တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အကြမ်းဖက်မှုတန်ပြန် နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus(VIP Program) ပိတ်ပွဲအခမ်းအနား သို့ တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကွေ့လင်မြို့ရှိ Fenglin Training Field ၌ပြုလုပ်သည့် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus(VIP Program) ပိတ်ပွဲအခမ်းအနားသို့ နိုင်ငံအသီးသီးမှ တပ်မတော်အကြီးအကဲ များ၊ ကာကွယ်ရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Multi-fuctional Table Top Exercise(TTX)room သို့ရောက်ရှိရာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး လက်တွေ့ လေ့ကျင့်ခန်းပြုလုပ်မှု Video အား ကြည့်ရှုကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များ၊ အခမ်းအနားတက် ရောက်လာကြသူများသည် ပိတ်ပွဲအခမ်းအနားပြုလုပ်မည့် Fenglin Training Field သို့ရောက်ရှိကြရာ လေ့ကျင့်ခန်းများတွင် ပါဝင်ခဲ့ကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ် အဖွဲ့များနှင့် လေ့ကျင့်ခန်းတွင်အသုံးပြုခဲ့သော တိုက်ယာဉ်များစုဖွဲ့တန်းစီ၍ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဂုဏ်ပြုစစ်တီးဝိုင်းဖြင့် တီးမှုတ်ကြိုဆိုခဲ့ကြသည်။ ယင်းနောက် အခမ်းအနားကို တောင်ပိုင်းတိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ် ဒုတိယ တပ်မှူးနှင့် စစ်ဦးစီးအရာရှိချုပ် Lieutenant General Liu Yayong က ဦးဆောင်ပြုလုပ်ပြီး တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ တပ်မတော်အကြီးအကဲများ၊ ကိုယ်စားလှယ် များနှင့်တစ်ဦးချင်းမိတ်ဆက်ပေးသည်။ ထို့နောက် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း၊ လေ့ကျင့်ရေး အစီအစဉ်များတွင် ထူးချွန်စွာဆောင်ရွက် ခဲ့သူများကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင် နှင့်ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Li Zuocheng၊ ပူးတွဲဥက္ကဌနှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Pornpipat Benyasri တို့က အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ကြသည်။

ယင်းနောက် ပူးတွဲဥက္ကဌ၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗဟို စစ်ကော်မရှင် အဖွဲ့ဝင်နှင့်ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်တို့က အကြမ်းဖက်မှုတန်ပြန် နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus(VIP Program) ပိတ်ပွဲ မိန့်ခွန်းများ အသီးသီးပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus(VIP Program) တွင် မြန်မာ့တပ်မတော်ကိုယ်စားပြု ပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည့် ကိုယ်စား လှယ်အဖွဲ့ဝင်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

(ZawGyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အၾကမ္းဖက္မႈတန္ျပန္ ႏွိမ္နင္းေရး လက္ေတြ႕ေလ့က်င့္ခန္း ADMM-Plus(VIP Program) ပိတ္ပြဲအခမ္းအနား သို႔ တက္ေရာက္

ေနျပည္ေတာ္ ႏိုဝင္ဘာ ၂၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဦးေဆာင္သည့္ ျမန္မာ့ တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕သည္ ယေန႔နံနက္ပိုင္းတြင္ ေကြ႕လင္ၿမိဳ႕ရွိ Fenglin Training Field ၌ျပဳလုပ္သည့္ အၾကမ္းဖက္မႈတန္ျပန္ႏွိမ္နင္းေရး လက္ေတြ႕ေလ့က်င့္ခန္း ADMM-Plus(VIP Program) ပိတ္ပြဲအခမ္းအနားသို႔ ႏိုင္ငံအသီးသီးမွ တပ္မေတာ္အႀကီးအကဲ မ်ား၊ ကာကြယ္ေရးဝန္ႀကီးဌာနမ်ားမွ တာဝန္ရွိသူမ်ားႏွင့္အတူ တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ား၊ အခမ္းအနားသို႔ တက္ေရာက္လာၾကသည့္ ႏိုင္ငံအသီးသီးမွ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားသည္ Multi-fuctional Table Top Exercise(TTX)room သို႔ေရာက္ရွိရာ တ႐ုတ္ျပည္သူ႔ လြတ္ေျမာက္ေရးတပ္မေတာ္မွ တာဝန္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ခဲ့ၾကၿပီး လက္ေတြ႕ ေလ့က်င့္ခန္းျပဳလုပ္မႈ Video အား ၾကည့္ရႈၾကသည္။

