အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းမေတ္တာ(Religions for Peace-Myanmar) (RfP-M) အဖွဲ့၏ တတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်းဖွင့်ပွဲအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့်အဖွင့်အမှာစကား

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းမေတ္တာ(Religions for Peace-Myanmar) (RfP-M) အဖွဲ့၏ တတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်းဖွင့်ပွဲအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့်အဖွင့်အမှာစကား

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်းချမ်း မေတ္တာ)အဖွဲ့၏ တတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်းကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်၌ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။ အဆိုပါအဖွင့်အမှာစကားအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

ဦးစွာအားဖြင့် ယနေ့အခမ်းအနားသို့ ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော်များအား တပည့်တော်မှ ရိုသေ စွာ ရှိခိုးဦးတင်ပါကြောင်း လျှောက်ထားအပ်ပါတယ်။ ဆရာတော်၊ သံဃာတော် အရှင် သူမြတ်တို့ဘုရား။ ဆက်လက်ပြီး အခမ်းအနားကို တက်ရောက်လာကြတဲ့ ဘာသာအသီးသီးမှ ဘာသာရေး ခေါင်းဆောင်များ၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံတကာမှ သံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းမေတ္တာအဖွဲ့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်း၊ မင်္ဂလာအပေါင်း နဲ့ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ မြန်မာနိုင်ငံတွင်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး(ငြိမ်းချမ်းမေတ္တာ)အဖွဲ့ရဲ့ တတိယအကြိမ်မြောက် အကြံပြုစကားဆွေးနွေးဝိုင်းမှာ ယခုလို ပထမဆုံးအကြိမ် အမှာစကား ပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးတင်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း ပြောကြားလိုပါတယ်။

ဒီတစ်ကြိမ်ကျင်းပတဲ့ ဆွေးနွေးဝိုင်းမှာဆွေးနွေးကြမယ့် အကြောင်းအရာများဟာကျွန်တော်တို့နိုင်ငံတော်အတွင်းမှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားစေရေးနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုကောင်းစွာထင်ဟပ်အထောက်အကူဖြစ်စေနိုင်မယ်လို့ ကျွန်တော်သတိပြုမိပါတယ်။

ကျွန်တော်တို့အနေနဲ့ လောကပါလတရားများထွန်းကားဖို့ နိုင်ငံတွင်းမှာသာမကနိုင်ငံတကာဆက်ဆံရေးမှာလည်း နိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကိုရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်းပြဋ္ဌာန်း ထားတာဖြစ်ပါတယ်။

