ပေးအပ်ခြင်းသည် ပထမဆုံးဖြစ်ကြောင်း၊ (YMBA) အသင်းကြီးသည် ၁၉၀၆ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင်ပေါ်ပေါက်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၌ လွတ်လပ်ရေးနှင့် အမျိုးသားနိုင်ငံရေးကိုဦးဆောင်ခဲ့သည့် အစောဆုံးအသင်းအဖွဲ့ကြီးဖြစ်ကြောင်း၊ ထို့ကြောင့်ပင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့် နိုင်ငံရေးသမိုင်း၌ “နိုင်ငံရေးအစ YMBA က” ဟု ပြောစမှတ်ပြုခဲ့ပြီး YMBA ကို အခြေခံ၍ (General Council of Burmese Association) GCBA  ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာအသင်းချုပ်ကြီး ဒို့ဗမာ အစည်းအရုံးတို့ ပေါ်ပေါက်ခဲ့ကြောင်း၊ YMBA  ၏ “အမျိုးကိုချစ်ပါ၊ ဘာသာကိုလေးစားပါ၊ သာသနာကို ချီးမြှင့်ပါ၊ ပညာရေးကိုအားပေးပါ” ဟူသည့် ကြွေးကြော်သံသည် တစ်မျိုးသားလုံးအတွက် မျိုးချစ် စိတ်ဓာတ် ထွန်းကားပြန့်ပွားအောင် မီးရှူးတန်ဆောင်ပမာ လမ်းပြပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလများမှ စတင်၍ နိုင်ငံရေးလုပ်ငန်းများနှင့် ဆက်စပ် ဆောင်ရွက်ခြင်း မရှိဘဲ အသင်း၏ရည်ရွယ်ချက်ဖြစ်သည့် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေးလုပ်ငန်းများကိုသာ တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြောင်း၊ မျိုးဆက်သစ် လူငယ်မောင်မယ်များအတွက် အသိအလိမ္မာ ပညာများရရှိအောင် နှစ်စဉ်အားပေးလာခဲ့ပြီး ၁၉၄၉ ခုနှစ်မှစ၍ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင် စာမေးပွဲများ ယနေ့အထိ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း။

ယခုကဲ့သို့ သမိုင်းအစဉ်အလာကြီးမားပြီး မြန်မာ့လွတ်လပ်ရေးဦးဆောင်အဖွဲ့ကြီးဖြစ်သည့် နှစ်ပေါင်း ၁၁၃ နှစ်သက်တမ်းရှိပြီဖြစ်သော YMBA အသင်းကြီး၏ ဂုဏ်ထူးဆောင်နာယကကြီးအဖြစ် ချီးမြှင့် ခန့်အပ်ခြင်းခံရသည့်အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာကို စောင့်ရှောက်ခြင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းများကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခြင်း၊ သာသနာရေးကိစ္စများ စွမ်းစွမ်းတမံဆောင်ရွက်ခြင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားအောင် တပ်မတော် အား