တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးနှင့် စစ်သံရုံးမိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ ၁၃

ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံးသို့သွားရောက်၍ သံရုံးနှင့် စစ်သံရုံးမိသားစုများအား တွေ့ဆုံအမှာစကားပြော ကြားသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ မြန်မာစစ်သံ(ကြည်း၊ရေ၊ လေ)ဗိုလ်မှူးကြီး တင်စိုးနှင့်အဖွဲ့ဝင်များ လိုက်ပါပြီး ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိကြရာ သံရုံး၊ စစ်သံရုံးမိသားစုများက ကြိုဆိုနှုတ် ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံးဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေး ထိုးသည်။ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမိသားစုများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ဂျပန်နိုင်ငံနှင့်မြန်မာနိုင်ငံတို့သည် မိတ်ဆွေကောင်း မိတ်ဆွေဟောင်း နိုင်ငံများ ဖြစ်ကြပြီး လွတ်လပ်ရေးကြိုးပမ်းမှုစတင်စဉ်ကာလကတည်းကပင် ဆက်ဆံခဲ့သည့်သမိုင်းကြောင်းများရှိ ကြောင်း၊ အတိတ်ဆိုသည်မှာ သင်ခန်းစာရယူရန်ဖြစ်ပြီး အခြေအနေဖန်တီးပိုင်ခွင့်ရှိသည့် လက်ရှိပစ္စုပ္ပန်တွင် နေထိုင်ကြ သူများက အနာဂတ်ကို ပိုမို ကောင်းမွန်အောင်တည်ဆောက်ရမည့်တာဝန်ရှိကြောင်း၊ ထို့ကြောင့် ဂျပန်-မြန်မာဆက်ဆံ ရေးတွင်လည်း အတိတ်ကရှိခဲ့သည်များကို သင်ခန်းစာရယူ၍ ချစ်ကြည်ရင်းနှီးမှုကို ပိုမို ခိုင်မာအောင်လုပ်ဆောင်ပြီး ကောင်းမွန်သည့်အနာဂတ်ကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ ဆက်ဆံရေးသည် တိုးတက်ကောင်းမွန်လျက်ရှိပြီး ယခုခရီးစဉ်တွင် ဂျပန်နိုင်ငံရှိ နိုင်ငံရေးပါတီများမှ အကြီးအကဲများ၊ ဂျပန်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ အသီးသီးတို့မှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံအပေါ် တူညီသည့်သဘောထားဖြင့် မတူညီသောအဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များ ပူးပေါင်းဆုံဆည်း ဆောင်ရွက်ပေးခဲ့ပြီး မိမိတို့နိုင်ငံအပေါ်အလေးအနက်ထားမှုကို ပေါ်လွင်စေကြောင်း၊ နိုင်ငံ အချင်းချင်းဆက်ဆံရေးတွင် သံတမန်ဆက်ဆံရေးသည် များစွာအရေးပါသောကြောင့် သံရုံး၊ စစ်သံရုံးမိသားစုများတွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေသူများအနေဖြင့် စည်းလုံးညီညွတ်စွာ ဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင့် ဦးစွာမှာကြားသည်။

ဆက်လက်ပြီး မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံရေးအရ၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိရန် များစွာလိုအပ်မည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ကောင်းမွန်သည့်အနာဂတ်ကို ဖန်တီးနိုင်မည်ဖြစ် သဖြင့် ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲနှင့် ဆန္ဒစွဲများကို ပယ်ဖျောက်ပြီး မြန်မာစိတ်မွေး၍ စည်းလုံးညီညွတ်စွာနေ ထိုင်ကြရမည်ဖြစ် ကြောင်း၊ ဂျပန်နိုင်ငံ၏ ယခုကဲ့သို့ဖွံ့ဖြိုးတိုးတက်မှုများသည် ၎င်းတို့၏ ကြိုးစားအားထုတ်မှု၊ အတတ်ပညာ၊ အသိပညာလေ့လာသင်ယူအားထုတ်မှုတို့ကြောင့်ပင်ဖြစ်ကြောင်း၊ သံတမန် လုပ်ငန်းတာဝန် များအား အလေးထားဆောင်ရွက်ရန်လိုပြီး မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အကျိုးတူစီးပွားရေးလုပ် ငန်းများ၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ အခွင့်အလမ်း ရရှိစေရေး သံတမန်ဆက်ဆံရေးမှတစ်ဆင့် ဝိုင်းဝန်းကြိုး ပမ်းရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေသူများဖြစ်သဖြင့် ထုတ်ကုန်များကို ရောင်းကုန်များဖြစ်လာစေရေးအတွက် လိုအပ်သည့်နည်းပညာများကို မျှယူရမည်ဖြစ် ကြောင်း၊ နိုင်ငံတကာသို့ပို့ကုန်များတင်ပို့နိုင်ရေး အချက်အလက်နှင့်နည်းပညာများ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရ မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဝေးလံသည့်နိုင်ငံများတွင် တာဝန် ထမ်းဆောင်နေကြရသူများဖြစ်သည့်အတွက် ကျန်းမာရေးဂရုစိုက်ကြရန်လိုအပ်ပြီး ကျန်းမာရေးကောင်းမွန်မှသာ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်းနှင့် အချင်းချင်းစည်းလုံးညီညွတ်စွာ နေထိုင်ကြ၍ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းမှ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမိသားစုများနှင့် ပညာတော်သင် သင်တန်း သားများအတွက် စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်း များနှင့်ချီးမြှင့်ငွေများအား ပေးအပ်ရာ သံအ မတ်ကြီး၊ စစ်သံမှူးနှင့် သံရုံး၊ စစ်သံရုံးမိသားစု များက လက်ခံရယူခဲ့ကြသည်။ ယင်းနောက် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင် များအား သံရုံး၊ စစ်သံရုံးမိသားစုများက နေ့လယ်စာဖြင့်တည်ခင်းဧည့်ခံခဲ့ကြသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တိုကျိုမြို့ရှိ The Emperial Palace ၊ Asakusa Temple နှင့် Tokyo Tower တို့သို့သွားရောက်၍ မြို့ပြ လူနေမှုဖွံ့ဖြိုးတိုးတက်မှုများအား ကြည့်ရှုလေ့လာခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုလက်ရာများ အား ကြည့်ရှုလေ့လာခြင်းနှင့် ဘုရားကျောင်းအတွင်း လှည့်လည်ဖူး မြော်ကြည်ညိုခြင်းများ ပြုလုပ်ခဲ့ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံများ ရိုက်ခဲ့ကြသည်။

 

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဂ်ပန္ႏိုင္ငံဆိုင္ရာ ျမန္မာႏိုင္ငံသံ႐ုံးႏွင့္ စစ္သံ႐ုံးမိသားစုမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၁၃