ကမ္ဘာ့လူသားအားလုံးအတွက် အခြေခံလိုအပ်ချက်ဟာ စား၊ ဝတ်၊ နေရေးဖူလုံဖို့ပဲဖြစ်ပါတယ်။ အေးချမ်းစွာ လုပ်ကိုင်စားသောက်ခွင့်ရရှိဖို့ပဲဖြစ်ပါတယ်။ ဒီအခြေခံလိုအပ်ချက်အတွက် အရေးအကြီးဆုံးဟာ ငြိမ်းချမ်းရေး၊ တစ်နည်းအားဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးပဲဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှုအတွက်ကတော့ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဆိုတဲ့ လောကပါလတရားတွေ ထွန်းကားရမှာဖြစ်ပါတယ်။ ဒီအတွက် ဘာသာတရား အသီးသီးရဲ့ တူညီတဲ့လမ်းညွှန်မှုအဆုံးအမတွေကတော့ မေတ္တာနှင့်ယှဉ်ပြီး နေထိုင်ကြဖို့၊ မကောင်းမှု (အကုသိုလ်)ကိုရှောင်ကြဉ်ပြီး ကောင်းမှု(ကုသိုလ်)ကိုသာ လုပ်ဆောင်ကြဖို့၊ မေတ္တာ၊ ကောင်းမှု၊ မကောင်းမှုတို့ကို ခွဲခြားသိမြင်နိုင်တဲ့အသိပညာ (Wisdom)တွေကို ရှာမှီးကြဖို့၊ ကောင်းမှုကိုသာပြုပြီး မကောင်းမှုကိုမပြုတဲ့ ကိုယ်ကျင့်သီလ (Character)ကို စောင့်ထိန်းကြဖို့ စတာတွေပဲဖြစ်ပါတယ်။
ဒီနေရာမှာ လောကပါလတရားဖြစ်တဲ့ တရားမျှတခြင်းနှင့်ပတ်သက်လို့ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေ အရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူ ညီမျှစွာရယူ ပိုင်ခွင့်ပေးရမည်လို့ ပြောဆိုထားပါတယ်။ ထို့အတူပဲ တန်းတူညီမျှခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတော်သည် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရဆိုပြီး ပြဋ္ဌာန်းပေးထားပြီးဖြစ်ပါတယ်။ လွတ်လပ်ခြင်းနဲ့ပတ်သက်လို့လည်း လူတစ်ဦးချင်းစီရဲ့ဥပဒေနဲ့အညီ လွတ်လပ်ခွင့်နဲ့အခွင့်အရေးများကို ပြဋ္ဌာန်းပေးထားတာလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဥပဒေအရ လေးစားလိုက်နာရေး အကောင်အထည်ဖော်ကျင့်သုံးခြင်းဟာ အဓိကကျပါတယ်လို့ပြောလိုပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုးကွယ်ရာဘာသာဝင်မတူညီတဲ့နိုင်ငံသားများရှိနေကြပေမယ့် နိုင်ငံသားအများစုကိုး ကွယ်ကြတဲ့ဘာသာကို နိုင်ငံတိုင်းက အလေးအနက်ထားကြပါတယ်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုမှာ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၇၃ ရာခိုင်နှုန်းခန့်၊ အိန္ဒိယနိုင်ငံမှာ ဟိန္ဒူဘာသာကိုးကွယ်သူ ၈၀ ရာခိုင်နှုန်းခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစ္စလာမ်ဘာသာကိုးကွယ်သူ ၈၉ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိကြပြီး နိုင်ငံသား အများစု ကိုးကွယ်တဲ့ဘာသာကို အဲဒီနိုင်ငံများက အလေးအမြတ်ထားကြတာကို သတိပြုကြရမှာဖြစ်ပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ရှေးအကျဆုံး ပျူခေတ်ကာလမှာကတည်းက ဘာသာရေး ဆိုင်ရာ ကိုးကွယ် ယုံကြည်မှုများရှိနေပြီဆိုတဲ့ ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားတွေ ကိုတွေ့ရှိရပြီး ပထမမြန်မာနိုင်ငံတော်ဖြစ် တဲ့ အေဒီ ၁၁ ရာစု ပုဂံခေတ်ကနေစပြီး ထေရ ဝါဒဗုဒ္ဓဘာသာကို အများစုကိုးကွယ်ခဲ့ကြ တယ်ဆိုတာကို ပုဂံဘုရားများက သက်သေ ပြနေပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာကို ခေတ်အဆက်ဆက် မြန်မာနိုင်ငံသား အများစုက စဉ်ဆက်မပြတ် ခိုင်ခိုင်မာမာကိုးကွယ်ခဲ့ကြတယ်ဆိုတဲ့ သမိုင်းအထောက်အထားများကိုလည်း ထင်ရှားစွာတွေ့မြင်ခဲ့ကြပြီးဖြစ်ပါတယ်။ ကိုလိုနီခေတ်ရောက်တဲ့အခါမှသာ ခရစ်ယာန်ဘာသာနဲ့ အခြားဘာသာ ကိုးကွယ်သူတွေ တိုးပွားလာတာကို တွေ့ရပါတယ်။

ဤယနေ့တိုင်အောင်လည်း မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၈ ရာခိုင်နှုန်းခန့်ဟာ ထေရဝါဒဗုဒ္ဓဘာသာဝင် တွေ ဖြစ်ကြပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုထားပြီးဖြစ်ပါတယ်။ ထို့အတူပဲ ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သော ဘာသာများကိုလည်း နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများအဖြစ် အသိအမှတ်ပြုထားပါတယ်။
ဧည့်သည်တော်များခင်ဗျာ။ မြန်မာစာဟာ ပြည်ထောင်စုရဲ့ တရားဝင်ရုံးသုံးစာဖြစ်ပြီး ပညာသင်ကြားရေးကို တိုင်းရင်းသားပြည်သူအားလုံး တညီတညွတ်တည်း ဆောင်ရွက်မှသာ မြန်မာ့ပညာရေးဟာ မျှော်မှန်းထားသလို တိုးတက်လာစေဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။ ကျွန်တော်တို့မျှော်မှန်းထားသည့်အတိုင်း နိုင်ငံသားတိုင်း အနိမ့်ဆုံး အလယ်တန်းအဆင့်ပညာတတ်မြောက်ရေးနဲ့ ကောင်းမွန်တဲ့အသိပညာ၊ အတတ်ပညာများရရှိအောင် ကျွန်တော်တို့ဆောင်ရွက်ပေးရပါမယ်။