ထို႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္အဖြဲ႕ဝင္မ်ား၊ အခမ္းအနားတက္ ေရာက္လာၾကသူမ်ားသည္ ပိတ္ပြဲအခမ္းအနားျပဳလုပ္မည့္ Fenglin Training Field သို႔ေရာက္ရွိၾကရာ ေလ့က်င့္ခန္းမ်ားတြင္ ပါဝင္ခဲ့ၾကသည့္ ႏိုင္ငံအသီးသီးမွ ကိုယ္စားလွယ္ အဖြဲ႕မ်ားႏွင့္ ေလ့က်င့္ခန္းတြင္အသုံးျပဳခဲ့ေသာ တိုက္ယာဥ္မ်ားစုဖြဲ႕တန္းစီ၍ တ႐ုတ္ ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္မွ ဂုဏ္ျပဳစစ္တီးဝိုင္းျဖင့္ တီးမႈတ္ႀကိဳဆိုခဲ့ၾကသည္။ ယင္းေနာက္ အခမ္းအနားကို ေတာင္ပိုင္းတိုင္းစစ္နယ္ဝန္းကြပ္ကဲမႈဌာနခ်ဳပ္ ဒုတိယ တပ္မႉးႏွင့္ စစ္ဦးစီးအရာရွိခ်ဳပ္ Lieutenant General Liu Yayong က ဦးေဆာင္ျပဳလုပ္ၿပီး တက္ေရာက္လာၾကသည့္ ႏိုင္ငံအသီးသီးမွ တပ္မေတာ္အႀကီးအကဲမ်ား၊ ကိုယ္စားလွယ္ မ်ားႏွင့္တစ္ဦးခ်င္းမိတ္ဆက္ေပးသည္။ ထို႔ေနာက္ အၾကမ္းဖက္မႈတန္ျပန္ႏွိမ္နင္းေရး လက္ေတြ႕ေလ့က်င့္ခန္း၊ ေလ့က်င့္ေရး အစီအစဥ္မ်ားတြင္ ထူးခြၽန္စြာေဆာင္႐ြက္ ခဲ့သူမ်ားကို တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္၊ ဗဟိုစစ္ေကာ္မရွင္အဖြဲ႕ဝင္ ႏွင့္ပူးတြဲစစ္ဦးစီးဌာန၊ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Li Zuocheng၊ ပူးတြဲဥကၠဌႏွင့္ ထိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Pornpipat Benyasri တို႔က အသိအမွတ္ျပဳ လက္မွတ္မ်ား ေပးအပ္ၾကသည္။

ယင္းေနာက္ ပူးတြဲဥကၠဌ၊ ထိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဗဟို စစ္ေကာ္မရွင္ အဖြဲ႕ဝင္ႏွင့္ပူးတြဲစစ္ဦးစီးဌာန၊ စစ္ဦးစီးခ်ဳပ္တို႔က အၾကမ္းဖက္မႈတန္ျပန္ ႏွိမ္နင္းေရး လက္ေတြ႕ေလ့က်င့္ခန္း ADMM-Plus(VIP Program) ပိတ္ပြဲ မိန႔္ခြန္းမ်ား အသီးသီးေျပာၾကားၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ အမွတ္တရစုေပါင္း ဓာတ္ပုံ႐ိုက္ကူးခဲ့ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ အၾကမ္းဖက္မႈတန္ျပန္ႏွိမ္နင္းေရး လက္ေတြ႕ေလ့က်င့္ခန္း ADMM-Plus(VIP Program) တြင္ ျမန္မာ့တပ္မေတာ္ကိုယ္စားျပဳ ပါဝင္ေလ့က်င့္ေဆာင္႐ြက္ခဲ့ၾကသည့္ ကိုယ္စား လွယ္အဖြဲ႕ဝင္မ်ားအား တစ္ဦးခ်င္း ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ အားေပးစကားေျပာၾကားကာ ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ားေပးအပ္ခဲ့ၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။