တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ ၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး H.E.Mr. Lee Sang-hwa အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံစစ်သံမှူး Colonel Hwang Sandeok တို့ တက်ရောက်ကြသည်။ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံ၏ သံတမန်ဆက်ဆံရေး သည် ၄၅ နှစ် ကြာမြင့်ပြီဖြစ်ပြီး မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်းနိုင်ငံများဖြစ်ကာ သမိုင်းကြောင်းအရ တူညီမှုများ ရှိသည့်အခြေအနေများ၊ ကိုရီးယားနိုင်ငံနှင့် အာဆီယံနိုင်ငံများ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်အခြေအနေများနှင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံမူအတိုင်း လက်ခံဆောင်ရွက် သွားမည်ဖြစ်ပြီး အာဆီယံအနေဖြင့် အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် တပ်မတော်မှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတိုင်းတွင် တိုင်းပြည်အားသည် ပြည်တွင်းမှာသာရှိသဖြင့် စည်းလုံးညီညွတ်ကြရန်အရေးကြီးသည့် အခြေအနေများ၊ ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးနှင့် ကိုရီးယားကျွန်းဆွယ်အပါအဝင် တစ်ကမ္ဘာလုံးတွင် နျူကလီးယားနှင့် ဖျက်အားပြင်းလက်နက်များကင်းစင်ရန်လိုအပ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ကိုရီးယားသမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေနှင့် တိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလာများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ၊ လေ့ကျင့်ရေး ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးတို့ သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ျမန္မာႏိုင္ငံဆိုင္ရာ ကိုရီးယား သမၼတႏိုင္ငံ သံအမတ္ႀကီးအား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ႏိုဝင္ဘာ ၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏိုင္ငံ ဆိုင္ရာ ကိုရီးယားသမၼတႏိုင္ငံသံအမတ္ႀကီး H.E.Mr. Lee Sang-hwa အား ယေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ကိုရီးယားသမၼတႏိုင္ငံ သံအမတ္ႀကီးႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာ ကိုရီးယားႏိုင္ငံစစ္သံမႉး Colonel Hwang Sandeok တို႔ တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံႏွင့္ ကိုရီးယားသမၼတႏိုင္ငံ၏ သံတမန္ဆက္ဆံေရး သည္ ၄၅ ႏွစ္ ၾကာျမင့္ၿပီျဖစ္ၿပီး မိတ္ေဆြေကာင္း၊ မိတ္ေဆြေဟာင္းႏိုင္ငံမ်ားျဖစ္ကာ သမိုင္းေၾကာင္းအရ တူညီမႈမ်ား ရွိသည့္အေျခအေနမ်ား၊ ကိုရီးယားႏိုင္ငံႏွင့္ အာဆီယံႏိုင္ငံမ်ား က႑ေပါင္းစုံတြင္ ပူးေပါင္းေဆာင္႐ြက္ လ်က္ရွိသည့္အေျခအေနမ်ားႏွင့္ ျမန္မာႏိုင္ငံအေနျဖင့္ အာဆီယံမူအတိုင္း လက္ခံေဆာင္႐ြက္ သြားမည္ျဖစ္ၿပီး အာဆီယံအေနျဖင့္ အာရွႏိုင္ငံမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈသည္ အေရးႀကီးသည့္ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံ၏ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းေရးအတြက္ တပ္မေတာ္မွ ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ ႏိုင္ငံတိုင္းတြင္ တိုင္းျပည္အားသည္ ျပည္တြင္းမွာသာရွိသျဖင့္ စည္းလုံးညီၫြတ္ၾကရန္အေရးႀကီးသည့္ အေျခအေနမ်ား၊ ကိုရီးယားႏွစ္ႏိုင္ငံ ျပန္လည္ေပါင္းစည္းေရးႏွင့္ ကိုရီးယားကြၽန္းဆြယ္အပါအဝင္ တစ္ကမာၻလုံးတြင္ န်ဴကလီးယားႏွင့္ ဖ်က္အားျပင္းလက္နက္မ်ားကင္းစင္ရန္လိုအပ္သည့္ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ ကိုရီးယားသမၼတႏိုင္ငံမွ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ စီးပြားေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈ အေျခအေနႏွင့္ တိုးျမႇင့္ေဆာင္႐ြက္ႏိုင္မည့္ အလားအလာမ်ား၊ ႏွစ္ႏိုင္ငံ တပ္မေတာ္ႏွစ္ရပ္ အၾကား ဆက္ဆံေရးမ်ား တိုးျမႇင့္ေဆာင္႐ြက္ေရးႏွင့္ နည္းပညာပိုင္းဆိုင္ရာ၊ ေလ့က်င့္ေရး ဆိုင္ရာမ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ားအား ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ကိုရီးယားသမၼတႏိုင္ငံ သံအမတ္ႀကီးတို႔ သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။