မည်သည့်ဘာသာကို ကိုးကွယ်ကြသည် ဖြစ်စေ ကျွန်တော်တို့အားလုံးဟာ မြန်မာနိုင်ငံ သား မြန်မာများသာဖြစ်လို့ မြန်မာစိတ်မွေး ပြီး နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေ ကြရမှာဖြစ်ပါတယ်။ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ဘာသာရေး ဓလေ့ထုံးစံတွေအပေါ် မှီငြမ်းဆောင်ရွက်ရတာမျိုး ရှိကောင်းရှိမှာဖြစ်ပေမယ့် မိမိအယူအဆနဲ့မိမိ ဆောင် ရွက်တာ တွေမှာ ဘာသာရေးကိုခုတုံးလုပ် ပြီး မတည်မငြိမ်ဖြစ်အောင် မဆောင်ရွက် သင့်ပါဘူး။ လှုံ့ဆော်မှုမျိုးကိုလည်း အားမပေးသင့်ပါဘူးလို့ ကျွန်တော်ပြောလိုပါတယ်။

ဒီကနေ့ ကျွန်တော်တို့နိုင်ငံရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်ရေးအတွက် လက်တွေ့ ကျကျအကောင်အထည်ဖော်နိုင်ဖို့ တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) ချုပ်ဆိုနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ယနေ့ကာလမှာ ကျွန်တော်တို့နိုင်ငံဟာ ပြည်သူများရဲ့ဆန္ဒအတိုင်း ဒီမိုကရေစီလမ်း ကြောင်းကို လျှောက်လှမ်းနေတာဖြစ်လို့ ကျွန်တော်တို့ရဲ့ လိုလားချက်များကို လက်နက်ကိုင်ပြီး တောင်းဆို နေလို့မဖြစ်ပါဘူး။ လက်နက်များကိုဘေးချပြီး ဆွေးနွေးမှုများနဲ့ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက် ကြရမှာဖြစ် ပါတယ်။ ငြိမ်းချမ်းရေးကို အမှန် တကယ်လိုချင်တဲ့စိတ်ရှိမယ်ဆိုရင် ငြိမ်းချမ်း ရေးမရစရာအကြောင်း မရှိဘူး လို့လည်း ကျွန်တော်ပြောလိုပါတယ်။

NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသား များရဲ့အကျိုး စီးပွားကို ရှေးရှုပြီး မှန်ကန်တဲ့မေတ္တာ၊ စေတနာများနဲ့ရှေ့ဆက်ပြီး လျှောက်လှမ်းနိုင်ကြလိမ့်မယ်လို့ ပြည်သူအများကမျှော်လင့် နေကြသလို ပါဝင်လက်မှတ်ရေးထိုးရခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေနဲ့လည်း ငြိမ်းချမ်းရေးရဲ့ ဆန့်ကျင်ဘက် ဥပဒေပြင်ပလုပ်ရပ်တွေကို၊ အကြမ်းဖက်လုပ်ရပ်တွေကို စွန့်လွှတ်၊ ပြည်သူ့ မျက်နှာကိုသာထောက်ထားပြီး ငြိမ်းချမ်း ရေးလမ်းကြောင်းမှန်ပေါ် လျှောက်လှမ်း ကြပါလို့ ထပ်မံဖိတ်ကြားအပ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံမှာ အမျိုး သားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး အတွက်ကျင်းပပြုလုပ်တဲ့ ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေး(ငြိမ်းချမ်းမေတ္တာ) အဖွဲ့ရဲ့ တတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်းကနေ ဆွေးနွေးမှုရလဒ် ကောင်းများပေါ်ထွက် လာမယ်လို့မျှော်လင့်ပါတယ်။ ပဋိပက္ခအားလုံးရဲ့ အရင်းအမြစ်ဖြစ်တဲ့ အသိဉာဏ် ပညာအားနည်းမှု၊ အကျင့်သီလအားနည်း မှု၊ စာရိတ္တ၊ အတ္တအကျိုးစီးပွား ရှေ့တန်း တင်မှုများကိုလျှော့ချနိုင်ပြီး လူမျိုး၊ ဘာသာ မခွဲခြားဘဲ တိုင်းပြည့်အားသည် ပြည်တွင်း မှာသာရှိသည်ဆိုတဲ့ခံယူချက်နဲ့ မြန်မာ နိုင်ငံသားအားလုံး စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်နဲ့ ငြိမ်းချမ်းအောင်၊ လောကပါလ တရားများ ပိုမိုထွန်းကားအောင် ဆောင် ရွက်နိုင်ကြပါစေ။ စစ်မှန်သော ထာဝရငြိမ်း ချမ်းရေးအမြန်ဆုံးရရှိနိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် နိုင်ကြ ပါစေလို့ ဆုမွန် ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။ ဆရာ တော်၊ သံဃာတော် အရှင်သူမြတ်များအား ရှိခိုးဦးတင်ပါတယ်ဘုရား။

