ဧည့်သည်တော် နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံသမ္မတ H.E. Mrs. Bidya Devi Bhandari နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရင်းရင်းနှီးနှီး တွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ ၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နီပေါဖက်ဒရယ်ဒီမို ကရက်တစ် သမ္မတနိုင်ငံသမ္မတ H.E. Mrs. Bidya Devi Bhandari နှင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ M Gallery by Sofitel Hotel ၌ တွေ့ဆုံ သည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများတက်ရောက်ကြပြီး နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Bhim Krishna Udas နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဧည့်သည်တော်သမ္မတကြီးမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ယခုလို ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာနိုင်ငံက နွေးထွေးစွာကြိုဆိုဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နီပေါနိုင်ငံနှင့် မြန်မာ့ တပ်မတော်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးများ တိုးတက်ကောင်းမွန်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် မြန်မာ့တပ်မတော်သည် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်ကို တွေ့မြင်ရပါကြောင်း၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပြင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများတွင်လည်း တပ်မတော်နှစ်ရပ်အကြား ပိုမိုပူးပေါင်း ဆောင်ရွက် သွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း ဦးစွာပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ သမ္မတကြီးနှင့် ယခုကဲ့သို့ ထပ်မံတွေ့ဆုံခွင့် ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ၂၀၁၇ ခုနှစ် မိမိ၏နီပေါနိုင်ငံ ချစ်ကြည်ရေးခရီးစဉ် နောက်ပိုင်း နှစ်နိုင်ငံခေါင်းဆောင်များ၏ ချစ်ကြည်ရေးခရီးစဉ်များ ဆက်တိုက်ဆောင်ရွက်လာနိုင်ခြင်းသည် နှစ်နိုင်ငံခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုများ တည်ဆောက်နိုင်သည့် ပြယုဂ်တစ်ခုပင်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်ရေး အလားအလာကောင်းများကိုလည်း တွေ့မြင်နေရပါကြောင်းဖြင့် ပြန်လည်ပြောကြား သည်။

ဆက်လက်၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာ သင်တန်းသားများ အပြန်အလှန်စေလွှတ်နိုင်ရေး၊ အားကစားနှင့် ဆေးဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် နိုင်ရေး၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်စေလွှတ်နိုင်ရေး အခြေအနေများ၊ နှစ်နိုင်ငံအကြား ပြည်သူလူထုချင်း ရင်းနှီးဆက်ဆံမှုများမှတစ်ဆင့် စီးပွားရေးဆိုင်ရာ၊ ကူသန်းရောင်းဝယ်ရေး ဆိုင်ရာများ၊ ခရီးသွားလုပ်ငန်းများပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ၊ မြန်မာ့တပ်မတော်နှင့် နီပေါတပ်မတော်တို့သည် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်လျက်ရှိကြပြီး နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ကြသော တပ်မတော်များအဖြစ် ရပ်တည်နိုင်ကြသည့် အခြေအနေများ၊ နီပေါနိုင်ငံတွင် အမျိုးသမီးများ၏ကဏ္ဍကို မြှင့်တင်ပေးလျက်ရှိသလို မြန်မာနိုင်ငံတွင်လည်း အမျိုးသမီးများ၏ ကဏ္ဍမြှင့်တင်လျက်ရှိပြီး ပြည်သူ့သားကောင်းတပ်မတော်သား အမျိုးသမီးအရာရှိ၊ စစ်သည်များ ပြုစုပျိုးထောင်ပေးနေသည့် အခြေအနေများ၊ တပ်မတော်သားများအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံရေးစနစ်ခိုင်မာစေရေး အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက် လျက်ရှိသည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးတက်စေရန်နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေ များ၊ နီပေါနိုင်ငံသမ္မတကြီးအနေဖြင့် နီပေါတပ်မတော်ကို ဂုဏ်ယူအလေးထားသလို မြန်မာနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်သားများကို မိသားစုဆွေမျိုးမောင်နှမရင်းချာ ကဲ့သို့ပင် မေတ္တာထားရှိပြီး ယခုခရီးစဉ်သည် အောင်မြင်သည့်ခရီးစဉ်ဖြစ်သည့် အကြောင်းအရာများအား အပြန်အလှန် ခင်မင်ရင်းနှီးစွာဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။