ခေတ်မီတပ်မတော်ဖြစ်အောင် ဆောင်ရွက်ခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခြင်း၊ ဘာသာလူမျိုးမခွဲခြားဘဲ လူသားချင်းစာနာသော ခေါင်းဆောင်ကောင်း စိတ်ဓာတ်ရှိခြင်း စသည့်အချက် ၆ ချက်ဖြင့် ခန့်အပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း ကြားသိရ၍ ထပ်ဆင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။

မိမိသည် မိရိုးဖလာဗုဒ္ဓဘာသာကိုးကွယ်သူ မိဘနှစ်ပါးမှ မွေးဖွားလာသူဖြစ်ပြီး မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော်အောက်တွင် နာယူလိုက်ပါဆောင်ရွက်ကာ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေ ၏ ၈၇ ရာခိုင်နှုန်းခန့်သည် ဗုဒ္ဓဘာသာ၊ ၆ ရာခိုင်နှုန်းကျော်သည် ခရစ်ယာန်ဘာသာ၊ ၄ ရာခိုင်နှုန်းကျော်ခန့်သည် အစ္စလာမ်ဘာသာ စသည်ဖြင့် ကိုးကွယ်လျက်ရှိကြပါကြောင်း၊ မိမိတို့အားလုံးသည် မြန်မာနိုင်ငံအတွင်း တစ်မိုးအောက် တစ်မြေတည်းတွင်နေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်းရှူနေကြသူများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသမိုင်းတစ်လျှောက် အတူတကွလက်တွဲပြီး တိုင်းပြည်အတွက် လုပ်ကိုင်ခဲ့ကြသလို စည်းစည်းလုံးလုံး စည်းကမ်းနှင့်အညီ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

အသိပညာဗဟုသုတများကို ဖတ်မှတ်လေ့လာခြင်းမှ တစ်ဆင့် ရရှိနိုင်သော်လည်း အတွေ့အကြုံကိုမူ ဖြတ်သန်းပြီးမှသာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ YMBA အသင်းကြီး၌ အမျိုးသားရေးအတွက် ဖြတ်သန်းခဲ့ရသည့်အတွေ့အကြုံ ၁၁၃ နှစ်ရှိပြီဖြစ်ကြောင်း၊ အတိတ်ဆိုသည်မှာ မှားယွင်းခဲ့သည် များအား မမှားစေရန်၊ အောင်မြင်ဖြစ်ထွန်းခဲ့သည်များအား အနာဂတ်တွင် ပိုမိုကောင်းမွန်စေရန် သင်ခန်းစာယူကြရမည် ဖြစ်ကြောင်း၊ မိမိတို့၏ရည်မှန်းချက်ပန်းတိုင်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးသာ ဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်လည်း စစ်မှုထမ်းအတွေ့အကြုံ နှစ်ပေါင်း ၄၀ ကျော်ရှိခဲ့ပြီး ၂၀ဝ၄ ခုနှစ်မှစ၍ တိုင်းစစ်ဌာနချုပ်၊ ပြည်နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊  လူမှုရေး စသည့်ကဏ္ဍပေါင်းစုံကိုပါ ဦးဆောင်ခဲ့ရသည့် အတွေ့အကြုံများရှိခဲ့ကြောင်း၊ ယင်းအတွေ့အကြုံများ ကို သမိုင်းအစဉ်အလာကြီးမားသည့် YMBA  အသင်းကြီး၌ ရာသက်ပန်နာယကအဖြစ် ပါဝင်၍ ကောင်းရာကောင်းကျိုးကို အသုံးပြုခွင့်ရတော့မည်ဖြစ်ကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာတို့ နှင့် ပတ်သက်၍ “အမျိုး”ဆိုသည်မှာ အမျိုးသားရေးစရိုက် လက္ခဏာကို ထိန်းသိမ်းခြင်း၊ ဝံသာနု ရက္ခိတတရားကို စောင့်ထိန်းခြင်းပင်ဖြစ်ကြောင်း၊ “ဘာသာ” ဆိုသည်မှာ ဘာသာစကားနှင့် စာပေ ဖြစ်ကြောင်း၊ မြန်မာစာပေကို ထိန်းသိမ်းကြရန်၊ ရေးထုံးသတ်ပုံများကအစ မှားယွင်းမှုမရှိအောင် ထိန်းသိမ်းခြင်းပင်ဖြစ်ကြောင်း၊ “သာသနာ” ဆိုသည်မှာ ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီးကို စင်ကြယ်စွာဖြင့် မဂ်ဆိုက် ဖိုလ်ဆိုက် လေ့လာကျင့်ကြံသာသနာပြုကြရန် တာဝန်ရှိကြောင်း၊ မိမိတို့နိုင်ငံအပါအဝင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို ကိုးကွယ်ကြသည့် နိုင်ငံ ၅ နိုင်ငံရှိပြီး လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် သီရိ လင်္ကာနိုင်ငံတို့ဖြစ်ကာ ထိုနိုင်ငံအသီးသီးတို့တွင်လည်း သာသနာတော် ထွန်းကားပြန့်ပွားစေရေး ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြကြောင်း၊ အဓိကမှာ သန့်ရှင်းစင်ကြယ်ပြီး ဝိနည်းနှင့်အညီ နေထိုင်ကျင့်ကြံကြခြင်းပင်ဖြစ်ကြောင်း၊ “ပညာ” ဆိုသည်မှာ ပညာရေးကို အားပေးခြင်းသည် နိုင်ငံအတွက် မရှိမဖြစ်သည့် လုပ်ငန်းဖြစ်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအားလုံးသည် ပညာရည်မြင့်မားသည့် နိုင်ငံများဖြစ်ကြောင်း၊ စာတတ်ရုံ၊  စာတတ်မြောက်မှု ရာခိုင်နှုန်း မြင့်မားသည်ဆိုရုံနှင့် မရဘဲ အသိပညာအတတ်ပညာမြင့်မားရန်လည်းလိုအပ်ကြောင်း၊ အသိပညာဖြင့် အမျိုး၊ ဘာသာ၊ သာသနာမြှင့်တင်နိုင်သလို အတတ်ပညာ သင်ကြားရယူခြင်း ဖြင့်လည်း မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရည်မြင့်မားသည့် လူငယ်လူရွယ်များ မွေးထုတ်ပေးခြင်းဖြင့် နိုင်ငံ့အတွက် များစွာအကျိုးဖြစ်စေနိုင်ကြောင်း၊ အထက်ပါအချက်များသည် လူ့အသိုက်အဝန်း တစ်ခုတည်ဆောက်ရာ၌ မလွဲမသွေ လိုအပ်သည့် အခြေခံအချက်များပင် ဖြစ်ကြောင်း၊ ယင်းအခြေခံအုတ်မြစ်များကို ခိုင်မာစွာ တည်ဆောက်၍ သဟဇာတရှိသော ပေါင်းစည်းညီညွတ် အပြန်အလှန်လေးစားသော အသိုက်အဝန်းတစ်ခုအား တည်ဆောက်နိုင်ပါက ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်းနှင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ တိုင်းသူပြည်သားအားလုံး ငြိမ်းချမ်းသာယာဝပြောစေရေး၊ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခွန်အား၊ စွမ်းအားရှိသမျှ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်(YMBA)၏ ရာသက်ပန် ဂုဏ်ထူးဆောင်နာယက မဟာမင်္ဂလဓမ္မဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခမ်းအနားတက်ရောက်လာကြ သူများသည် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

(Zawgyi One)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္အား ဗုဒၶဘာသာ ကလ်ာဏယုဝ အသင္းခ်ဳပ္(YMBA)က မဟာမဂၤလဓမၼေဇာတိကဓဇဘြဲ႕ႏွင့္ ရာသက္ပန္ ဂုဏ္ထူးေဆာင္နာယကႀကီး အျဖစ္ ဂုဏ္ျပဳခ်ီးျမႇင့္

ေနျပည္ေတာ္၊ ေအာက္တိုဘာ – ၇

ျမန္မာျပည္လြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္း၌ လြတ္လပ္ေရးႏွင့္ အမ်ိဳးသားႏိုင္ငံေရးကို ဦးေဆာင္ခဲ့သည့္ အေစာဆံုးအမ်ိဳးသားေရးအသင္းအဖြဲ႕ႀကီးျဖစ္ေသာ ဗုဒၶဘာသာ ကလ်ာဏယုဝအသင္းခ်ဳပ္(YMBA)က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္အား မဟာမဂၤလဓမၼေဇာတိကဓဇ ဘြဲ႕တံဆိပ္ေတာ္ ခ်ီးျမႇင့္ျခင္းႏွင့္ အသင္းခ်ဳပ္၏ ရာသက္ပန္ ဂုဏ္ထူးေဆာင္ နာယကႀကီးအျဖစ္ ခန္႕အပ္ျခင္းအခမ္းအနားကို ယေန႕မြန္းလြဲပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ ေဇယ်ာသီရိဗိမာန္ဧည့္ခန္းမေဆာင္၌ ျပဳလုပ္သည္။

အဆိုပါ အခမ္းအနားသို႕ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း၊ ေရ၊ေလ) မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္အတြင္းရွိ တပ္နယ္အသီးသီးမွ တပ္ရင္းတပ္ဖြဲ႕မွဴးမ်ား၊ ဗုဒၶဘာသာကလ်ာဏယုဝအသင္းခ်ဳပ္ (YMBA)ဥကၠ႒ ဦးရဲထြန္းႏွင့္ အဖြဲ႕ဝင္မ်ား၊ ေရႊတိဂံုေစတီေတာ္၊ ေလာကခ်မ္းသာအဘယလာဘမုနိ ႐ုပ္ပြားေတာ္ျမတ္ႀကီး၊  ဗိုလ္တစ္ ေထာင္ေစတီေတာ္၊ ကမၻာေအးေစတီေတာ္တို႕မွ ေဂါပကအဖြဲ႕မ်ား၊  မင္းကြန္းတိပိဋက စာေပေမာ္ကြန္းအဖြဲ႕၊ ေဝေနယ်သုခေရခ်မ္းစင္အသင္း၊ ေထရဝါဒဗုဒၶဘာသာ အသင္း၊ မဂၤလာဗ်ဴဟာအသင္းခ်ဳပ္ ပိဋကတ္ဗ်ဴဟာအဖြဲ႕၊ သာသနာေရးဝန္ႀကီးဌာနတို႕မွ ဖိတ္ၾကား ထားသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ဗုဒၶဘာသာ ကလ်ာဏယုဝအသင္းခ်ဳပ္(YMBA)မွ ဒုတိယဥကၠ႒ႏွင့္ အႀကံေပးပုဂိၢဳလ္ ေဒါက္တာ ေအာင္မင္းေက်ာ္သူက ဂုဏ္ထူးေဆာင္ဘြဲ႕တံဆိပ္ခ်ီးျမႇင့္အပ္ႏွင္းျခင္းႏွင့္ပတ္သက္၍ ပန္ၾကားလႊာ အား ရွင္းလင္းဖတ္ၾကား တင္ျပသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္အား မဟာမဂၤလဓမၼေဇာတိကဓဇ ဂုဏ္ထူးေဆာင္ဘြဲ႕တံဆိပ္ေတာ္ျဖစ္သည့္ စလြယ္ေတာ္၊ လည္ဆြဲ တံဆိပ္ေတာ္၊ ရင္ထိုးတံဆိပ္ေတာ္ႏွင့္ ဂုဏ္ထူးေဆာင္ဘြဲ႕တံဆိပ္ေတာ္ တို႔အား ဗုဒၶဘာသာ ကလ်ာဏယုဝအသင္းခ်ဳပ္(YMBA)ဥကၠ႒ ဦးရဲထြန္းက ခ်ီးျမႇင့္အပ္ႏွင္းေပးၿပီး အသင္းခ်ဳပ္ႀကီး၏ ရာသက္ပန္ဂုဏ္ထူးေဆာင္နာယကႀကီးအျဖစ္ ဂုဏ္ျပဳခန္႔အပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လက္ခံရယူသည္။

ယင္းေနာက္ ဗုဒၶဘာသာ ကလ်ာဏယုဝအသင္းခ်ဳပ္(YMBA)၏ ရာသက္ပန္ ဂုဏ္ထူးေဆာင္နာယက မဟာမဂၤလဓမၼေဇာတိကဓဇ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္အား ဗုဒၶဘာသာ ကလ်ာဏယုဝ အသင္းခ်ဳပ္(YMBA)ဥကၠ႒ႏွင့္ အလုပ္အမႈေဆာင္မ်ားက ဂါရဝျပဳၾကသည္။

ဆက္လက္ၿပီး ဗုဒၶဘာသာ ကလ်ာဏယုဝအသင္းခ်ဳပ္(YMBA)၏ ရာသက္ပန္ ဂုဏ္ထူးေဆာင္နာယက မဟာမဂၤလဓမၼေဇာတိကဓဇ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ဂုဏ္ျပဳအမွာစကားေျပာၾကားရာတြင္ ယေန႕သည္ မိမိႏွင့္တပ္မေတာ္အတြက္ ထူးျခား၍ မဂၤလာရွိသည့္ ေန႕တစ္ေန႕ျဖစ္ၿပီး တာဝန္ထမ္းေဆာင္ဆဲ တပ္မေတာ္ေခါင္းေဆာင္တစ္ဦးကို ယခုလိုဘြဲ႕တံဆိပ္ေပးအပ္ျခင္းသည္ ပထမဆံုးျဖစ္ေၾကာင္း၊ (YMBA) အသင္းႀကီးသည္ ၁၉၀၆ ခုႏွစ္၊ ေမလ ၁၀ ရက္ေန႔တြင္ေပၚေပါက္ခဲ့ၿပီး ျမန္မာ့လြတ္လပ္ေရး ႀကိဳးပမ္းမႈသမိုင္း၌ လြတ္လပ္ေရးႏွင့္ အမ်ိဳးသားႏိုင္ငံေရးကိုဦးေဆာင္ခဲ့သည့္ အေစာဆံုးအသင္းအဖြဲ႕ႀကီးျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ပင္ ျမန္မာ့လြတ္လပ္ေရးႀကိဳးပမ္းမႈ သမိုင္းႏွင့္ ႏိုင္ငံေရးသမိုင္း၌ “ႏိုင္ငံေရးအစ YMBA က” ဟု ေျပာစမွတ္ျပဳခဲ့ၿပီး YMBA ကို အေျခခံ၍ (General Council of Burmese Association) GCBA  ေခၚ ျမန္မာႏိုင္ငံလံုးဆိုင္ရာအသင္းခ်ဳပ္ႀကီး ဒို႔ဗမာ အစည္းအ႐ံုးတို႔ ေပၚေပါက္ခဲ့ေၾကာင္း၊ YMBA  ၏ “အမ်ိဳးကိုခ်စ္ပါ၊ ဘာသာကိုေလးစားပါ၊ သာသနာကို ခ်ီးျမႇင့္ပါ၊ ပညာေရးကိုအားေပးပါ” ဟူသည့္ ေၾကြးေၾကာ္သံသည္ တစ္မ်ိဳးသားလံုးအတြက္ မ်ိဳးခ်စ္ စိတ္ဓာတ္ ထြန္းကားျပန္႔ပြားေအာင္ မီးရွဴးတန္ေဆာင္ပမာ လမ္းျပေပးခဲ့ပါေၾကာင္း၊ ျမန္မာႏိုင္ငံ လြတ္လပ္ေရးရၿပီးေနာက္ပိုင္းကာလမ်ားမွ စတင္၍ ႏိုင္ငံေရးလုပ္ငန္းမ်ားႏွင့္ ဆက္စပ္ ေဆာင္ရြက္ျခင္း မရွိဘဲ အသင္း၏ရည္ရြယ္ခ်က္ျဖစ္သည့္ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာေရးလုပ္ငန္းမ်ားကိုသာ တစ္စိုက္မတ္မတ္ လုပ္ေဆာင္ခဲ့ေၾကာင္း၊ မ်ိဳးဆက္သစ္ လူငယ္ေမာင္မယ္မ်ားအတြက္ အသိအလိမၼာ ပညာမ်ားရရွိေအာင္ ႏွစ္စဥ္အားေပးလာခဲ့ၿပီး ၁၉၄၉ ခုႏွစ္မွစ၍ မဂၤလာတရားေတာ္ႏွင့္ ဗုဒၶဝင္ စာေမးပြဲမ်ား ယေန႔အထိ က်င္းပျပဳလုပ္ေပးလ်က္ရွိေၾကာင္း။

ယခုကဲ့သို႔ သမိုင္းအစဥ္အလာႀကီးမားၿပီး ျမန္မာ့လြတ္လပ္ေရးဦးေဆာင္အဖြဲ႕ႀကီးျဖစ္သည့္ ႏွစ္ေပါင္း ၁၁၃ ႏွစ္သက္တမ္းရွိၿပီျဖစ္ေသာ YMBA အသင္းႀကီး၏ ဂုဏ္ထူးေဆာင္နာယကႀကီးအျဖစ္ ခ်ီးျမႇင့္ ခန္႔အပ္ျခင္းခံရသည့္အတြက္ မ်ားစြာဂုဏ္ယူမိပါေၾကာင္း၊ အမ်ိဳး၊ ဘာသာ၊ သာသနာႏွင့္ ပညာကို ေစာင့္ေရွာက္ျခင္း၊ ႏိုင္ငံေတာ္၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားကို တစ္စိုက္မတ္မတ္ေဆာင္ရြက္ျခင္း၊ သာသနာေရးကိစၥမ်ား စြမ္းစြမ္းတမံေဆာင္ရြက္ျခင္း၊ အမ်ိဳးဂုဏ္၊ ဇာတိဂုဏ္ျမင့္မားေအာင္ တပ္မေတာ္ အား ေခတ္မီတပ္မေတာ္ျဖစ္ေအာင္ ေဆာင္ရြက္ျခင္း၊ ျပည္သူလူထု၏ အသက္အိုးအိမ္ စည္းစိမ္ကို ကာကြယ္ေစာင့္ေရွာက္ျခင္း၊ ဘာသာလူမ်ိဳးမခြဲျခားဘဲ လူသားခ်င္းစာနာေသာ ေခါင္းေဆာင္ေကာင္း စိတ္ဓာတ္ရွိျခင္း စသည့္အခ်က္ ၆ ခ်က္ျဖင့္ ခန္႔အပ္ခ်ီးျမႇင့္ခဲ့ျခင္းျဖစ္ေၾကာင္း ၾကားသိရ၍ ထပ္ဆင့္ ဂုဏ္ယူဝမ္းေျမာက္မိပါေၾကာင္း။

မိမိသည္ မိ႐ိုးဖလာဗုဒၶဘာသာကိုးကြယ္သူ မိဘႏွစ္ပါးမွ ေမြးဖြားလာသူျဖစ္ၿပီး ျမတ္ဗုဒၶ၏ အဆံုးအမ တရားေတာ္ေအာက္တြင္ နာယူလိုက္ပါေဆာင္ရြက္ကာ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္မ်ားကို ထမ္းေဆာင္ေနျခင္းျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ လူဦးေရ ၏ ၈၇ ရာခိုင္ႏႈန္းခန္႕သည္ ဗုဒၶဘာသာ၊ ၆ ရာခိုင္ႏႈန္းေက်ာ္သည္ ခရစ္ယာန္ဘာသာ၊ ၄ ရာခိုင္ႏႈန္းေက်ာ္ခန္႕သည္ အစၥလာမ္ဘာသာ စသည္ျဖင့္ ကိုးကြယ္လ်က္ရွိၾကပါေၾကာင္း၊ မိမိတို႕အားလံုးသည္ ျမန္မာႏိုင္ငံအတြင္း တစ္မိုးေအာက္ တစ္ေျမတည္းတြင္ေန၊ တစ္ေရတည္းေသာက္၊ တစ္ေလတည္း႐ွဴေနၾကသူမ်ား ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံသမိုင္းတစ္ေလွ်ာက္ အတူတကြလက္တြဲၿပီး တိုင္းျပည္အတြက္ လုပ္ကိုင္ခဲ့ၾကသလို စည္းစည္းလံုးလံုး စည္းကမ္းႏွင့္အညီ ေဆာင္ရြက္သြားၾကရမည္ ျဖစ္ေၾကာင္း။

အသိပညာဗဟုသုတမ်ားကို ဖတ္မွတ္ေလ့လာျခင္းမွ တစ္ဆင့္ ရရွိႏိုင္ေသာ္လည္း အေတြ႕အႀကံဳကိုမူ ျဖတ္သန္းၿပီးမွသာ ရရွိႏိုင္မည္ျဖစ္ေၾကာင္း၊ YMBA အသင္းႀကီး၌ အမ်ိဳးသားေရးအတြက္ ျဖတ္သန္းခဲ့ရသည့္အေတြ႕အႀကံဳ ၁၁၃ ႏွစ္ရွိၿပီျဖစ္ေၾကာင္း၊ အတိတ္ဆိုသည္မွာ မွားယြင္းခဲ့သည္ မ်ားအား မမွားေစရန္၊ ေအာင္ျမင္ျဖစ္ထြန္းခဲ့သည္မ်ားအား အနာဂတ္တြင္ ပိုမိုေကာင္းမြန္ေစရန္ သင္ခန္းစာယူၾကရမည္ ျဖစ္ေၾကာင္း၊ မိမိတို႕၏ရည္မွန္းခ်က္ပန္းတိုင္သည္ ေအးခ်မ္းသာယာၿပီး ေခတ္မီဖြံ႕ၿဖိဳးတိုးတက္သည့္ စည္းကမ္းျပည့္ဝေသာ ဒီမိုကေရစီႏိုင္ငံေတာ္တည္ေဆာက္ေရးသာ ျဖစ္ေၾကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အေနျဖင့္လည္း စစ္မႈထမ္းအေတြ႕အႀကံဳ ႏွစ္ေပါင္း ၄၀ ေက်ာ္ရွိခဲ့ၿပီး ၂၀ဝ၄ ခုႏွစ္မွစ၍ တိုင္းစစ္ဌာနခ်ဳပ္၊ ျပည္နယ္၏ အုပ္ခ်ဳပ္ေရး၊ စီးပြားေရး၊  လူမႈေရး စသည့္က႑ေပါင္းစံုကိုပါ ဦးေဆာင္ခဲ့ရသည့္ အေတြ႕အႀကံဳမ်ားရွိခဲ့ေၾကာင္း၊ ယင္းအေတြ႕အႀကံဳမ်ား ကို သမိုင္းအစဥ္အလာႀကီးမားသည့္ YMBA  အသင္းႀကီး၌ ရာသက္ပန္နာယကအျဖစ္ ပါဝင္၍ ေကာင္းရာေကာင္းက်ိဳးကို အသံုးျပဳခြင့္ရေတာ့မည္ျဖစ္ေၾကာင္း၊ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာတို႕ ႏွင့္ ပတ္သက္၍ “အမ်ိဳး”ဆိုသည္မွာ အမ်ိဳးသားေရးစ႐ိုက္ လကၡဏာကို ထိန္းသိမ္းျခင္း၊ ဝံသာႏု ရကၡိတတရားကို ေစာင့္ထိန္းျခင္းပင္ျဖစ္ေၾကာင္း၊ “ဘာသာ” ဆိုသည္မွာ ဘာသာစကားႏွင့္ စာေပ ျဖစ္ေၾကာင္း၊ ျမန္မာစာေပကို ထိန္းသိမ္းၾကရန္၊ ေရးထံုးသတ္ပံုမ်ားကအစ မွားယြင္းမႈမရွိေအာင္ ထိန္းသိမ္းျခင္းပင္ျဖစ္ေၾကာင္း၊ “သာသနာ” ဆိုသည္မွာ ေထရဝါဒ ဗုဒၶသာသနာေတာ္ႀကီးကို စင္ၾကယ္စြာျဖင့္ မဂ္ဆိုက္ ဖိုလ္ဆိုက္ ေလ့လာက်င့္ႀကံသာသနာျပဳၾကရန္ တာဝန္ရွိေၾကာင္း၊ မိမိတို႕ႏိုင္ငံအပါအဝင္ ေထရဝါဒ ဗုဒၶသာသနာေတာ္ကို ကိုးကြယ္ၾကသည့္ ႏိုင္ငံ ၅ ႏိုင္ငံရွိၿပီး