(ZawGyi Version)

ျမန္မာႏုိင္ငံတြင္ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးအတြက္ ဘာသာေပါင္းစံုၿငိမ္းခ်မ္းေရး (ၿငိမ္းခ်မ္း ေမတၱာ)အဖြဲ႕၏ တတိယအႀကိမ္ အႀကံျပဳေဆြးေႏြး၀ုိင္းကို ယေန႔နံနက္ ၉ နာရီတြင္ ေနျပည္ေတာ္ရွိ သဂၤဟ ဟုိတယ္၌က်င္းပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ တက္ေရာက္၍ အဖြင့္အမွာ စကားေျပာၾကားသည္။ အဆုိပါအဖြင့္အမွာစကားအျပည့္အစံုမွာ ေအာက္ပါအတုိင္းျဖစ္ပါသည္ –

ဦးစြာအားျဖင့္ ယေန႔အခမ္းအနားသို႔ ၾကြေရာက္ေတာ္မူလာၾကေသာ ဆရာေတာ္၊ သံဃာေတာ္မ်ားအား တပည့္ေတာ္မွ ႐ုိေသ စြာ ရွိခုိးဦးတင္ပါေၾကာင္း ေလွ်ာက္ထားအပ္ပါတယ္။ ဆရာေတာ္၊ သံဃာေတာ္ အရွင္ သူျမတ္တို႔ဘုရား။ ဆက္လက္ၿပီး အခမ္းအနားကို တက္ေရာက္လာၾကတဲ့ ဘာသာအသီးသီးမွ ဘာသာေရး ေခါင္းေဆာင္မ်ား၊ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂိၢဳလ္၊ ဒုတိယသမၼတမ်ား၊ လႊတ္ေတာ္ဥကၠ႒ႀကီးမ်ား၊ ျပည္ေထာင္စု၀န္ႀကီးမ်ား၊ ဒုတိယ၀န္ႀကီးမ်ား၊ ဌာနဆုိင္ရာအႀကီးအကဲမ်ား၊ ႏုိင္ငံတကာမွ သံတမန္မ်ား၊ ကုလသမဂၢလက္ေအာက္ခံအဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား၊ ၿငိမ္းခ်မ္းေမတၱာအဖြဲ႕မွ တာ၀န္ရွိသူမ်ားႏွင့္ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ားအားလံုး စိတ္၏ခ်မ္းသာျခင္း၊ကိုယ္၏က်န္းမာျခင္း၊ မဂၤလာအေပါင္း နဲ႔ျပည့္စုံၾကပါေစေၾကာင္း ဆုေတာင္းေမတၱာပို႔သအပ္ပါတယ္။
ဒီကေန႔ျပဳလုပ္တဲ့ ျမန္မာႏိုင္ငံတြင္အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးအတြက္ ဘာသာေပါင္းစုံ ၿငိမ္းခ်မ္းေရး(ၿငိမ္းခ်မ္းေမတၱာ)အဖြဲ႕ရဲ႕ တတိယအႀကိမ္ေျမာက္ အႀကံျပဳစကားေဆြးေႏြး၀ိုင္းမွာ ယခုလို ပထမဆုံးအႀကိမ္ အမွာစကား ေျပာၾကားခြင့္ရတဲ့အတြက္ ေက်းဇူးတင္၀မ္းေျမာက္၀မ္းသာျဖစ္ရပါေၾကာင္း ေျပာၾကားလိုပါတယ္။

ဒီတစ္ႀကိမ္က်င္းပတဲ့ ေဆြးေႏြး၀ိုင္းမွာေဆြးေႏြးၾကမယ့္ အေၾကာင္းအရာမ်ားဟာကြၽန္ေတာ္တို႔ႏိုင္ငံေတာ္အတြင္းမွာ တရားမွ်တျခင္း၊ လြတ္လပ္ျခင္းႏွင့္ ညီမွ်ျခင္းတည္းဟူေသာ ေလာကပါလတရားမ်ား ပုိမိုထြန္းကားေစေရးနဲ႔ ႏုိင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ကုိေကာင္းစြာထင္ဟပ္အေထာက္အကူျဖစ္ေစႏိုင္မယ္လို႔ ကြၽန္ေတာ္သတိျပဳမိပါတယ္။