(Zawgyi Version)

ဧည့္သည္ေတာ္ နီေပါဖက္ဒရယ္ဒီမိုကရက္တစ္ သမၼတႏိုင္ငံသမၼတ H.E. Mrs. Bidya Devi Bhandari ႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ရင္းရင္းႏွီးႏွီး ေတြ႕ဆံု

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၁၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ နီေပါဖက္ဒရယ္ဒီမို ကရက္တစ္ သမၼတႏိုင္ငံသမၼတ H.E. Mrs. Bidya Devi Bhandari ႏွင့္ ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ M Gallery by Sofitel Hotel ၌ ေတြ႕ဆံု သည္။

အဆိုပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ၫႇိႏိႈင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ)ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္ အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး နီေပါဖက္ဒရယ္ဒီမိုကရက္တစ္သမၼတႏိုင္ငံ သမၼတ ႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာ နီေပါႏိုင္ငံသံအမတ္ႀကီး Mr. Bhim Krishna Udas ႏွင့္တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆံုရာတြင္ ဧည့္သည္ေတာ္သမၼတႀကီးမွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ယခုလို ထပ္မံေတြ႕ဆံုရသည့္အတြက္ ဝမ္းေျမာက္ပါေၾကာင္းႏွင့္ ျမန္မာႏိုင္ငံခရီးစဥ္တြင္ ျမန္မာႏိုင္ငံက ေႏြးေထြးစြာႀကိဳဆိုဧည့္ဝတ္ေက်ပြန္မႈအတြက္ ေက်းဇူးတင္ရွိပါေၾကာင္း၊ နီေပါႏိုင္ငံႏွင့္ ျမန္မာ့ တပ္မေတာ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ဆက္ဆံေရးမ်ား တိုးတက္ေကာင္းမြန္လ်က္ရွိပါေၾကာင္း၊ ျမန္မာႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္မႈတြင္ ျမန္မာ့တပ္မေတာ္သည္ အေရးႀကီးသည့္အခန္းက႑တြင္ ပါဝင္လ်က္ရွိသည္ကို ေတြ႕ျမင္ရပါေၾကာင္း၊ ၿငိမ္းခ်မ္းမႈထိန္းသိမ္းေရးႏွင့္ လံုၿခံဳေရးဆိုင္ရာ ကိစၥရပ္မ်ားအျပင္ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ားတြင္လည္း တပ္မေတာ္ႏွစ္ရပ္အၾကား ပိုမိုပူးေပါင္း ေဆာင္ရြက္ သြားႏိုင္မည္ဟု ေမွ်ာ္လင့္ပါေၾကာင္း ဦးစြာေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွ သမၼတႀကီးႏွင့္ ယခုကဲ့သို႔ ထပ္မံေတြ႕ဆံုခြင့္ ရသည့္အတြက္ ဝမ္းေျမာက္ပါေၾကာင္း၊ ၂၀၁၇ ခုႏွစ္ မိမိ၏နီေပါႏိုင္ငံ ခ်စ္ၾကည္ေရးခရီးစဥ္ ေနာက္ပိုင္း ႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ား၏ ခ်စ္ၾကည္ေရးခရီးစဥ္မ်ား ဆက္တိုက္ေဆာင္ရြက္လာႏိုင္ျခင္းသည္ ႏွစ္ႏိုင္ငံခိုင္မာသည့္ ခ်စ္ၾကည္ရင္းႏွီးမႈမ်ား တည္ေဆာက္ႏိုင္သည့္ ျပယုဂ္တစ္ခုပင္ျဖစ္ပါေၾကာင္း၊ လက္ရွိအေျခအေနတြင္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္ရြက္မႈႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္း ေဆာင္ရြက္ေရး အလားအလာေကာင္းမ်ားကိုလည္း ေတြ႕ျမင္ေနရပါေၾကာင္းျဖင့္ ျပန္လည္ေျပာၾကား သည္။

