တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး တည်ဆောက်နေမှုအခြေအနေများအားကြည့်ရှု

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး တည်ဆောက်နေမှုအခြေအနေများအားကြည့်ရှု

နေပြည်တော် အောက်တိုဘာ ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်မည့် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး တည်ဆောက်နေမှု အခြေအနေများအား ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ က သွားရောက်ကြည့်ရှုဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သီလဓမ္မကုန်းသာ တောရကျောင်းတိုက် ဦးစီးပဓာနနာယက (ဝစီပိတ်) ဆရာတော် ဘဒ္ဒန္တကောဝိဒအမှူးပြု၍ ဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်း သို့ ရောက်ရှိကြပြီး ဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်မည့် ဗုဒ္ဓရုပ်ပွားတော် ဆင်းတုတော်များ ထုဆစ်လျက်ရှိသည့် အခြေအနေများနှင့် ရှုခင်းသာနေရာတို့အား ကြည့်ရှုကြသည်။ ထို့နောက် သီလဓမ္မကုန်းသာတောရကျောင်းတိုက်(ဝစီပိတ်)ဆရာတော်ကြီးကိုယ်တိုင် ဦးဆောင် ပဓာနကမကထပြု၍ တည်ဆောက်ပူဇော်လျက်ရှိသည့် သတ္တသတ္တာဟမဟာဗောဓိစေတီ တော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုအခြေအနေ၊ လုမ္ဗနီဥယျာဉ်၌ ဘုရား အလောင်းတော် ဖွားမြင်တော်မူပုံ၊ပဉ္စဝုဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရားထူးဟောတော်မူပုံနှင့် ကုသိနာရုံပြည်၊ အင်ကြင်းဥယျာဉ်အတွင်း ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပုံ စသည့် ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ လေးဌာနတို့တည်ဆောက်ပူဇော်နေမှုများအား လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များအား ညှိနှိုင်းဆွေးနွေး၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ယင်းနောက် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိဥယျာဉ် စိုက်ခင်းအတွင်း သစ်ပင်ပန်းမန်များ စိုက်ပျိုးထားရှိမှုကို လေ့လာကြည့်ရှုကြသည်။

ထို့နောက် အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးအားဖူးမြော်ကြည်ညို၍ပန်း၊ ရေချမ်းကပ်လှူ ပူဇော်ကြကာလက်ယာရစ်လှည့်လည်ပူဇော်ကြသည်။ အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်း အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးအား ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ အေးချမ်းသာယာမှုရှိစေရန်၊ ထေရဝါဒဗုဒ္ဓဘာသာတည်တံ့ခိုင်မြဲစေရန်နှင့်ပြည်တွင်းပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် တည်ထားကိုးကွယ် ထားခြင်းဖြစ်ကြောင်း၊ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးအား အိန္ဒိယနိုင်ငံဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီ တော်မြတ်ကြီး၏ ပုံစံအတိုင်းတည်ထားကိုးကွယ်မည်ဖြစ်ပြီး ဉာဏ်တော်အမြင့် ၁၀၈ ပေရှိမည်ဖြစ် ကာ ဗုဒ္ဓမြတ်စွာဘုရား ၏ ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ လေးဌာနတို့ ကို ထပ်မံတည်ထားကိုးကွယ်နိုင် ရေးအတွက်တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များ၏ စုပေါင်း လှူဒါန်းမှုများဖြင့် တည်ဆောက်ပူဇော် လျက်ရှိ ကြောင်း သိရှိရသည်။

ယနေ့နံနက်ပိုင်းတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သီလဓမ္မကုန်းသာ တောရကျောင်းတိုက်(ဝစီပိတ်)ဆရာတော်အမှူးပြု၍ ကျိုင်းတုံမြို့ရှိ ကျိုင်းဖောင်းချောင်းအတွင်းသို့ ငါးမျက်ဆံနီ ၁၇၀ဝ၀ ကောင်နှင့် ကျိုင်းတုံမြို့ဈေးအတွင်း ရောင်းချမည့် ငါးမျိုးစုံအရှင် ၆၂ ပိဿာကျော်တို့အား ဇီဝိတဒါနငါးလွှတ်ခြင်း ပြုလုပ်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သတၱသတၱာဟ မဟာေဗာဓိ ေစတီေတာ္ျမတ္ႀကီး တည္ေဆာက္ေနမႈအေျခအေနမ်ားအားၾကည့္ရႈ