ကြၽန္ေတာ္တုိ႔အေနနဲ႔ ေလာကပါလတရားမ်ားထြန္းကားဖို႔ ႏိုင္ငံတြင္းမွာသာမကႏိုင္ငံတကာဆက္ဆံေရးမွာလည္း ႏိုင္ငံေတာ္သည္ လြတ္လပ္၍တက္ၾကြၿပီး ဘက္မလိုက္ေသာ ႏုိင္ငံျခားေရးမူ၀ါဒကိုက်င့္သုံးသည္။ ကမၻာ့ၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံအခ်င္းခ်င္း မိတ္၀တ္မပ်က္ ေပါင္းဖက္ဆက္ဆံေရးကိုေရွး႐ႈသည္။ ႏိုင္ငံအခ်င္းခ်င္း ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထုိင္ေရးမူမ်ားကို ေစာင့္ထိန္းသည္လို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ အတိအလင္းျပ႒ာန္း ထားတာျဖစ္ပါတယ္။

ကမၻာ့လူသားအားလုံးအတြက္ အေျခခံလိုအပ္ခ်က္ဟာ စား၊ ၀တ္၊ ေနေရးဖူလုံဖို႔ပဲျဖစ္ပါတယ္။ ေအးခ်မ္းစြာ လုပ္ကိုင္စားေသာက္ခြင့္ရရွိဖို႔ပဲျဖစ္ပါတယ္။ ဒီအေျခခံလိုအပ္ခ်က္အတြက္ အေရးအႀကီးဆုံးဟာ ၿငိမ္းခ်မ္းေရး၊ တစ္နည္းအားျဖင့္ ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေရးပဲျဖစ္ပါတယ္။ တည္ၿငိမ္ေအးခ်မ္းမႈအတြက္ကေတာ့ တရားမွ်တျခင္း၊ လြတ္လပ္ျခင္းႏွင့္ ညီမွ်ျခင္းဆုိတဲ့ ေလာကပါလတရားေတြ ထြန္းကားရမွာျဖစ္ပါတယ္။ ဒီအတြက္ ဘာသာတရား အသီးသီးရဲ႕ တူညီတဲ့လမ္းၫႊန္မႈအဆုံးအမေတြကေတာ့ ေမတၱာႏွင့္ယွဥ္ၿပီး ေနထုိင္ၾကဖို႔၊ မေကာင္းမႈ (အကုသုိလ္)ကိုေရွာင္ၾကဥ္ၿပီး ေကာင္းမႈ(ကုသိုလ္)ကိုသာ လုပ္ေဆာင္ၾကဖို႔၊ ေမတၱာ၊ ေကာင္းမႈ၊ မေကာင္းမႈတို႔ကို ခြဲျခားသိျမင္ႏိုင္တဲ့အသိပညာ (Wisdom)ေတြကို ရွာမွီးၾကဖို႔၊ ေကာင္းမႈကိုသာျပဳၿပီး မေကာင္းမႈကိုမျပဳတဲ့ ကိုယ္က်င့္သီလ (Character)ကို ေစာင့္ထိန္းၾကဖို႔ စတာေတြပဲျဖစ္ပါတယ္။
ဒီေနရာမွာ ေလာကပါလတရားျဖစ္တဲ့ တရားမွ်တျခင္းႏွင့္ပတ္သက္လုိ႔ ႏုိင္ငံေတာ္သည္ မည္သူ႔ကိုမဆုိ ဥပေဒ အရာတြင္ တန္းတူညီမွ်အခြင့္အေရးရရွိေစရမည္။ ထုိ႔ျပင္ ဥပေဒ၏အကာအကြယ္ကုိလည္း တန္းတူ ညီမွ်စြာရယူ ပုိင္ခြင့္ေပးရမည္လုိ႔ ေျပာဆုိထားပါတယ္။ ထုိ႔အတူပဲ တန္းတူညီမွ်ျခင္းႏွင့္ပတ္သက္ၿပီး ႏုိင္ငံေတာ္သည္ ျပည္ ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္၏ မည္သည့္ႏုိင္ငံသားကုိမွ် လူမ်ဳိး၊ ဇာတိ၊ ကုိးကြယ္ရာဘာသာ၊ ရာထူးဌာနႏၲရ၊ အဆင့္အတန္း၊ ယဥ္ေက်းမႈ၊ အမ်ဳိးသား၊ အမ်ဳိးသမီး၊ ဆင္းရဲခ်မ္းသာတုိ႔ကို အေၾကာင္းျပဳ၍ ခြဲျခားမႈမရွိေစရဆုိၿပီး ျပ႒ာန္းေပးထားၿပီးျဖစ္ပါတယ္။ လြတ္လပ္ျခင္းန႔ဲပတ္သက္လုိ႔လည္း လူတစ္ဦးခ်င္းစီရဲ႕ဥပေဒနဲ႔အညီ လြတ္လပ္ခြင့္နဲ႔အခြင့္အေရးမ်ားကို ျပ႒ာန္းေပးထားတာလည္း ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ဟာ ဥပေဒအရ ေလးစားလုိက္နာေရး အေကာင္အထည္ေဖာ္က်င့္သုံးျခင္းဟာ အဓိကက်ပါတယ္လုိ႔ေျပာလုိပါတယ္။