ဂ်ပန္ႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔မြန္းလြဲပိုင္းတြင္ ဂ်ပန္ႏိုင္ငံဆိုင္ရာ ျမန္မာ ႏိုင္ငံသံ႐ုံးသို႔သြားေရာက္၍ သံ႐ုံးႏွင့္ စစ္သံ႐ုံးမိသားစုမ်ားအား ေတြ႕ဆုံအမွာစကားေျပာ ၾကားသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ ေလ)ဗိုလ္မႉးႀကီး တင္စိုးႏွင့္အဖြဲ႕ဝင္မ်ား လိုက္ပါၿပီး ဂ်ပန္ႏိုင္ငံဆိုင္ရာ ျမန္မာႏိုင္ငံသံ႐ုံးသို႔ ေရာက္ရွိၾကရာ သံ႐ုံး၊ စစ္သံ႐ုံးမိသားစုမ်ားက ႀကိဳဆိုႏႈတ္ ဆက္ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သံ႐ုံးဧည့္သည္ေတာ္မွတ္တမ္း စာအုပ္တြင္ လက္မွတ္ေရး ထိုးသည္။ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သံ႐ုံး၊ စစ္သံ႐ုံးမိသားစုမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကားရာတြင္ ဂ်ပန္ႏိုင္ငံႏွင့္ျမန္မာႏိုင္ငံတို႔သည္ မိတ္ေဆြေကာင္း မိတ္ေဆြေဟာင္း ႏိုင္ငံမ်ား ျဖစ္ၾကၿပီး လြတ္လပ္ေရးႀကိဳးပမ္းမႈစတင္စဥ္ကာလကတည္းကပင္ ဆက္ဆံခဲ့သည့္သမိုင္းေၾကာင္းမ်ားရွိ ေၾကာင္း၊ အတိတ္ဆိုသည္မွာ သင္ခန္းစာရယူရန္ျဖစ္ၿပီး အေျခအေနဖန္တီးပိုင္ခြင့္ရွိသည့္ လက္ရွိပစၥဳပၸန္တြင္ ေနထိုင္ၾက သူမ်ားက အနာဂတ္ကို ပိုမို ေကာင္းမြန္ေအာင္တည္ေဆာက္ရမည့္တာဝန္ရွိေၾကာင္း၊ ထို႔ေၾကာင့္ ဂ်ပန္-ျမန္မာဆက္ဆံ ေရးတြင္လည္း အတိတ္ကရွိခဲ့သည္မ်ားကို သင္ခန္းစာရယူ၍ ခ်စ္ၾကည္ရင္းႏွီးမႈကို ပိုမို ခိုင္မာေအာင္လုပ္ေဆာင္ၿပီး ေကာင္းမြန္သည့္အနာဂတ္ကို တည္ေဆာက္ရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏွစ္ႏိုင္ငံ ဆက္ဆံေရးသည္ တိုးတက္ေကာင္းမြန္လ်က္ရွိၿပီး ယခုခရီးစဥ္တြင္ ဂ်ပန္ႏိုင္ငံရွိ ႏိုင္ငံေရးပါတီမ်ားမွ အႀကီးအကဲမ်ား၊ ဂ်ပန္အစိုးရအဖြဲ႕မွ တာဝန္ရွိသူမ်ားႏွင့္ဂ်ပန္-ျမန္မာ ပူးေပါင္းေဆာင္႐ြက္ေရးက႑ အသီးသီးတို႔မွ တာဝန္ရွိသူမ်ားသည္ ျမန္မာႏိုင္ငံအေပၚ တူညီသည့္သေဘာထားျဖင့္ မတူညီေသာအဖြဲ႕ အစည္းမ်ားမွ ပုဂၢိဳလ္မ်ား ပူးေပါင္းဆုံဆည္း ေဆာင္႐ြက္ေပးခဲ့ၿပီး မိမိတို႔ႏိုင္ငံအေပၚအေလးအနက္ထားမႈကို ေပၚလြင္ေစေၾကာင္း၊ ႏိုင္ငံ အခ်င္းခ်င္းဆက္ဆံေရးတြင္ သံတမန္ဆက္ဆံေရးသည္ မ်ားစြာအေရးပါေသာေၾကာင့္ သံ႐ုံး၊ စစ္သံ႐ုံးမိသားစုမ်ားတြင္ ႏိုင္ငံ့တာဝန္ထမ္းေဆာင္ေနသူမ်ားအေနျဖင့္ စည္းလုံးညီၫြတ္စြာ ျဖင့္ ဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင့္ ဦးစြာမွာၾကားသည္။

