တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မဟာမြတ်မုနိ ဆရာတော် ဘုရားကြီး၏ ရုပ်ကလာပ်တော်အား သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ အောက်တိုဘာ – ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိဘုရားကြီး ကျောင်းတိုက်၏ ဦးစီးပဓာန နာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ ဆရာတော် ဘုရားကြီးသည် မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ တော်သလင်း လဆန်း ၇ ရက်(စနေနေ့) ည ၉ နာရီ ၄၀ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။

ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား မဟာမြတ်မုနိဘုရားကြီး ကျောင်းတိုက်၌ ပူဇော်လျက်ရှိရာ ယနေ့နေ့လယ်ပိုင်းတွင် သီလဓမ္မကုန်းသာတောရ ကျောင်းတိုက် ဦးစီးပဓာန နာယက(ဝစီပိတ်)ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြု၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များက သွားရောက်ဖူးမြော် ကြည်ညိုကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မဟာမြတ်မုနိဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူသွားသည့်အတွက် များစွာကြေကွဲဝမ်းနည်းရပါကြောင်း၊ တာချီလိတ်ဒေသအတွက် သာမက ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံအတွက် သာသနာတော်ဆိုင်ရာ ကြီးမားသောဆုံးရှုံးမှု ဖြစ်ပါကြောင်းနှင့် ဆရာတော်ဘုရားကြီး၏ ဘာသာသာသနာ စောင့်ရှောက်ထိန်းသိမ်းမှုများအပေါ် တန်ဖိုးထား၍ မိမိတို့လိုက်နာစောင့်ထိန်းသွားမည်ဖြစ်ကြောင်းဖြင့် ဝမ်းနည်းကြောင်းမှတ်တမ်းတွင် ရေးသားပူဇော်သည်။

ထို့နောက် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညို၍ အလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက်  ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အခမ်းအနား ပြုလုပ်မည့်အခြေအနေများအား မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များ ပြန်လည်လျှောက်ထားသည်။                     

ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အခမ်းအနားကို ၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ ရက်တွင် တာချီလိတ်မြို့၊ ဝမ်လုံးကျေးရွာအုပ်စုရှိ ပုံလို့သုဿန်၌ ပြုလုပ်သွားမည်ဖြစ်သည်။

(Zawgyi One)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ မဟာျမတ္မုနိ ဆရာေတာ္ ဘုရားႀကီး၏ ႐ုပ္ကလာပ္ေတာ္အား သြားေရာက္ဖူးေျမာ္ၾကည္ညိဳ

ေနျပည္ေတာ္၊ ေအာက္တိုဘာ – ၁၉

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္ရွိ မဟာျမတ္မုနိဘုရားႀကီး ေက်ာင္းတိုက္၏ ဦးစီးပဓာန နာယက အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၲပညာသာမိ ဆရာေတာ္ ဘုရားႀကီးသည္ ျမန္မာသကၠရာဇ္ ၁၃၈၁ ခုႏွစ္၊ ေတာ္သလင္း လဆန္း ၇ ရက္(စေနေန႕) ည ၉ နာရီ ၄၀ မိနစ္တြင္ ဘဝနတ္ထံပ်ံလြန္ေတာ္မူခဲ့သည္။

ဆရာေတာ္ဘုရားႀကီး၏ ႐ုပ္ကလာပ္ေတာ္အား မဟာျမတ္မုနိဘုရားႀကီး ေက်ာင္းတိုက္၌ ပူေဇာ္လ်က္ရွိရာ ယေန႕ေန႕လယ္ပိုင္းတြင္ သီလဓမၼကုန္းသာေတာရ ေက်ာင္းတိုက္ ဦးစီးပဓာန နာယက(ဝစီပိတ္)ဆရာေတာ္ ဘဒၵႏၲေကာဝိဒ အမွဴးျပဳ၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္၊ ဇနီး ေဒၚၾကဴၾကဴလွႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ဖူးေျမာ္ ၾကည္ညိဳၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က မဟာျမတ္မုနိဆရာေတာ္ဘုရားႀကီး ဘဝနတ္ထံ ပ်ံလြန္ေတာ္မူသြားသည့္အတြက္ မ်ားစြာေၾကကြဲဝမ္းနည္းရပါေၾကာင္း၊ တာခ်ီလိတ္ေဒသအတြက္ သာမက ရွမ္းျပည္နယ္ႏွင့္ ျမန္မာႏိုင္ငံအတြက္ သာသနာေတာ္ဆိုင္ရာ ႀကီးမားေသာဆံုး႐ံႈးမႈ ျဖစ္ပါေၾကာင္းႏွင့္ ဆရာေတာ္ဘုရားႀကီး၏ ဘာသာသာသနာ ေစာင့္ေရွာက္ထိန္းသိမ္းမႈမ်ားအေပၚ တန္ဖိုးထား၍ မိမိတို႕လိုက္နာေစာင့္ထိန္းသြားမည္ျဖစ္ေၾကာင္းျဖင့္ ဝမ္းနည္းေၾကာင္းမွတ္တမ္းတြင္ ေရးသားပူေဇာ္သည္။

ထို႕ေနာက္ ဆရာေတာ္ဘုရားႀကီး၏ ႐ုပ္ကလာပ္ေတာ္အား ဖူးေျမာ္ၾကည္ညိဳ၍ အလွဴေငြမ်ား ေပးအပ္လွဴဒါန္းရာ တာဝန္ရွိသူမ်ားက လက္ခံရယူၾကသည္။ ယင္းေနာက္  ဆရာေတာ္ဘုရားႀကီး၏ အႏၱိမအဂၢိဈာပန ပူဇာသဘင္အခမ္းအနား ျပဳလုပ္မည့္အေျခအေနမ်ားအား ေမးျမန္းေဆြးေႏြးၿပီး လိုအပ္သည္မ်ား ျပန္လည္ေလွ်ာက္ထားသည္။                     

ဆရာေတာ္ႀကီး၏ အႏၱိမအဂၢိဈာပန ပူဇာသဘင္အခမ္းအနားကို ၁၃၈၁ ခုႏွစ္၊ တန္ေဆာင္မုန္းလဆန္း ၃ ရက္တြင္ တာခ်ီလိတ္ၿမိဳ႕၊ ဝမ္လံုးေက်းရြာအုပ္စုရွိ ပံုလို႕သုႆန္၌ ျပဳလုပ္သြားမည္ျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။