ကမၻာ့ႏုိင္ငံအသီးသီးမွာ ကုိးကြယ္ရာဘာသာ၀င္မတူညီတဲ့ႏုိင္ငံသားမ်ားရွိေနၾကေပမယ့္ ႏုိင္ငံသားအမ်ားစုကုိး ကြယ္ၾကတဲ့ဘာသာကို ႏုိင္ငံတုိင္းက အေလးအနက္ထားၾကပါတယ္။ ဥပမာအားျဖင့္ အေမရိကန္ျပည္ေထာင္စုမွာ ခရစ္ယာန္ဘာသာကုိးကြယ္သူ ၇၃ ရာခုိင္ႏႈန္းခန္႔၊ အိႏၵိယႏုိင္ငံမွာ ဟိႏၵဴဘာသာကုိးကြယ္သူ ၈၀ ရာခုိင္ႏႈန္းခန္႔၊ ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ အစၥလာမ္ဘာသာကုိးကြယ္သူ ၈၉ ဒသမ ၅ ရာခုိင္ႏႈန္းခန္႔ရွိၾကၿပီး ႏိုင္ငံသား အမ်ားစု ကုိးကြယ္တဲ့ဘာသာကုိ အဲဒီႏုိင္ငံမ်ားက အေလးအျမတ္ထားၾကတာကုိ သတိျပဳၾကရမွာျဖစ္ပါတယ္။
ကြၽန္ေတာ္တုိ႔ျမန္မာႏုိင္ငံမွာ ေရွးအက်ဆုံး ပ်ဴေခတ္ကာလမွာကတည္းက ဘာသာေရး ဆုိင္ရာ ကုိးကြယ္ ယုံၾကည္မႈမ်ားရွိေနၿပီဆုိတဲ့ ယဥ္ေက်းမႈဆုိင္ရာ အေထာက္အထားေတြ ကုိေတြ႕ရွိရၿပီး ပထမျမန္မာႏုိင္ငံေတာ္ျဖစ္ တဲ့ ေအဒီ ၁၁ ရာစု ပုဂံေခတ္ကေနစၿပီး ေထရ ၀ါဒဗုဒၶဘာသာကုိ အမ်ားစုကုိးကြယ္ခဲ့ၾက တယ္ဆုိတာကုိ ပုဂံဘုရားမ်ားက သက္ေသ ျပေနပါတယ္။ ေထရ၀ါဒဗုဒၶဘာသာကုိ ေခတ္အဆက္ဆက္ ျမန္မာႏုိင္ငံသား အမ်ားစုက စဥ္ဆက္မျပတ္ ခုိင္ခုိင္မာမာကုိးကြယ္ခဲ့ၾကတယ္ဆုိတဲ့ သမုိင္းအေထာက္အထားမ်ားကုိလည္း ထင္ရွားစြာေတြ႕ျမင္ခဲ့ၾကၿပီးျဖစ္ပါတယ္။ ကုိလုိနီေခတ္ေရာက္တဲ့အခါမွသာ ခရစ္ယာန္ဘာသာနဲ႔ အျခားဘာသာ ကုိးကြယ္သူေတြ တုိးပြားလာတာကုိ ေတြ႕ရပါတယ္။