ဆက္လက္ၿပီး မိမိတို႔ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးသည္ ႏိုင္ငံေရးအရ၊ လုံၿခဳံေရးအရ တည္ၿငိမ္ေအးခ်မ္းမႈရွိရန္ မ်ားစြာလိုအပ္မည္ျဖစ္ေၾကာင္း၊ တည္ၿငိမ္ေအးခ်မ္းမႈရွိမွသာ ေကာင္းမြန္သည့္အနာဂတ္ကို ဖန္တီးႏိုင္မည္ျဖစ္ သျဖင့္ ေဒသစြဲ၊ ပုဂၢိဳလ္စြဲ၊ လူမ်ိဳးစြဲႏွင့္ ဆႏၵစြဲမ်ားကို ပယ္ေဖ်ာက္ၿပီး ျမန္မာစိတ္ေမြး၍ စည္းလုံးညီၫြတ္စြာေန ထိုင္ၾကရမည္ျဖစ္ ေၾကာင္း၊ ဂ်ပန္ႏိုင္ငံ၏ ယခုကဲ့သို႔ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားသည္ ၎တို႔၏ ႀကိဳးစားအားထုတ္မႈ၊ အတတ္ပညာ၊ အသိပညာေလ့လာသင္ယူအားထုတ္မႈတို႔ေၾကာင့္ပင္ျဖစ္ေၾကာင္း၊ သံတမန္ လုပ္ငန္းတာဝန္ မ်ားအား အေလးထားေဆာင္႐ြက္ရန္လိုၿပီး မိမိႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္လည္း အက်ိဳးတူစီးပြားေရးလုပ္ ငန္းမ်ား၊ ပို႔ကုန္၊ သြင္းကုန္လုပ္ငန္းမ်ား အခြင့္အလမ္း ရရွိေစေရး သံတမန္ဆက္ဆံေရးမွတစ္ဆင့္ ဝိုင္းဝန္းႀကိဳး ပမ္းရမည္ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံ၏ လူဦးေရ ၇၀ ရာခိုင္ႏႈန္းခန႔္သည္ ေက်းလက္ေနသူမ်ားျဖစ္သျဖင့္ ထုတ္ကုန္မ်ားကို ေရာင္းကုန္မ်ားျဖစ္လာေစေရးအတြက္ လိုအပ္သည့္နည္းပညာမ်ားကို မွ်ယူရမည္ျဖစ္ ေၾကာင္း၊ ႏိုင္ငံတကာသို႔ပို႔ကုန္မ်ားတင္ပို႔ႏိုင္ေရး အခ်က္အလက္ႏွင့္နည္းပညာမ်ား ခ်ိတ္ဆက္ေဆာင္႐ြက္ေပးႏိုင္ရ မည္ျဖစ္ေၾကာင္း၊ ယခုကဲ့သို႔ ေဝးလံသည့္ႏိုင္ငံမ်ားတြင္ တာဝန္ ထမ္းေဆာင္ေနၾကရသူမ်ားျဖစ္သည့္အတြက္ က်န္းမာေရးဂ႐ုစိုက္ၾကရန္လိုအပ္ၿပီး က်န္းမာေရးေကာင္းမြန္မွသာ လုပ္ငန္းတာဝန္မ်ားကို ေအာင္ျမင္စြာ ထမ္းေဆာင္ႏိုင္မည္ျဖစ္ေၾကာင္းႏွင့္ အခ်င္းခ်င္းစည္းလုံးညီၫြတ္စြာ ေနထိုင္ၾက၍ မိမိႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ တစ္ဖက္တစ္လမ္းမွ ႀကိဳးစားေဆာင္႐ြက္ၾကေစလိုေၾကာင္းျဖင့္ မွာၾကားသည္။
ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သံ႐ုံး၊ စစ္သံ႐ုံးမိသားစုမ်ားႏွင့္ ပညာေတာ္သင္ သင္တန္း သားမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား၊ လက္ေဆာင္ပစၥည္း မ်ားႏွင့္ခ်ီးျမႇင့္ေငြမ်ားအား ေပးအပ္ရာ သံအ မတ္ႀကီး၊ စစ္သံမႉးႏွင့္ သံ႐ုံး၊ စစ္သံ႐ုံးမိသားစု မ်ားက လက္ခံရယူခဲ့ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာ ကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္ မ်ားအား သံ႐ုံး၊ စစ္သံ႐ုံးမိသားစုမ်ားက ေန႔လယ္စာျဖင့္တည္ခင္းဧည့္ခံခဲ့ၾကသည္။

ထို႔ျပင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ တိုက်ိဳၿမိဳ႕ရွိ The Emperial Palace ၊ Asakusa Temple ႏွင့္ Tokyo Tower တို႔သို႔သြားေရာက္၍ ၿမိဳ႕ျပ လူေနမႈဖြံ႕ၿဖိဳးတိုးတက္မႈမ်ားအား ၾကည့္ရႈေလ့လာျခင္း၊ ေရွးေဟာင္းယဥ္ေက်းမႈလက္ရာမ်ား အား ၾကည့္ရႈေလ့လာျခင္းႏွင့္ ဘုရားေက်ာင္းအတြင္း လွည့္လည္ဖူး ေျမာ္ၾကည္ညိဳျခင္းမ်ား ျပဳလုပ္ခဲ့ၾကၿပီး အမွတ္တရစုေပါင္းဓာတ္ပုံမ်ား ႐ိုက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။