လာအို၊ ကေမၻာဒီးယား၊ ထိုင္းႏွင့္ သီရိ လကၤာႏိုင္ငံတို႕ျဖစ္ကာ ထိုႏိုင္ငံအသီးသီးတို႕တြင္လည္း သာသနာေတာ္ ထြန္းကားျပန္႕ပြားေစေရး ထိန္းသိမ္းေဆာင္ရြက္လ်က္ရွိၾကေၾကာင္း၊ အဓိကမွာ သန္႕ရွင္းစင္ၾကယ္ၿပီး ဝိနည္းႏွင့္အညီ ေနထိုင္က်င့္ႀကံၾကျခင္းပင္ျဖစ္ေၾကာင္း၊ “ပညာ” ဆိုသည္မွာ ပညာေရးကို အားေပးျခင္းသည္ ႏိုင္ငံအတြက္ မရွိမျဖစ္သည့္ လုပ္ငန္းျဖစ္ၿပီး ေခတ္မီဖြံ႕ၿဖိဳးတိုးတက္သည့္ ႏိုင္ငံအားလံုးသည္ ပညာရည္ျမင့္မားသည့္ ႏိုင္ငံမ်ားျဖစ္ေၾကာင္း၊ စာတတ္႐ံု၊  စာတတ္ေျမာက္မႈ ရာခိုင္ႏႈန္း ျမင့္မားသည္ဆို႐ံုႏွင့္ မရဘဲ အသိပညာအတတ္ပညာျမင့္မားရန္လည္းလိုအပ္ေၾကာင္း၊ အသိပညာျဖင့္ အမ်ိဳး၊ ဘာသာ၊ သာသနာျမႇင့္တင္ႏိုင္သလို အတတ္ပညာ သင္ၾကားရယူျခင္း ျဖင့္လည္း ျမႇင့္တင္ႏိုင္မည္ျဖစ္ေၾကာင္း၊ ထို႕ေၾကာင့္ ပညာရည္ျမင့္မားသည့္ လူငယ္လူရြယ္မ်ား ေမြးထုတ္ေပးျခင္းျဖင့္ ႏိုင္ငံ့အတြက္ မ်ားစြာအက်ိဳးျဖစ္ေစႏိုင္ေၾကာင္း၊ အထက္ပါအခ်က္မ်ားသည္ လူ႕အသိုက္အဝန္း တစ္ခုတည္ေဆာက္ရာ၌ မလြဲမေသြ လိုအပ္သည့္ အေျခခံအခ်က္မ်ားပင္ ျဖစ္ေၾကာင္း၊ ယင္းအေျခခံအုတ္ျမစ္မ်ားကို ခိုင္မာစြာ တည္ေဆာက္၍ သဟဇာတရွိေသာ ေပါင္းစည္းညီၫြတ္ အျပန္အလွန္ေလးစားေသာ အသိုက္အဝန္းတစ္ခုအား တည္ေဆာက္ႏိုင္ပါက ျပည္သူလူထုတစ္ရပ္လံုး လိုလားေတာင့္တသည့္ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေသာ ျမန္မာႏိုင္ငံေတာ္ကို တည္ေဆာက္ႏိုင္မည္ျဖစ္ေၾကာင္းႏွင့္ ႏိုင္ငံသူ၊ ႏိုင္ငံသားအားလံုး၊ တိုင္းသူျပည္သားအားလံုး ၿငိမ္းခ်မ္းသာယာဝေျပာေစေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ ခြန္အား၊ စြမ္းအားရွိသမွ် ဆက္လက္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ထို႔ေနာက္ ဗုဒၶဘာသာကလ်ာဏယုဝအသင္းခ်ဳပ္(YMBA)၏ ရာသက္ပန္ ဂုဏ္ထူးေဆာင္နာယက မဟာမဂၤလဓမၼေဇာတိကဓဇ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ အခမ္းအနားတက္ေရာက္လာၾက သူမ်ားသည္ အမွတ္တရစုေပါင္းဓာတ္ပံု႐ိုက္ခဲ့ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တက္ေရာက္လာၾကသူမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္ကာ စားေသာက္ဖြယ္ရာမ်ားျဖင့္ တည္ခင္းဧည့္ခံခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။