ဤယေန႔တုိင္ေအာင္လည္း ျမန္မာႏိုင္ငံ လူဦးေရရဲ႕ ၇၈ ရာခုိင္ႏႈန္းခန္႔ဟာ ေထရ၀ါဒဗုဒၶဘာသာ၀င္ ေတြ ျဖစ္ၾကပါတယ္။ ဒါ့ေၾကာင့္ ႏုိင္ငံေတာ္၏ ႏုိင္ငံသားအမ်ားဆုံးကုိးကြယ္ရာျဖစ္ေသာ ဂုဏ္ထူး၀ိေသသႏွင့္ ျပည့္စုံသည့္ ဘာသာသာသနာျဖစ္သည္ဟု ႏိုင္ငံေတာ္က အသိအမွတ္ျပဳထားၿပီးျဖစ္ပါတယ္။ ထုိ႔အတူပဲ ခရစ္ယာန္ဘာသာသာသနာ၊ အစၥလာမ္ဘာသာသာသနာ၊ ဟိႏၵဴဘာသာသာသနာႏွင့္ နတ္ကုိးကြယ္ေသာ ဘာသာမ်ားကုိလည္း ႏုိင္ငံေတာ္တြင္ရွိေနၾကေသာ ကုိးကြယ္ရာဘာသာမ်ားအျဖစ္ အသိအမွတ္ျပဳထားပါတယ္။
ဧည့္သည္ေတာ္မ်ားခင္ဗ်ာ။ ျမန္မာစာဟာ ျပည္ေထာင္စုရဲ႕ တရား၀င္႐ုံးသုံးစာျဖစ္ၿပီး ပညာသင္ၾကားေရးကုိ တုိင္းရင္းသားျပည္သူအားလုံး တညီတၫြတ္တည္း ေဆာင္ရြက္မွသာ ျမန္မာ့ပညာေရးဟာ ေမွ်ာ္မွန္းထားသလုိ တုိးတက္လာေစဖုိ႔ အေထာက္အကူျပဳမွာျဖစ္ပါတယ္။ ကြၽန္ေတာ္တုိ႔ေမွ်ာ္မွန္းထားသည့္အတုိင္း ႏိုင္ငံသားတုိင္း အနိမ့္ဆုံး အလယ္တန္းအဆင့္ပညာတတ္ေျမာက္ေရးနဲ႔ ေကာင္းမြန္တဲ့အသိပညာ၊ အတတ္ပညာမ်ားရရွိေအာင္ ကြၽန္ေတာ္တုိ႔ေဆာင္ရြက္ေပးရပါမယ္။

မည္သည့္ဘာသာကုိ ကုိးကြယ္ၾကသည္ ျဖစ္ေစ ကြၽန္ေတာ္တုိ႔အားလုံးဟာ ျမန္မာႏုိင္ငံ သား ျမန္မာမ်ားသာျဖစ္လုိ႔ ျမန္မာစိတ္ေမြး ၿပီး ႏိုင္ငံေတာ္အေပၚ သစၥာေစာင့္သိ႐ုိေသ ၾကရမွာျဖစ္ပါတယ္။ ယဥ္ေက်းမႈဓေလ့ထုံးစံ၊ ဘာသာေရး ဓေလ့ထုံးစံေတြအေပၚ မွီျငမ္းေဆာင္ရြက္ရတာမ်ဳိး ရွိေကာင္းရွိမွာျဖစ္ေပမယ့္ မိမိအယူအဆနဲ႔မိမိ ေဆာင္ ရြက္တာ ေတြမွာ ဘာသာေရးကုိခုတုံးလုပ္ ၿပီး မတည္မၿငိမ္ျဖစ္ေအာင္ မေဆာင္ရြက္ သင့္ပါဘူး။ လႈံ႔ေဆာ္မႈမ်ဳိးကုိလည္း အားမေပးသင့္ပါဘူးလုိ႔ ကြၽန္ေတာ္ေျပာလုိပါတယ္။

ဒီကေန႔ ကြၽန္ေတာ္တုိ႔ႏိုင္ငံရဲ႕ အဓိက လုိအပ္ခ်က္ျဖစ္တဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ စည္းလုံးညီၫြတ္ေရးအတြက္ လက္ေတြ႕ က်က်အေကာင္အထည္ေဖာ္ႏိုင္ဖုိ႔ တစ္ႏုိင္ငံ လုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးသေဘာတူ စာခ်ဳပ္(NCA) ခ်ဳပ္ဆုိႏုိင္ခဲ့ၿပီးျဖစ္ပါတယ္။ ယေန႔ကာလမွာ ကြၽန္ေတာ္တုိ႔ႏိုင္ငံဟာ ျပည္သူမ်ားရဲ႕ဆႏၵအတုိင္း ဒီမုိကေရစီလမ္း ေၾကာင္းကုိ ေလွ်ာက္လွမ္းေနတာျဖစ္လုိ႔ ကြၽန္ေတာ္တုိ႔ရဲ႕ လုိလားခ်က္မ်ားကုိ လက္နက္ကုိင္ၿပီး ေတာင္းဆုိ ေနလုိ႔မျဖစ္ပါဘူး။ လက္နက္မ်ားကုိေဘးခ်ၿပီး ေဆြးေႏြးမႈမ်ားနဲ႔ ၿငိမ္းခ်မ္းေရးရေအာင္ ေဆာင္ရြက္ ၾကရမွာျဖစ္ ပါတယ္။ ၿငိမ္းခ်မ္းေရးကုိ အမွန္ တကယ္လုိခ်င္တဲ့စိတ္ရွိမယ္ဆုိရင္ ၿငိမ္းခ်မ္း ေရးမရစရာအေၾကာင္း မရွိဘူး လုိ႔လည္း ကြၽန္ေတာ္ေျပာလုိပါတယ္။