ဆက္လက္၍ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ေလ့က်င့္ေရးဆိုင္ရာ သင္တန္းသားမ်ား အျပန္အလွန္ေစလႊတ္ႏိုင္ေရး၊ အားကစားႏွင့္ ေဆးဘက္ဆိုင္ရာပူးေပါင္းေဆာင္ရြက္မႈမ်ား ျပဳလုပ္ ႏိုင္ေရး၊ ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္ေစလႊတ္ႏိုင္ေရး အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံအၾကား ျပည္သူလူထုခ်င္း ရင္းႏွီးဆက္ဆံမႈမ်ားမွတစ္ဆင့္ စီးပြားေရးဆိုင္ရာ၊ ကူသန္းေရာင္းဝယ္ေရး ဆိုင္ရာမ်ား၊ ခရီးသြားလုပ္ငန္းမ်ားပိုမိုတိုးျမႇင့္ ေဆာင္ရြက္ႏိုင္မည့္ အလားအလာေကာင္းမ်ား၊ ျမန္မာ့တပ္မေတာ္ႏွင့္ နီေပါတပ္မေတာ္တို႔သည္ မိမိတို႔ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရး၊ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ေစာင့္ေရွာက္လ်က္ရွိၾကၿပီး ႏိုင္ငံ့ဂုဏ္ကို ေဆာင္ႏိုင္ၾကေသာ တပ္မေတာ္မ်ားအျဖစ္ ရပ္တည္ႏိုင္ၾကသည့္ အေျခအေနမ်ား၊ နီေပါႏိုင္ငံတြင္ အမ်ိဳးသမီးမ်ား၏က႑ကို ျမႇင့္တင္ေပးလ်က္ရွိသလို ျမန္မာႏိုင္ငံတြင္လည္း အမ်ိဳးသမီးမ်ား၏ က႑ျမႇင့္တင္လ်က္ရွိၿပီး ျပည္သူ႕သားေကာင္းတပ္မေတာ္သား အမ်ိဳးသမီးအရာရွိ၊ စစ္သည္မ်ား ျပဳစုပ်ိဳးေထာင္ေပးေနသည့္ အေျခအေနမ်ား၊ တပ္မေတာ္သားမ်ားအေနျဖင့္ ျမန္မာႏိုင္ငံ၏ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရးႏွင့္ ႏိုင္ငံေရးစနစ္ခိုင္မာေစေရး အားသြန္ခြန္စိုက္ ႀကိဳးစားေဆာင္ရြက္ လ်က္ရွိသည့္အေျခအေနမ်ား၊ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈမ်ား တိုးတက္ေစရန္ႏွင့္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္ရြက္မႈမ်ား ယခုထက္ ပိုမိုတိုးတက္ေအာင္ ေဆာင္ရြက္သြားမည့္ အေျခအေန မ်ား၊ နီေပါႏိုင္ငံသမၼတႀကီးအေနျဖင့္ နီေပါတပ္မေတာ္ကို ဂုဏ္ယူအေလးထားသလို ျမန္မာႏိုင္ငံ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အပါအဝင္ တပ္မေတာ္သားမ်ားကို မိသားစုေဆြမ်ိဳးေမာင္ႏွမရင္းခ်ာ ကဲ့သို႔ပင္ ေမတၱာထားရွိၿပီး ယခုခရီးစဥ္သည္ ေအာင္ျမင္သည့္ခရီးစဥ္ျဖစ္သည့္ အေၾကာင္းအရာမ်ားအား အျပန္အလွန္ ခင္မင္ရင္းႏွီးစြာေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆံုပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ နီေပါဖက္ဒရယ္ဒီမိုကရက္တစ္ သမၼတႏိုင္ငံ သမၼတတို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ခဲ့ၾကသည္။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။