ေနျပည္ေတာ္ ေအာက္တိုဘာ ၁၈

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕၏ အေရွ႕ေတာင္ဘက္ ၁၅ မိုင္ခန႔္အကြာ ပန္ကြဲေက်း႐ြာအနီးရွိ ဗုဒၶဥယ်ာဥ္ေတာ္ပရိဝုဏ္အတြင္း တည္ထားကိုးကြယ္မည့္ သတၱသတၱာဟ မဟာေဗာဓိ ေစတီေတာ္ျမတ္ႀကီး တည္ေဆာက္ေနမႈ အေျခအေနမ်ားအား ယေန႔နံနက္ပိုင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၊ဇနီးေဒၚၾကဴၾကဴလွႏွင့္ အဖြဲ႕ဝင္မ်ား က သြားေရာက္ၾကည့္ရႈဖူးေျမာ္ၾကည္ညိဳၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ သီလဓမၼကုန္းသာ ေတာရေက်ာင္းတိုက္ ဦးစီးပဓာနနာယက (ဝစီပိတ္) ဆရာေတာ္ ဘဒၵႏၲေကာဝိဒအမႉးျပဳ၍ ဗုဒၶဥယ်ာဥ္ေတာ္ပရိဝုဏ္အတြင္း သို႔ ေရာက္ရွိၾကၿပီး ဗုဒၶဥယ်ာဥ္ေတာ္ပရိဝုဏ္အတြင္း တည္ထားကိုးကြယ္မည့္ ဗုဒၶ႐ုပ္ပြားေတာ္ ဆင္းတုေတာ္မ်ား ထုဆစ္လ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ ရႈခင္းသာေနရာတို႔အား ၾကည့္ရႈၾကသည္။ ထို႔ေနာက္ သီလဓမၼကုန္းသာေတာရေက်ာင္းတိုက္(ဝစီပိတ္)ဆရာေတာ္ႀကီးကိုယ္တိုင္ ဦးေဆာင္ ပဓာနကမကထျပဳ၍ တည္ေဆာက္ပူေဇာ္လ်က္ရွိသည့္ သတၱသတၱာဟမဟာေဗာဓိေစတီ ေတာ္ျမတ္ႀကီး တည္ေဆာက္ပူေဇာ္ေနမႈအေျခအေန၊ လုမၺနီဥယ်ာဥ္၌ ဘုရား အေလာင္းေတာ္ ဖြားျမင္ေတာ္မူပုံ၊ပၪၥဝုဂၢီငါးဦးတို႔အား ဓမၼစၾကာတရားထူးေဟာေတာ္မူပုံႏွင့္ ကုသိနာ႐ုံျပည္၊ အင္ၾကင္းဥယ်ာဥ္အတြင္း ဘုရားရွင္ပရိနိဗၺာန္စံေတာ္မူပုံ စသည့္ ဖြား၊ ပြင့္၊ ေဟာ၊ စံ သံေဝဇနိယ ေလးဌာနတို႔တည္ေဆာက္ပူေဇာ္ေနမႈမ်ားအား လွည့္လည္ၾကည့္ရႈၾကၿပီး လိုအပ္သည္မ်ားအား ညႇိႏႈိင္းေဆြးေႏြး၍ ျဖည့္ဆည္းေဆာင္႐ြက္ေပးသည္။ယင္းေနာက္ ဗုဒၶဥယ်ာဥ္ေတာ္အတြင္းရွိဥယ်ာဥ္ စိုက္ခင္းအတြင္း သစ္ပင္ပန္းမန္မ်ား စိုက္ပ်ိဳးထားရွိမႈကို ေလ့လာၾကည့္ရႈၾကသည္။

ထို႔ေနာက္ အဘယရာဇမုနိ႐ုပ္ပြားေတာ္ျမတ္ႀကီးအားဖူးေျမာ္ၾကည္ညိဳ၍ပန္း၊ ေရခ်မ္းကပ္လႉ ပူေဇာ္ၾကကာလက္ယာရစ္လွည့္လည္ပူေဇာ္ၾကသည္။ အဆိုပါ ဗုဒၶဥယ်ာဥ္ေတာ္အတြင္း အဘယရာဇမုနိ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသ ေအးခ်မ္းသာယာမႈရွိေစရန္၊ ေထရဝါဒဗုဒၶဘာသာတည္တံ့ခိုင္ၿမဲေစရန္ႏွင့္ျပည္တြင္းျပည္ပဘုရားဖူးမ်ား လာေရာက္ျခင္းျဖင့္ ေဒသဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူျဖစ္ေစရန္အတြက္ တည္ထားကိုးကြယ္ ထားျခင္းျဖစ္ေၾကာင္း၊ သတၱသတၱာဟ မဟာေဗာဓိေစတီေတာ္ျမတ္ႀကီးအား အိႏၵိယႏိုင္ငံဗုဒၶဂယာရွိ မဟာေဗာဓိေစတီ ေတာ္ျမတ္ႀကီး၏ ပုံစံအတိုင္းတည္ထားကိုးကြယ္မည္ျဖစ္ၿပီး ဉာဏ္ေတာ္အျမင့္ ၁၀၈ ေပရွိမည္ျဖစ္ ကာ ဗုဒၶျမတ္စြာဘုရား ၏ ဖြား၊ ပြင့္၊ ေဟာ၊ စံ သံေဝဇနိယ ေလးဌာနတို႔ ကို ထပ္မံတည္ထားကိုးကြယ္ႏိုင္ ေရးအတြက္တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္အလႉရွင္မ်ား၏ စုေပါင္း လႉဒါန္းမႈမ်ားျဖင့္ တည္ေဆာက္ပူေဇာ္ လ်က္ရွိ ေၾကာင္း သိရွိရသည္။

ယေန႔နံနက္ပိုင္းတြင္လည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ သီလဓမၼကုန္းသာ ေတာရေက်ာင္းတိုက္(ဝစီပိတ္)ဆရာေတာ္အမႉးျပဳ၍ က်ိဳင္းတုံၿမိဳ႕ရွိ က်ိဳင္းေဖာင္းေခ်ာင္းအတြင္းသို႔ ငါးမ်က္ဆံနီ ၁၇၀ဝ၀ ေကာင္ႏွင့္ က်ိဳင္းတုံၿမိဳ႕ေဈးအတြင္း ေရာင္းခ်မည့္ ငါးမ်ိဳးစုံအရွင္ ၆၂ ပိႆာေက်ာ္တို႔အား ဇီဝိတဒါနငါးလႊတ္ျခင္း ျပဳလုပ္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။