NCA စာခ်ဳပ္မွာ လက္မွတ္ေရးထုိးထားတဲ့ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕ေတြအေနနဲ႔ ႏိုင္ငံေတာ္နဲ႔ ႏိုင္ငံသား မ်ားရဲ႕အက်ဳိး စီးပြားကုိ ေရွး႐ႈၿပီး မွန္ကန္တဲ့ေမတၱာ၊ ေစတနာမ်ားနဲ႔ေရွ႕ဆက္ၿပီး ေလွ်ာက္လွမ္းႏိုင္ၾကလိမ့္မယ္လုိ႔ ျပည္သူအမ်ားကေမွ်ာ္လင့္ ေနၾကသလုိ ပါ၀င္လက္မွတ္ေရးထုိးရျခင္း မရွိေသးတဲ့ တုိင္းရင္းသားလက္နက္ကုိင္ အဖြဲ႕မ်ားအေနနဲ႔လည္း ၿငိမ္းခ်မ္းေရးရဲ႕ ဆန္႔က်င္ဘက္ ဥပေဒျပင္ပလုပ္ရပ္ေတြကုိ၊ အၾကမ္းဖက္လုပ္ရပ္ေတြကုိ စြန္႔လႊတ္၊ ျပည္သူ႔ မ်က္ႏွာကုိသာေထာက္ထားၿပီး ၿငိမ္းခ်မ္း ေရးလမ္းေၾကာင္းမွန္ေပၚ ေလွ်ာက္လွမ္း ၾကပါလုိ႔ ထပ္မံဖိတ္ၾကားအပ္ပါတယ္။

နိဂုံးခ်ဳပ္အေနနဲ႔ ျမန္မာႏိုင္ငံမွာ အမ်ဳိး သားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရး အတြက္က်င္းပျပဳလုပ္တဲ့ ဘာသာ ေပါင္းစုံ ၿငိမ္းခ်မ္းေရး(ၿငိမ္းခ်မ္းေမတၱာ) အဖြဲ႕ရဲ႕ တတိယအႀကိမ္ အႀကံျပဳေဆြးေႏြး၀ုိင္းကေန ေဆြးေႏြးမႈရလဒ္ ေကာင္းမ်ားေပၚထြက္ လာမယ္လုိ႔ေမွ်ာ္လင့္ပါတယ္။ ပဋိပကၡအားလုံးရဲ႕ အရင္းအျမစ္ျဖစ္တဲ့ အသိဥာဏ္ ပညာအားနည္းမႈ၊ အက်င့္သီလအားနည္း မႈ၊ စာရိတၱ၊ အတၱအက်ဳိးစီးပြား ေရွ႕တန္း တင္မႈမ်ားကုိေလွ်ာ့ခ်ႏုိင္ၿပီး လူမ်ဳိး၊ ဘာသာ မခြဲျခားဘဲ တုိင္းျပည့္အားသည္ ျပည္တြင္း မွာသာရွိသည္ဆုိတဲ့ခံယူခ်က္နဲ႔ ျမန္မာ ႏုိင္ငံသားအားလုံး စည္းစည္းလုံးလုံး ညီညီ ၫြတ္ၫြတ္နဲ႔ ၿငိမ္းခ်မ္းေအာင္၊ ေလာကပါလ တရားမ်ား ပုိမုိထြန္းကားေအာင္ ေဆာင္ ရြက္ႏုိင္ၾကပါေစ။ စစ္မွန္ေသာ ထာ၀ရၿငိမ္း ခ်မ္းေရးအျမန္ဆုံးရရွိႏိုင္ေရး အစြမ္းကုန္ႀကိဳးပမ္းေဆာင္ရြက္ ႏုိင္ၾက ပါေစလုိ႔ ဆုမြန္ ေကာင္းေတာင္းရင္း နိဂုံးခ်ဳပ္အပ္ပါတယ္။

အားလုံးကုိေက်းဇူးတင္ပါတယ္။ ဆရာ ေတာ္၊ သံဃာေတာ္ အရွင္သူျမတ္မ်ားအား ရွိခုိးဦးတင္ပါတယ္ဘုရား။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။